ခေါင်းကိုက်ခြင်းအမျိုးမျိုး
လူအမျိုးမျိုး စိတ်အထွေထွေ ရှိသလိုပဲ ရောဂါဝေဒနာတွေလည်း ခေါင်းအစ ခြေအဆုံး မျိုးစုံရှိပါတယ်။ ဒီလိုပဲ လူတိုင်းဖြစ်ဖူးတဲ့ ခေါင်းကိုက်တာမှာလည်း ပုံစံကွဲတွေ အမျိုးမျိုးရှိတာပေါ့။
✔ဘယ်လို အမျိုးအစားခွဲမလဲ ??
(၁)အကြောင်းပြချက် ရှာလို့မရဘဲ ကိုက်တဲ့ Primary Headache နဲ့
(၂)ရောဂါအခံတစ်ခုခုကြောင့် ကိုက်တဲ့ Secondary Headache လို့ ခွဲလို့ရပါတယ်။
✔အဖြစ်များတဲ့ နာမည်ကြီး ခေါင်းကိုက်ရောဂါတွေက ??
▪Tension Headache
စိတ်ဖိစီးမှုကြောင့် ဖြစ်ပါတယ်။
အဖြစ်အများဆုံး ခေါင်းကိုက်ရောဂါပါ။
အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။
ခေါင်းပတ်ပတ်လည်မှာ ကြိုးနဲ့တင်းကျပ်နေအောင် စည်းခံထားရသလို ဆွဲညှစ်ခံထားရသလို ကိုက်နေတတ်ပါတယ်။
ဇက်ကြောတွေပါ နာနေတတ်ပါတယ်။
ခေါင်းကိုက်ပျောက်ဆေးတွေ သောက်တာအပြင် စိတ်ဖိစီးမှု လျှော့ချရပါမယ်။
▪Migraines
ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ခေါ်ပါတယ်။
အမျိုးသမီးတွေမှာပဲ ပိုဖြစ်တတ်ပါတယ်။
ဓမ္မတာမလာခင် စကိုက်တတ်ပြီး နေပူမိရင် မိုးမိရင်လည်း ကိုက်တတ်ပါတယ်။
ရက်အတော်ကြာကြာ ကိုက်တတ်ပြီး ဘာမှမလုပ်နိုင်လောက်အောင် ကိုက်တတ်ပါတယ်။
ပျို့ချင် အန်ချင်တာ
အမြင်ဝေဝါးလာတာ
အလင်းစူးစူးမကြည့်နိုင်တာမျိုးတွေ တွဲ ဖြစ်တတ်ပါတယ်။
အိပ်လိုက်ရင် သက်သာသွားတတ်ပါတယ်။
ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။
▪Cluster Headaches
ရုတ်တရက် မျက်လုံးတစ်ဖက်က စကိုက်လာမယ် မျက်ရည်တွေကျမယ်.. နှာရည်တွေကျမယ်။ မျက်ခွံတွေပါရောင်လာပြီး စူးစူးရှရှကိုက်တတ်တယ်။ ညဘက်ပိုဖြစ်တတ်တယ်။ တစ်နေ့ကို တစ်ကြိမ်ကနေ ရှစ်ကြိမ်လောက်အထိ.. တစ်ခါကိုက်ရင် ၁၅မိနစ်ကနေ နှစ်နာရီခွဲလောက်ကြာတတ်ပါတယ်။ ကိုက်လိုက် ပျောက်လိုက် ဖြစ်နေတတ်တယ်။ ၄ ပါတ်ကနေ ၁၂ ပါတ်လောက်အထိဆက်တိုက် ကိုက်နေတတ်ပြီး လတော်တော်ကြာကြာကနေ နှစ်နဲ့ချီပျောက်နေတတ်တယ်။
ယောက်ျားလေးတွေမှာ ပိုဖြစ်တတ်ပြီး ဆေးလိပ်သောက်ရင် ပိုဖြစ်ပါတယ်။
▪Rebound Headache
အကိုက်အခဲပျောက်ဆေးတွေ အသောက်များလို့ ဆေးကြောင့် ပြန်ခေါင်းကိုက်တဲ့ ရောဂါပါ။ ဆေးတွေ ပြန်ဖြတ်လိုက်ရင် ကောင်းသွားတတ်ပါတယ်။
▪ Sinus Headache
ထိပ်ကပ်နာဆိုတဲ့ နာတာရှည် နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းတဲ့ရောဂါရှိနေရင်လည်း မျက်ရိုးနဲ့ ခေါင်းအရမ်းကိုက်နေတတ်ပါတယ်။ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်နဲ့ ပြဖို့ိုလိုပါလိမ့်မယ်။
✔တခြားခေါင်းကိုက်ခြင်းအမျိုးကွဲတွေ ကိုက်နိုင်တဲ့အကြောင်းတွေလည်း အများကြီးရှိပါသေးတယ်။ ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက် ပုံမှန်ကိုက်နေကျထက် ထူးထူးခြားခြား ဆိုးဆိုးဝါးဝါးကိုက်လာမယ် တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပါတွဲဖြစ်မယ်ဆိုရင်တော့ ဆရာဝန်မြန်မြန်ပြဖို့လိုပါလိမ့်မယ်။ တော်ရုံကိုက်တာလောက်ကတော့ ပါရာစီတမောလ်ထက်ပိုပြီး ဘာမှမသောက်ပါနဲ့။
ခေါင်းကိုက်ခြင်းများဝေးကြပါစေ..
Dr ဖြိုးဝေလင်း
(7.8.19)