Tonsillitis (အရပ်အခေါ်) အာသီးရောင်ခြင်း

Tonsillitis ကို အရပ်ထဲမှာ အာသီးရောင်တယ် လို့ခေါ်ကြပါတယ်။ အာသီးဆိုရင် အများစုကရုတ်တရက် မျက်စိထဲမြင်ကြတာက ပါးစပ်ကျယ်ကျယ်ဟတဲ့အခါ အာခေါင်အလယ်မှာ မြင်နေရတဲ့ အသီးလေးကိုပဲ ဖြစ်ပါတယ်။ အဲ့အသီးလေးကို Uvula လို့ခေါ်ပြီး Tonsil ဆိုတာကကျတော့ အဲ့ဒီ Uvula ရဲ့ဘေး တစ်ဖက်တစ်ချက်မှာ ရှိတဲ့ ပြန်ရည်ကြောဆိုင်ရာ တစ်ရှူးအုပ်စုလေးတွေ (mass of lymphoid tissue) လေးတွေဖြစ်ပါတယ်။ Tonsillitis ကြောင့် Uvula ဆိုတဲ့ အာသီးလေးလည်း တစ်ခါတစ်လေ လိုက်ရောင်တတ်ပေမယ့် သူ့မူရင်းဆေးပညာအသုံးအနှုန်း Tonsillitis ကို မြန်မာလို တိတိကျကျ ဘာသာပြန်ရမယ်ဆိုရင် အာသီးဘေးတစ်ဖက်တစ်ချက်ရှိ ပြန်ရည်ကြောဆိုင်ရာတစ်ရှုးရောင်ရမ်းခြင်း လို့ ပြောရမယ်ထင်ပါတယ်။

အကြောင်းရင်း

Tonsillitis ဟာ ဆောင်းဝင်စနဲ့ ဆောင်းတွင်းတွေမှာ အဖြစ်များပြီး ဖြစ်စေရတဲ့ အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးမွှားတွေကြောင့်ပါ။ သူတို့ဟာ လေထဲကနေတဆင့် ကူးစက်နိုင်စွမ်းရှိတဲ့အကောင်လေးတွေပါ။ ကလေးတွေမှာ အဖြစ်များတတ်ပြီး ထပ်ခါ ထပ်ခါ ပြန်ဖြစ်တတ်ပါတယ်။

လက္ခဏာ

Tonsillitis ဖြစ်ပြီဆိုတာနဲ့ ကူးစက်ခံရတဲ့သူဟာ အများအားဖြင့် လည်ချောင်းတွေ နာလာမယ်။ အဖျားရှိလာမယ်။ အာသီးဘေးက နေရာတွေ နီရဲလာမယ်ရောင်လာမယ်။ ခံတွင်းအနံ့တွေဆိုးလာမယ်။ ခေါင်းကိုက်လာတတ်ပြီး တစ်ခါတစ်လေ နားပါကိုက်လာမယ်။ အစာစားချင်စိတ်ပျောက်မယ်။ အစာမျိုရခက်တာတွေ၊ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ရောင်လာတာတွေ အများစု ဖြစ်လာတတ်ပါတယ်။ ကလေးတွေမှာ ပျို့တာအန်တာတွေ ဗိုက်နာတာတွေလည်း ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲရောဂါ

Tonsillitis ဖြစ်ရင် တစ်ချို့တွေက တစ်ပတ်နှစ်ပတ်အကြာမှာ ပျောက်ကင်းလေ့ရှိတတ်ကြပေမယ့် တစ်ချို့တွေမှာက Tonsil လို့ခေါ်တဲ့ ပြန်ရည်ကြောတစ်ရှုးနေရာတွေမှာ ပြည်တွေတည်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။

ကုသမှု

ကူးစက်ရောဂါ ဖြစ်လို့ အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျသောက်ရင် သက်သာသွားတတ်ပါတယ်။ နာတာရှည်ရောဂါအဆင့်ရောက်သွားရင် တစ်ခါတစ်လေ ဆရာဝန်က Tonsil တွေကို ဖြတ်ထုတ်ပြီး ကုသမှုပေးတတ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း Tonsil ကို ဖြတ်ထုတ်လိုက်ရင် နောက်ခါ ရောဂါ ပြန်ပြန်ဖြစ်နိုင်ချေနည်းသွားပါတယ်။

