mydoctor-top-telemedicine

သတိထားရမယ့် အူယောင်ငန်းဖျားရောဂါ

ဒီရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ အင်မတန်အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ တစ်နှစ်ကို လူပေါင်းသန်းနှစ်ဆယ်လောက်ဖြစ်တတ်ပြီး လူနှစ်သိန်းလောက်က ဒီရောဂါကြောင့် သေဆုံးတတ်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ?

Gram-negative ပိုးဖြစ်တဲ့ Salmonella Typhi နဲ့ Salmonella Paratyphi serotype A>B>C စတဲ့ပိုးကြောင့်ဖြစ်ရတာပါ။

ဘယ်လိုကူးစက်တာလဲ?

အစာအိမ်နဲ့အူလမ်းကြောင်းကို အဲဒီဘတ်တီးရီးယားပိုးက မသန့်ရှင်းတဲ့အစားအစာနဲ့ ရေကနေတစ်ဆင့် ကူးစက်ဝင်ရောက်တာပါ။ ရောဂါစတင်ကူးစက်ပြီး လက္ခဏာပြတဲ့အချိန်ဟာ အများအားဖြင့် ဆယ်ရက်ကနေ ရက်နှစ်ဆယ်ထိကြာတတ်ပါတယ်။

ရောဂါလက္ခဏာတွေ?

နုံးခွေနေခြင်း ၊ ခေါင်းကိုက်ခြင်း ၊ မစားချင်မသောက်ချင် ဖြစ်ခြင်းတို့ ခံစားရပါမယ်။ တစ်နေ့ထက်တစ်နေ့ အဖျားတက်လာပါမယ်။ ဗိုက်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းချုပ်ခြင်း တို့ဖြစ်တတ်ပါတယ်။

လူနာ ၂၅ ရာခိုင်နှုန်းလောက်မှာ Rose Spots လို့ခေါ်တဲ့ အနီစက်လေးတွေ အရေပြားပေါ်မှာ ပေါ်လာတတ်ပါတယ်။ရောဂါကူးစက်ခံရပြီး ဒုတိယအပတ်မှာတော့ ဝမ်းလျှောပါမယ်။အသည်းနဲ့ သရက်ရွက် ကြီးလာပါမယ်။လူနာ ၁၀ ရာခိုင်နှုန်းမှာ ရောဂါဟာ ပိုဆိုဆိုးရွားပြင်းထန်လာနိုင်ပြီး နောက်ဆက်တွဲဆိုးကျိူးတွေပါဆက်လာနိုင်ပါတယ်။ဥပမာ

  • -အူပေါက်ခြင်း၊သွေးယိုခြင်း(Intestinal Haemorrhage & Perforation)
  • နှလုံးရောင်ခြင်း
  • အသည်းရောင်ခြင်း
  • အဆုတ်ရောင်ခြင်း
  • ဦးနှောက်ရောင်ခြင်း
  • မျက်စိကိုပါထိခိုက်လာခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

ဒီရောဂါဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ?

ရောဂါလက္ခဏာတွေပြလာရင် ဆေးရုံ ဆေးခန်းအမြန်သွားရပါမယ်။ သွေး၊ ခြင်ဆီ နဲ့ ဝမ်း စစ်ဆေးပြီး ဒီရောဂါရှိမရှိကို သိနိုင်ပါတယ်။

ဘယ်လိုကုသမလဲ?

ရောဂါရှိတာသိတာနဲ့ ဆေးကုသမှုချက်ချင်းခံယူရပါမယ်။ ပဋိဇီဝပိုးသတ်ဆေး၊ အဖျားကျဆေး၊ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ ၊ အာဟာရဓာတ်ပြန်ပြည့်စေဖို့အတွက် ဆရာဝန်ညွှန်ကြားမှုအတိုင်း ဆေးကုသမှုခံယူရပါမယ်။

အကယ်၍ဆေးကုသမှုမခံယူခဲ့ဘူးဆိုရင် အဖျားကြာရှည်လာမယ်။ နှလုံးခုန်နှုန်းနှေးလာမယ်။ အသည်းသရက်ရွက်ကြီးလာပြီး အဆုတ်ရောင်လာပါမယ်။ ကုသမှုမခံယူဘဲနေမယ်ဆို တတိယအပတ်လောက်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကို နောက်ဆက်တွဲဆိုးကျိုးတွေပေးပြီး အသက်အန္တရာယ်ရှိလာပါမယ်။ အသက်လေးနှစ်အောက် ကလေးတွေမှာ အသက်သေဆုံးနိုင်နှုန်းပိုမြင့်မားပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?

