ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ

သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်…

ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင်

(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ ရှင်သန်နိုင်တဲ့ကိုယ်ဝန်လား… အသက်ရှင်သန်ဖို့ အခွင့်အလမ်းနည်းတဲ့ကိုယ်ဝန်လားဆိုတာ သိနိုင်ပါတယ် ကလေးက အမွှာလား… တစ်ယောက်တည်းလား ဆိုတာအပြင် ကိုယ်ဝန်ဟာ နေရာအနေအထားမှန်ရဲ့လား…ကလေးရဲ့နှလုံး ပုံသဏ္ဌန်မှန်ရဲ့လားဆိုတာကို အာလ်ထရာဆောင်းက ပြောပြနိုင်ပါလိမ့်မယ်…

(2) ကလေးမွေးနိုင်ချေရှိတဲ့ရက်ကို ခန့်မှန်းနိုင်တယ် အမျိုးသမီးတိုင်းဟာ သူတို့ရဲ့ ရာသီနောက်ဆုံးဘယ်တုန်းက ပေါ်သွားသလဲဆိုတာ မသိကြပါဘူး…. ဒီလို ရာသီစက်ဝန်းကိုကြည့်ပြီး မွေးရက်ခန့်မှန်းဖို့သိပ်မဖြစ်နိုင်တဲ့အခြေအနေမျိုးဆိုရင် အာလ်ထရာဆောင်းက အကူအညီအများကြီး ပေးပါလိမ့်မယ်…

(3) ဒေါင်းဆင်ဒရုန်းမ်လို့ခေါ်တဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ရောဂါ ကလေးမှာပါမပါသိနိုင်မယ် ဒေါင်းဆင်ဒရုန်းမ်ဟာ…. ခရိုမိုဇုမ်းမူမမှန်မှူကြောင့်ဖြစ်တဲ့ရောဂါစုပါ…. ဒီရောဂါရှိမရှိဖြစ်နိုင်ချေကို အာလ်ထရာဆောင်းက… ကလေးရဲ လည်ပင်းအလျားကိုတိုင်းပြီး ခန့်မှန်းနိုင်ပါတယ်

(4) ကိုယ်လက်အဂါ်အစုံပါမပါ/ မူမမှန်တာ ရှိမရှိ ပြောနိုင်တယ် ဥပမာ ကျောရိုးအာရုံကြောမ၊ ဦးနှောက်၊ မျက်နှာ ၊ နှလုံး၊ အစာအိမ်၊ ကျောက်ကပ်နဲ့ ခြေလက်တွေ အစုံအလင်ရှိမရှိ… မူမမှန်တာ ရှိမရှိ ပြောနိုင်ပါတယ်

(5) ကလေးဖွံ့ဖြိုးကြီးထွားလာမှူနှူန်းကို သိနိုင်တယ် သင့်ဗိုက်ထဲက ကလေးရဲ့ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ပေါင်အရိုးတွေကို တွက်ချက်တိုင်းတာပြီး…. ကြီးထွားနှူန်းကို သိနိုင်သလို…ကလေးရဲ့ လှူပ်ရှားမှူနဲ့ ရေမွှာရည်အနည်းအများကိုလဲ သိနိုင်မှာပါ

(6) ကျားလား မလား သိနိုင်မယ် ဖေဖေမေမေတို့ အသိချင်ဆုံး မေးခွန်းတွေထဲက တစ်ခုပါပဲ…. ဒီမေးခွန်းကိုလဲ အာလ်ထရာဆောင်းက ကောင်းကောင်း ကူညီနိုင်မှာပါ

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ အာလ္ထရာေဆာင္း႐ိုက္ခိုင္းတာ ဘာေၾကာင့္လဲ

သင္ဟာ ကိုယ္ဝန္ေဆာင္တစ္ေယာက္ဆိုရင္…. သင့္ကိုယ္ဝန္ကို ေစာင့္ေ႐ွာက္ေပးတဲ့ သားဖြားမီးယပ္အထူးကု သို႔မဟုတ္ ဆရာဝန္ ဆရာမက…. သင့္ကို အာလ္ထရာေဆာင္း႐ိုက္ခိုင္းပါလိမ့္မယ္…

ဒါကဘာအတြက္လဲ…. အာလ္ထရာေဆာင္း႐ိုက္တာက ဘာေတြအက်ိဳး႐ွိသလဲ ဆိုရင္

(1) သင့္ဗိုက္ထဲက ကေလးငယ္ဟာ ႐ွင္သန္ႏိုင္တဲ့ကိုယ္ဝန္လား… အသက္႐ွင္သန္ဖို႔ အခြင့္အလမ္းနည္းတဲ့ကိုယ္ဝန္လားဆိုတာ သိႏိုင္ပါတယ္ ကေလးက အမႊာလား… တစ္ေယာက္တည္းလား ဆိုတာအျပင္ ကိုယ္ဝန္ဟာ ေနရာအေနအထားမွန္ရဲ႕လား…ကေလးရဲ႕ႏွလံုး ပံုသဏၭန္မွန္ရဲ႕လားဆိုတာကို အာလ္ထရာေဆာင္းက ေျပာျပႏိုင္ပါလိမ့္မယ္…

(2) ကေလးေမြးႏိုင္ေခ်႐ွိတဲ့ရက္ကို ခန္႔မွန္းႏိုင္တယ္ အမ်ိဳးသမီးတိုင္းဟာ သူတို႔ရဲ႕ ရာသီေနာက္ဆံုးဘယ္တုန္းက ေပၚသြားသလဲဆိုတာ မသိၾကပါဘူး…. ဒီလို ရာသီစက္ဝန္းကိုၾကည့္ၿပီး ေမြးရက္ခန္႔မွန္းဖို႔သိပ္မျဖစ္ႏိုင္တဲ့အေျခအေနမ်ိဳးဆိုရင္ အာလ္ထရာေဆာင္းက အကူအညီအမ်ားႀကီး ေပးပါလိမ့္မယ္…

(3) ေဒါင္းဆင္ဒ႐ုန္းမ္လို႔ေခၚတဲ့ မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္တဲ့ေရာဂါ ကေလးမွာပါမပါသိႏိုင္မယ္ ေဒါင္းဆင္ဒ႐ုန္းမ္ဟာ…. ခ႐ိုမိုဇုမ္းမူမမွန္မႉေၾကာင့္ျဖစ္တဲ့ေရာဂါစုပါ…. ဒီေရာဂါ႐ွိမ႐ွိျဖစ္ႏိုင္ေခ်ကို အာလ္ထရာေဆာင္းက… ကေလးရဲ လည္ပင္းအလ်ားကိုတိုင္းၿပီး ခန္႔မွန္းႏိုင္ပါတယ္

(4) ကိုယ္လက္အဂၚအစံုပါမပါ/ မူမမွန္တာ ႐ွိမ႐ွိ ေျပာႏိုင္တယ္ ဥပမာ ေက်ာ႐ိုးအာရံုေၾကာမ၊ ဦးေႏွာက္၊ မ်က္ႏွာ ၊ ႏွလံုး၊ အစာအိမ္၊ ေက်ာက္ကပ္နဲ႔ ေျခလက္ေတြ အစံုအလင္႐ွိမ႐ွိ… မူမမွန္တာ ႐ွိမ႐ွိ ေျပာႏိုင္ပါတယ္

(5) ကေလးဖြံ႔ၿဖိဳးႀကီးထြားလာမႉႏႉန္းကို သိႏိုင္တယ္ သင့္ဗိုက္ထဲက ကေလးရဲ႕ ဦးေခါင္း၊ ဝမ္းဗိုက္နဲ႔ ေပါင္အ႐ိုးေတြကို တြက္ခ်က္တိုင္းတာၿပီး…. ႀကီးထြားႏႉန္းကို သိႏိုင္သလို…ကေလးရဲ႕ လႉပ္႐ွားမႉနဲ႔ ေရမႊာရည္အနည္းအမ်ားကိုလဲ သိႏိုင္မွာပါ

(6) က်ားလား မလား သိႏိုင္မယ္ ေဖေဖေမေမတို႔ အသိခ်င္ဆံုး ေမးခြန္းေတြထဲက တစ္ခုပါပဲ…. ဒီေမးခြန္းကိုလဲ အာလ္ထရာေဆာင္းက ေကာင္းေကာင္း ကူညီႏိုင္မွာပါ

ေမတၱာျဖင့္
Dr. စိမ္းမိုးစက္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *