အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း
ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။
အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးမျာကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး မသက်ခြောက်နှစ်အောက်ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။
ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီးအဖျားလည်းသက်သာစေပါတယ်။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
အႏၲရာယ္အလြန္ႀကီးတဲ့ ကေလးတင္ပါးကိုေဆးထိုးကုသျခင္း
ကေလးငယ္မ်ားဟာ လူႀကီးမ်ားထက္ကိုယ္ခံအားနည္းၾကတဲ့အတြက္ ရာသီအကူးအေျပာင္းကာလေတြမွာ ဖ်ားနာျခင္းျဖစ္လြယ္ပါတယ္။ ဒီအခါမွာ တတ္ကြၽမ္းနားလည္တဲ့ဆရာဝန္နဲ႔ ျပသၿပီးကုသတဲ့အခါ ေရပတ္တိုက္ျခင္း၊ ေသာက္ေဆး၊ ၿဂိဳလ္တုေတာင့္ အစ႐ွိသည္တို႔နဲ႔သက္သာေအာင္ကုသၿပီးေပ်ာက္ကင္းသြားတဲ့ ကေလးငယ္ေတြ႐ွိသလိုပဲ အခ်ိဳ႕ေသာ က်န္းမာေရးကုသသူေတြဟာ ကေလးငယ္ကိုေဆးထိုးၿပီးကုသတတ္ၾကပါတယ္။ ဒါဟာ ကေလးငယ္တစ္ဘဝစာအတြက္ အလြန္အႏၲရာယ္မ်ားတဲ့ကုသနည္းျဖစ္ပါတယ္။
အသက္ ၁၃ႏွစ္ေအာက္အရြယ္မ်ားကို ကေလးဘဝလို႔သတ္မွတ္ၿပီး ၁၃ႏွစ္ေက်ာ္ရင္ေတာ့ ဆယ္ေက်ာ္သက္ထဲကို ကူးေျပာင္းဝင္လာၿပီလို႔အၾကမ္းဖ်င္းသတ္မွတ္ပါတယ္။ ကေလးငယ္မ်ားဟာ ဖ်ားနာၿပီဆိုရင္ လူႀကီးမ်ာကိုတိုက္တဲ့ ဒိုင္ကလိုဖင္းနက္ (Diclofenac)၊ မီဖန္းနမစ္အက္စစ္(Mefenamic Acid)၊ အက္စပရင္(Aspirin)တို႔လို အကိုက္အခဲနဲ႔ဖ်ားေပ်ာက္ေဆးမ်ားကိုေပးလို႔မရပါဘူး။ ပါရာစီတေမာနဲ႔ အိုင္ဗ်ဴပ႐ိုဖန္ ( Paracetamol, Ibuprofen)လိုမ်ိဳး အဖ်ားက်ေဆးမ်ားကိုသာ စိတ္ခ်လက္ခ်ေပးလို႔ရပါတယ္။ ဒီအတြက္ တင္ပါးထိုးေဆးမ်ားျဖစ္တဲ့ ဒိုင္ကလိုဖင္းနက္ပါဝင္တဲ့ အဖ်ားက်ေဆးကိုထိုးတာဟာ စနစ္မက်တဲ့အျပင္ အႏၲရာယ္႐ွိေစေသာ ကုထံုးတစ္ခုကိုေရြးခ်ယ္လိုက္ျခင္းပဲျဖစ္ပါတယ္။
ကေလးငယ္ေတြရဲ႕တင္ပါးဟာေသးငယ္ၿပီး လူႀကီးတင္ပါးလို အေသြးအသား၊ အာရံုေၾကာမ်ားရဲ႕ေနရာကို အတိအက်မွန္းဆရခက္ခဲပါတယ္။ ဒါ့ေၾကာင့္ တင္ပါးကိုအသားေဆးထိုးတဲ့အခါ အခန္႔မသင့္ဘဲ ခႏၶာကိုယ္ေအာက္ပိုင္းအာရံုေၾကာမႀကီးအေပၚကိုထိုးမိတဲ့အခါ ေျခေထာက္ထံုက်င္ျခင္း၊ အလြန္အမင္းနာက်င္ျခင္း ဒီ့ထက္ဆိုးလာတဲ့အခါ ေျခေထာက္တစ္သိမ္သြားျခင္း၊ နာက်င္ျခင္းကိုတစ္သက္တာခံစားရျခင္း၊ ေျခတစ္ဖက္မသန္မစြမ္းျဖစ္သြားျခင္းတို႔ကို ခံစားရၿပီး တစ္သက္လံုး ဒုကၡိတဘဝနဲ႔ အသက္႐ွင္သြားရႏိုင္ပါတယ္။
ဒါေၾကာင့္ ႏိုင္ငံတကာမွာ ကေလးမ်ားကိုတတ္ႏိုင္သမ်ွ တင္ပါးေဆးမထိုးဖို႔တားျမစ္ထားၿပီး မသက္ေျခာက္ႏွစ္ေအာက္ကေလးမ်ားကို တင္ပါးေဆး လံုးဝ(လံုးဝ) မထိုးရန္ ျပဌာန္းထားပါတယ္။
ေရပတ္တိုက္ျခင္း၊ ေဆးတိုက္ျခင္းႏွင့္ ၿဂိဳလ္တုေတာင့္ထည့္ျခင္းတို႔ဟာ အခ်ိဳးအစားမွန္ကန္မယ္ဆိုရင္ ကေလးငယ္အတြက္ စိတ္ခ်ရၿပီးအဖ်ားလည္းသက္သာေစပါတယ္။ တင္ပါးေဆးထိုးျခင္းကေတာ့ ကေလးဆရာဝန္မ်ားပင္ ေဆးထိုးဖို႔တားျမစ္ထားၿပီး အႏၲရာယ္အလြန္ႀကီးတဲ့အတြက္ ကေလးငယ္ကိုေဆးထိုးဖို႔ေျပာလာရင္ေတာင္ မိဘမ်ားအေနနဲ႔ ကေလးရဲ႕ေ႐ွ႕ေရးကို စဥ္းစားၿပီး လံုးဝျငင္းဆန္ပစ္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။ ဒီအေၾကာင္းအရာကိုလည္း အျခားအျခားေသာ ကေလးမိဘမ်ားသိ႐ွိေအာင္ ေဝမ်ွေပးျခင္းအားျဖင့္ ကူညီေပးၾကပါလို႔ စာဖတ္သူမ်ားကို တိုက္တြန္းအပ္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