ချက်ကြိုးကိစ္စ ရှင်းကြမယ်

ဟဲ့

ညည်းကလည်း ဘာဖြစ် ညာဖြစ်

ဆေးကျောင်းသူလေးနှစ်ယောက် မေးမြန်းစူးစမ်းလုပ်ဖို့အသွား အာပေါင်အာရင်းသန်သန် လက်ချာရိုက်နေသော အဒေါ်ကြီးအသံကြောင့် ရပ်တန့်သွားသည်

ဝင်သွားတော့ သူကပင်

သြော်

ဆရာမလေးတို့ လာပါ ထိုင်ပါ

အမယ်

တယ်ဟုတ်ပါလား

ရန်ကုန်ကလေးဆေးရုံကြိး၏ မွေးကင်းစဆောင်မှာပါ

ကွပ်ပျစ်တစ်ခုပေါ်တွင် အမေ ၆ယောက်လောက် နို့တိုက်နေကြသည်

သူတို့ကလေးတွေက အသားဝါလို့ မီးချောင်းလာပြရတာပါ

ခဏနို့တိုက်ချိန် လာမေးရတာ

အားလည်း နာပါရဲ့၊ ကိုယ့် စာသင်အလှည့်ဆိုတော့လည်း…

အမေ

ကလေးဘာဖြစ်လို့လဲ

ချက်ကြိုးက ပိုးဝင်လို့တဲ့ ဆရာမရယ်

နနွင်းတုံးလို ဝါထိန်နေလို့ ဆေးရုံလာပြမှ သိရတာ

သြော်

ချက်ကြိုးကို ဘာလုပ်လိုက်လို့လဲ

မသိပါဘူး

ကျွန်မတို့ တောမှာတော့ နှီးနဲ့ဖြတ်ပြီး အပ်ချည်နဲ့ ချည်လိုက်တာပါပဲ

နနွင်းလေးသိပ်လုက် ကျက်ရော

သူ့ကျမှ ဝါတာပါ ဆရာမရယ်

ကိုယ် မျက်လုံးပြူးသွားသည်

ဒီပစ္စည်းတွေက ဘယ်လိုမှ ပိုးသတ်ထားတာမဟုတ်

သို့နှင့်

အမေရယ်

နောက်တစ်ခါဆို ဆေးရုံမှာ မွေးပါ

ဒါ အခု ကံကောင်းလို့ ဒီဝါတာလောက်နဲ့ ရတာ

အသက်ပါသွားနိုင်တယ်

ရှင်

ဟုတ်တယ်

ကလေးဆိုတာ ဘာပိုးနဲ့မှ တွေ့ရသေးတာ မဟုတ်ဘူး

အဲဒါကို ပိုးသတ်မထားတဲ့ ဘရိတ်ဓားတွေ၊ ကတ်ကြေးတွေ၊ ခုနလို နှီးတွေနဲ့ ဖြတ်ရင် ပိုးဝင်နိုင်တယ်

အခန့်မသင့်ရင် မေးခိုင်တောင် ဖြစ်နိုင်တယ်

အမှုန့်ဆိုလည်း ဘာအမှုန့်မှ မထည့်ရဘူး

၂ရက်နေ သူ့ဘာသာ ခြောက်တာပဲကို

နနွင်းတို့၊ မန်းဆေးတို့၊ ပေါင်ဒါ၊ သနပ်ခါး စတာတွေ လိမ်းပေးရင် မေးခိုင်နဲ့ အသက်ဆုံးတတ်တယ်

ဘုရား ဘုရား

ဟုတ်တယ်

နောက်က အဒေါ်ကြီးက ဝင်ထောက်ခံ၏

ပေါင်ဒါထည့်တာလည်း မမှန်ဘူးနော် ဆရာမလေး

အင်း မမှန်ဘူး

သနပ်ခါးလိမ်းတာ၊ မန်းဆေးသွေးလိမ်းတာ၊ ကရမက်လိမ်းတာလည်း မမှန်ဘူးနော်

ဟုတ်တယ်

သူက တွေ့လား၊ငါမပြောလား ဆိုသော မျက်နှာပေးဖြင့်

နနွင်းတို့ ထုံးတို့လည်း မတို့ရဘူးနော်

ဟုတ်ပါ့ အဒေါ်ရေ့

ဒါကြောင့် ကျွန်မတို့ဆို အဲဒါတွေ မလုပ်ဘူး

ချီးကျူးလိုက်ပါဦးမယ်လေ

ထိုစဉ် သူပြောလိုက်သော စကားကြောင့် ချီးကျူးရန် ဟ ထားသော ကျွနု်ပ်၏ ပါးစပ်မှာ ဟောင်းလောင်းဖြစ်သွားရပေသည်

