ရွေးချယ်စရာ ကလေးပုခက်များ
ကလေးငယ်လေးတွေအတွက် ပုခက်ဆိုသည်မှာ မမွေးမီကတည်းက မိဘတိုင်း ရှိသင့်သော အဖိုးတန်လှသည့် အရာပင်ဖြစ်သည် ။ သည်နေရာလေးဟာ ကုလေးတွေအတွက် သူတို့ဘဝရဲ့အချိန်အများစုကုန်ဆုံးရာနေရာလေးလဲ ဖြစ်ပါတယ် ။
ဒီတော့ ဒီလို အရေးကြီးလှတဲ့ကလေးပုခက်တစ်ခုကို ဘယ်လိုရွေးချယ်ကြမလဲ ။ ဒီအောက်မှာ အားနည်းချက် အားသာချက်တွေနဲ့ တွဲပြီး သင့်အတွက် ဖော်ပြပေးလိုက်ပါတယ် ။
(၁) ပုံမှန်ကလေးပုခက်
သင်မျက်လုံးမှိတ်ပြီး ကုလေးပုခက်တစ်ခုလို့မြင်ယောင်ကြည့်လိုက်ပါ ။ သင့်စိတ်ကူးထဲပေါ်လာတဲ့ ဒေါင့်လေးဒေါင့်နဲ့ တည်ရှိနေတဲ့ ပုခက်လေးဟာ ပုံမှန်ကလေးပုခက်တစ်ခုပါပဲ ။
အားသာချက် – သူတို့ဟာ ဈေးအရ အသက်သာဆုံးဖြစ်တယ် ။ တပ်ဆင်ရလွယ်သလို ဝန်ကိုလဲခံနိုင်တယ်
အားနည်းချက် – တခြား ကလေးပုခက်တွေလို အပိုဘာမှမပါသလို တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်းဖို့မလွယ်ကူပါဘူး ။
(၂)ပြောင်းလဲနိုင်တဲ့ ကလေးပုခက်များ
တစ်သက်စာ ပုခက်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့အထိ ဒီပြောင်းလဲနိုင်တဲ့ပုခက်လေးတွေဟာ သင့်ကလေးကြီးထွားလာတာနဲ့အတူ လိုက်ပြီး ပြောင်းလဲနိုင်ပါတယ် ။ ဒီနာမည်ရဲ့ အဓိက နောက်ကွယ်ကအကြောင်းရင်းမှာ ပုံစံအနေအထားတစ်ခုထက်ပို ပြောင်းလဲနိုင်လို့ဖြစ်ပါတယ် ။
အဓိကပြောင်းလဲနိုင်တဲ့ပုံစံတွေမှာ
– သာမာန်ကလေးပုခက်တစ်ခုလို
– ကလေးအိပ်ယာတစ်ခုလို
– ဆိုဖာ အသေးစားလေးတစ်ခုလို ဖြစ်ပါတယ်
အားသာချက် – ငွေကြေးအရ တန်ပါတယ် ။ သင့်အနေနဲ့ ပုခက် တစ်ခုထဲဝယ်ထားပြီး အချိန်ကြာမြင့်စွာ သုံးနိုင်မှာဖြစ်ပြီး နောက်ထပ် ထပ်ဝယ်စရာ မလိုတော့ပါဘူး
အားနည်းချက် – တခြား ပုခက်အမျိုးအစားတွေထက် ဈေးနှုန်းကြီးမြင့်ပါတယ် ။ နောက်ပြီး ပုခက်ကို ပုံစံပြောင်းရတဲ့အခါတိုင်း ဖြုတ်ရတပ်ရပြန်အစအဆုံးလုပ်ရဖို့ရှိပြီး တစ်ခါတစ်ရံ ခေတ်နောက်ကျနေတဲ့ ပုံစံမျိုးတွေ ရှိလာနိုင်ပါတယ် ။
(၃) သယ်ယူရလွယ်တဲ့ ပုခက်
သင့်အနေနဲ့ အိမ်မှာ နေရာ ကျယ်ကျယ်ဝန်းဝန်းမရှိဘူးဆိုလျှင် ဒီ သယ်ယူနိုင်တဲ့ ပုခက်လေးဟာ အဖြေဖြစ်လာမှာပါ ။ ဒီပုခက်လေးနဲ့ တစ်နေရာကနေ တစ်နေရာ အခန်းတစ်ခန်းကနေ နောက်တစ်ခန်းကို အလွယ်တကူရွှေ့ယူသွားနိုင်တဲ့အတွက် သင့်မျက်စိအောက်မှာ အမြဲထားနိုင်မှာပါ ။
အဓိကစဉ်းစားရမည်မှာ တစ်ခန်းနှင့်တစ်ခန်းအကြား ဝင်ဆန့် မဆနိ့သေချာ ရွေးချယ်ရနိပင်ဖြစ်သည် ။ ဘီးလုံးလေးတွေပါတဲ့အတွက် သင့်အနေနဲ့အများကြီး အားစိုက်ဖို့မလိုတော့ပါဘူး ။
အားသာချက် – သင့်အနေနဲ့ သင့်ကလေးငယ် အိပ်နေချိန်တွေ သင်အလုပ်များနေချိန်တွေမှာ မျက်စိရှေ့တင် အမြဲစောင့်ကြည့်နေနိုင်ပါတယ် ။
အားနည်းချက် – သင့်အနေနဲ့ ရွေးချယ်စရာ ဒီဇိုင်းနည်းပါတယ် ။ ဒါ့အပြင် မွေ့ယာကဲ့သို့ တခြားပစ္စည်းတွေလဲ သိပ်မလွယ်ပါဘူး ။
(၄) ခရီးသွားပုခက်များ
ဒီလိုခရီးသွားပုခက်အမျိုးအစားတွေဟာ အလွယ်တကူ ခေါက်ထားနိုင်ပြီး သင့်ကလေးနဲ့ ခရီးသွားတဲ့အခါ မရှိမဖြစ်လိုပါတယ် ။
အားသာချက် – ဒီရီးသွားပုခက်တွေဟာ ဈေးသက်သာပြီး ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့ အလွယ်တကူ ဖြုတ်နိုင် တပ်နိုင်အောင် လုပ်ထားပါတယ် ။
အားနည်းချက် – သူတို့ဟာ အလွယ်တကူ ပျက်စီးဟောင်းနွမ်းသွားတဲ့အတွက် ရေရှည်မှာ အဆင်မပြေပါဘူး
(၅) စွယ်စုံပုခက်များ
ဒီလိုစွယ်စုံသုံး ပုခက်တွေမှာဆိုရင် ပရိဘောဂပုံစံ တစ်ခုထက်မက ပေါင်းထားတာတွေဖြစ်ပါတယ် ။ အဓိက သင့်ကို ဆွဲဆောင်စေမှာကတော့ ဒီတစ်ခုထဲကနေ အခြေအနေအမျိုးမျိုးအလိုက် ပြောင်းလဲနိုင်တဲ့အတွက် ငွေရော နေရာယူမှာပါ သက်သာစေမှာပါ ။
ဒီစွယ်စုံသုံးပုခက်ကနေ သေးခံလဲတဲ့နေရာအဖြစ် ၊ ကလေးအဝတ်တွေထည့်ရာ နေရာလေးအဖြစ် အမျိုးမျိုးပြောင်းလဲနိုင်ပါတယ် ။
အားသာချက် – သင့်အနေနဲ့ ငွေကြေးအရရော နေရာယူမှုကိုပါ သက်သာစေပါတယ်
အားနည်းချက် – တခြား ကိုယ်လိုချင်တဲ့ ပုံစံရဖို့အတွက် အပိုပစ္စည်း နောက်ထပ်ထည့်စရာ ပစ္စည်းတွေဟာ သေးသေးလေးတွေပဲ ဖြစ်နေပါလိမ့်မယ် ။ မဟုတ်ရင် ပုခက်ဟာ အလိုလိုပြည့်နေမှာပါ
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
ေရြးခ်ယ္စရာ ကေလးပုခက္မ်ား
ကေလးငယ္ေလးေတြအတြက္ ပုခက္ဆိုသည္မွာ မေမြးမီကတည္းက မိဘတိုင္း ရွိသင့္ေသာ အဖိုးတန္လွသည့္ အရာပင္ျဖစ္သည္ ။ သည္ေနရာေလးဟာ ကုေလးေတြအတြက္ သူတို႔ဘဝရဲ႕အခ်ိန္အမ်ားစုကုန္ဆုံးရာေနရာေလးလဲ ျဖစ္ပါတယ္ ။
ဒီေတာ့ ဒီလို အေရးႀကီးလွတ့ဲကေလးပုခက္တစ္ခုကို ဘယ္လိုေရြးခ်ယ္ၾကမလဲ ။ ဒီေအာက္မွာ အားနည္းခ်က္ အားသာခ်က္ေတြနဲ႔ တြဲၿပီး သင့္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ ။
(၁) ပုံမွန္ကေလးပုခက္
သင္မ်က္လုံးမွိတ္ၿပီး ကုေလးပုခက္တစ္ခုလို႔ျမင္ေယာင္ၾကည့္လိုက္ပါ ။ သင့္စိတ္ကူးထဲေပၚလာတ့ဲ ေဒါင့္ေလးေဒါင့္နဲ႔ တည္ရွိေနတ့ဲ ပုခက္ေလးဟာ ပုံမွန္ကေလးပုခက္တစ္ခုပါပဲ ။
အားသာခ်က္ – သူတို႔ဟာ ေစ်းအရ အသက္သာဆုံးျဖစ္တယ္ ။ တပ္ဆင္ရလြယ္သလို ဝန္ကိုလဲခံႏိုင္တယ္
အားနည္းခ်က္ – တျခား ကေလးပုခက္ေတြလို အပိုဘာမွမပါသလို တစ္ေနရာကေန တစ္ေနရာ ေရႊ႕ေျပာင္းဖို႔မလြယ္ကူပါဘူး ။
(၂)ေျပာင္းလဲႏိုင္တ့ဲ ကေလးပုခက္မ်ား
တစ္သက္စာ ပုခက္လို႔ေတာင္ တင္စားေခၚေဝၚၾကတ့ဲအထိ ဒီေျပာင္းလဲႏိုင္တ့ဲပုခက္ေလးေတြဟာ သင့္ကေလးႀကီးထြားလာတာနဲ႔အတူ လိုက္ၿပီး ေျပာင္းလဲႏိုင္ပါတယ္ ။ ဒီနာမည္ရဲ႕ အဓိက ေနာက္ကြယ္ကအေၾကာင္းရင္းမွာ ပုံစံအေနအထားတစ္ခုထက္ပို ေျပာင္းလဲႏိုင္လို႔ျဖစ္ပါတယ္ ။
အဓိကေျပာင္းလဲႏိုင္တ့ဲပုံစံေတြမွာ
– သာမာန္ကေလးပုခက္တစ္ခုလို
– ကေလးအိပ္ယာတစ္ခုလို
– ဆိုဖာ အေသးစားေလးတစ္ခုလို ျဖစ္ပါတယ္
အားသာခ်က္ – ေငြေၾကးအရ တန္ပါတယ္ ။ သင့္အေနနဲ႔ ပုခက္ တစ္ခုထဲဝယ္ထားၿပီး အခ်ိန္ၾကာျမင့္စြာ သုံးႏိုင္မွာျဖစ္ၿပီး ေနာက္ထပ္ ထပ္ဝယ္စရာ မလိုေတာ့ပါဘူး
အားနည္းခ်က္ – တျခား ပုခက္အမ်ဳိးအစားေတြထက္ ေစ်းႏႈန္းႀကီးျမင့္ပါတယ္ ။ ေနာက္ၿပီး ပုခက္ကို ပုံစံေျပာင္းရတ့ဲအခါတိုင္း ျဖဳတ္ရတပ္ရျပန္အစအဆုံးလုပ္ရဖို႔ရွိၿပီး တစ္ခါတစ္ရံ ေခတ္ေနာက္က်ေနတ့ဲ ပုံစံမ်ဳိးေတြ ရွိလာႏိုင္ပါတယ္ ။
(၃) သယ္ယူရလြယ္တ့ဲ ပုခက္
သင့္အေနနဲ႔ အိမ္မွာ ေနရာ က်ယ္က်ယ္ဝန္းဝန္းမရွိဘူးဆိုလွ်င္ ဒီ သယ္ယူႏိုင္တ့ဲ ပုခက္ေလးဟာ အေျဖျဖစ္လာမွာပါ ။ ဒီပုခက္ေလးနဲ႔ တစ္ေနရာကေန တစ္ေနရာ အခန္းတစ္ခန္းကေန ေနာက္တစ္ခန္းကို အလြယ္တကူေရႊ႕ယူသြားႏိုင္တ့ဲအတြက္ သင့္မ်က္စိေအာက္မွာ အၿမဲထားႏိုင္မွာပါ ။
အဓိကစဥ္းစားရမည္မွာ တစ္ခန္းႏွင့္တစ္ခန္းအၾကား ဝင္ဆန္႔ မဆနိ႔ေသခ်ာ ေရြးခ်ယ္ရနိပင္ျဖစ္သည္ ။ ဘီးလုံးေလးေတြပါတ့ဲအတြက္ သင့္အေနနဲ႔အမ်ားႀကီး အားစိုက္ဖို႔မလိုေတာ့ပါဘူး ။
အားသာခ်က္ – သင့္အေနနဲ႔ သင့္ကေလးငယ္ အိပ္ေနခ်ိန္ေတြ သင္အလုပ္မ်ားေနခ်ိန္ေတြမွာ မ်က္စိေရွ႕တင္ အၿမဲေစာင့္ၾကည့္ေနႏိုင္ပါတယ္ ။
အားနည္းခ်က္ – သင့္အေနနဲ႔ ေရြးခ်ယ္စရာ ဒီဇိုင္းနည္းပါတယ္ ။ ဒါ့အျပင္ ေမြ႕ယာက့ဲသို႔ တျခားပစၥည္းေတြလဲ သိပ္မလြယ္ပါဘူး ။
(၄) ခရီးသြားပုခက္မ်ား
ဒီလိုခရီးသြားပုခက္အမ်ဳိးအစားေတြဟာ အလြယ္တကူ ေခါက္ထားႏိုင္ၿပီး သင့္ကေလးနဲ႔ ခရီးသြားတ့ဲအခါ မရွိမျဖစ္လိုပါတယ္ ။
အားသာခ်က္ – ဒီရီးသြားပုခက္ေတြဟာ ေစ်းသက္သာၿပီး ေပါ့ပါးတ့ဲ ပစၥည္းေတြနဲ႔ အလြယ္တကူ ျဖဳတ္ႏိုင္ တပ္ႏိုင္ေအာင္ လုပ္ထားပါတယ္ ။
အားနည္းခ်က္ – သူတို႔ဟာ အလြယ္တကူ ပ်က္စီးေဟာင္းႏြမ္းသြားတ့ဲအတြက္ ေရရွည္မွာ အဆင္မေျပပါဘူး
(၅) စြယ္စုံပုခက္မ်ား
ဒီလိုစြယ္စုံသုံး ပုခက္ေတြမွာဆိုရင္ ပရိေဘာဂပုံစံ တစ္ခုထက္မက ေပါင္းထားတာေတြျဖစ္ပါတယ္ ။ အဓိက သင့္ကို ဆြဲေဆာင္ေစမွာကေတာ့ ဒီတစ္ခုထဲကေန အေျခအေနအမ်ဳိးမ်ဳိးအလိုက္ ေျပာင္းလဲႏိုင္တ့ဲအတြက္ ေငြေရာ ေနရာယူမွာပါ သက္သာေစမွာပါ ။
ဒီစြယ္စုံသုံးပုခက္ကေန ေသးခံလဲတ့ဲေနရာအျဖစ္ ၊ ကေလးအဝတ္ေတြထည့္ရာ ေနရာေလးအျဖစ္ အမ်ဳိးမ်ဳိးေျပာင္းလဲႏိုင္ပါတယ္ ။
အားသာခ်က္ – သင့္အေနနဲ႔ ေငြေၾကးအရေရာ ေနရာယူမႈကိုပါ သက္သာေစပါတယ္
အားနည္းခ်က္ – တျခား ကိုယ္လိုခ်င္တ့ဲ ပုံစံရဖို႔အတြက္ အပိုပစၥည္း ေနာက္ထပ္ထည့္စရာ ပစၥည္းေတြဟာ ေသးေသးေလးေတြပဲ ျဖစ္ေနပါလိမ့္မယ္ ။ မဟုတ္ရင္ ပုခက္ဟာ အလိုလိုျပည့္ေနမွာပါ
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