All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

ပြန်လည်စိုပြေစေခြင်းငှါ

1 Mins read

ပြန်လည်စိုပြေစေခြင်းငှါ

အရင်တစ်ခေါက်ကဆောင်းပါးလေးမှာ မိန်းမကိုယ်ခြောက်သွေ့ပြီး
ချစ်တင်းနှောတဲ့အခါ နာကျင်ရတဲ့အကြောင်းလေးတွေ ပြောပြပြီးပြီဆိုတော့ ခုတစ်ခါမှာတော့ ဒီပြသနာကို ဘယ်လိုပြန်လည်ကုစားမလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မိန်းမကိုယ်ခြောက်သွေ့ရတဲ့ အကြောင်းရင်းခံပေါ်မူတည်ပြီး
ကုသမှုလည်း အနည်းနဲ့အများကွဲပြားမှုရှိနိုင်ပါတယ်။

-> စိတ်ဖိဆီးမှုကြောင့်ဖြစ်ရသူတွေအတွက်ကတော့ မခက်ပါဘူး။ စိတ်ဖိဆီးမှုပျောက်သွားတာနဲ့ အလိုအလျောက် ပြန်အဆင်ပြေသွားမှာမို့ ဖိစီးမှုတွေက်ုလျော့ကျအောင်ပဲ လုပ်ဖို့လိုပါတယ်။နေ့တဓူဝအလုပ်တာဝန်များမှ ခတ္တခဏအနားယူခြင်း၊အပန်းဖြေခရီးထွက်ခြင်း၊သီချင်းနားထောင်ခြင်း၊တရားထိုင်ခြင်း စတဲ့ အလေ့အထတွေပြုလုပ်နိုင်ပါတယ်။

-> မိမိအဖော်နဲ့ အပေးအယူမမျှတာဆိုရင်… အဖော်ဖြစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြညှိုနှိုင်းတာကတော့ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။လိင်မှုရေးရာကိစ္စတွေဟာ တစ်ဦးတစ်ယောက်တည်းရဲ့ အကြိုက်ဆန္ဒပြည့်ရုံနဲ့တင် မလုံလောက်ပါဘူး။ဒါကြောင့် မိမိရဲ့ဆန္ဒသဘာဝကို အမှန်အတိုင်းပြောပြတဲ့အပြင် တစ်ဖက်အဖော်ရဲ့လိုအင်ဆန္ဒကိုသေချာနားထောင်ပြီး နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေကျေနပ်မှုရရှိနိုင်မည့် အနေအထားအခြေအနေတစ်ခုရောက်အောင် ညှိုင်းဆွေးနွေးပါ။

-> သင်ဟာ သွေးဆုံးခါနီး (သို့)သွေးဆုံးပြီးအရွယ်မှာ ဒီပြသနာကြုံတွေ့ရတာလား? ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ‘မ’ဟော်မုန်းအစားထိုးကုထုံးခံယူခြင်းပြုလုပ်နိုင်ပါတယ်။ နောက်ထပ်လုပ်နိုင်တာတစ်ခုကတော့ ချစ်ရည်လူးချိန်မှာ တစ်ကိုယ်ရည်သုံး ချောဆီကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။(တစ်ကိုယ်ရည်သုံးချောဆီအမျိုးအစားများကို နောက်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြပေးသွားပါမယ်။)

-> အတွင်းခံလျှော်ရာမှာသုံးတဲ့ ဆပ်ပြာအမျိုးအစားပြောင်းသုံးခြင်း၊အမျိုးသမီးသုံးသန့်စင်ရည်ပြောင်းသုံးခြင်း (သို့ )လိုအပ်မှသုံးခြင်းများ ပြုလုပ်ကြည့်ပါ။

->တစ်ခါတရံ ရာသီအကူးအပြောင်း အအေးမိ နှာစေးပျောက်စေးတွေသောက်ရင်လည်း ဒီပြသနာဖြစ်နိုင်ပေမယ့်…နေကောင်းသွားလို့ ဆေးရပ်လိုက်ရင် ပြန်အဆင်ပြေသွားပါလိမ့်မယ်။

အထက်ပါအကြံပေးချက်လေးတွေအတိုင်း လိုက်နာဆောင်ရွက်ပြီးချိန်မှာတောင် ဒီပြသနာမဖြေရှင်းနိုင်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုက်ရိုက်ဆွေးနွေးပြီး လမ်းညွှန်မှုရယူသင့်ပါတယ်။

ပိုင်နီမေ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…