အဲဒါတွေသိလို့ ကျွန်မတို့တော့ တံတွေးပဲ ထည့်တယ်

အနာကျက်လည်း မြန်တယ်လေ

ဘုရားရေ အဒေါ်ရယ်

သေသာသေလိုက်ချင်တော့တယ်

သူ့ မျက်နှာကြီး မည်းကျသွားသည်

မတတ်နိုင်ပေ

သူလက်ချာ အရိုက်ကောင်းလို့ အားလုံး တံတွေးဆွတ်ကုန်ရင် သေရချည့်

အဒေါ်ရယ်

ကိုယ်က တစ်နေကုန် ချိုချဉ်ဖန်ခါး တွေ့ကရာ အကုန်စားထားတဲ့ ဒီလောက် ညစ်ပတ်တဲ့ ဒီပါးစပ်

သွားတိုက်ထားပါတယ် ဆိုရင်တောင် ပိုးမျိုး ၃၀၀လောက် ရှိနေတဲ့ ဒီပါးစပ်ထဲက တံတွေးသာ ဆွတ်လိုက်ရင်တော့

ကျွန်မ မတွေးရဲတော့ဘူး

အဒေါ်ကတော့

တော်ပါတယ်ဆိုမှ အဖျားရှူးသွားပြီရယ်

သူ မကြိုက်ပေမယ့် ကိုယ်က ရယ်ရယ်မောမော ပြောနေတော့လည်း အောင့်သက်သက်နဲ့ နားထောင်နေရသည်မှာ

အို

ဤလို ချစ်စရာကောင်းသော အယူအင်မတန်လွဲသော လူနာများပါတကား။

ဒေါက်တာဝင်း (ဆေး၁)

ခ်က္ႀကိဳးကိစၥ ရွင္းၾကမယ္

ဟဲ့

ညည္းကလည္း ဘာျဖစ္ ညာျဖစ္

ေဆးေက်ာင္းသူေလးႏွစ္ေယာက္ ေမးျမန္းစူးစမ္းလုပ္ဖို႔အသြား အာေပါင္အာရင္းသန္သန္ လက္ခ်ာရိုက္ေနေသာ အေဒၚႀကီးအသံေၾကာင့္ ရပ္တန္႔သြားသည္

ဝင္သြားေတာ့ သူကပင္

ေၾသာ္

ဆရာမေလးတို႔ လာပါ ထိုင္ပါ

အမယ္

တယ္ဟုတ္ပါလား

ရန္ကုန္ကေလးေဆးရံုႀကိး၏ ေမြးကင္းစေဆာင္မွာပါ

ကြပ္ပ်စ္တစ္ခုေပၚတြင္ အေမ ၆ေယာက္ေလာက္ နို႔တိုက္ေနၾကသည္

သူတို႔ကေလးေတြက အသားဝါလို႔ မီးေခ်ာင္းလာျပရတာပါ

ခဏနို႔တိုက္ခ်ိန္ လာေမးရတာ

အားလည္း နာပါရဲ႕၊ ကိုယ့္ စာသင္အလွည့္ဆိုေတာ့လည္း…

အေမ

ကေလးဘာျဖစ္လို႔လဲ

ခ်က္ႀကိဳးက ပိုးဝင္လို႔တဲ့ ဆရာမရယ္

နႏြင္းတံုးလို ဝါထိန္ေနလို႔ ေဆးရံုလာျပမွ သိရတာ

ေၾသာ္

ခ်က္ႀကိဳးကို ဘာလုပ္လိုက္လို႔လဲ

မသိပါဘူး

ကြၽန္မတို႔ ေတာမွာေတာ့ နွီးနဲ႔ျဖတ္ၿပီး အပ္ခ်ည္နဲ႔ ခ်ည္လိုက္တာပါပဲ

နႏြင္းေလးသိပ္လုက္ က်က္ေရာ

သူ႔က်မွ ဝါတာပါ ဆရာမရယ္

ကိုယ္ မ်က္လံုးျပဴးသြားသည္

ဒီပစၥည္းေတြက ဘယ္လိုမွ ပိုးသတ္ထားတာမဟုတ္

သို႔နွင့္

အေမရယ္

ေနာက္တစ္ခါဆို ေဆးရံုမွာ ေမြးပါ

ဒါ အခု ကံေကာင္းလို႔ ဒီဝါတာေလာက္နဲ႔ ရတာ

အသက္ပါသြားနိုင္တယ္

ရွင္

ဟုတ္တယ္

ကေလးဆိုတာ ဘာပိုးနဲ႔မွ ေတြ႕ရေသးတာ မဟုတ္ဘူး

အဲဒါကို ပိုးသတ္မထားတဲ့ ဘရိတ္ဓားေတြ၊ ကတ္ေၾကးေတြ၊ ခုနလို နွီးေတြနဲ႔ ျဖတ္ရင္ ပိုးဝင္နိုင္တယ္