အကြံပေးချက်

Tonsillitis ဖြစ်နေလို့ ဆေးသောက်နေရတဲ့အချိန်မှာ အမြန်သက်သာစေဖို့ လုံလောက်စွာ အနားယူပေးပါ။ ရေများများသောက်ပေးပါ။ လည်ချောင်းနာတာ သက်သာစေဖို့ ဆားရေနွေးလေး ငုံပေးပါ။ benzocaine လို အမျိုးအစားပါတဲ့ ငုံဆေးလေးတွေ ငုံပေးပါ။ အစာကြမ်းတွေရှောင်ပေးပါ။ နေထိုင်တဲ့ အခန်းကို စိုထိုင်းဆ အရမ်းနည်းမနေအောင် ဂရုစိုက်ပါ။ နွေးတဲ့ရေ အရမ်းအေးတဲ့ရေတွေကလည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဆရာဝန်ပေးတဲ့ဆေးကို သေချာသောက်ပြီး ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။

အဓိကကတော့ ဆောင်းဝင်စနဲ့ ဆောင်းတွင်းမှာ ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးနဲ့ ညီညွှတ်အောင်နေရင် အာသီးရောင်တာအပြင် တစ်ခြား ရောဂါတွေလည်း တော်ရုံဖြစ်နိုင်ဖို့ ခဲယဉ်းတာမို့ ကျန်းမာရေးနဲ့သင့်တော်တဲ့ စားသောက်နေထိုင်မှု၊ ကိုယ်လက်လှုပ်ရှားမှုတွေကို ဆောင်းတွင်းမှာ ပိုပို ပြုလုပ်ပေးကြပါ လို့ အကြံပေးရင်း ရောဂါဘယကင်းဝေးနိုင်ကြပါစေလို့ တောင်းဆုပြုပေးလိုက်ရပါတယ်။

မေတ္တာဖြင့်

သုဈာန်

Tonsillitis (အရပ္အေခၚ) အာသီးေရာင္ျခင္း

Tonsillitis ကို အရပ္ထဲမွာ အာသီးေရာင္တယ္ လို႔ေခၚၾကပါတယ္။ အာသီးဆိုရင္ အမ်ားစုက႐ုတ္တရက္ မ်က္စိထဲျမင္ၾကတာက ပါးစပ္က်ယ္က်ယ္ဟတဲ့အခါ အာေခါင္အလယ္မွာ ျမင္ေနရတဲ့ အသီးေလးကိုပဲ ျဖစ္ပါတယ္။ အဲ့အသီးေလးကို Uvula လို႔ေခၚၿပီး Tonsil ဆိုတာကက်ေတာ့ အဲ့ဒီ Uvula ရဲ႕ေဘး တစ္ဖက္တစ္ခ်က္မွာ ႐ွိတဲ့ ျပန္ရည္ေၾကာဆိုင္ရာ တစ္႐ွဴးအုပ္စုေလးေတြ (mass of lymphoid tissue) ေလးေတြျဖစ္ပါတယ္။ Tonsillitis ေၾကာင့္ Uvula ဆိုတဲ့ အာသီးေလးလည္း တစ္ခါတစ္ေလ လိုက္ေရာင္တတ္ေပမယ့္ သူ႔မူရင္းေဆးပညာအသံုးအနႈန္း Tonsillitis ကို ျမန္မာလို တိတိက်က် ဘာသာျပန္ရမယ္ဆိုရင္ အာသီးေဘးတစ္ဖက္တစ္ခ်က္႐ွိ ျပန္ရည္ေၾကာဆိုင္ရာတစ္ရႈးေရာင္ရမ္းျခင္း လို႔ ေျပာရမယ္ထင္ပါတယ္။

အေၾကာင္းရင္း

Tonsillitis ဟာ ေဆာင္းဝင္စနဲ႔ ေဆာင္းတြင္းေတြမွာ အျဖစ္မ်ားၿပီး ျဖစ္ေစရတဲ့ အေၾကာင္းရင္းကေတာ့ ဗိုင္းရပ္စ္ပိုးေတြ၊ ဘက္တီးရီးယားပိုးမႊားေတြေၾကာင့္ပါ။ သူတို႔ဟာ ေလထဲကေနတဆင့္ ကူးစက္ႏိုင္စြမ္း႐ွိတဲ့အေကာင္ေလးေတြပါ။ ကေလးေတြမွာ အျဖစ္မ်ားတတ္ၿပီး ထပ္ခါ ထပ္ခါ ျပန္ျဖစ္တတ္ပါတယ္။

လကၡဏာ

Tonsillitis ျဖစ္ၿပီဆိုတာနဲ႔ ကူးစက္ခံရတဲ့သူဟာ အမ်ားအားျဖင့္ လည္ေခ်ာင္းေတြ နာလာမယ္။ အဖ်ား႐ွိလာမယ္။ အာသီးေဘးက ေနရာေတြ နီရဲလာမယ္ေရာင္လာမယ္။ ခံတြင္းအနံ႔ေတြဆိုးလာမယ္။ ေခါင္းကိုက္လာတတ္ျပီး တစ္ခါတစ္ေလ နားပါကိုက္လာမယ္။ အစာစားခ်င္စိတ္ေပ်ာက္မယ္။ အစာမ်ိဳရခက္တာေတြ၊ လည္ပင္းတစ္ဝိုက္မွာ႐ွိတဲ့ ျပန္ရည္ေၾကာအက်ိတ္ေတြ ေရာင္လာတာေတြ အမ်ားစု ျဖစ္လာတတ္ပါတယ္။ ကေလးေတြမွာ ပ်ိဳ႕တာအန္တာေတြ ဗိုက္နာတာေတြလည္း ျဖစ္တတ္ပါတယ္။

ေနာက္ဆက္တြဲေရာဂါ

Tonsillitis ျဖစ္ရင္ တစ္ခ်ိဳ႕ေတြက တစ္ပတ္ႏွစ္ပတ္အၾကာမွာ ေပ်ာက္ကင္းေလ့႐ွိတတ္ၾကေပမယ့္ တစ္ခ်ိဳ႕ေတြမွာက Tonsil လို႔ေခၚတဲ့ ျပန္ရည္ေၾကာတစ္ရႈးေနရာေတြမွာ ျပည္ေတြတည္လာတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

ကုသမႈ

ကူးစက္ေရာဂါ ျဖစ္လို႔ အကိုက္အခဲေပ်ာက္ေဆးနဲ႔ ပဋိဇီဝပိုးသတ္ေဆးကို ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း တိတိက်က်ေသာက္ရင္ သက္သာသြားတတ္ပါတယ္။ နာတာ႐ွည္ေရာဂါအဆင့္ေရာက္သြားရင္ တစ္ခါတစ္ေလ ဆရာဝန္က Tonsil ေတြကို ျဖတ္ထုတ္ျပီး ကုသမႈေပးတတ္ပါတယ္။ ကေလးငယ္ေလးေတြမွာလည္း Tonsil ကို ျဖတ္ထုတ္လိုက္ရင္ ေနာက္ခါ ေရာဂါ ျပန္ျပန္ျဖစ္ႏိုင္ေခ်နည္းသြားပါတယ္။

အၾကံေပးခ်က္

Tonsillitis ျဖစ္ေနလို႔ ေဆးေသာက္ေနရတဲ့အခ်ိန္မွာ အျမန္သက္သာေစဖို႔ လံုေလာက္စြာ အနားယူေပးပါ။ ေရမ်ားမ်ားေသာက္ေပးပါ။ လည္ေခ်ာင္းနာတာ သက္သာေစဖို႔ ဆားေရေႏြးေလး ငံုေပးပါ။ benzocaine လို အမ်ိဳးအစားပါတဲ့ ငံုေဆးေလးေတြ ငံုေပးပါ။ အစာၾကမ္းေတြေ႐ွာင္ေပးပါ။ ေနထိုင္တဲ့ အခန္းကို စိုထိုင္းဆ အရမ္းနည္းမေနေအာင္ ဂ႐ုစိုက္ပါ။ ေႏြးတဲ့ေရ အရမ္းေအးတဲ့ေရေတြကလည္း လည္ေခ်ာင္းနာတာကို သက္သာေစႏိုင္ပါတယ္။ ဆရာဝန္ေပးတဲ့ေဆးကို ေသခ်ာေသာက္ၿပီး ၫႊန္ၾကားတဲ့အတိုင္း လိုက္နာပါ။

အဓိကကေတာ့ ေဆာင္းဝင္စနဲ႔ ေဆာင္းတြင္းမွာ ကိုယ္ခံအားေကာင္းေအာင္ က်န္းမာေရးနဲ႔ ညီၫႊတ္ေအာင္ေနရင္ အာသီးေရာင္တာအျပင္ တစ္ျခား ေရာဂါေတြလည္း ေတာ္ရံုျဖစ္ႏိုင္ဖို႔ ခဲယဥ္းတာမို႔ က်န္းမာေရးနဲ႔သင့္ေတာ္တဲ့ စားေသာက္ေနထိုင္မႈ၊ ကိုယ္လက္လႈပ္႐ွားမႈေတြကို ေဆာင္းတြင္းမွာ ပိုပို ျပဳလုပ္ေပးၾကပါ လို႔ အၾကံေပးရင္း ေရာဂါဘယကင္းေဝးႏိုင္ၾကပါေစလို႔ ေတာင္းဆုျပဳေပးလိုက္ရပါတယ္။

ေမတၱာျဖင့္

သုစ်ာန္

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…