တိုက်ဖွိုက်ရောဂါလို့ အများသိကြတဲ့ အူရောင်ငန်းဖျားရောဂါဟာ မသန့်ရှင်းတဲ့အစားအစာနဲ့ရေကို စားမိ သောက်သုံးမိရာကနေ ကူးစက်တာဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်သန့်ရှင်းလတ်ဆတ်မှု နဲ့ ရေကိုကျိုချက်ပြီးသောက်သုံးဖို့ကအင်မတန်အရေးကြီးပါတယ်။ အပြင်ပန်းမှာ စားချင်စဖွယ်ဖြစ်နေတဲ့ မသန့်ရှင်းနိုင်တဲ့ လမ်းဘေးစာတွေ ကိုသတိထားရှောင်ကြဉ်ရပါမယ်။
တကယ်လို့ ရောဂါဖြစ်လာရင်လည်း မပေါ့လျော့ဘဲ ဆေးကုသမှုအမြန်ခံယူသင့်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင် (ဆေး-၁)

သတိထားရမယ့္ အူေယာင္ငန္းဖ်ားေရာဂါ

ဒီေရာဂါဟာ ကမ႓ာတစ္ဝွမ္းမွာ အင္မတန္အျဖစ္မ်ားတဲ့ေရာဂါတစ္မ်ိဳးပါ။ တစ္ႏွစ္ကို လူေပါင္းသန္းႏွစ္ဆယ္ေလာက္ျဖစ္တတ္ၿပီး လူႏွစ္သိန္းေလာက္က ဒီေရာဂါေၾကာင့္ ေသဆံုးတတ္ပါတယ္။

ဘာေၾကာင့္ျဖစ္ရသလဲ?

Gram-negative ပိုးျဖစ္တဲ့ Salmonella Typhi နဲ႔ Salmonella Paratyphi serotype A>B>C စတဲ့ပိုးေၾကာင့္ျဖစ္ရတာပါ။

ဘယ္လိုကူးစက္တာလဲ?

အစာအိမ္နဲ႔အူလမ္းေၾကာင္းကို အဲဒီဘတ္တီးရီးယားပိုးက မသန္႔ရွင္းတဲ့အစားအစာနဲ႔ ေရကေနတစ္ဆင့္ ကူးစက္ဝင္ေရာက္တာပါ။ ေရာဂါစတင္ကူးစက္ၿပီး လကၡဏာျပတဲ့အခ်ိန္ဟာ အမ်ားအားျဖင့္ ဆယ္ရက္ကေန ရက္ႏွစ္ဆယ္ထိၾကာတတ္ပါတယ္။

ေရာဂါလကၡဏာေတြ?

နံုးေခြေနျခင္း ၊ ေခါင္းကိုက္ျခင္း ၊ မစားခ်င္မေသာက္ခ်င္ ျဖစ္ျခင္းတို႔ ခံစားရပါမယ္။ တစ္ေန႔ထက္တစ္ေန႔ အဖ်ားတက္လာပါမယ္။ ဗိုက္ေအာင့္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဝမ္းခ်ဳပ္ျခင္း တို႔ျဖစ္တတ္ပါတယ္။

လူနာ ၂၅ ရာခိုင္ႏႈန္းေလာက္မွာ Rose Spots လို႔ေခၚတဲ့ အနီစက္ေလးေတြ အေရျပားေပၚမွာ ေပၚလာတတ္ပါတယ္။ေရာဂါကူးစက္ခံရၿပီး ဒုတိယအပတ္မွာေတာ့ ဝမ္းေလွ်ာပါမယ္။အသည္းနဲ႔ သရက္ရြက္ ႀကီးလာပါမယ္။လူနာ ၁၀ ရာခိုင္ႏႈန္းမွာ ေရာဂါဟာ ပိုဆိုဆိုးရြားျပင္းထန္လာႏိုင္ၿပီး ေနာက္ဆက္တြဲဆိုးက်ိဴးေတြပါဆက္လာႏိုင္ပါတယ္။ဥပမာ

  • -အူေပါက္ျခင္း၊ေသြးယိုျခင္း(Intestinal Haemorrhage & Perforation)
  • ႏွလံုးေရာင္ျခင္း
  • အသည္းေရာင္ျခင္း
  • အဆုတ္ေရာင္ျခင္း
  • ဦးေႏွာက္ေရာင္ျခင္း
  • မ်က္စိကိုပါထိခိုက္လာျခင္း စသည္တို႔ျဖစ္ႏိုင္ပါတယ္။

ဒီေရာဂါျဖစ္ေၾကာင္းဘယ္လိုသိႏိုင္မလဲ?

ေရာဂါလကၡဏာေတြျပလာရင္ ေဆးရံု ေဆးခန္းအျမန္သြားရပါမယ္။ ေသြး၊ ျခင္ဆီ နဲ႔ ဝမ္း စစ္ေဆးၿပီး ဒီေရာဂါရွိမရွိကို သိႏိုင္ပါတယ္။

ဘယ္လိုကုသမလဲ?

ေရာဂါရွိတာသိတာနဲ႔ ေဆးကုသမႈခ်က္ခ်င္းခံယူရပါမယ္။ ပဋိဇီဝပိုးသတ္ေဆး၊ အဖ်ားက်ေဆး၊ ဆံုးရွံုးသြားတဲ့ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းဖို႔ ၊ အာဟာရဓာတ္ျပန္ျပည့္ေစဖို႔အတြက္ ဆရာဝန္ၫႊန္ၾကားမႈအတိုင္း ေဆးကုသမႈခံယူရပါမယ္။

အကယ္၍ေဆးကုသမႈမခံယူခဲ့ဘူးဆိုရင္ အဖ်ားၾကာရွည္လာမယ္။ ႏွလံုးခုန္ႏႈန္းေႏွးလာမယ္။ အသည္းသရက္ရြက္ႀကီးလာၿပီး အဆုတ္ေရာင္လာပါမယ္။ ကုသမႈမခံယူဘဲေနမယ္ဆို တတိယအပတ္ေလာက္မွာ အစာအိမ္အူလမ္းေၾကာင္းနဲ႔ ဦးေႏွာက္နဲ႔အာရံုေၾကာအဖြဲ႕အစည္းကို ေနာက္ဆက္တြဲဆိုးက်ိဳးေတြေပးၿပီး အသက္အႏၲရာယ္ရွိလာပါမယ္။ အသက္ေလးႏွစ္ေအာက္ ကေလးေတြမွာ အသက္ေသဆံုးႏိုင္ႏႈန္းပိုျမင့္မားပါတယ္။

ဘယ္လိုကာကြယ္ၾကမလဲ?

တိုက္ဖြိဳက္ေရာဂါလ္ို႔ အမ်ားသိၾကတဲ့ အူေရာင္ငန္းဖ်ားေရာဂါဟာ မသန္႔ရွင္းတဲ့အစားအစာနဲ႔ေရကို စားမိ ေသာက္သံုးမိရာကေန ကူးစက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ အစားအေသာက္သန္႔ရွင္းလတ္ဆတ္မႈ နဲ႔ ေရကိုက်ိဳခ်က္ၿပီးေသာက္သံုးဖို႔ကအင္မတန္အေရးႀကီးပါတယ္။ အျပင္ပန္းမွာ စားခ်င္စဖြယ္ျဖစ္ေနတဲ့ မသန္႔ရွင္းႏိုင္တဲ့ လမ္းေဘးစာေတြ ကိုသတိထားေရွာင္ၾကဥ္ရပါမယ္။
တကယ္လို႔ ေရာဂါျဖစ္လာရင္လည္း မေပါ့ေလ်ာ့ဘဲ ေဆးကုသမႈအျမန္ခံယူသင့္ပါတယ္လို႔ ေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္ (ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *