ပါဝင်သောပစ္စည်း-cefixime trihydrate၊
ဆေးပုံစံ-ဝါးစားနိုင်သော ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဆီးပူညောင်းကျရောဂါ၊ နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်နှင့် လည်ချောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အူရောင်ငန်းဖျားစသော အစာအိမ်နှင့် အူလမ်းကြောင်းပိုးဝင်သော ရောဂါများ။
သုံးစွဲရန်အညွှန်း-လူကြီးများနှင့် အသက် ၁၂ နှစ်အထက်ကလေးများ ၄၀၀မီလီဂရမ် တစ်နေ့ ၁-၂ ကြိမ် ခွဲတိုက်နိုင်ပါသည်။ ၁-၂ ပတ်ခန့်သုံးစွဲရပါမည်။ ကလေးများတွင် ဆေးပမာဏချိန်ညှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ပါက အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးခံစားရမှု နည်းစေပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-cephalosporin ဆေး နှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင်နှင့် ဓာတ်မတည့်သူများ သတိဖြင့် သုံးစွဲသင့်သည်။ ကျောက်ကပ်မကောင်းသူများကို ဆေးပမာဏလျော့ပေးပါ။ ဆေးကိုကြာရှည် ပမာဏများများသုံးစွဲလျှင် ကျောက်ကပ်နှင့် သွေးတွင်းစစ်ဆေးမှုများ ပုံမှန် ဆောင်ရွက်သင့်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဆေးမတည့်ခြင်းကြောင့်ဖြစ်သော အရေပြားတွင် အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ဖျားခြင်း၊ သတိလစ်ခြင်း၊ ရှော့ဖြစ်ခြင်း၊ ဝမ်းလျောခြင်း၊ ပျို့ခြင်း ၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ လေပွခြင်း စသည်။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-သွေးကျဲဆေးများနှင့်တွဲမသောက်သင့်ပါ။ probenecid ဆေး နှင့် အတက်ကျဆေး carbamazepine ၏ သွေးတွင်းဆေးပမာဏကို များစေပါသည်။
ဒေါက်တာချို(ဆေး ၁)