All Articlesအခြားရောဂါများအထွေထွေရောဂါများအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဝက်ခြံပေါက်ပြီး အမာရွတ်ထင်မကျန်ခဲ့စေဖို့။

1 Mins read

ဝက်ခြံပေါက်ပြီး အမာရွတ်ထင်မကျန်ခဲ့စေဖို့။

လူတိုင်းစိတ်ဝင်စားမယ့်အကြောင်းအရာလေးပါ၊ဝက်ခြံပေါက်ပြီး အမာရွတ်တွေမကျန်ခဲ့အောင်ဘယ်လိုလုပ်ကြမလဲတဲ့။ ဝက်ခြံတွေဟာပေါက်တဲ့အချိန်မှာဒုက္ခပေးသလို၊ပျောက်သွားတဲ့အခါမှာလဲ အမာရွတ်တွေထင်ကျန်ရစ်ပြီးဒုက္ခအမျိုးမျိုးပေးတတ်ပါတယ်။ ဒီလိုမျိုးဝက်ခြံထွက်ပြီး အမာရွတ်တွေထင်မကျန်ရစ်အောင် ဘယ်လိုပြုလုပ်နိုင်မလဲဆိုတာလေးတွေကို ပြောပြပေးပါ့မယ်။

လုပ်ဆောင်ရမယ့်နည်းလမ်းတွေကတော့-

၁။ဝက်ခြံကိုစောနိုင်သမျှစောစောကုပါ။ ဝက်ခြံစထွက်ပြီဆိုတာနဲ့ ဆရာဝန်နှင့်ပြသသင့်ပါတယ်။ စောစောကုသခြင်းဟာ အရေပြားထိခိုက်ပျက်စီးမှုကိုနည်းစေပြီး အမာရွတ်ဖြစ်ခြင်းကိုလဲသက်သာစေနိုင်ပါတယ်။

၂။ဝက်ခြံပေါက်ထွက်သွားပြီဆိုတာနဲ့ ဆရာဝန်နှင့်ပြသသင့်ပါတယ်။ အရေပြားဟာ ပေါက်ပြဲသွားပြီဆိုတာနဲ့ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုသဘာဝအတိုင်းစပါတယ်။ ဒီအခါမှာ

စိတ်ထင်ရာဆေးလိမ်းဆေးသောက်ခြင်းဟာ အနာကျက်မှုကိုအနှောင့်အယှက်ဖြစ်စေပြီး အမာရွတ်ကိုလဲပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ဝက်ခြံတွေကိုညှစ်ထုတ်ခြင်း၊ကုတ်ဖဲ့၍ထုတ်ခြင်းကိုရှောင်ပါ။ ညှစ်တဲ့ကုတ်ဖဲ့တဲ့အခါမှာအရေပြားဟာပိုမိုဒဏ်ဖြစ်ရောင်ရမ်းပြီး အနာကျက်ခြင်းကိုကြာစေရုံမက အမာရွတ်ကိုပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်

၄။မျက်နှာကိုပုံမှန်သန့်စင်ဆေးကြောပေးပါ။ တစ်ရက်လျှင်အနည်းဆုံး(၂)ကြိမ်နှင့် ဖုန်သဲများကပ်တိုင်း၊အဆီပြန်ချွေးထွက်များတဲ့အခါတိုင်း မျက်နှာကိုစင်ကြယ်အောင်ဆေးကြောပေးပါ။

၅။ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ ဆေးလိပ်ဟာအနာကျက်ခြင်းကိုကြာစေနိုင်တာကြောင့် အမာရွတ်ကိုပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ရေများများသောက်ပါ၊ကျန်းမာရေးနဲ့ညီသောအစားအစာများကိုသာစားသုံးပါ။ ရေဟာအဆိပ်အတောက်တွေကိုဖယ်ရှားပေးရုံမက အရေပြားဆဲလ်သေများကိုလဲ လျင်မြန်စွာဖယ်ရှားပေးပါတယ်။ အစားအစာမှာပါတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေကလဲ အနာကျက်ခြင်းကိုမြန်ဆန်ကောင်းမွန်စေပါတယ်။

၇။အမာရွတ်ပျောက်ဆေးများလိမ်းခြင်း။ ဆရာဝန်ညွှန်ကြားသော အရည်အသွေးစစ်မှန်စိတ်ချရတဲ့ အမာရွတ်ပျောက်ဆေးများဟာ ဝက်ခြံကြောင့်ဖြစ်ပေါ်တတ်တဲ့အမာရွတ်တွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

အထက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ဝက်ခြံကြောင့်ဖြစ်ပေါ်တတ်သောအမာရွတ်များ မိမိတို့အသားအရေပေါ်ကျန်မနေခဲ့အောင်ပြုလုပ်နိုင်ပါကြောင်း ဆွေးနွေးပြောကြားလျက်။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…