“ခရီးသွားရင် အပြည့်အဝပျော်ရဖို့”

ခရီးသွားနေချိန် ကျန်းမာရေးပြသနာတစ်စုံတစ်ရာပေါပေါက်လာရင် အပြည့်အဝမပျော်နိုင်တော့ပါဘူး။ပိုဆိုးတာက အနီးအနားမှာ ဆေးရုံဆေးခန်းဆေးဆိုင်တွေပါ မရှိဘူးဆိုရင်ပိုဒုက္ခရောက်ရပါတယ်။

ခုနောက်ပိုင်း မိသားစုတွေ သူငယ်ချင်းအုပ်စုတွေ couple လေးတွေ စသဖြင့် လူအတော်များများ ခရီးတိုတွေ ခရီးရှည်တွေ မကြာခဏဆိုသလို အသွားများလာတာလည်းတွေ့ရပါတယ်။

မကြာခင်မှာလည်း ရုံးပိတ်ရက်ရှည်တွေ ရောက်လာတော့မှာမို့ အတော်များများခရီးသွားဖို့ ပြင်ဆင်နေကြပြီထင်ပါတယ်။

ဒါကြောင့်ခရီးသွားနေရင်းလမ်းမှာဖြစ်စေ.. ဆေးရုံဆေးခန်း အလှမ်းဝေးတဲ့နေရာဒေသမှာဖြစ်စေ …. ကျန်းမာရေးပြသနာ တစ်စုံတစ်ရာပေါ်ပေါက်က အဆင်ပြေစေရန် အောက်ပါဆေးနဲ့ ဆေးပစ္စည်းလေးတွေ ဆောင်သွားစေချင်ပါတယ်…

ဆေးဝါးများ

  • – Paracetamol 500mg(အကိုက်အခဲပျောက်ဆေး)
  • – Ibuprofem 400mg(အကိုက်အခဲပျောက်ဆေး)
  • – Kremil – S ပန်းရောင် or Konimag (ဗိုက်အောင့်ဗိုက်နာ)
  • – ORS (Oral Rehydration Salt,BPI ဓာတ်ဆား)
  • – Loperamide (ဝမ်းပိတ်ဆေး)
  • – Drammine (Dimenhydrinate)

(ကားမူးခြင်းအတွက်)

  • – Cetirizine 10mg ( နှာစေးခြင်း ,ဓာတ်မတည့်ခြင်း)
  • – Detussin (ချောင်းဆိုးပျောက်ဆေး)
  • – Degirol ငုံဆေးပြား ( လည်ပင်းနာခြင်း)
  • – Saline eyedrop (မျက်စဉ်း)

လိမ်းဆေး

  • -Skineal Cream
  • -Voltex Coolgel
  • -ရှားစောင်းလပတ် gel ( ( Aloe Vera Gel) (အသားနေလောင်ခံရလျှင်လိမ်းရန်)

ဆေးပစ္စည်း

  • -Hansaplast
  • -2 လက်မပတ်တီး
  • -4လက်မပတ်တီး
  • -ကတ်ကြေးအသေး (ပတ်တီး စသည် ညှပ်ရန်)
  • -Betadine ဆေးဝါဘူးသေး
  • -ဂွမ်း
  • -စက္ကူတိပ်
  • -အရက်ပြန်ဂွမ်း(Alcohol swab)
  • -ဒစ်ဂျစ်တယ် သာမိုမီတာ

ဆေးတွေဘယ်လိုသောက်ရမယ် ဘယ်နကြိမ်သောက်ရမယ်ဆိုတာကတော့ လူရောဂါ ကျန်းမာရေးအခြေအနေပေါ်မူတည်တာမို့ ခုနောက်ပိုင်းခေတ်စားလာတဲ့ အွန်လိုင်းကတစ်ဆင့် ကျန်းမာရေး ဆွေးနွေးဖို့ဝန်ဆောင်မှုပေးခြင်းများ၊ဖုန်းကတစ်ဆင့် ကျန်းမာရေး ဆွေးနွေးပေးခြင်းများ စသည့် Centre များမှ ဆရာဝန်များနှင့်
ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

အခုအပေါ်မှာဖော်ပြထားတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေက ပုံမှန်ကျန်းမာရေးပြသနာမရှိသူများ အတွက်သာဖြစ်ပြီး ကျန်းမာရေးပြသနာ (သို့)ရောဂါအခံတစ်ခုခုရှိသူများကတော့ ခရီးမသွားမီကတည်းက သက်ဆိုင်ရာ ပြသနေကျဆရာဝန်နဲ့ဆွေးနွေး တိုင်ပင်ပြီး ရောဂါအလိုက်လိုအပ်တဲ့ ဆေးတွေသယ်ဆောင်သွားဖို့ အကြံပေးပါရစေနော်။

မေ (ဆေး ၂)

“ခရီးသြားရင္ အျပည့္အဝေပ်ာ္ရဖို႔”

ခရီးသြားေနခ်ိန္ က်န္းမာေရးျပသနာတစ္စံုတစ္ရာေပါေပါက္လာရင္ အျပည့္အဝမေပ်ာ္ႏိုင္ေတာ့ပါဘူး။ပိုဆိုးတာက အနီးအနားမွာ ေဆးရံုေဆးခန္းေဆးဆိုင္ေတြပါ မ႐ွိဘူးဆိုရင္ပိုဒုကၡေရာက္ရပါတယ္။

ခုေနာက္ပိုင္း မိသားစုေတြ သူငယ္ခ်င္းအုပ္စုေတြ couple ေလးေတြ စသျဖင့္ လူအေတာ္မ်ားမ်ား ခရီးတိုေတြ ခရီးရွည္ေတြ မၾကာခဏဆိုသလို အသြားမ်ားလာတာလည္းေတြ႔ရပါတယ္။

မၾကာခင္မွာလည္း ရံုးပိတ္ရက္႐ွည္ေတြ ေရာက္လာေတာ့မွာမို႔ အေတာ္မ်ားမ်ားခရီးသြားဖို႔ ျပင္ဆင္ေနၾကၿပီထင္ပါတယ္။

ဒါေျကာင့္ခရီးသြားေနရင္းလမ္းမွာျဖစ္ေစ.. ေဆးရံုေဆးခန္း အလွမ္းေဝးတဲ့ေနရာေဒသမွာျဖစ္ေစ …. က်န္းမာေရးျပသနာ တစ္စံုတစ္ရာေပၚေပါက္က အဆင္ေျပေစရန္ ေအာက္ပါေဆးနဲ႔ ေဆးပစၥည္းေလးေတြ ေဆာင္သြားေစခ်င္ပါတယ္…

ေဆးဝါးမ်ား

  • – Paracetamol 500mg(အကိုက္အခဲေပ်ာက္ေဆး)
  • – Ibuprofem 400mg(အကိုက္အခဲေပ်ာက္ေဆး)
  • – Kremil – S ပန္းေရာင္ or Konimag (ဗိုက္ေအာင့္ဗိုက္နာ)
  • – ORS (Oral Rehydration Salt,BPI ဓာတ္ဆား)
  • – Loperamide (ဝမ္းပိတ္ေဆး)
  • – Drammine (Dimenhydrinate)

(ကားမူးျခင္းအတြက္)

  • – Cetirizine 10mg ( ႏွာေစးျခင္း ,ဓာတ္မတည့္ျခင္း)
  • – Detussin (ေခ်ာင္းဆိုးေပ်ာက္ေဆး)
  • – Degirol ငံုေဆးျပား ( လည္ပင္းနာျခင္း)
  • – Saline eyedrop (မ်က္စဥ္း)

လိမ္းေဆး

  • -Skineal Cream
  • -Voltex Coolgel
  • -ရွားေစာင္းလပတ္ gel ( ( Aloe Vera Gel) (အသားေနေလာင္ခံရလၽွင္လိမ္းရန္)

ေဆးပစၥည္း

  • -Hansaplast
  • -2 လက္မပတ္တီး
  • -4လက္မပတ္တီး
  • -ကတ္ေၾကးအေသး (ပတ္တီး စသည္ ညႇပ္ရန္)
  • -Betadine ေဆးဝါဘူးေသး
  • -ဂြမ္း
  • -စကၠဴတိပ္
  • -အရက္ျပန္ဂြမ္း(Alcohol swab)
  • -ဒစ္ဂ်စ္တယ္ သာမိုမီတာ

ေဆးေတြဘယ္လိုေသာက္ရမယ္ ဘယ္နႀကိမ္ေသာက္ရမယ္ဆိုတာကေတာ့ လူေရာဂါ က်န္းမာေရးအေျခအေနေပၚမူတည္တာမို႔ ခုေနာက္ပိုင္းေခတ္စားလာတဲ့ အြန္လိုင္းကတစ္ဆင့္ က်န္းမာေရး ေဆြးေႏြးဖို႔ဝန္ေဆာင္မႈေပးျခင္းမ်ား၊ဖုန္းကတစ္ဆင့္ က်န္းမာေရး ေဆြးေႏြးေပးျခင္းမ်ား စသည့္ Centre မ်ားမွ ဆရာဝန္မ်ားႏွင့္
ဆက္သြယ္ေဆြးေႏြးႏိုင္ပါတယ္။

အခုအေပၚမွာေဖာ္ျပထားတဲ့ ေဆးနဲ႔ေဆးပစၥည္းေတြက ပံုမွန္က်န္းမာေရးျပသနာမ႐ွိသူမ်ား အတြက္သာျဖစ္ၿပီး က်န္းမာေရးျပသနာ (သို႔)ေရာဂါအခံတစ္ခုခုရွိသူမ်ားကေတာ့ ခရီးမသြားမီကတည္းက သက္ဆိုင္ရာ ျပသေနက်ဆရာဝန္နဲ႔ေဆြးေႏြး တိုင္ပင္ၿပီး ေရာဂါအလိုက္လိုအပ္တဲ့ ေဆးေတြသယ္ေဆာင္သြားဖို႔ အၾကံေပးပါရေစေနာ္။

ေမ (ေဆး ၂)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *