ကလေးငယ်များ ကိုအိမ်သာအလေ့အကျင့်ပျိုးထောင်ပေးခြင်း
အိမ်သာအလေ့အကျင့်ပျိုးထောင်ခြင်း ( Toilet Training)ဟာ မိဘတွေအတွက် ပထမဆုံးသင်ပြပေးရမယ့် အမူအကျင့်ပဲဖြစ်ပါတယ်။
ဒီနေရာမှာဆောင်ရန်ရှောင်ရန် သိသင့်တာလေးတွေကိုပြောပြချင်ပါတယ်။
ကလေးငယ်တွေဟာ ဆီး၊ဝမ်းကို ဘယ်အရွယ်မှာပြောတတ်ပါသလဲလို့မေးရင် ၂နှစ်ခွဲ၃နှစ်လောက်မှာ စကျင့်လို့ရပြီး ဆီး၊ ဝမ်း ကိုနေ့တစ်နေ့တာလုံး ခြောက်ခြောက်သွေ့သွေ့ နေနိုင်ကြပါတယ်။
ညဘက်အိပ်ရာထဲဆီးမသွားဖို့ကတော့ အသက် ၈နှစ်ကျော်မှဖြစ်နိုင်ပါတယ်။
ဘယ်လိုလေ့ကျင့်သင်ကြားပေးနိုင်လဲ?
ဒီနေရာမှာဆန္ဒစောပြီး အတင်းမသင်ဖို့၊ မကျင့်ဖို့သတိပြုစေလိုပါတယ်။ မိဘကိုမပြောဘဲ ဆီးသွားလိုက်လို့၊ ဝမ်းသွားလိုက်လို့ အပြစ်ပေးတာ ရိုက်တာမျိုးဟာလည်း ဘယ်လိုမှ အကျိုးမပြုနိုင်ပါဘူး။
- ကလေးကိုမှာထားပြီးနားလည်အောင်
- မီးမီး သေးပေါက်ချင်ရင် မေ့မေ့ကိုပြောနော်။
- ပြီးရင် အိမ်သာသွားကြမယ်။
- ဘောင်းဘီချွတ်မယ်။
- အိမ်သာခွက်ပေါ်ထိုင်ပြီး အီးပါ၊ သေးပေါက်လုပ်မယ်။
- ပြီးတာနဲ့ ရေဆေးမယ်။
- အိမ်သာကထွက်လာရင် လက်ဆေးမယ် ဆိုတာမျိုးလေးတွေ
အဆင့်လိုက်ပြောပြထားပြီး ကလေးငယ်နဲ့အတူလိုက်လုပ်ပေးပါ။
ကလေးငယ်တွေကို လေ့ကျင့်ပေးဖို့အကောင်းဆုံးအချိန်တွေကတော့
- မနက် အိပ်ရာထချိန်
- အစာစားပြီးချိန်
- ကလေးငယ် သွားချင်ကြောင်းပြောလာတဲ့အချိန်
- အပြင်မသွားခင်နဲ့ အပြင်ကပြန်လာချိန်တို့ဖြစ်ပါတယ်။
လေ့ကျင့်ပေးရန်ကြာမြင့်ချိန်ကတော့
- ကလေးတစ်ယောက်နဲ့တစ်ယောက်မတူပါ။
- ၁လမှ လပေါင်းများစွာထိကြာနိုင်ပါတယ်။
လေ့ကျင့်ရာမှာတော့
- ကလေးငယ်တွေသဘောကျစေမယ့် အိမ်သာအိုးလေးတွေ
- ( လူကြီးအိမ်သာသုံးမယ်ဆိုလည်း ) ကလေးတွေထိုင်လို့ရမယ့် ဖင်ထိုင်ကွင်းလေးတွေ၊ အိမ်သာကိုမှီအောင် ချစ်စရာလှေကားလေးတွေ ထားပေးပြီး အိမ်သာတက်ချင်အောင် ဆွဲဆောင်နိုင်ပါတယ်။
ဒါဆို ကလေးငယ်ရော၊ မိဘတွေရောအဆင်ပြေမယ့် နည်းလမ်းလေးတွေကို အသုံးချကြည့်ကြပါစို့။
မယ်တင်(ဆေး ၁)
ကေလးငယ္မ်ား ကိုအိမ္သာအေလ့အက်င့္ပ်ိဳးေထာင္ေပးျခင္း
အိမ္သာအေလ့အက်င့္ပ်ိဳးေထာင္ျခင္း ( Toilet Training)ဟာ မိဘေတြအတြက္ ပထမဆံုးသင္ျပေပးရမယ့္ အမူအက်င့္ပဲျဖစ္ပါတယ္။
ဒီေနရာမွာေဆာင္ရန္ေရွာင္ရန္ သိသင့္တာေလးေတြကိုေျပာျပခ်င္ပါတယ္။
ကေလးငယ္ေတြဟာ ဆီး၊ဝမ္းကို ဘယ္အရြယ္မွာေျပာတတ္ပါသလဲလို႔ေမးရင္ ၂ႏွစ္ခြဲ၃ႏွစ္ေလာက္မွာ စက်င့္လို႔ရၿပီး ဆီး၊ ဝမ္း ကိုေန႔တစ္ေန႔တာလံုး ေျခာက္ေျခာက္ေသြ႕ေသြ႕ ေနႏိုင္ၾကပါတယ္။
ညဘက္အိပ္ရာထဲဆီးမသြားဖို႔ကေတာ့ အသက္ ၈ႏွစ္ေက်ာ္မွျဖစ္ႏိုင္ပါတယ္။
ဘယ္လိုေလ့က်င့္သင္ၾကားေပးႏိုင္လဲ?