အခန္႔မသင့္ရင္ ေမးခိုင္ေတာင္ ျဖစ္နိုင္တယ္

အမႈန္႔ဆိုလည္း ဘာအမႈန္႔မွ မထည့္ရဘူး

၂ရက္ေန သူ႔ဘာသာ ေျခာက္တာပဲကို

နႏြင္းတို႔၊ မန္းေဆးတို႔၊ ေပါင္ဒါ၊ သနပ္ခါး စတာေတြ လိမ္းေပးရင္ ေမးခိုင္နဲ႔ အသက္ဆံုးတတ္တယ္

ဘုရား ဘုရား

ဟုတ္တယ္

ေနာက္က အေဒၚႀကီးက ဝင္ေထာက္ခံ၏

ေပါင္ဒါထည့္တာလည္း မမွန္ဘူးေနာ္ ဆရာမေလး

အင္း မမွန္ဘူး

သနပ္ခါးလိမ္းတာ၊ မန္းေဆးေသြးလိမ္းတာ၊ ကရမက္လိမ္းတာလည္း မမွန္ဘူးေနာ္

ဟုတ္တယ္

သူက ေတြ႕လား၊ငါမေျပာလား ဆိုေသာ မ်က္နွာေပးျဖင့္

နႏြင္းတို႔ ထံုးတို႔လည္း မတို႔ရဘူးေနာ္

ဟုတ္ပါ့ အေဒၚေရ႕

ဒါေၾကာင့္ ကြၽန္မတို႔ဆို အဲဒါေတြ မလုပ္ဘူး

ခ်ီးက်ဴးလိုက္ပါဦးမယ္ေလ

ထိုစဥ္ သူေျပာလိုက္ေသာ စကားေၾကာင့္ ခ်ီးက်ဴးရန္ ဟ ထားေသာ ကြၽႏု္ပ္၏ ပါးစပ္မွာ ေဟာင္းေလာင္းျဖစ္သြားရေပသည္

အဲဒါေတြသိလို႔ ကြၽန္မတို႔ေတာ့ တံေတြးပဲ ထည့္တယ္

အနာက်က္လည္း ျမန္တယ္ေလ

ဘုရားေရ အေဒၚရယ္

ေသသာေသလိုက္ခ်င္ေတာ့တယ္

သူ႔ မ်က္နွာႀကီး မည္းက်သြားသည္

မတတ္နိုင္ေပ

သူလက္ခ်ာ အရိုက္ေကာင္းလို႔ အားလံုး တံေတြးဆြတ္ကုန္ရင္ ေသရခ်ည့္

အေဒၚရယ္

ကိုယ္က တစ္ေနကုန္ ခ်ိဳခ်ဥ္ဖန္ခါး ေတြ႕ကရာ အကုန္စားထားတဲ့ ဒီေလာက္ ညစ္ပတ္တဲ့ ဒီပါးစပ္

သြားတိုက္ထားပါတယ္ ဆိုရင္ေတာင္ ပိုးမ်ိဳး ၃၀၀ေလာက္ ရွိေနတဲ့ ဒီပါးစပ္ထဲက တံေတြးသာ ဆြတ္လိုက္ရင္ေတာ့

ကြၽန္မ မေတြးရဲေတာ့ဘူး

အေဒၚကေတာ့

ေတာ္ပါတယ္ဆိုမွ အဖ်ားရွဴးသြားၿပီရယ္

သူ မႀကိဳက္ေပမယ့္ ကိုယ္က ရယ္ရယ္ေမာေမာ ေျပာေနေတာ့လည္း ေအာင့္သက္သက္နဲ႔ နားေထာင္ေနရသည္မွာ

အို

ဤလို ခ်စ္စရာေကာင္းေသာ အယူအင္မတန္လြဲေသာ လူနာမ်ားပါတကား။

ေဒါက္တာဝင္း (ေဆး၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *