‘တစ်သားမွေး တစ်သွေးလှစေဖို့’

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သားဖွားပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကိုကြုံတွေ့ရတတ်ပါတယ်။ အဲဒီပြောင်းလဲမှုတွေကဘယ်လိုအရာတွေလဲ? ဒါတွေကို မေမေတို့ ဘယ်လိုရင်ဆိုင်ကြမလဲ? ဆိုတာကို အချက် (၆)ချက်နဲ့ လေ့လာကြည့်စေချင်ပါတယ်။

(၁)ခန္ဓာကိုယ်အပေါ်ပိုင်းဝဖြိုးလာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ နည်းကြပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွေဖြစ်တဲ့ ပုခုံးသားတွေ လက်မောင်းတွေဟာ အဆီစုပြီးဝလာတာတတ်ကြပါတယ်။ ကြွက်သားနည်းလာပြီး လက်မောင်းသားတွေဟာ လျော့ရဲတတ်ပါတယ်။ ဒါ့အပြင်ကိုယ်ဝန်ဆောင်ချိန်မှာ Relaxin ဆိုတဲ့ဟော်မုန်းအများအပြားထွက်ထားတာကြောင့် ကလေးမွေးပြီးချိန်မှာ အဆစ်အမြစ်တွေပါ အားနည်းတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာကတည်းက့ မိခင်လောင်းတွေနဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး လက်မောင်း ကျောဘက်နဲ့ ပုခုံးကြွက်သားတွေ အဆစ်အမြစ်တွေ သန်မာစေဖို့လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကလေးမွေးပြီးချိန်မှာဖြစ်တတ်တဲ့ အရိုးအဆစ်နာကျင်မှုတွေ ကြွက်သားအားနည်းတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ မီးဖွားပြီးမှ လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင်တော့ မီးဖွားပြီး ရက်သတ္တပတ်ခြောက်ပတ်ကြာမှ စတင်သင့်ပါတယ်။

(၂)ခြေလက်ဖောယောင်ခြင်း

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ခန္ဓာကိုယ်ဟာ သွေးနဲ့ ကိုယ်တွင်းအရည်များစွာကို သာမန်အချိန်ထက် အကြမ်းဖျင်း ငါးဆယ်ရာနုှန်းလောက်ပိုထုတ်ပေးပါတယ်။ဘာကြောင့်လဲဆိုတော့ သန္ဓေသားကြီးထွားဖို့လိုအပ်လို့ပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းအပြောင်းအလဲအတက်အကျများစွာလည်းရှိတဲ့အတွက် မိခင်ဟာ ခြေ၊ လက်၊မျက်နှာ၊လည်ပင်းတို့မှာ ဖောယောင်တာတွေဖြစ်တတ်ပါတယ်။
မီးဖွားပြီးချိန်မှာ အဲလိုဖောယောင်တာတွေ ပြန်ကျဖို့ ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ပိုတက်စီယမ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ စားပေးရပါမယ်။ပိုတက်စီယမ်ဓာတ်ဟာ ဖောယောင်မှုဖြစ်စေတဲ့ ဆိုဒီယမ်ကို ဆန့်ကျင်ဘက်အားနဲ့ချေဖျက်ပေးပါတယ်။ ပြီးတော့ တစ်နေ့ကို ရေရှစ်ခွက်လောက်အနည်းဆုံးသောက်သုံးပေးသင့်ပါတယ်။

