” ရာသီလာစဉ်နာကျင်ခြင်းများ သက်သာစေဖို့ “

ညီမလေးတို့၊မမတို့ရေ….

လစဉ်ခံစားရတဲ့ ရာသီလာနေတုန်းမှာ ဆီးစပ်ကိုက်တာ၊ခါးကိုက်တာ တွေကြောင့် ရာသီလာရက်တွေရောက်မှာကြောက်နေပြီလား ???

ဒီလိုနာကျင်ကိုက်ခဲတာတွေ သိသိသာသာသက်သာစေဖို့ ရာသီလာခါနီးရက်အနည်းငယ်အလိုနဲ့ ရာသီလာနေစဉ်အချိန်အတွင်းမှာ ဘယ်လိုနေထိုင်စားသောက်သင့်တာဆိုတာလေးတွေ ပြောပြအကြံပေးသွားမှာမို့…………..ဒီဆောင်းပါးလေး ဆုံးအောင်ဖတ်ပြီးရင်တော့ ရာသီလာမယ့်ရက်တွေကို ကြောက်ဖို့မလိုတော့ပါဘူးနော်။

(1)အရည်များများသောက်ပါ။ တစ်နေ့ကိုရေ ၆ – ၈ ဖန်ခွက်ခန့်သောက်ပေးပါ။ ဂျင်းပြုတ်ရည်၊ကြက်ပြုတ်ရည်၊သံပုရာရည်အပါအဝင်လတ်ဆတ်တဲ့သစ်သီးဖျော်ရည်အမျိုးမျိုး စတာတွေလည်း သောက်နိုင်ပါတယ်နော်။

(2) ရာသီလာနေစဉ်ကိုက်ခဲမှုသက်သာစေဖို့ ရာသီရက်အတွင်း စားသင့်တဲ့အစားအစာလေးတွေနဲ့ ရှောင်သင့်တဲ့အစားအစာလေးတွေ ခွဲပြောပေးမယ်နော်…..
ရာသီလာနေချိန်မှာ အဓိကထားစားသင့်တာလေးတွေကတော့

  • ခရမ်းချဉ်သီးအပါအဝင် အသီးအရွက်များ
  • ဘယ်ရီသီးအမျိုးမျိုး
  • ငါး
  • ပဲ

ရှောင်သင့်တဲ့အစားအစာလေးတွေကတော့

  • အချိုဓာတ်များလွန်းတဲ့အစားအစာ
  • အဆီအဆိမ့်
  • ငန်လွန်းတဲ့အစားအစာ
  • ပြင်ပအသင့်စား အစားအစာတွေ (ပေါင်မုန့်၊ကွတ်ကီး၊အာလူးချောင်းကြော်၊ခရက်ကာ၊ဒိုးနပ်၊ပီဇာ အစရှိတာတွေ…)

(3)အရည်များများသောက်သင့်တယ်လို့ အပေါ်မှာပြောထားပေမယ့်မသောက်သင့်တဲ့ အရည်တွေလည်းရှိတယ်နော်….အဲ့ဒါတွေကတော့…

  • အရက်၊ဘီယာ
  • လက်ဖက်ရည်
  • ကော်ဖီ
  • ချောကလက်ဖျော်ရည်တွေ
  • အင်အားဖြည့်အချိုအရည်များ
  • ဆိုဒါပါတဲ့အချိုရည်များ (စကားမစပ်….ဆေးလိပ်လည်းမသောက်သင့်ပါဘူးတဲ့)

(4) အပူဓာတ်ဟာ ခန္ဓာကိုယ်ကြွက်သားတွေကိုပြေလျော့ပြီး နာကျင်ခြင်းကိုသက်သာစေတာမို့ ကိုက်ခဲနေချိန်မှာ ရေနွေးအိတ်ကပ်ခြင်း၊ရေနွေးပုလင်းကပ်ခြင်းတို့ကလည်း နာကျင်မှုဝေဒနာကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ ရာသီလာနေစဉ် ရေချိုးတဲ့အခါမှာလည်း ရေနွေးလေးနဲ့ချိုးပေးရင် အကောင်းဆုံးပဲပေါ့။

(5) ‘သူလာရင် နာတော့မှာပဲ’ ဆိုပြီး တွေးကြောက်ပြီး အိပ်ရာထဲပဲ ခွေမနေနဲ့ဦး။ လေ့ကျင့်ခန်းလုပ်ခြင်း၊လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ရေကူးခြင်း…..စတဲ့ ကိုယ်လက်လှုပ်ရှားအားကစားအမျိုးမျိုးဟာလည်း ဓမ္မတာကြောင့်ကိုက်ခဲခင်းတွေကို သိသာစွာလျော့ပါးစေလို့ ရာသီချိန်တွင်းမှာ လှုပ်လှုပ်ရှားရှားအားကစားလုပ်ပေးပါ။နဂိုကတည်းက အားကစားလုပ်နေတဲ့သူတွေအနေနဲ့လည်း ရာသီလာနေချိန်မှာ ဆက်လုပ်လို့ရပါတယ်၊ ရာသီလာနေလို့ရပ်ထားဖို့မလိုပါဘူး။

