မေ့မေ့မှတ်စု (၇) မေမေ နို့တိုက်ရာတွင် နို့ထွက်များလိုပါသလား?
မိခင်နို့ချိုတိုက်ကျွေးခြင်းဆိုသသည်မှာ သဘာဝတရားက ပေးသော မိမိရင်သွေးအတွက် အကောင်းဆုံးသောလက်ဆောင်ဖြစ်သည်၊ မိခင်နို့ဟုဆိုရာတွင် ပုံမှန်အားဖြင့် မိခင်နို့ ပမာဏနှင့် အကျဲ၊အပြစ်သည်။
ကလေး၏ အသက်အရွယ် လိုအပ်ချက်ပေါ်မူတည်၍ ပြောင်းလဲ ပါသည်။ ကလေး မွေးပြီးကာစတွင် မိခင်နို့သည် များများမထွက်ပါ။ မွေးပြီး ၃ရက်ခန့်အထိတွင် နို့ဦးရည် ပြစ်ပြစ်သာထွက်တတ်သည်၊ ဤသည်ကို နို့ထွက်နည်း သည်ဟု ထင်မှတ်မှားတတ်သည်၊ မွေးပြီး ၃ရက် နောက်ပိုင်းမှသာလျှင် နို့ များများထွက်တတ်သည် ကို သတိပြုမိစေလိုပါသည်။
မိခင်နို့ များများထွက်အောင် ပံ့ပိုးကူညီနိုင်သော အစားအစာများရှိပါသည်။
(၁) မုန်လာဥနီ
မုန်လာဥနီသည် နို့ထွက်ကောင်းစေရုံမက ကလေးအတွက်လိုအပ်သော ဗီတာမင် A ကိုရရှိနိုင်သည်။ တစ်နေ့လျှင် မုန်လာဥနီ ဖျော်ရည် (သို့) ဟင်းထဲတွင် မုန်လာဥနီ ထည့်ချက်နိုင်ပါသည်။
(၂) ကွေကာကြမ်း (oat meal)
မိခင်နို့ကို ပမာဏရော၊ အရည်အသွေးပါ ကောင်းစေသည်။ ရေနွေးနှင့်ေ ဖျာ်၍ ပျားရည်နှင့်ရောကာ သောက် တစ်နေ့လျှင် တစ်ခွက်သောက်သုံူနိုင်သည်။
(၃)လိမ္မော်သီး
ဗီတာမင်C များစွာ ပါဝင်သဖြင့် နို့ထွက်များစေသည်၊ တစ်နေ့လျှင် တစ်ဖန်ခွက် ခန့်သောက်နိုင်သည်၊ နှစ်ဖန်ခွက်ထက်ကျော်လျှင် ကလေးအတွက် မအီမသာ
ဖြစ်စေသည်။
(၄) ဆန်လုံးညို
နေ့လည်စာနှင့် ညစာတွင် ဆန်လုံးညို တစ်ခွက်စားသုံးခြင်းက နို့ထွက်များစေပါသည်။
(၅) ကြက်ဥ
အသားဓာတ်၊ ဗီတာမင် D, B 12တို့ ပါဝင် ပါသည်၊ တစ်နေ့လျှင် ကြက်ဥ နှစ်လုံးခန့် စားသုံးသင့်ပါသည်။
(၆) ရေ များများသောက်သုံးခြင်း
ရေလုံလောက်စွာ သောက်သုံးခြင်းသည်လည်း မိခင်နို့ထွက်များ အောင်ပံ့ပိုးပေးပါသည်။
မယ်တင်(ဆေး ၁)