(၃)ရင်သားများလျော့တွဲလာခြင်း

မီးဖွားပြီးခါစမှာ မိခင်တွေရဲ့ ရင်သားဟာ နို့ရည်ကြည်တွေနဲ့ပြည့်လာတာကြောင့် အရွယ်အစားကြီးလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဇီဝရုပ်ဖြစ်စဉ်ပြောင်းလဲတာကြောင့်ရော မီးဖွားပြီးချိန်မှာ နို့ချိုတိုက်ကျွေးမှုကြောင့်ရော ရင်သားတွေဟာ အရွယ်အစားကြီးမားလာပြီး လျော့ရဲလာပါတယ်။ တင်းရင်းမှုနည်းလာတတ်ပြီး အကြောပြတ်ရာများလည်းပေါ်လာတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးအများစုဟာ မိမိရဲ့အလှအပလျော့ကျသွားမှုအပေါ် မိခင်စိတ်တစ်ခုတည်းနဲ့ အနိုင်ယူနိုင်ကြပါတယ်။ ဒါပေမယ့်လည်း ရင်ဘတ်ကြွက်သားတွေ ပြန်လည်မြှင့်တင်ဖို့ ရင်သားတွေပြန်လည်တင်းရင်းဖို့အတွက် လေ့ကျင့်ခန်းတွေပြန်လည်ပြုလုပ်လို့ရပါတယ်။ အကြောပြတ်ရာတွေကိုသက်သာစေနိုင်တဲ့ အရည်အသွေးကောင်းတဲ့ အလှကုန်ဆေးဝါးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။

(၄)ဗိုက်သား

ကိုယ်ဝန်ဆောင်ချိန်မှာ အသိသာဆုံးပြောင်းလဲတဲ့နေရာကတော့ အားလုံးသိကြတဲ့အတိုင်း ဗိုက်ပဲဖြစ်ပါတယ်။ မိခင်ရဲ့ အသက်၊ မျိုးရိုးဗီဇ နဲ့ ကိုယ်ဝန်ဆောင်ချိန်တိုးလာတဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး မီးဖွားပြီးချိန်မှာ အကြောပြတ်ရာတွေ လျော့ရဲမှုတွေနဲ့ ဗိုက်ကလေးဟာ ပူပြီးကျန်ခဲ့တတ်ပါတယ်။

သန္ဓေသားကိုကိုးလမှာဆယ်လတိုင် လွယ်ခဲ့ရတဲ့ သားအိမ်ဟာ သားဖွားပြီးချိန်မှာ မူလအရွယ်အစားကိုပြန်ရောက်ဖို့ အချိန်ခြောက်ပတ်လိုအပ်ပါတယ်။ သားအိမ်ဟာ မူလအရွယ်အစားကိုပြန်ရောက်တဲ့အခါ ဗိုက်သားတွေဟာ လျော့ရဲသွားပါတယ်။ ဘာနဲ့တူသလဲဆိုရင် ကြုံ့နိုင်ဆန့်နိုင်တဲ့ သားရေအိတ်ထဲကို ပစ္စည်းအပြည့်အသိပ် အကြာကြီးထည့်ပြီးမှ အဲဒီပစ္စည်းတွေကိုပြန်ထုတ်လိုက်တဲ့အခါ သားရေအိတ်ဟာလျော့ရဲကျန်ခဲ့တဲ့ပုံစံနဲ့ အလားသဏ္ဏာန်တူပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ဒီဗိုက်သားလျော့ရဲမုှုပြသနာဟာလည်း ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေ ဝဖြိုးလာတာ အားနည်းလာတာကိုဖြေရှင်းရမယ့်နည်းလမ်းနဲ့ ဆင်တူပါတယ်။ အပျိုဘဝနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာတည်းက နောက်ကျောနဲ့ ဝမ်းဗိုက်ကြွက်သားအားကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ အဲလိုပြုလုပ်ထားတဲ့လူဆိုရင် မိမိလိုချင်တဲ့ခန္ဓာကိုယ်ကို ပြန်ရနိင်ဖို့ပိုလွယ်ကူပါလိမ့်မယ်။

(၅) ပေါင်နဲ့တင်သားအဆီတိုးလာမှု

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာ သဘာဝပါ။ အဆီပိုတွေဟာ များသောအားဖြင့် အမျိုးသမီးတွေရဲ့ တင်သား၊ ပေါင်နဲ့ ပေါင်ဘေးဘက်တွေမှာ စုလာပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

မီးဖွားပြီးချိန်မှာ သင့်တင့်မျှတတဲ့အစာအာဟာရစားသုံးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ တက်ထားတဲ့ကိုယ်အလေးချိန်ကိုပြန်လည်လျော့ကျစေပါတယ်။ တစ်ခါတစ်ရံမှာ အမျိုးသမီးတစ်ယောက်ဟာ သားဖွားပြီးချိန်ကျန်ခဲ့တဲ့ ကိုယ်အလေးချိန်ကနေ မူလကိုယ်အလေးချိန်ကိုရောက်ဖို့ လများစွာကြာတတ်ပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်ပါတဲ့အသီးအနှံတွေများများ စားပေးတာ၊ အဆီလျှော့စားတာ ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ သေချာလုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးမြန်မြန်ဆန်ဆန် အလေးချိန်ကျနိုင်ပါတယ်။

(၆)မျိုးပွားအင်္ဂါ

နောက်ဆုံးပြောချင်တဲ့အချက်ကတော့ သဘာဝနည်းအတိုင်းမွေးဖွားတဲ့ မိခင်တွေအတွက်ပါ။ မိခင်တွေဟာ မီးဖွားစဉ်မှာ မိန်းမကိုယ်လမ်းကြောင်းကို ကလေးမွေးရလွယ်ကူအောင် ညှပ်ပြီးချဲ့ပေးရခြင်းကို ပြုလုပ်ရပါတယ်။ ကလေးမွေးစဉ်မှာ ညှစ်အားကြောင့် အခန့်မသင့်ဘဲ မိန်းမကိုယ်နဲ့ စအိုကြားက perineum လို့ခေါ်တဲ့နေရာ စုတ်ပြဲတတ်ပါတယ်။ အဲလိုနေရာတွေကို ပြန်လည်ချုပ်ပြီးတဲ့အခါ အနာကျက်ဖို့ အနည်းဆုံး ခြောက်ပတ်လိုအပ်ပါတယ်။

အဲဒါအပြင် ဆီးမထိန်းနိုင်မှုတွေလည်း ဖြစ်တတ်ပါတယ်။ အချို့အမျိုးသမီးတွေကတော့ မီးဖွားပြီးနောက်ပိုင်းမှာ လိင်ဆက်ဆံစဉ်အလွန်အမင်းနာကျင်မှုကိုခံစားရတတ်ပါတယ်။ အဲဒါဟာဘာကြောင့်လဲဆိုတော့ ဆီးအိမ်၊ သားအိမ်နဲ့ အစာဟောင်းအိမ်တို့ဟာ ကလေးမွေးစဉ်မှာ အနေအထားမမှန်မှုတွေဖြစ်သွားရာကနေ မိန်းမကိုယ်ရဲ့ ကြွက်သားတွေကိုဆွဲညှစ်ထားသလိုဖြစ်ပြီး နာကျင်မှုရစေတာဖြစ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

မိန်းမကိုယ်မှာရှိတဲ့ကြွက်သားတွေ ပုံမှန်အနေအထားပြန်ဖြစ်ဖို့ Kegels လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အဲဒီလေ့ကျင့်ခန်းဟာ မိန်းမကိုယ်ပတ်လည်က ကြွက်သားတွေကို ကျုံ့နိုင်သလောက်ကျုံ့ပေးထားပြီး ပြန်လည်ဖြေလျှော့လိုက် ပြန်ကျံုံ့လိုက် လုပ်ရတဲ့လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။ လွယ်ကူပြီး ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။

လိင်ဆက်ဆံချိန်နာကျင်မှုကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုကတော့ ဖြေလျှော့ခြင်းနည်းလမ်းပဲဖြစ်ပါတယ်။ စိတ်ကိုဖြေလျှော့ထားဖို့ရယ်နဲ့ ခန္ဓာကိုယ်ကြွက်သားတွေကိုလည်း တင်းမထားဘဲ လျှော့ထားဖို့ရယ်ဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေဟာ မီးဖွားပြီးကာစ မိခင်တို့ရင်ဆိုင်တွေ့ကြုံရမယ့်အရာတွေဖြစ်ပါတယ်။ မိခင်များဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ရင်သွေးအတွက်ပေးဆပ်ရတာတွေများပြားလှပါတယ်။ ဒီအချက်လေးတွေကိုသိရှိပြီး ဆင်ခြင်လိုက်နာရင်းနဲ့ ကျွန်မတို့ပတ်ဝန်းကျင်မှာပြောလေ့ရှိကြတဲ့ တစ်သားမွေး တစ်သွေးလှဆိုတဲ့စကားနဲ့ ကိုက်ညီအောင် နေထိုင်နိုင်ပါတယ်ဆိုတာကို ဝေမျှလိုက်ရပါတယ်။

မောင် (ဆေး ၁)

‘တစ္သားေမြး တစ္ေသြးလွေစဖို႔’

အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ေဆာင္သားဖြားၿပီးခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ ေျပာင္းလဲမႈေတြကိုၾကံဳေတြ႕ရတတ္ပါတယ္။ အဲဒီေျပာင္းလဲမႈေတြကဘယ္လိုအရာေတြလဲ? ဒါေတြကို ေမေမတို႔ ဘယ္လိုရင္ဆိုင္ၾကမလဲ? ဆိုတာကို အခ်က္ (၆)ခ်က္နဲ႔ ေလ့လာၾကည့္ေစခ်င္ပါတယ္။

(၁)ခႏၶာကိုယ္အေပၚပိုင္းဝၿဖိဳးလာျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ေလာင္းေတြဟာ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ နည္းၾကပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္အေပၚပိုင္းေတြျဖစ္တဲ့ ပုခံုးသားေတြ လက္ေမာင္းေတြဟာ အဆီစုၿပီးဝလာတာတတ္ၾကပါတယ္။ ႂကြက္သားနည္းလာၿပီး လက္ေမာင္းသားေတြဟာ ေလ်ာ့ရဲတတ္ပါတယ္။ ဒါ့အျပင္ကိုယ္ဝန္ေဆာင္ခ်ိန္မွာ Relaxin ဆိုတဲ့ေဟာ္မုန္းအမ်ားအျပားထြက္ထားတာေၾကာင့္ ကေလးေမြးၿပီးခ်ိန္မွာ အဆစ္အျမစ္ေတြပါ အားနည္းတတ္ပါတယ္။

ဘယ္လိုေျဖရွင္းမလဲ

အေကာင္းဆံုးကေတာ့ ကိုယ္ဝန္ေဆာင္ေနစဥ္ကာလအတြင္းမွာကတည္းက ႔ မိခင္ေလာင္းေတြနဲ႔သင့္ေတာ္တဲ့ ေလ့က်င့္ခန္းေတြကို ျပဳလုပ္သင့္ပါတယ္။ ကြ်မ္းက်င္သူေတြနဲ႔ တိုင္ပင္ၿပီး လက္ေမာင္း ေက်ာဘက္နဲ႔ ပုခံုးႂကြက္သားေတြ အဆစ္အျမစ္ေတြ သန္မာေစဖို႔ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ ကေလးေမြးၿပီးခ်ိန္မွာျဖစ္တတ္တဲ့ အ႐ိုးအဆစ္နာက်င္မႈေတြ ႂကြက္သားအားနည္းတာေတြကိုကာကြယ္ေပးႏိ္ုင္ပါတယ္။ မီးဖြားၿပီးမွ ေလ့က်င့္ခန္းျပဳလုပ္မယ္ဆိုရင္ေတာ့ မီးဖြားၿပီး ရက္သတၱပတ္ေျခာက္ပတ္ၾကာမွ စတင္သင့္ပါတယ္။

(၂)ေျခလက္ေဖာေယာင္ျခင္း

ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ ခႏၶာကိုယ္ဟာ ေသြးနဲ႔ ကိုယ္တြင္းအရည္မ်ားစြာကို သာမန္အခ်ိန္ထက္ အၾကမ္းဖ်င္း ငါးဆယ္ရာႏုွန္းေလာက္ပိုထုတ္ေပးပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ သေႏၶသားႀကီးထြားဖို႔လိုအပ္လို႔ပါ။ ကိုယ္ဝန္ေဆာင္စဥ္မွာ ေဟာ္မုန္းအေျပာင္းအလဲအတက္အက်မ်ားစြာလည္းရွိတဲ့အတြက္ မိခင္ဟာ ေျခ၊ လက္၊မ်က္ႏွာ၊လည္ပင္းတို႔မွာ ေဖာေယာင္တာေတြျဖစ္တတ္ပါတယ္။
မီးဖြားၿပီးခ်ိန္မွာ အဲလိုေဖာေယာင္တာေတြ ျပန္က်ဖို႔ ရက္သတၱပတ္အနည္းငယ္ၾကာႏိုင္ပါတယ္။

ဘယ္လိုေျဖရွင္းမလဲ

ပိုတက္စီယမ္ႂကြယ္ဝတဲ့ ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံေတြ စားေပးရပါမယ္။ပိုတက္စီယမ္ဓာတ္ဟာ ေဖာေယာင္မႈျဖစ္ေစတဲ့ ဆိုဒီယမ္ကို ဆန္႔က်င္ဘက္အားနဲ႔ေခ်ဖ်က္ေပးပါတယ္။ ၿပီးေတာ့ တစ္ေန႔ကို ေရရွစ္ခြက္ေလာက္အနည္းဆံုးေသာက္သံုးေပးသင့္ပါတယ္။

(၃)ရင္သားမ်ားေလ်ာ့တြဲလာျခင္း

မီးဖြားၿပီးခါစမွာ မိခင္ေတြရဲ႕ ရင္သားဟာ ႏို႔ရည္ၾကည္ေတြနဲဲ့ျပည့္လာတာေၾကာင့္ အရြယ္အစားႀကီးလာပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဇီဝ႐ုပ္ျဖစ္စဥ္ေျပာင္းလဲတာေၾကာင့္ေရာ မီးဖြားၿပီးခ်ိန္မွာ ႏို႔ခ်ိဳတိုက္ေကြ်းမႈေၾကာင့္ေရာ ရင္သားေတြဟာ အရြယ္အစားႀကီးမားလာၿပီး ေလ်ာ့ရဲလာပါတယ္။ တင္းရင္းမႈနည္းလာတတ္ၿပီး အေၾကာျပတ္ရာမ်ားလည္းေပၚလာတတ္ပါတယ္။

ဘယ္လိုေျဖရွင္းမလဲ

အမ်ိဳးသမီးအမ်ားစုဟာ မိမိရဲ႕အလွအပေလ်ာ့က်သြားမႈအေပၚ မိခင္စိတ္တစ္ခုတည္းနဲ႔ အႏိုင္ယူႏိုင္ၾကပါတယ္။ ဒါေပမယ့္လည္း ရင္ဘတ္ႂကြက္သားေတြ ျပန္လည္ျမႇင့္တင္ဖို႔ ရင္သားေတြျပန္လည္တင္းရင္းဖို႔အတြက္ ေလ့က်င့္ခန္းေတြျပန္လည္ျပဳလုပ္လို႔ရပါတယ္။ အေၾကာျပတ္ရာေတြကိုသက္သာေစႏိုင္တဲ့ အရည္အေသြးေကာင္းတဲ့ အလွကုန္ေဆးဝါးေတြကို ဆရာဝန္နဲ႔တိုင္ပင္ၿပီး သံုးစြဲႏိုင္ပါတယ္။

(၄)ဗိုက္သား

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသိသာဆံုးေျပာင္းလဲတဲ့ေနရာကေတာ့ အားလံုးသိၾကတဲ့အတိုင္း ဗိုက္ပဲျဖစ္ပါတယ္။ မိခင္ရဲ႕ အသက္၊ မ်ိဳး႐ိုးဗီဇ နဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္တိုးလာတဲ့ ကိုယ္အေလးခ်ိန္ေပၚမူတည္ၿပီး မီးဖြားၿပီးခ်ိန္မွာ အေၾကာျပတ္ရာေတြ ေလ်ာ့ရဲမႈေတြနဲ႔ ဗိုက္ကေလးဟာ ပူၿပီးက်န္ခဲ့တတ္ပါတယ္။

သေႏၶသားကိုကိုးလမွာဆယ္လတိုင္ လြယ္ခဲ့ရတဲ့ သားအိမ္ဟာ သားဖြားၿပီးခ်ိန္မွာ မူလအရြယ္အစားကိုျပန္ေရာက္ဖို႔ အခ်ိန္ေျခာက္ပတ္လိုအပ္ပါတယ္။ သားအိမ္ဟာ မူလအရြယ္အစားကိုျပန္ေရာက္တဲ့အခါ ဗိုက္သားေတြဟာ ေလ်ာ့ရဲသြားပါတယ္။ ဘာနဲ႔တူသလဲဆိုရင္ ၾကံဳ႕ႏိုင္ဆန္႔ႏိုင္တဲ့ သားေရအိတ္ထဲကို ပစၥည္းအျပည့္အသိပ္ အၾကာႀကီးထည့္ၿပီးမွ အဲဒီပစၥည္းေတြကိုျပန္ထုတ္လိုက္တဲ့အခါ သားေရအိတ္ဟာေလ်ာ့ရဲက်န္ခဲ့တဲ့ပံုစံနဲ႔ အလားသဏၰာန္တူပါတယ္။

ဘယ္လိုေျဖရွင္းမလဲ

ဒီဗိုက္သားေလ်ာ့ရဲမုႈျပသနာဟာလည္း ခႏၶာကိုယ္အေပၚပိုင္းႂကြက္သားေတြ ဝၿဖိဳးလာတာ အားနည္းလာတာကိုေျဖရွင္းရမယ့္နည္းလမ္းနဲ႔ ဆင္တူပါတယ္။ အပ်ိဳဘဝနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာတည္းက ေနာက္ေက်ာနဲ႔ ဝမ္းဗိုက္ႂကြက္သားအားေကာင္းေစမယ့္ ေလ့က်င့္ခန္းေတြကို ျပဳလုပ္ေပးသင့္ပါတယ္။ အဲလိုျပဳလုပ္ထားတဲ့လူဆိုရင္ မိမိလိုခ်င္တဲ့ခႏၶာကိုယ္ကို ျပန္ရနိင္ဖို႔ပိုလြယ္ကူပါလိမ့္မယ္။

(၅) ေပါင္နဲ႔တင္သားအဆီတိုးလာမႈ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကိုယ္အေလးခ်ိန္တိုးလာတာ သဘာဝပါ။ အဆီပိုေတြဟာ မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြရဲ႕ တင္သား၊ ေပါင္နဲ႔ ေပါင္ေဘးဘက္ေတြမွာ စုလာပါတယ္။

ဘယ္လိုေျဖရွင္းမလဲ

မီးဖြားၿပီးခ်ိန္မွာ သင့္တင့္မွ်တတဲ့အစာအာဟာရစားသံုးၿပီး ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္းဟာ တက္ထားတဲ့ကိုယ္အေလးခ်ိန္ကိုျပန္လည္ေလ်ာ့က်ေစပါတယ္။ တစ္ခါတစ္ရံမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ သားဖြားၿပီးခ်ိန္က်န္ခဲ့တဲ့ ကိုယ္အေလးခ်ိန္ကေန မူလကိုယ္အေလးခ်ိန္ကိုေရာက္ဖို႔ လမ်ားစြာၾကာတတ္ပါတယ္။ ဒါေပမယ့္ အမွ်င္ဓာတ္ပါတဲ့အသီးအႏွံေတြမ်ားမ်ား စားေပးတာ၊ အဆီေလွ်ာ့စားတာ ၊ ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းေတြ ေသခ်ာလုပ္ေပးမယ္ဆိုရင္ေတာ့ ပိုၿပီးျမန္ျမန္ဆန္ဆန္ အေလးခ်ိန္က်ႏိုင္ပါတယ္။

(၆)မ်ိဳးပြားအဂၤါ

ေနာက္ဆံုးေျပာခ်င္တဲ့အခ်က္ကေတာ့ သဘာဝနည္းအတိုင္းေမြးဖြားတဲ့ မိခင္ေတြအတြက္ပါ။ မိခင္ေတြဟာ မီးဖြားစဥ္မွာ မိန္းမကိုယ္လမ္းေၾကာင္းကို ကေလးေမြးရလြယ္ကူေအာင္ ၫွပ္ၿပီးခ်ဲ႕ေပးရျခင္းကို ျပဳလုပ္ရပါတယ္။ ကေလးေမြးစဥ္မွာ ၫွစ္အားေၾကာင့္ အခန္႔မသင့္ဘဲ မိန္းမကိုယ္နဲ႔ စအိုၾကားက perineum လို႔ေခၚတဲ့ေနရာ စုတ္ၿပဲတတ္ပါတယ္။ အဲလိုေနရာေတြကို ျပန္လည္ခ်ဳပ္ၿပီးတဲ့အခါ အနာက်က္ဖို႔ အနည္းဆံုး ေျခာက္ပတ္လိုအပ္ပါတယ္။

အဲဒါအျပင္ ဆီးမထိန္းႏိုင္မႈေတြလည္း ျဖစ္တတ္ပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ မီးဖြားၿပီးေနာက္ပိုင္းမွာ လိင္ဆက္ဆံစဥ္အလြန္အမင္းနာက်င္မႈကိုခံစားရတတ္ပါတယ္။ အဲဒါဟာဘာေၾကာင့္လဲဆိုေတာ့ ဆီးအိမ္၊ သားအိမ္နဲ႔ အစာေဟာင္းအိမ္တို႔ဟာ ကေလးေမြးစဥ္မွာ အေနအထားမမွန္မႈေတြျဖစ္သြားရာကေန မိန္းမကိုယ္ရဲ႕ ႂကြက္သားေတြကိုဆြဲၫွစ္ထားသလိုျဖစ္ၿပီး နာက်င္မႈရေစတာျဖစ္ပါတယ္။

ဘယ္လိုေျဖရွင္းမလဲ

မိန္းမကိုယ္မွာရွိတဲ့ႂကြက္သားေတြ ပံုမွန္အေနအထားျပန္ျဖစ္ဖို႔ Kegels ေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ အဲဒီေလ့က်င့္ခန္းဟာ မိန္းမကိုယ္ပတ္လည္က ႂကြက္သားေတြကို က်ံု႔ႏိုင္သေလာက္က်ံု႔ေပးထားၿပီး ျပန္လည္ေျဖေလွ်ာ့လိုက္ ျပန္က်ံံဳ႕လိုက္ လုပ္ရတဲ့ေလ့က်င့္ခန္းမ်ိဳးျဖစ္ပါတယ္။ လြယ္ကူၿပီး ထိေရာက္တဲ့ေလ့က်င့္ခန္းတစ္ခုလည္းျဖစ္ပါတယ္။

လိင္ဆက္ဆံခ်ိန္နာက်င္မႈကို ေျဖရွင္းဖို႔နည္းလမ္းတစ္ခုကေတာ့ ေျဖေလွ်ာ့ျခင္းနည္းလမ္းပဲျဖစ္ပါတယ္။ စိတ္ကိုေျဖေလွ်ာ့ထားဖို႔ရယ္နဲ႔ ခႏၶာကိုယ္ျကြက္သားေတြကိုလည္း တင္းမထားဘဲ ေလွ်ာ့ထားဖို႔ရယ္ျဖစ္ပါတယ္။

အထက္ပါအေၾကာင္းအရာေတြဟာ မီးဖြားၿပီးကာစ မိခင္တို႔ရင္ဆိုင္ေတြ႕ၾကံဳရမယ့္အရာေတြျဖစ္ပါတယ္။ မိခင္မ်ားဟာ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ ရင္ေသြးအတြက္ေပးဆပ္ရတာေတြမ်ားျပားလွပါတယ္။ ဒီအခ်က္ေလးေတြကိုသိရွိၿပီး ဆင္ျခင္လိုက္နာရင္းနဲ႔ ကြ်န္မတို႔ပတ္ဝန္းက်င္မွာေျပာေလ့ရွိၾကတဲ့ တစ္သားေမြး တစ္ေသြးလွဆိုတဲ့စကားနဲ႔ ကိုက္ညီေအာင္ ေနထိုင္ႏိုင္ပါတယ္ဆိုတာကို ေဝမွ်လိုက္ရပါတယ္။

ေမာင္ (ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *