anxiety

စိတ်ဖိစီးမှုကင်းဝေးစေဖို့

စိတ်ဖိစီးမှုဆိုတာကတော့ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်လာတဲ့စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။ လူတိုင်းဟာ နေ့စဉ်ပြသနာများနဲ့ကြုံတွေနေရသလို သေးမွှားတဲ့ပြသနာလေးတွေကနေ ကြီးမားတဲ့ အပြောင်းအလဲတွေထိ စိတ်ဖိစီးမှုကလိုက်ပါလာပါတယ်။ ဒီနေ့ခေတ်ကမ္ဘာမှာတော့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေ ကျန်းမာရေးပြသနာတွေ အမှုအခင်းတွေကြောင့် စိတ်ဖိစီးမှုအခြေအနေတွေက ပုံမှန်ထက်မြင့်တက်လို့နေပါတယ်။

အတွေးများခြင်းကနေတဆင့် ဒေါသထွက်ခြင်း ၊ ကြောက်ရွံ့ခြင်းတွေကြောင့်   နှလုံးခုန်နှုန်းမြင့်တက်ခြင်း၊ သွေးဖိအားတက်ခြင်းတွေဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ မကောင်းတဲ့ အတွေးအကြံတွေကြောင့်လည်းဖြစ်တတ်သလို ကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်တဲ့ ရာထူးတိုးခြင်း၊ ကလေးမွေးဖွားခြင်းတွေကြောင့်လည်းဖြစ်တတ်ပါတယ်။  စိတ်ဖိစီးမှုကိုရေရှည်ထိတွေ့ခြင်းက စိတ်ကျန်းမာရေး အခက်အခဲများနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာများကိုဖြစ်စေပါတယ်။ သုတေသနပြုချက်တွေအရ စိတ်ဖိစီးမှုပမာဏမြင့်တက်ခြင်းက ရုပ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်ခြင်းတွေကိုဖြစ်ပေါ်စေပြီး မိမိရဲ့ကိုယ်ပိုင်စွမ်းရည် တွေကို အနှောင့်အယှက်ပေးနိုင်တယ်လို့လည်းဆိုပါတယ်။ လူတိုင်းစိတ်ဖိစီးမှုနဲ့ကြုံရနိုင်တာကြောင့်ကျန်းမာစေမယ့်နည်းလမ်းများနဲ့ ပြန်လည်ထူထောင်ပေးနိုင်ပါတယ်။

၁။ ကျန်းမာမယ့်အစားအသောက်များကိုစားပါ

တချို့သောလူတွေဟာ စိတ်ဖိစီးမှုများတဲ့အခါ အရက်သောက်ခြင်း အစားအများကြီးစားလိုက်ခြင်းတွေနဲ့အတူ စိတ်ဖိစီးမှုကိုလျော့ချကြပါတယ်။ ဒါဟာတခဏတာအတွက်သာအကူအညီ ရတယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ရေရှည်စိတ်ဖိစီးမှုကိုပိုဖြစ်စေပါတယ်။ ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ ညီညွတ်မျှတတဲ့အစားအစာတွေကို စားသုံးခြင်းက စိတ်ဖိစီးမှုကိုတိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပါ

ခန္ဒာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် လေ့ကျင့်ခန်းတစ်ခုခုကိုရေရှည်လုပ်ခြင်းက စိတ်ဖိစီးမှုကိုပါသက်သာစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း နဲ့ လမ်းလျှောက်ခြင်းလိုလှုပ်ရှားမှုတွေက ကောင်းမွန်တဲ့ပန်းတိုင်တစ်ခုကို ရောက်ရှိစေမှာဖြစ်ပါတယ်။အေရိုးဗစ် လေ့ကျင့်ခန်းက Endorphins ကိုပိုပြီးထုတ်လွှတ်ပေးနိုင်သလို စိတ်ခံစားမှုလည်းပိုကောင်းမွန်စေကာ အကောင်းမြင်စိတ်ကိုပါရရှိစေနိုင်ပါတယ်။

၃။ဆေးလိပ်နဲ့နီကိုတင်းထုန်ကုန်များအသုံးပြုခြင်းကိုရပ်တန့်ပါ

နီကိုတင်းပါတဲ့ ထုတ်ကုန်တွေဖြစ်တဲ့ စီးကရက်၊ ဆေးလိပ်တွေကို စိတ်ဖိဆီးမှုလျော့ကျဖို့ရာသုံးစွဲကြပေမယ့် နီကိုတင်းဟာ ခန္ဒာကိုယ်ပိုင်းကိုလည်း အားနည်းစေသလို သွေးစီးဆင်းမှုနဲ့ အသက်ရှူလမ်းကြောင်းကိုပါ ဒုက္ခပေးနိုင်ပါတယ်။

၄။စိတ်အပန်းခြေခြင်းနည်းလမ်းများကိုလေ့လာပါ

နေ့စဉ်စိတ်ဖိစီးမှုတွေကိုလျော့ချဖို့ရာအတွက် စိတ်အပန်းဖြေဖို့ရာအချိန်တစ်ခုသတ်မှတ်သင့်ပြီး ခန္ဒာကိုယ်အတွက်အနားယူပေးသင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်း၊ တရားထိုင်ခြင်းတွေက သင့်တော်ကောင်းမွန်စေပါတယ်။ ဖုန်းနဲ့ကွန်ပြူတာအချိန်ပြည့် အသုံးပြုခြင်းတွေကို လည်း လျော့ချသင့်ပါတယ်။

၅။ မိမိရဲ့တန်ဖိုးတွေကိုနားလည်ပါ

မိမိရဲ့တန်ဖိုးရှိမှုအပိုင်းတွေကိုတွေးတောပြီး နားလည်ဖို့ရာလိုအပ်ပါတယ်။ မိမိရဲ့လုပ်ရပ်တွေကိုယုံကြည်လေလေ မိမိကိုယ်ကိုကောင်းတဲ့လမ်းကြောင်းပေါ်ရောက်အောင်စွမ်းဆောင်နိုင်လေပဲဖြစ်ပါတယ်

၆။ လက်တွေ့ကျတဲ့ပန်းတိုင်ထားရှိပါ

မိမိအနေနဲ့လက်တွေ့ကျတဲ့ မျှော်လင့်ချက်နဲ့ပန်းတိုင်များကိုသတ်မှတ်ပေးသင့်ပါတယ်။ တချိန်တည်းမှာ ရာနှုန်းပြည့်မအောင်မြင်တာကိုလည်းနားလည်ပြီး မျှတတဲ့စိတ်ထားကိုမွေးမြူရပါမယ်။ သင်ထိန်းချုပ်နိုင်တဲ့ အရာများကိုထိန်းချုပ်ပြီး မထိန်းချုပ်နိုင်တဲ့အရာများကိုလည်းလက်ခံပြီး လုပ်ဆောင်ပေးသင့်ပါတယ်။

ဒေါက်တာနိုင်း(ဆေး-၁)

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…