ပါဝင်သောဆေး-sodium bisphosphate, sodium phosphate.
ဆေးပုံစံ-ဝမ်းချူဆေး ၁၃၃ စီစီ။
အသုံးပြုနိုင်သော သူများ- အသုံးပြုနိုင်သော သူများ- ဝမ်းချုပ်သူများ၊ ဆေးကုရန်နှင့် ရောဂါရှာဖွေရန် အတွက် ဝမ်ချူရန် လိုအပ်သူများ။
သုံးစွဲရန်အညွှန်း-တစ်ကြိမ် ၁၃၃ စီစီ သို့ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အစာဟောင်းအိတ်မှ သွေးထွက်ခြင်း၊ ယားယံခြင်း၊နာကျင်ခြင်း။ ဆေးပမာဏများစွာသုံးခြင်း၊ ကြာရှည်သုံးပါက သွေးတွင်းဓာတ်များ ကမောက်ကမ ဖြစ်တတ်ပါသည်။
သတိပြုရန် အချက်များ-ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်းများဖြစ်နေပါက မသုံးစွဲသင့်ပါ။ ကိုယ်ဝန်ဆောင်များ သုံးစွဲပါက အနည်းငယ် ဖောတတ်ပါသည်။ ကလေးများနှင့် အသက်ကြီးသူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
လုံးဝအသုံးမပြုသင့်သောသူများ- အူအတက်ရောင်နေသူများ၊ ဝမ်းတွင်သွေးပါခြင်း၊ အူပိတ်နေသူများ၊ ရေဓာတ် ခန်းခြောက်သူ၊ သွေးတိုးနှင့် နှလုံးရောဂါသမားများ၊ ကျောက်ကပ်မကောင်းသူများ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ- ဆီးဆေးများနှင့် တွဲမသုံးသင့်ပါ။