To prevent suicide attempts

မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းကိုကာကွယ်ဖို့ World Suicide Prevention Day

မိမိကိုယ်ကိုသတ်သေခြင်းတွေကတော့ ကမ္ဘာမှာနေ့စဉ်နဲ့အမျှဖြစ်ပွားနေတဲ့ပြသနာတစ်ခုပဲဖြစ်ပါတယ်။
ကမ္ဘာနဲ့အဝှမ်းမှာ သေဆုံးသူ အယောက် ၁၀၀ မှာ ၁ဦးက မိမိကိုယ်ကိုသတ်သေနေကြသူတွေပဲဖြစ်ပါတယ် ။ WHOရဲ့ အဆိုအရ စက္ကန့် ၄ဝတိုင်းမှာ လူတယောက်ကသေကြောင်းကြံစည်နေတယ်လို့ ဆိုထားပြီး နှစ်စဉ် လူ ၈သိန်းက မိမိကိုယ်ကိုသတ်သေနေတယ်လို့လည်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၅နှစ်မှ ၂၉နှစ်အတွင်းရှိသူတွေများပြားပြီး မိမိကိုယ်ကိုသတ်သေဖို့ရာအကြိမ် ၄ဝခန့်ကြိုးစားကြလေ့ရှိတယ်လို့လည်းသိရပါတယ်။ အဓိကကတော့ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များပါတယ်။

ကိုယ့်ကိုယ်သတ်သေမှုတိုင်းနဲ့ပတ်သက်လို့ လူသားတွေအနေနဲ့ပိုပြီး သတိပြုမိလာစေဖို့ မိမိကိုယ်သတ်သေဖို့ကြိုးစားကြသူတွေကိုကဲ့ရဲ့ရှုချမှုတွေ လျော့ပါးပြီး အားပေးစကားတွေနဲ့ စိတ်ဓာတ်ခွန်းအားတွေပေးနိုင်စေဖို့အတွက် ကာကွယ်ရေးနေ့တစ်နေ့အဖြစ် World Suicide Prevention Day ဆိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ မိမိကိုယ်ကိုသတ်သေမှုကြိုးစားတဲ့ အရေအတွက်ကိုလျော့နည်းလာစေဖို့ သေကြောင်းကြံစည်တဲ့အပြုအမူများအပေါ် အချက်အလက်စုဆောင်းနိုင်ဖို့ နဲ့ ရောဂါလက္ခဏာတွေကိုသတိမထားမိဘဲ ကိုယ့်ကိုယ်သေကြောင်း ကြံစည်ခြင်းကိုကာကွယ်ပေးနိုင်ဖို့ရာ အခွင့်အရေးတစ်ခုဖြစ်လာစေတဲ့နေ့ပဲဖြစ်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ ၁ဝရက်နေ့ကိုတော့ World Suicide Prevention Day အဖြစ်သတ်မှတ်ထားပါတယ်။

WHOရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုယ့်ကိုကိုသေကြောင်းကြံစည်မှုကာကွယ်ရေးလှုပ်ရှားမှုကို ၁၉၉၉ခုနှစ်မှာစတင်ခဲ့ပြီး ကာကွယ်ရေးနေ့ အနေနဲ့တော့ ၂၀၀၃ခုနှစ်မှာစတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ညီလာခံတွေ နှီးနှောဖလှယ်ပွဲတွေကိုကျင်းပလေ့ရှိပြီးမူဝါဒချမှတ်ခြင်း ဒီအကြောင်းနဲ့ပတ်သက်လို့ သတင်းမီဒီယာများကို အသိပညာပေးမှုမြှင့်တင်ခြင်း စိတ်ပိုင်းဆိုင်ရာဆုံးရှုးခဲ့ရသူတွေတွက် အောက်မေ့ဖွယ်အခမ်းအနား များကျင်းပခြင်း ဆယ်ကျော်သက်လူငယ်တွေအတွက် ပညာပေးခြင်း စိတ်ဝေဒနာနဲ့ ပတ်သက်လို့ ကုသမှု အရင်းအမြစ်တွေအဖြစ်နဲ့ထောက်ပံ့ပေး နိုင်မယ့်အဖွဲ့အစည်းတွေတည်ထောင်ခြင်းတွေကို လုပ်ဆောင်ကြပါတယ်။

ယနေ့ခေတ်ရဲ့ လူနေမှုဘဝပုံစံတွေအရ အလုပ်များတဲ့အခြေအနေမှာ နေထိုင်ကြရပြီး အချိန်တွေကို စီမံဆောင်ရွက်နိုင်ဖို့ရာကြိုးစားကြရပါတယ်။ ဒါကြောင့်စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားရမှုတွေလည်းများပြားပြီး စိတ်ကျခြင်းနဲ့ စိတ်ကျန်းမာရေးပြသနာ တွေကပေါ်ပေါက်လာပါတယ်။ မိမိကိုယ်ကိုသတ်သေကြခြင်းရဲ့နောက်ကွယ်မှာတော့ ရောဂါအမည်မဖော်ပြနိုင်ဘဲ ကုသမှုမခံရတဲ့ စိတ်ရောဂါတစ်မျိးကရှိလို့နေတတ်ပါတယ်။ ငွေရေးကြေးရေးပြသနာ၊ ပေါင်းသင်းဆက်ဆံရေးပြသနာ၊ ပညာရေးဆိုင်ရာ အခက်အခဲများ၊ အလုပ်အကိုင်ဆိုင်ရာဆုံးရှုးရမှုများ၊ တစ်စုံတစ်ဦးရဲ့ နှောင်ယှက်ခြိမ်းခြောက်မှုတွေကြောင့် အကြောက်လွန်ခြင်း စတဲ့ စိတ်လိုက်မာန်ပါပြသနာတစ်ရပ်အနေနဲ ့ဖြစ်သွားတတ်ကြပါတယ်။ မျှော်လင့်ချက်ကင်းမဲခြင်းကနေ နာတာရှည် ထိခိုက်ခံစားရမှုဖြစ်လာတတ်ပါတယ်။ American Journal of Preventative medicine ရဲ့လေ့လာမှုအရ မိမိကိုယ်ကိုသတ်သေမှုမြင့်တက်စေတဲ့ ဝေဒနာတွေအနေနဲ့ ပန်းနာရင်ကြပ်၊ ခါးနာရောဂါ၊ ကင်ဆာ၊ နှလုံး၊ ဆီးချိ၊ HIV/AIDS၊ သွေးတိုး၊ ခေါငး်တခြမး်ကိုက်ခြင်းနဲ့ပါကင်ဆန်ဝေဒနာပဲဖြစ်ပါတယ်။

မရည်ရွယ်ဘဲ မတော်တဆကြောင့် မိမိကိုယ်ကိုသတ်သေခြင်းတွေကတော့ ဆေးအလွန်အကျွံထိုးမိခြင်း၊ အဆိပ်သင့်မှုကြောင့်သေဆုံးရခြင်းတွေပဲဖြစ်ပါတယ်။စိတ်နဲ့ကိုယ်ဟာဆက်စပ်နေတာမို့ စိတ်ပိုင်းဆိုင်ရာ မြင့်မားဖို့ ကို အလေးထား စောင့်ရှောက်ပေးကြဖို့ရာ လူတစ်ဦးခြင်းနဲ့ မိသားစုတစ်စုခြင်းစီရဲ့ တာဝန်ဖြစ်ကြောင်း World Suicide Prevention Day ကနေတဆင့် သတိပြုမိကြစေဖို့ရည်ရွယ်ရေးသားလိုက်ရပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…