(6)ယောဂကျင့်ခြင်းကလည်း ရာသီချိန်တွေကို နာကျင်မှုကင်းမဲ့စွာဖြတ်သန်းနိုင်ဖို့ သိသိသာသာအထောက်အကူပြုပါသတဲ့။

(7) အိပ်ရေးဝဝအိပ်ပါ။ အိပ်ခါနီးဖုန်းသုံးတာ၊ အင်တာနက်သုံးတာ၊TV ကြည့်တာ၊ ကွန်ပျူတာအသုံးပြုတာတွေမလုပ်ဘဲ ပြည့်ပြည့်ဝဝအနားယူလိုက်ပါ။ သက်တောင့်သက်သာအရှိဆုံးအနေအထားနဲ့ အိပ်ရေးဝအောင်အိပ်စက်ခြင်းဟာလည်း ဓမ္မတာလာချိန်ကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အထာက်အကူပြုမယ့် နည်းလမ်းတစ်ခုပါပဲ။

(8) ဆရာဝန်ဆေးစာမလိုဘဲဝယ်လို့ရတဲ့ ပါရာစီတမော၊ Ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးဝယ်သောက်ကြည့်ပါ။

(ဒီနေရာမှာပြောလိုတာ အထက်ဖော်ပြပါဆေးတွေက ဆရာဝန်ဆေးစာမလိုဘဲဝယ်သောက်လို့ရတယ်ဆိုပေမယ့်…..မိမိမှာ အစာအိမ်ရောဂါအပါအဝင် အခြားရောဂါတစ်ခုခုရှိနေတာ၊ အခြားသောက်နေတဲ့ဆေးရှိနေတာ၊ အရင်က ဆေး(သို့)အစားအစာတစ်ခုခုနဲ့ဓာတ်မတည့်တာမျိုးဖြစ်ဖူးတာ၊ဆေးအညွှန်းကိုနားမလည်တာ၊ဘယ်လိုသောက်ရမလဲ….စတဲ့ စတဲ့အခြေအနေတွေရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်ရှင်)

အထက်ပါ နည်းလမ်းတွေဟာ ရာသီလာစဉ်ကိုက်ခြဲခင်းများကို ထိရောက်စွာသက်သာလျော့ပါးစေတာမို့….လိုက်နာကျင့်သုံးကြည့်ကြဖို့တိုက်တွန်းပါရစေ။

နောက်ဆုံးတစ်ခုအနေနဲ့ အရေးကြီးတဲ့အချက်တစ်ခုကတော့

ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းဝေဒနာဟာ အမျိုးသမီးအများစုကြားမှာဖြစ်လေ့ရှိတယ်မှန်ပေမယ့် …. သားအိမ်တွင်းအလုံးတည်ခြင်း အပါအဝင် အချို့သော အမျိုးသမီးမီးယပ်ရောဂါတွဟာလည်း ရာသီလာချိန်မှာ နာကျင်ကိုက်ခြဲခင်းဝေဒနာကို သိသိသာသာခံစားရစေတတ်ပါတယ်။

ဒါကြောင့် ညီမလေးတို့၊မမတို့အနေနဲ့ နာကျင်ခြင်းအရမ်းဆိုးမယ်၊ အထက်ပါနည်းလမ်းတွေလိုက်လုပ်ကြည့်လည်းမသက်သာဘူးဆိုရင် ဆရာဝန်ထံ သွားရောက်ပြသဖို့ ဝန်မလေးဖို့နဲ့အချိန်မဆွဲဖို့ အကြံပေးလိုက်ပါရစေရှင်….

ဒေါက်တာဝင်း (UM 2)

” ရာသီလာစဥ္နာက်င္ျခင္းမ်ား သက္သာေစဖို႔ “

ညီမေလးတို႔၊မမတို႔ေရ….

လစဥ္ခံစားရတဲ့ ရာသီလာေနတုန္းမွာ ဆီးစပ္ကိုက္တာ၊ခါးကိုက္တာ ေတြေၾကာင့္ ရာသီလာရက္ေတြေရာက္မွာေၾကာက္ေနၿပီလား ???

