“ မညီမညာ ပြသနာ “

အသားညိုသူတွေက ဖြူချင်ကြတယ်…..ဖြူသူတွေက ညိုချင်ကြတယ်…..

အသားမညီသူတွေက အသားအရောင်လေးတပြေးတည်း ညီချင်ကြတယ်။

တကယ်တော့ အသားအရေ မညီညာခြင်းကလည်း ပြသနာတစ်ရပ်ပင်။

အသားဖြူဖြူ ညိုညို …..အနည်းဆုံးတော့ ခန္ဓာကိုယ်အသားအရောင်လေးညီနေရင် ဘာပြောပြောကြည့်လို့ အဆင်ပြေသည်။အသားမညီတဲ့အခါကျ မိတ်ကပ်လိမ်းရတာ …..ဝတ်ရစားရတာ သိပ်အဆင်မပြေလှ။

ဘယ်လိုအရာတွေကြောင့် အသားအရောင် မညီမညာဖြစ်ရလဲလို့ မေးစရာရှိလာသည်။

အဓိကအားဖြင့်တော့

-နေလောင်ခံရခြင်းပင်။

နေပူထဲ ထီးမဆောင်း၊ နေရောင်ကာခရင်မ်မလိမ်းဘဲ မကြာခဏ အပြင်ထွက်ရသူများတွင် …..နေရောင်ခြည်တွင်ပါရှိသော UV ကို ကာကွယ်ရန် ခန္ဓာကိုယ်မှ မယ်လနင်(melanin)ဟုခေါ်သော ရောင်ခြယ်တစ်မျိုးကို ထုတ်ပေးသည်။ထိုရောင်ခြယ်ကြောင့် နေရောင်နှင့် မကြာခဏထိတွေ့ရသော နေရာများတွင် အသားအရည်ညိုမဲခြင်းများ ဖြစ်ပေါ်လာရသည်။

နောက်ထပ် အကြောင်းရင်းတွေကတော့

-လေထုညစ်ညမ်းမှုနဲ့ လေထုထဲမှ အမှုန်အမွှားတွေ၊ ဓာတ်ငွေ့တွေကြောင့်လည်း အသားအရေ(အထူးသဖြင့် မျက်နှာ)မှာ အစက်အပြောက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

-ဟော်မုန်းအပြောင်းအလဲ

အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်လိုမျိုး (သို့) ကိုယ်ဝန်တားဆေးသုံးစွဲတဲ့အခါမျိုးမှာ ဟော်မုန်းအပြောင်းအလဲများကြောင့် ပေါင်ကြား ချိုင်းကြားအသားအရေတွေ ညိုမဲလာတာ၊မျက်နှာမှာ တင်းတိပ်ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

-ဝက်ခြံနှင့်ထိခိုက်ဒဏ်ရာ

ဝက်ခြံညှစ်တာမျိုး၊ထိခိုက်ဒဏ်ရာရတာမျိုးတွေ ဖြစ်ပြီးနောက် အမာရွတ်တွေ ကျန်ခဲ့တတ်ပြီး အသားမညီဖြစ်တတ်ပါတယ်။
အသားမညီတဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ ?

-နေပူထဲထွက်တဲ့အခါ ထီးဆောင်းပါ။နေရောင်ကာခရင်မ်လိမ်းပါ။

-အရေပြားထဲက ဖုန်မှုန့်အညစ်ကြေးတွေသန့်စင်ဖို့ မျက်နှာပုံမှန်သစ် ရေပုံမှန်ချိုးပါ။

-မျက်နှာနဲ့ ခန္ဓာကိုယ်ကို တစ်ပတ်တစ်ခါ ကြေးချွတ်ပါ။

-အစိုဓာတ်ထိန်းခရင် (moisturizer)ပုံမှန်လိမ်းပါ။

-ဘိုင်အိုအွိုင်းလ် (Bio Oil) က အသားအရေ မညီညာခြင်း၊ ဝက်ခြံထွက်ပြီးနောက်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာစေနိုင်တာမို့ ပုံမှန်လိမ်းပေးပါ။

-စိတ်ရှည်ပါ။

အသားအရည်ပြန်လည်ညီညာလာဖို့ဆိုရင် အနည်းဆုံး ရက် ၃၀ (၁လခန့်)အချိန်ကြာနိုင်တာကြောင့် စိတ်ရှည်ရှည်ထားပြီး အထက်ပါ ညွှန်ကြားချက်များကို ပုံမှန်လိုက်နာပါ။

ပိုင်နီမေ

“ မညီမညာ ျပသနာ “

အသားညိဳသူေတြက ျဖဴခ်င္ၾကတယ္…..ျဖဴသူေတြက ညိဳခ်င္ၾကတယ္…..

အသားမညီသူေတြက အသားအေရာင္ေလးတေျပးတည္း ညီခ်င္ၾကတယ္။

တကယ္ေတာ့ အသားအေရ မညီညာျခင္းကလည္း ျပသနာတစ္ရပ္ပင္။

အသားျဖဴျဖဴ ညိဳညိဳ …..အနည္းဆံုးေတာ့ ခႏၶာကိုယ္အသားအေရာင္ေလးညီေနရင္ ဘာေျပာေျပာၾကည့္လို႔ အဆင္ေျပသည္။အသားမညီတဲ့အခါက် မိတ္ကပ္လိမ္းရတာ …..ဝတ္ရစားရတာ သိပ္အဆင္မေျပလွ။

ဘယ္လိုအရာေတြေၾကာင့္ အသားအေရာင္ မညီမညာျဖစ္ရလဲလို႔ ေမးစရာရွိလာသည္။

အဓိကအားျဖင့္ေတာ့

-ေနေလာင္ခံရျခင္းပင္။

ေနပူထဲ ထီးမေဆာင္း၊ ေနေရာင္ကာခရင္မ္မလိမ္းဘဲ မၾကာခဏ အျပင္ထြက္ရသူမ်ားတြင္ …..ေနေရာင္ျခည္တြင္ပါရွိေသာ UV ကို ကာကြယ္ရန္ ခႏၶာကိုယ္မွ မယ္လနင္(melanin)ဟုေခၚေသာ ေရာင္ျခယ္တစ္မ်ိဳးကို ထုတ္ေပးသည္။ထိုေရာင္ျခယ္ေၾကာင့္ ေနေရာင္နွင့္ မၾကာခဏထိေတြ႔ရေသာ ေနရာမ်ားတြင္ အသားအရည္ညိဳမဲျခင္းမ်ား ျဖစ္ေပၚလာရသည္။

ေနာက္ထပ္ အေၾကာင္းရင္းေတြကေတာ့

-ေလထုညစ္ညမ္းမွုနဲ႔ ေလထုထဲမွ အမွုန္အမႊားေတြ၊ ဓာတ္ေငြ႔ေတြေၾကာင့္လည္း အသားအေရ(အထူးသျဖင့္ မ်က္နွာ)မွာ အစက္အေၿပာက္ေတြ ျဖစ္ေပၚနိုင္ပါတယ္။

-ေဟာ္မုန္းအေၿပာင္းအလဲ

အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္လိုမ်ိဳး (သို႔) ကိုယ္ဝန္တားေဆးသံုးစြဲတဲ့အခါမ်ိဳးမွာ ေဟာ္မုန္းအေျပာင္းအလဲမ်ားေၾကာင့္ ေပါင္ျကား ခ်ိဳင္းျကားအသားအေရေတြ ညိုမဲလာတာ၊မ်က္နွာမွာ တင္းတိပ္ထြက္လာတာမ်ိဳး ျဖစ္တတ္ပါတယ္။

-ဝက္ျခံနွင့္ထိခိုက္ဒဏ္ရာ

ဝက္ျခံညွစ္တာမ်ိဳး၊ထိခိုက္ဒဏ္ရာရတာမ်ိဳးေတြ ျဖစ္ျပီးေနာက္ အမာရြတ္ေတြ က်န္ခဲ့တတ္ျပီး အသားမညီျဖစ္တတ္ပါတယ္။
အသားမညီတဲ့ ျပသနာကို ဘယ္လိုေျဖရွင္းျကမလဲ ?

-ေနပူထဲထြက္တဲ့အခါ ထီးေဆာင္းပါ။ေနေရာင္ကာခရင္မ္လိမ္းပါ။

-အေရျပားထဲက ဖုန္မွုန္႔အညစ္ေၾကးေတြသန္႔စင္ဖို႔ မ်က္နွာပံုမွန္သစ္ ေရပံုမွန္ခ်ိဳးပါ။

-မ်က္နွာနဲ႔ ခႏၶာကိုယ္ကို တစ္ပတ္တစ္ခါ ေၾကးခြ်တ္ပါ။

-အစိုဓာတ္ထိန္းခရင္ (moisturizer)ပံုမွန္လိမ္းပါ။

-ဘိုင္အိုအိြဳင္းလ္ (Bio Oil) က အသားအေရ မညီညာျခင္း၊ ဝက္ျခံထြက္ျပီးေနာက္က်န္ခဲ့တဲ့ အမာရြတ္ေတြကို သက္သာေစနိုင္တာမို႔ ပံုမွန္လိမ္းေပးပါ။

-စိတ္ရွည္ပါ။

အသားအရည္ျပန္လည္ညီညာလာဖို႔ဆိုရင္ အနည္းဆံုး ရက္ ၃၀ (၁လခန္႔)အခ်ိန္ၾကာနိုင္တာေၾကာင့္ စိတ္ရွည္ရွည္ထားျပီး အထက္ပါ ညႊန္ၾကားခ်က္မ်ားကို ပံုမွန္လိုက္နာပါ။

ပိုင္နီေမ

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…