ပါးရေတွန့်တာ သိပ်သက်သာ… ဟောဒီ ၁၀ချက် သတိကပ်
အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရေးအကြောင်းများ ပေါ်လာကြသည်မှာ ဓမ္မတာပင်။ အရေးအကြောင်းများသည် အိုမင်းခြင်း၏ အမှတ်သင်္ကေတဟု သတ်မှတ်ကြသဖြင့် ပါးရေတွန့်ခြင်းကို နှစ်သက်သူဟူ၍ မရှိပါပေ။
သို့သော် အောက်ပါ အချက်ကလေးများကို သတိထားခြင်းဖင့် ပါးရေတွန့်ခြင်း သိသိသာသာ သက်သာစေပါမည်။
၁။ နေလောင်မခံပါနှင့်။
နေလောင်ခြင်းသည် အရေးအကြောင်းပေါ်ခြင်း၏ အဓိကအကျဆုံးအကြောင်းရင်းပင် ဖြစ်ပါသည်။
၂။ မဖြစ်မနေ နေရောင်ထ ထွက်ရပါက Sun screen လိမ်းဖို့ မမေ့ပါနဲ့။
၃။ ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်တွင် ပါဝင်သော အန္တရာယ်ရှိ ဓာတုပစ္စည်းအချို့သည် အရေပြားတင်းရင်းရန် လိုအပ်သော collagen နှင့် elastin ကို ဖျက်ဆီးသော အင်ဇိုင်းများ ထုတ်ပါသည်။ ဆေးလိပ်သောက်ပါက အရွယ်ကျမြန်စေပါသည်။
၄။ အိပ်ရေး ဝဝအိပ်ပါ။
အိပ်ရေးမဝပါက ပိုမိုထွက်သော ကော်တီဆောလ် cortisol သည် ဆဲလ်များပျက်စီးစေကာ အရေးအကြောင်း ဖြစ်သည်။
၅။ ကျောချအိပ်ပါ။
ပက်လက်အိပ်သောအားဖြင့် သင့်အရေးအကြောင်းများသည် ကြွက်သားများလျော့ကျသွားချိန်၌ ဆွဲဆန့်ပေးသလိုဖြစ်စေပြိး အရေးအကြောင်း ပျောက်စေသည်။ ဘေးစောင်းအိပ်ပါက ပါးမို့နှင့် မေးစေ့တွင် အရေးအကြောင်း ပိုထင်စေသည်။
၆။ စာဖတ်ရခက်နေလျှင် မျက်စိစစ်ဆေးပါ။
မျက်မှောင်ကြုတ်၍ စာဖတ်ခြင်းသည်လည်း အရေးအကြောင်းဖြစ်စေသည်ကို မမေ့ပါနှင့်။
၇။ ဖြည့်စွက်စာ ပိုစားပါ။
ပဲနို့၊ ခရမ်းချဉ်သီး၊ ငါးကြီးဆီ၊ စပျစ်စေ့၊ လက်ဖက်စိမ်း ထွက်ကုန်တွေဟာ အရေးအကြောင်းတွေကို သက်သာစေပါတယ်။ များများစားဖို့ သတိရနော်။
၈။ ကိုလာအစား ကော်ဖီပြောင်းသောက်ပါ။
ကိုလာထဲက ပစ္စည်းတွေက အသားအရေကို နေဒဏ်မခံနိုင် ဖြစ်စေပါတယ်။ ကော်ဖီကတော့ အဲဒါကို ကာကွယ်တယ်လေ။ ကော်ဖီ ပြောင်းသောက်နော်။
၉။ မျက်နှာချည်း ကျုံးသစ်မနေပဲ ရေဓာတ်လေး ဖြည့်ပေးပါ။
လူအများစုက anti-agingတွေပဲ သုံးပြီး ရေဓာတ်ဖြည့်ဖို့ မေ့နေကြတယ်လေ။ Anti-aging တွေက ကောင်းပါတယ်။ Moisteurizer လေးနဲ့ တွဲသုံးမှ တင်းရင်းပြီး ပိုမိုထိရောက်တာပေါ့။ မျက်နှာချည်း သစ်မနေနဲ့ဦးနော်။ တန်ဆေးလွန်ဘေး?
၁၀။ ဒီလောက်နဲ့မှ မတိုးတော့ရင်တော့ အရေပြားဆရာဝန် ပြဖို့ လိုနေပါပြီ။
Botox ကုထုံးယူမလား၊ လေဆာပစ်မလား၊ ဆေးနဲ့ ခွာချမလား၊ ခွဲစိတ်မှုအသေးလေး ယူမလား။ နည်းလမ်းတွေ အများကြီး ကျန်ပါသေးတယ်နော်။ စိတ်မညစ်ပါနဲ့။
အရေးအကြောင်းကင်းပြီး လှပကျန်းမာ စိတ်ပျိုကိုယ်နု နိုင်ကြပါစေ…
ဒေါက်တာယမင်း (ဆေး ၁)
ပါးေရတြန္႔တာ သိပ္သက္သာ… ေဟာဒီ ၁၀ခ်က္ သတိကပ္
အသက္အ႐ြယ္ႀကီးလာသည္နွင့္အမ်ွ အေရးအေၾကာင္းမ်ား ေပၚလာၾကသည္မွာ ဓမၼတာပင္။ အေရးအေၾကာင္းမ်ားသည္ အိုမင္းျခင္း၏ အမွတ္သေကၤတဟု သတ္မွတ္ၾကသျဖင့္ ပါးေရတြန္႔ျခင္းကို နွစ္သက္သူဟူ၍ မရွိပါေပ။
သို႔ေသာ္ ေအာက္ပါ အခ်က္ကေလးမ်ားကို သတိထားျခင္းဖင့္ ပါးေရတြန္႔ျခင္း သိသိသာသာ သက္သာေစပါမည္။
၁။ ေနေလာင္မခံပါနွင့္။
ေနေလာင္ျခင္းသည္ အေရးအေၾကာင္းေပၚျခင္း၏ အဓိကအက်ဆံုးအေၾကာင္းရင္းပင္ ျဖစ္ပါသည္။
၂။ မျဖစ္မေန ေနေရာင္ထ ထြက္ရပါက Sun screen လိမ္းဖို႔ မေမ့ပါနဲ႔။
၃။ ေဆးလိပ္မေသာက္ပါနဲ႔။
ေဆးလိပ္တြင္ ပါဝင္ေသာ အႏၲရာယ္ရွိ ဓာတုပစၥည္းအခ်ိဳ႕သည္ အေရျပားတင္းရင္းရန္ လိုအပ္ေသာ collagen နွင့္ elastin ကို ဖ်က္ဆီးေသာ အင္ဇိုင္းမ်ား ထုတ္ပါသည္။ ေဆးလိပ္ေသာက္ပါက အ႐ြယ္က်ျမန္ေစပါသည္။
၄။ အိပ္ေရး ဝဝအိပ္ပါ။
အိပ္ေရးမဝပါက ပိုမိုထြက္ေသာ ေကာ္တီေဆာလ္ cortisol သည္ ဆဲလ္မ်ားပ်က္စီးေစကာ အေရးအေၾကာင္း ျဖစ္သည္။
၅။ ေက်ာခ်အိပ္ပါ။
ပက္လက္အိပ္ေသာအားျဖင့္ သင့္အေရးအေၾကာင္းမ်ားသည္ ႂကြက္သားမ်ားေလ်ာ့က်သြားခ်ိန္၌ ဆြဲဆန္႔ေပးသလိုျဖစ္ေစၿပိး အေရးအေၾကာင္း ေပ်ာက္ေစသည္။ ေဘးေစာင္းအိပ္ပါက ပါးမို႔နွင့္ ေမးေစ့တြင္ အေရးအေၾကာင္း ပိုထင္ေစသည္။
၆။ စာဖတ္ရခက္ေနလ်ွင္ မ်က္စိစစ္ေဆးပါ။
မ်က္ေမွာင္ၾကဳတ္၍ စာဖတ္ျခင္းသည္လည္း အေရးအေၾကာင္းျဖစ္ေစသည္ကို မေမ့ပါနွင့္။
၇။ ျဖည့္စြက္စာ ပိုစားပါ။
ပဲနို႔၊ ခရမ္းခ်ဥ္သီး၊ ငါးႀကီးဆီ၊ စပ်စ္ေစ့၊ လက္ဖက္စိမ္း ထြက္ကုန္ေတြဟာ အေရးအေၾကာင္းေတြကို သက္သာေစပါတယ္။ မ်ားမ်ားစားဖို႔ သတိရေနာ္။
၈။ ကိုလာအစား ေကာ္ဖီေျပာင္းေသာက္ပါ။
ကိုလာထဲက ပစၥည္းေတြက အသားအေရကို ေနဒဏ္မခံနိုင္ ျဖစ္ေစပါတယ္။ ေကာ္ဖီကေတာ့ အဲဒါကို ကာကြယ္တယ္ေလ။ ေကာ္ဖီ ေျပာင္းေသာက္ေနာ္။
၉။ မ်က္နွာခ်ည္း က်ံဳးသစ္မေနပဲ ေရဓာတ္ေလး ျဖည့္ေပးပါ။
လူအမ်ားစုက anti-agingေတြပဲ သံုးၿပီး ေရဓာတ္ျဖည့္ဖို႔ ေမ့ေနၾကတယ္ေလ။ Anti-aging ေတြက ေကာင္းပါတယ္။ Moisteurizer ေလးနဲ႔ တြဲသံုးမွ တင္းရင္းၿပီး ပိုမိုထိေရာက္တာေပါ့။ မ်က္နွာခ်ည္း သစ္မေနနဲ႔ဦးေနာ္။ တန္ေဆးလြန္ေဘး?
၁၀။ ဒီေလာက္နဲ႔မွ မတိုးေတာ့ရင္ေတာ့ အေရျပားဆရာဝန္ ျပဖို႔ လိုေနပါၿပီ။
Botox ကုထံုးယူမလား၊ ေလဆာပစ္မလား၊ ေဆးနဲ႔ ခြာခ်မလား၊ ခြဲစိတ္မႈအေသးေလး ယူမလား။ နည္းလမ္းေတြ အမ်ားႀကီး က်န္ပါေသးတယ္ေနာ္။ စိတ္မညစ္ပါနဲ႔။
အေရးအေၾကာင္းကင္းၿပီး လွပက်န္းမာ စိတ္ပ်ိဳကိုယ္ႏု နိုင္ၾကပါေစ…
ေဒါက္တာယမင္း (ေဆး ၁)