🤷♂️ အသက် ၅၀ ကျော်လာလည်း အရွယ်ရင့်လာတာတွေ နှေးကွေးသွားအောင်
အသက် ၅၀ ကျော်လာလည်း အရွယ်ရင့်လာတာတွေ နှေးကွေးသွားအောင် အသက် ၅၀ ကျော်လာတာနဲ့အမျှ လူ့ခန္တာကိုယ်ရဲ့ အရေပြားတွေဆိုတာ လျော့ရဲလာပါတယ်။ ပါးရေနားရေတွေလည်းတွန့်လာမယ်။ ဒါဟာ အသက်ကြီးလို့ပြောင်းလဲလာတဲ့ သဘာဝ ဖြစ်စဥ်တွေပါပဲ။ ဒါပေမယ့် ဒီလိုအရွယ်ရင့်တာတွေနှေးကွေးသွားအောင်၊ အသက် ၅၀ ကျော်ဆိုပေမယ့် အသက် ၄၀ လောက်လို့ပဲ လူအထင်ခံရ
အောင် ဘယ်လိုတွေပြုလုပ်လို့ရမလဲ…
📌Omega 3 ကိုမှီဝဲပါ။ Omega 3 ဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကောင်းစေတဲ့အပြင်
ဆဲလ်တွေပြန်တည်ဆောက်ဖို့၊ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိဖို့ များစွာကူညီပေးနိုင်လို့ အရွယ်ရင့်လာတာတွေကိုနှေးကွေးစေပါတယ်။
📌Vitamin B အုပ်စုဝင်တွေဖြစ်တဲ့ B6 /B12/ B9 စတာတွေကိုမှီဝဲပေးပါ။ ဒီ Vitamin B အုပ်စုဝင်တွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းစေသလို ဆဲလ်တွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
📌ရေများများ သောက်ဖို့လိုပါတယ်။ ဦနှောက်ဆဲလ်တွေ၊ ဝမ်းတွင်းကလီစာတွေ လုပ်ဆောင်မှုကောင်းအောင် ရေဓာတ်လိုအပ်သလို အရေပြား ကျန်းမာဖို့ကလည်း ရေဓာတ်လိုပါတယ်။ ရေဓာတ်ပြည့်ဝမှ အရွယ်ရင့်လာတာတွေကို တတ်နိုင်သလောက်တားဆီးနိုင်မှာပါ။ ဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ ခွက်တော့ အနည်းဆုံးသောက်သင့်ပါတယ်။
📌လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အရွယ်ရင့်တာကို တားဆီးပေးနိုင်တဲ့ chemical တစ်ခုကို ဦးနှောက်ကထွက်လာစေပါတယ်။ အဲ့တာကြောင့် စက်ဘီးစီးတာ၊ ပြေးတာ၊ လမ်းလျှောက်တာ၊ aerobic ဆော့တာ စတာတွေက သင့်အရွယ်ရင့်တာတွေကို တစ်ဖက်တစ်လမ်းကနေ လျော့နည်းစေမှာပါ။
📌Vitamin C/E စတာတွေမှီဝဲပါ။ Vitamin C နဲ့ Vitamin E ကတော့ Antioxidant တွေဖြစ်ပြီး အရေပြားကိုတိုက်ခိုက်လာတဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်လို့ အရွယ်ရင့်တာတွေကိုလျော့ကျစေပါတယ်။
📌သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေဆိုတာ
အရွယ်မရင့်ချင်သူတွေအတွက်တော့ ရန်သူတွေပါပဲ။ ဒါ့ကြောင့် သကြားဓာတ်များလွန်းတဲ့အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ၊ fast foods တွေကိုတော့ အရွယ်မရင့်ချင်ဘူးဆိုရင်
တတ်နိုင်သမျှရှောင်ဖို့ပြောချင်ပါတယ်။
📌စိတ်ကို တတ်နိုင်သလောက် ပျော်ပျော်ရွှင်ရွှင် ထားပါ။ စိတ်ညစ်စရာတွေချည်းပဲ တွေးနေတဲ့အခါမှာ ခန္တာကိုယ်မှာ stress hormones တွေပိုပြီးထွက်လာတတ်ပါတယ်။ စိတ်ဖိစီးတာတွေ များလေလေ အရွယ်ကျ လေလေပါပဲ။ ဒါ့ကြောင့်စိတ်ကို ပေါ့ပေါ့ပါးပါးလေးပဲ ထားပါ။
ဒီလို အသက် ၅၀ ကျော်တွေအတွက် အရွယ်ရင့်တာတွေကို မထင်ပေါ်အောင် ပြုလုပ်ပေးနိုင်မယ့်
ဗီတာမင်နဲ့ အာဟာရဓာတ်တွေမျိုးစုံပါဝင်တဲ့ Vitaminများကို ရွေးချယ်သောက်သုံးပေးခြင်းက သင့်ကိုအရွယ်တင်လှပနေစေအုံးမှာ မလွဲဧကန်ပါပဲ။
“တိုင်ပင်ဆွေးနွေးကျန်းမာရေး ၊ myDoctor နှင့်ဆက်သွယ်ပေး”
ဒေါက်တာဆောင်းဟေမာန်