ဒီေနရာမွာဆနၵေစာၿပီး အတင္းမသင္ဖို႔၊ မက်င့္ဖို႔သတိျပဳေစလိုပါတယ္။ မိဘကိုမေျပာဘဲ ဆီးသြားလိုက္လို႔၊ ဝမ္းသြားလိုက္လို႔ အျပစ္ေပးတာ ရိုက္တာမ်ိဳးဟာလည္း ဘယ္လိုမွ အက်ိဳးမျပဳႏိုင္ပါဘူး။
- ကေလးကိုမွာထားၿပီးနားလည္ေအာင္
- မီးမီး ေသးေပါက္ခ်င္ရင္ ေမ့ေမ့ကိုေျပာေနာ္။
- ၿပီးရင္ အိမ္သာသြားၾကမယ္။
- ေဘာင္းဘီခၽြတ္မယ္။
- အိမ္သာခြက္ေပၚထိုင္ၿပီး အီးပါ၊ ေသးေပါက္လုပ္မယ္။
- ၿပီးတာနဲ႔ ေရေဆးမယ္။
- အိမ္သာကထြက္လာရင္ လက္ေဆးမယ္ ဆိုတာမ်ိဳးေလးေတြ
အဆင့္လိုက္ေျပာျပထားၿပီး ကေလးငယ္နဲ႔အတူလိုက္လုပ္ေပးပါ။
ကေလးငယ္ေတြကို ေလ့က်င့္ေပးဖို႔အေကာင္းဆံုးအခ်ိန္ေတြကေတာ့
- မနက္ အိပ္ရာထခ်ိန္
- အစာစားၿပီးခ်ိန္
- ကေလးငယ္ သြားခ်င္ေၾကာင္းေျပာလာတဲ့အခ်ိန္
- အျပင္မသြားခင္နဲ႔ အျပင္ကျပန္လာခ်ိန္တို႔ျဖစ္ပါတယ္။
ေလ့က်င့္ေပးရန္ၾကာျမင့္ခ်ိန္ကေတာ့
- ကေလးတစ္ေယာက္နဲ႔တစ္ေယာက္မတူပါ။
- ၁လမွ လေပါင္းမ်ားစြာထိၾကာႏိုင္ပါတယ္။
ေလ့က်င့္ရာမွာေတာ့
- ကေလးငယ္ေတြသေဘာက်ေစမယ့္ အိမ္သာအိုးေလးေတြ
- ( လူႀကီးအိမ္သာသံုးမယ္ဆိုလည္း ) ကေလးေတြထိုင္လို႔ရမယ့္ ဖင္ထိုင္ကြင္းေလးေတြ၊ အိမ္သာကိုမွီေအာင္ ခ်စ္စရာေလွကားေလးေတြ ထားေပးၿပီး အိမ္သာတက္ခ်င္ေအာင္ ဆြဲေဆာင္ႏိုင္ပါတယ္။
ဒါဆို ကေလးငယ္ေရာ၊ မိဘေတြေရာအဆင္ေျပမယ့္ နည္းလမ္းေလးေတြကို အသံုးခ်ၾကည့္ၾကပါစို႔။
မယ္တင္(ေဆး ၁)