ဒီလိုနာက်င္ကိုက္ခဲတာေတြ သိသိသာသာသက္သာေစဖို႔ ရာသီလာခါနီးရက္အနည္းငယ္အလိုနဲ႔ ရာသီလာေနစဥ္အခ်ိန္အတြင္းမွာ ဘယ္လိုေနထိုင္စားေသာက္သင့္တာဆိုတာေလးေတြ ေျပာျပအႀကံေပးသြားမွာမို႔…………..ဒီေဆာင္းပါးေလး ဆုံးေအာင္ဖတ္ၿပီးရင္ေတာ့ ရာသီလာမယ့္ရက္ေတြကို ေၾကာက္ဖို႔မလိုေတာ့ပါဘူးေနာ္။

(1)အရည္မ်ားမ်ားေသာက္ပါ။ တစ္ေန႔ကိုေရ ၆ – ၈ ဖန္ခြက္ခန႔္ေသာက္ေပးပါ။ ဂ်င္းျပဳတ္ရည္၊ၾကက္ျပဳတ္ရည္၊သံပုရာရည္အပါအဝင္လတ္ဆတ္တဲ့သစ္သီးေဖ်ာ္ရည္အမ်ိဳးမ်ိဳး စတာေတြလည္း ေသာက္ႏိုင္ပါတယ္ေနာ္။

(2) ရာသီလာေနစဥ္ကိုက္ခဲမႈသက္သာေစဖို႔ ရာသီရက္အတြင္း စားသင့္တဲ့အစားအစာေလးေတြနဲ႔ ေရွာင္သင့္တဲ့အစားအစာေလးေတြ ခြဲေျပာေပးမယ္ေနာ္…..
ရာသီလာေနခ်ိန္မွာ အဓိကထားစားသင့္တာေလးေတြကေတာ့

  • ခရမ္းခ်ဥ္သီးအပါအဝင္ အသီးအ႐ြက္မ်ား
  • ဘယ္ရီသီးအမ်ိဳးမ်ိဳး
  • ငါး
  • ပဲ

ေရွာင္သင့္တဲ့အစားအစာေလးေတြကေတာ့

  • အခ်ိဳဓာတ္မ်ားလြန္းတဲ့အစားအစာ
  • အဆီအဆိမ့္
  • ငန္လြန္းတဲ့အစားအစာ
  • ျပင္ပအသင့္စား အစားအစာေတြ (ေပါင္မုန႔္၊ကြတ္ကီး၊အာလူးေခ်ာင္းေၾကာ္၊ခရက္ကာ၊ဒိုးနပ္၊ပီဇာ အစရွိတာေတြ…)

(3)အရည္မ်ားမ်ားေသာက္သင့္တယ္လို႔ အေပၚမွာေျပာထားေပမယ့္မေသာက္သင့္တဲ့ အရည္ေတြလည္းရွိတယ္ေနာ္….အဲ့ဒါေတြကေတာ့…

  • အရက္၊ဘီယာ
  • လက္ဖက္ရည္
  • ေကာ္ဖီ
  • ေခ်ာကလက္ေဖ်ာ္ရည္ေတြ
  • အင္အားျဖည့္အခ်ိဳအရည္မ်ား
  • ဆိုဒါပါတဲ့အခ်ိဳရည္မ်ား (စကားမစပ္….ေဆးလိပ္လည္းမေသာက္သင့္ပါဘူးတဲ့)

(4) အပူဓာတ္ဟာ ခႏၶာကိုယ္ႂကြက္သားေတြကိုေျပေလ်ာ့ၿပီး နာက်င္ျခင္းကိုသက္သာေစတာမို႔ ကိုက္ခဲေနခ်ိန္မွာ ေရေႏြးအိတ္ကပ္ျခင္း၊ေရေႏြးပုလင္းကပ္ျခင္းတို႔ကလည္း နာက်င္မႈေဝဒနာကို သိသိသာသာေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ရာသီလာေနစဥ္ ေရခ်ိဳးတဲ့အခါမွာလည္း ေရေႏြးေလးနဲ႔ခ်ိဳးေပးရင္ အေကာင္းဆုံးပဲေပါ့။

(5) ‘သူလာရင္ နာေတာ့မွာပဲ’ ဆိုၿပီး ေတြးေၾကာက္ၿပီး အိပ္ရာထဲပဲ ေခြမေနနဲ႔ဦး။ ေလ့က်င့္ခန္းလုပ္ျခင္း၊လမ္းေလွ်ာက္ျခင္း၊ေျပးျခင္း၊ေရကူးျခင္း…..စတဲ့ ကိုယ္လက္လႈပ္ရွားအားကစားအမ်ိဳးမ်ိဳးဟာလည္း ဓမၼတာေၾကာင့္ကိုက္ခဲခင္းေတြကို သိသာစြာေလ်ာ့ပါးေစလို႔ ရာသီခ်ိန္တြင္းမွာ လႈပ္လႈပ္ရွားရွားအားကစားလုပ္ေပးပါ။နဂိုကတည္းက အားကစားလုပ္ေနတဲ့သူေတြအေနနဲ႔လည္း ရာသီလာေနခ်ိန္မွာ ဆက္လုပ္လို႔ရပါတယ္၊ ရာသီလာေနလို႔ရပ္ထားဖို႔မလိုပါဘူး။

