” ဇရာကို အံတုဖို့အတွက် လိုက်နာဖွယ် အချက်(၉)ချက် “

(၁)အိပ်ရေးဝဝအိပ်ပါ။

လူတစ်ယောက်ဟာ တစ်နေ့လျှင် အနည်းဆုံး ၉ နာရီပြည့်အောင် အိပ်စက်အနားယူမယ်….ညစောစောအိပ်ပြီး မနပ်စောသောထမယ်ဆိုရင်….အချိန်ကြာလာတာနဲ့အမျှ….သက်တူရွယ်တူတွေနဲ့ယှဉ်ရင် သိသာစွာနုပျိုလန်းဆန်းနေတာကို တွေ့မြင်ရမှာပါ။

(၂)စိတ်ဖိဆီးမှုများနဲ့ တတ်နိုင်သလောက်ကင်းဝေးအောင်နေပါ။

စိတ်ဖိဆီးမှုလုံးဝမရှိဖို့ ဆိုနာကတော့ တကယ့်ကို မလွယ်ကူပါဘူး။ဘာကြောင့်လဲဆိုတော့….လူတိုင်းလူတိုင်းမှာ အကြောင်းအချက်အမျိုးမျိုးပေါ်မူတည်ပြီး အနည်းနဲ့အများဆိုသလိုရှိနေနိုင်လို့ပါ။သင့်အနေနဲ့ လုပ်နိုင်တာကတော့ မလိုအပ်တဲ့ကိစ္စတွေကြောင့် အဖိစီးမခံပါနဲ့။စိတ်ဖိစီးမှုတွေရှိလာခဲ့ပါက အနားယူခြင်း၊သီချင်းနားထောင်ခြင်း၊အားကစားလုပ်ခြင်း၊တရားထိုင်ခြင်း၊မိမိဝါသနာပါရာတစ်ခုခုလုပ်ဆောင်ခြင်းတို့ဖြင့် ကျော်လွှားနိုင်ပါစေ။

(၃)အသားအရေထိန်းသိမ်းရာမှာ ဓာတုပစ္စည်းများစွာပါဝင်တဲ့ Skincare များထက် သဘာဝအသီးအနှံများကိုအခြေခံပြီးပြုလုပ်ပါ။(ဥပမာ – သဘာဝသစ်သီးများဖြင့် မျက်နှာပေါင်းတင်ခြင်း)

(၄)အသီးအနှံများများစားပေးပါ။

သစ်သီးများမှာ ကြွယ်ဝစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant)များက သင့်ခန္ဓာကိုယ်မှ ဆဲလ်များပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ပေးတာကြောင့် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။

(၅)ရေလုံလောက်စွာသောက်သုံးပါ။

ရေဓာတ်ခမ်းခြောက်သူများအနေနဲ့ ပုံမှန်လူများထက် ပိုမိုစောစီးစွာ ရင့်ရော်နိုင်တာကြောင့်ပါ။

(၆)အချိုများသော အစားအစာများ၊အပြင်စာများ တတ်အားသမျှ လျှော့စားပါ။

ဒီလို သကြားဓာတ် အချိုဓာတ်များလွန်းတဲ့ အစားအစာတွေဟာ သင့်ရဲ့နုပျိုမှုတွေကို ပျောက်ဆုံးစေပြီး အလျင်အမြန် အိုမင်းရင့်ရော်စေနိုင်လို့် ရှောငိနိုင်သမျှရှောင်ဖို့ တိုက်တွန်းပါရစေ။

(၇)ပရိုတင်း ခေါ် အသားဓာတ်များများစားပေးပါ။

အသားဓာတ်ကြောင့် အထက်မှာပြောခဲ့တဲ့ အချိုဓာတ်တွေကို လျော့ကျစေပြီး အိုမင်းရင့်ရော်မှုဒဏ်မှ ကာကွယ်ပေးပါတယ်။

(၈)ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းမွန်ပြီး နုပျိုလန်းဆန်းနေစေမှာပါ။

(၉)ကျန်းမာရေးနှငိ့ညီညွတ်သော အဆီများ စားသုံးပါ။

ငါးများများစားခြင်း၊ငါးကြီးဆီသောက်သုံးခြင်း…ငါးနဲ့ငါးကြီးဆီမှာပါဝင်သော အိုမီဂါ 3 …၊ထောပတ်သီး၊အုန်းဆီ၊သံလွင်ဆီတို့မှရတဲ့ အဆီများ…စတာတွေက သင့်အသားအရည်ကို စိုပြေချောမွတ်စေပြီး အရွယ်တင်နုပျိုစေတဲ့အပြင် အထွေထွေကျန်းမာရေးအတွက်လည်း
များစွာအကျိုးပြုမှာ ဖြစ်ပါတယ်။

မေ (ဆေး ၂)


(၁)အိပ်ရေးဝဝအိပ်ပါ။

















မေ (ဆေး ၂)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *