မေ့မေ့မှတ်စု ၈ ချက်ကြိုးရယ်တဲ့ကြွေစေလို
အူဝဲ၊ အူဝဲ အော်သံလေးနှင့်အတူ ချက်ကြိုး တန်းလန်း ရင်သွေးလေးကို မိဘ အများစု မြင်ဘူးကြပေမည်၊ ခဏနေ ချက်ကြိုးလေး ဖြတ်ပေးပြီး ရင်သွေးလေး၏ ချက်ကြိုးခြောက် မခြောက် ၊ပိုးဝင် မဝင်ကို မိဘများမှ သတိကြီးစွာ ထားကြရပါသည်။
ချက်ကြိုးဆိုသည်မှာ
မိခင်ဗိုက်ထဲတွင် မိခင်ထံမှ အာဟာရကို ကလေးထံသို့ ပို့သယ်ပေးသော ပင်စည်ကြီးဖြစ်သည်။
မွေးပြီး ချက်ကြိုးကြွေချိန်(သို့) ခြောက်ချိန်
မိခင်ဝမ်းမှ ထွက်လာသည်နှင့် ဖြတ်လိုက်သော ချက်ကြိုး အပိုင်းအစလေး ကြွေရန်မှာ ၇ ရက် မှ ၂၁ရက်။
ထိကြာမြင့်နိုင်ပါသည်
ချက်ကြိုး ခြောက်၍ ကြွေချိန်တွင် သွေးအနည် အနှီးတွင် ပေခြင်းမျိုး ရန်ဖန်ရန်ခါ ဖြစ်တတ်ပါသည်။ ကြွေကျပြီးလျှင် အသားနုလေးကျန်ခဲ့တတ်ပါသည်။
သတိပြုရန်မှာ
ချက်ကြိုးကြွေကျချိန်ထိကို ခြောက်သွေ့စေရန်၊ ရေမထိစေရန် အထူးသတိထားသင့်သည်။ သေးစိုခံ (သို့) diaperကို ချက်ကြိုးအောက်တွင်သာ ထား၍ ဝတ်ဆင်သင့်သည်။ ရေဇလုံထဲတွင် ကလေးအား ချက်ကြိုးမခြောက်ခင်ထိ မချိုးသင့်ပါ။ ချက်ကြိုး တစ်ဝှိက်တွင် ဂွမ်းကို သန့်စင်သောရေ စွတ်၍ သန့်ရှင်းပေးသင့်ပါသည်။
အန္တရာယ်လက္ခဏာများ
ချက်ကြိုး အနီးတစ်ဝှိက်ကို ထိ၍ ကလေငိုလျှင် ချက်ကြိုး အနီးတစ်ဝှိက်တွင် နီရဲ နေလျှင် ချက်ကြိုးမှ မကောင်းသော အနံ့ရလျှင် ဖော်ပြပါ လက္ခဏာများရှိပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ဆွေးနွေးသင့်ပါသည်
မယ်တင် (ဆေး_၁)
ေမ့ေမ့မွတ္စု ၈ ခ်က္ႀကိဳးရယ္တဲ့ေႂကြေစလို
အူဝဲ၊ အူဝဲ ေအာ္သံေလးႏွင့္အတူ ခ်က္ႀကိဳး တန္းလန္း ရင္ေသြးေလးကို မိဘ အမ်ားစု ျမင္ဘူးၾကေပမည္၊ ခဏေန ခ်က္ႀကိဳးေလး ျဖတ္ေပးၿပီး ရင္ေသြးေလး၏ ခ်က္ႀကိဳးေျခာက္ မေျခာက္ ၊ပိုးဝင္ မဝင္ကို မိဘမ်ားမွ သတိႀကီးစြာ ထားၾကရပါသည္။
ခ်က္ႀကိဳးဆိုသည္မွာ
မိခင္ဗိုက္ထဲတြင္ မိခင္ထံမွ အာဟာရကို ကေလးထံသို႔ ပို႔သယ္ေပးေသာ ပင္စည္ႀကီးျဖစ္သည္။
ေမြးၿပီး ခ်က္ႀကိဳးေႂကြခ်ိန္(သို႔) ေျခာက္ခ်ိန္
မိခင္ဝမ္းမွ ထြက္လာသည္ႏွင့္ ျဖတ္လိုက္ေသာ ခ်က္ႀကိဳး အပိုင္းအစေလး ေႂကြရန္မွာ ၇ ရက္ မွ ၂၁ရက္။
ထိၾကာျမင့္ႏိုင္ပါသည္
ခ်က္ႀကိဳး ေျခာက္၍ ေႂကြခ်ိန္တြင္ ေသြးအနည္ အႏွီးတြင္ ေပျခင္းမ်ိဳး ရန္ဖန္ရန္ခါ ျဖစ္တတ္ပါသည္။ ေႂကြက်ၿပီးလၽွင္ အသားႏုေလးက်န္ခဲ့တတ္ပါသည္။
သတိျပဳရန္မွာ
ခ်က္ႀကိဳးေႂကြက်ခ်ိန္ထိကို ေျခာက္ေသြ႕ေစရန္၊ ေရမထိေစရန္ အထူးသတိထားသင့္သည္။ ေသးစုိခံ (သို႔) diaperကို ခ်က္ႀကိဳးေအာက္တြင္သာ ထား၍ ဝတ္ဆင္သင့္သည္။ ေရဇလံုထဲတြင္ ကေလးအား ခ်က္ႀကိဳးမေျခာက္ခင္ထိ မခ်ိဳးသင့္ပါ။ ခ်က္ႀကိဳး တစ္ဝိွက္တြင္ ဂြမ္းကို သန္႔စင္ေသာေရ စြတ္၍ သန္႔ရွင္းေပးသင့္ပါသည္။
အနၱရာယ္လကၡဏာမ်ား
ခ်က္ႀကိဳး အနီးတစ္ဝွိက္ကို ထိ၍ ကေလငိုလၽွင္ ခ်က္ႀကိဳး အနီးတစ္ဝွိက္တြင္ နီရဲ ေနလၽွင္ ခ်က္ႀကိဳးမွ မေကာင္းေသာ အနံ႔ရလၽွင္ ေဖာ္ျပပါ လကၡဏာမ်ားရွိပါက နီးစပ္ရာ ေဆးရံု၊ေဆးခန္းသို႔ သြားေရာက္ေဆြးေႏြးသင့္ပါသည္
မယ္တင္ (ေဆး_၁)