(6)ေယာဂက်င့္ျခင္းကလည္း ရာသီခ်ိန္ေတြကို နာက်င္မႈကင္းမဲ့စြာျဖတ္သန္းႏိုင္ဖို႔ သိသိသာသာအေထာက္အကူျပဳပါသတဲ့။

(7) အိပ္ေရးဝဝအိပ္ပါ။ အိပ္ခါနီးဖုန္းသုံးတာ၊ အင္တာနက္သုံးတာ၊TV ၾကည့္တာ၊ ကြန္ပ်ဴတာအသုံးျပဳတာေတြမလုပ္ဘဲ ျပည့္ျပည့္ဝဝအနားယူလိုက္ပါ။ သက္ေတာင့္သက္သာအရွိဆုံးအေနအထားနဲ႔ အိပ္ေရးဝေအာင္အိပ္စက္ျခင္းဟာလည္း ဓမၼတာလာခ်ိန္ကို အေကာင္းဆုံးျဖတ္ေက်ာ္ႏိုင္ဖို႔အထာက္အကူျပဳမယ့္ နည္းလမ္းတစ္ခုပါပဲ။

(8) ဆရာဝန္ေဆးစာမလိုဘဲဝယ္လို႔ရတဲ့ ပါရာစီတေမာ၊ Ibuprofen စတဲ့ အကိုက္အခဲေပ်ာက္ေဆးတစ္မ်ိဳးမ်ိဳးဝယ္ေသာက္ၾကည့္ပါ။

(ဒီေနရာမွာေျပာလိုတာ အထက္ေဖာ္ျပပါေဆးေတြက ဆရာဝန္ေဆးစာမလိုဘဲဝယ္ေသာက္လို႔ရတယ္ဆိုေပမယ့္…..မိမိမွာ အစာအိမ္ေရာဂါအပါအဝင္ အျခားေရာဂါတစ္ခုခုရွိေနတာ၊ အျခားေသာက္ေနတဲ့ေဆးရွိေနတာ၊ အရင္က ေဆး(သို႔)အစားအစာတစ္ခုခုနဲ႔ဓာတ္မတည့္တာမ်ိဳးျဖစ္ဖူးတာ၊ေဆးအၫႊန္းကိုနားမလည္တာ၊ဘယ္လိုေသာက္ရမလဲ….စတဲ့ စတဲ့အေျခအေနေတြရွိေနမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွ ေသာက္သင့္ပါတယ္ရွင္)

အထက္ပါ နည္းလမ္းေတြဟာ ရာသီလာစဥ္ကိုက္ၿခဲခင္းမ်ားကို ထိေရာက္စြာသက္သာေလ်ာ့ပါးေစတာမို႔….လိုက္နာက်င့္သုံးၾကည့္ၾကဖို႔တိုက္တြန္းပါရေစ။

ေနာက္ဆုံးတစ္ခုအေနနဲ႔ အေရးႀကီးတဲ့အခ်က္တစ္ခုကေတာ့

ရာသီလာစဥ္နာက်င္ကိုက္ခဲျခင္းေဝဒနာဟာ အမ်ိဳးသမီးအမ်ားစုၾကားမွာျဖစ္ေလ့ရွိတယ္မွန္ေပမယ့္ …. သားအိမ္တြင္းအလုံးတည္ျခင္း အပါအဝင္ အခ်ိဳ႕ေသာ အမ်ိဳးသမီးမီးယပ္ေရာဂါတြဟာလည္း ရာသီလာခ်ိန္မွာ နာက်င္ကိုက္ၿခဲခင္းေဝဒနာကို သိသိသာသာခံစားရေစတတ္ပါတယ္။

ဒါေၾကာင့္ ညီမေလးတို႔၊မမတို႔အေနနဲ႔ နာက်င္ျခင္းအရမ္းဆိုးမယ္၊ အထက္ပါနည္းလမ္းေတြလိုက္လုပ္ၾကည့္လည္းမသက္သာဘူးဆိုရင္ ဆရာဝန္ထံ သြားေရာက္ျပသဖို႔ ဝန္မေလးဖို႔နဲ႔အခ်ိန္မဆြဲဖို႔ အႀကံေပးလိုက္ပါရေစရွင္….

ေဒါက္တာဝင္း (UM 2)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *