ဝှေးစေ့ပျောက်ခြင်း
တစ်ခါတစ်လေ မွေးကင်းစယောင်္ကျားလေးအချို့မှာ ကပ္ပါယ်အိတ်ထဲမှာ ဝှေးစေ့ပျောက်နေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ အဲလိုအချိန်မှာ မိဘတွေအတွက် စိုးရိမ်စိတ်တွေဖြစ်လာတတ်ပါတယ်။
ဘာဖြစ်တာလဲ?
ဒီလိုဖြစ်တာကို ဆေးပညာအရ undescended testes (Cryptorctodiom) လို့ခေါ်ပါတယ်။ မြန်မာလို ပြောရရင်တော့ “ဝှေးစေ့ပျောက်နေတာပေါ့”။
ဝှေးစေ့ဟာသန္ဓေသားရဲ့ဝမ်းဗိုက်ထဲမှာ စတင်ဖြစ်ပေါ်ပြီး ကိုယ်ဝန်ဆောင်ချိန် ၂၈ ပတ်မှာ ပေါင်ခြံထဲကို စဆင်းပြီး ကိုယ်ဝန်ဆောင်ချိန် ၄၀ ပတ်မှာ ကပ္ပါယ်အိတ်ထဲကို အပြည့်အဝဆင်းရပါတယ်။ဆင်းတဲ့လမ်းတစ်လျှောက်မှာ ရပ်တန့်သွားတာပဲဖြစ်ဖြစ် လုံးဝဆင်းမလာတာပဲဖြစ်ဖြစ် အဲဒီလို ဖြစ်ရင် တော့ undescended testes လို့ခေါ်ပါပြီ။
ဘာတွေဖြစ်နိုင်လဲ?
ကပ္ပါယ်အိတ်ထဲရှိရမည့်ဝှေးစေ့ဟာ ပုံမှန်နေရာမှာမရှိဘူးဆိုရင်တော့ အသက်ကြီးလာတဲ့အခါ သားသမီးမရနိုင်တာ၊ သားသမီးရဖို့အခက်အခဲရှိတာ၊ ဟော်မုန်းမညီမျှတာတွေနဲ့ ဝှေးစေ့ကင်ဆာပါဖြစ်လာ နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
ကလေးအယောက် ၁၀၀ မှာ ၉၉ယောက် လောက်က မွေးပြီး ၄လအတွင်း ဝှေးစေ့ကကပ္ပါယ်အိတ်ထဲ ဆင်းလာကြပါတယ်။ ၄လကျော်လို့မှဆင်းမလာဘူးဆိုရင်တော့ အကောင်းဆုံးကုသနည်းက ခွဲစိတ်ဖို့ဖြစ်ပါ တယ်။ ခွဲစိတ်ပြီးဝှေးစေ့ကို နေရာမှန်ထားလိုက်ခြင်းအားဖြင့် နောက်ဆက်တွဲအကျိုးဆက်တွေကို ကာကွယ်ပြီးသားဖြစ်လာပါလိမ့်မယ်။
ခွဲစိတ်ဖို့ဆန္ဒမရှိရင်တော့ ဟော်မုန်းဓတ်ဖြည့်တင်းတာမျိုးနဲ့ကုသလို့ရပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုလောက်တော့ အောင်မြင်ဖို့ရာခိုင်နှုန်းမများနိုင်ပါဘူး။ ဒါကြောင့် ………
– မွေးကင်းစယောင်္ကျားလေးတွေမှာ ဝှေးစေ့စုံ/မစုံကြည့်ပါ။
– မစုံရင် ၄လအထိစောင့်ပါ။
– ၄ညကျော်လို့မှမစုံရင်တော့ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီးတွေနဲ့ ပြသဖို့ တိုက်တွန်းချင်ပါတယ်။
Dr. ZZ
ေဝွးေစ႔ေပ်ာက္ျခင္း
တစ္ခါတစ္ေလ ေမြးကင္းစေယာက်ၤားေလးအခ်ိဳ႕မွာ ကပၸါယ္အိတ္ထဲမွာ ေဝွးေစ႔ေပ်ာက္ေနတာမ်ိဳးေတြ ေတြ႔ရတတ္ပါတယ္။ အဲလိုအခ်ိန္မွာ မိဘေတြအတြက္ စိုးရိမ္စိတ္ေတြျဖစ္လာတတ္ပါတယ္။
ဘာျဖစ္တာလဲ?
ဒီလိုျဖစ္တာကို ေဆးပညာအရ undescended testes (Cryptorctodiom) လို႔ေခၚပါတယ္။ ျမန္မာလို ေျပာရရင္ေတာ႔ “ေဝွးေစ႔ေပ်ာက္ေနတာေပါ႔”။
ေဝွးေစ႔ဟာသေႏၶသားရဲ႕ဝမ္းဗိုက္ထဲမွာ စတင္ျဖစ္ေပၚၿပီး ကိုယ္ဝန္ေဆာင္ခိ်န္ ၂၈ ပတ္မွာ ေပါင္ၿခံထဲကို စဆင္းၿပီး ကိုယ္ဝန္ေဆာင္ခိ်န္ ၄၀ ပတ္မွာ ကပၸါယ္အိတ္ထဲကို အျပည္႔အဝဆင္းရပါတယ္။ဆင္းတဲ႔လမ္းတစ္ေလွ်ာက္မွာ ရပ္တန္႔သြားတာပဲျဖစ္ျဖစ္ လံုးဝဆင္းမလာတာပဲျဖစ္ျဖစ္ အဲဒီလို ျဖစ္ရင္ ေတာ႔ undescended testes လို႔ေခၚပါၿပီ။
ဘာေတြျဖစ္နိုင္လဲ?
ကပၸါယ္အိတ္ထဲရွိရမည္႔ေဝွးေစ႔ဟာ ပံုမွန္ေနရာမွာမရွိဘူးဆိုရင္ေတာ႔ အသက္ႀကီးလာတဲ႔အခါ သားသမီးမရနိုင္တာ၊ သားသမီးရဖို႔အခက္အခဲရွိတာ၊ ေဟာ္မုန္းမညီမွ်တာေတြနဲ႔ ေဝွးေစ႔ကင္ဆာပါျဖစ္လာ နိုင္ပါတယ္။
ဘယ္လိုကုသမလဲ?
ကေလးအေယာက္ ၁၀၀ မွာ ၉၉ေယာက္ ေလာက္က ေမြးၿပီး ၄လအတြင္း ေဝွးေစ႔ကကပၸါယ္အိတ္ထဲ ဆင္းလာၾကပါတယ္။ ၄လေက်ာ္လို႔မွဆင္းမလာဘူးဆိုရင္ေတာ႔ အေကာင္းဆံုးကုသနည္းက ခြဲစိတ္ဖို႔ျဖစ္ပါ တယ္။ ခြဲစိတ္ၿပီးေဝွးေစ႔ကို ေနရာမွန္ထားလိုက္ျခင္းအားျဖင္႔ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို ကာကြယ္ၿပီးသားျဖစ္လာပါလိမ္႔မယ္။
ခြဲစိတ္ဖို႔ဆႏၵမရွိရင္ေတာ႔ ေဟာ္မုန္းဓတ္ျဖည္႔တင္းတာမ်ိဳးနဲ႔ကုသလို႔ရပါတယ္။ ဒါေပမယ္႔ ခြဲစိတ္မႈေလာက္ေတာ႔ ေအာင္ျမင္ဖို႔ရာခိုင္ႏႈန္းမမ်ားနိုင္ပါဘူး။ ဒါေၾကာင္႔ ………
- ေမြးကင္းစေယာက်ၤားေလးေတြမွာ ေဝွးေစ႔စံု/မစံုၾကည္႔ပါ။
- မစံုရင္ ၄လအထိေစာင္႔ပါ။
- ၄ညေက်ာ္လို႔မွမစံုရင္ေတာ႔ သက္ဆိုင္ရာ ကေလးအထူးကုဆရာဝန္ႀကီးေတြနဲ႔ ျပသဖို႔ တိုက္တြန္းခ်င္ပါတယ္။
Dr. ZZ