လျှို့ဝှက်အပ်တဲ့နေရာလေးကျန်းမာဖို့အရေး
မိန်းကလေးတွေအတွက် ခန္တာကိုယ်ကျန်းမာဖို့၊ အသားအရေလှပကြည်လင်ဖို့အပြင် ထပ်ပြီးလိုအပ်တဲ့အရာက လျှို့ဝှက်အပ်တဲ့နေရာလေးကျန်းမာဖို့လည်း လိုပါသေးတယ်။ လျှို့ဝှက်အပ်တဲ့နေရာလေးမကျန်းမာဘူးဆိုရင် စိတ်လက်ကြည်သာနိုင်မှာမဟုတ်သလို။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ လျှို့ဝှက်အပ်တဲ့နေရာလေးကျန်းမာဖို့အရေး အချက်၆ ချက်ပဲလိုပါတယ်။
၁) မိန်းမကိုယ်ကိုနေ့စဉ်ဆေးကြောသန့်စင်ပေးပါ။ မိန်းမကိုယ်နားတစ်ဝှိက်ကို သေချာဆေးကြောသန့်စင်ဖို့လိုအပ်ပါတယ်။ အပြင်ဘက် ဆီးခုံနေရာကို ဆပ်ပြာ နဲ့ ရေအသုံးပြုပြီး ဆေးကြောသန့်စင်ပေးပါ။
** သတိပြုရန်မှာ… မိန်းမကိုယ်နှုတ်ခမ်းနဲ့အတွင်းသားကိုဆပ်ပြာနဲ့တိုက်ရိုက် ပွတ်တိုက်ဆေးကြောခြင်းရှောင်သင့်ပါတယ်။
၂) ရှက်ရှက်ကို ခြောက်အောင်ထားပါ။ စိုစွတ်မှုက ပိုးမွှားရှင်သန်ပေါက်ဖွားဖို့အားပေးပါတယ်။ ဆပ်ပြာနဲ့သေချာဆေးပြီးတာနဲ့ တစ်ရှူးအသန့်နဲ့ခြောက်အောင်သုတ်ပေးပါ။
**သတိပြုရန်မှာ… သုတ်တဲ့နေရာမှာအရှေ့မှ အနောက်ကို သာသုတ်ပေးမှပိုးမဝင်မှာဖြစ်ပါတယ်။
၃) ရာသီပန်းပွင့်ချိန်မှာ သန့်စင်ပစ္စည်းကို အချိန်မှန်လဲပေးပါ။ အမျိုးသမီးလစဉ်သုံးပစ္စည်းလေးတွေဟာ အချိန်နဲ့အညီ လဲလှယ်ပေးဖိုွလိုပါတယ်။ မလဲဘူးဆိုရင် ဒီ အသုံးအဆောင်တွေက ပိုးမွှားတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ သတိပြုရန်မှာ… လစဉ်သုံးဂွမ်း_ ကို ၄နာရီခြားတစ်ခါ Tampon_ ကို ၆နာရီခြားတစ်ခါ Menstrual Cup_ ၁၂နာရီခြားတစ်ခါ လဲလှယ်ပေးပါ။
၄) အတွင်းခံ(Underwear) ရွေးချယ်ဝတ်ဆင်ပါ။ လေဝင်လေထွက်ကောင်းဖို့၊ ခြောက်သွေ့မှုအားကေညင်းဖို့ဆိုရင် ချည်သား( cotton)ဘောင်းဘီကအကောင်းဆုံးပါ။ နေ့စဉ် သန့်စင်အောင်လဲလှယ်ဝတ်ဆင်ဖို့လည်း အရေးကြီးပါတယ်နော်။ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်ပါက
၅) လိင်ဆက်ဆံပြီးချိန် အိမ်သာသွားပါ။ လိင်ဆက်ဆံတဲ့အချိန်မှာ မိန်းမကိုယ်ထဲ ရောက်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်းထဲဟာ စိုစွတ်နွေးထွေးတာကြောင့် ပိုးဝင်ပြီးရင် ပွားများတာမြန်ပါတယ်။ ဆီးပိုးဝင်တာ၊ မိန်းမကိုယ်ပိုးဝင်တာမျိုးမဖြစ်ချင်ရင် ဆက်ဆံပြီးတစ်နာရီအတွငိးမှာ ဆီးသွားလိုက်ပြီး ပိုးတွေကိုစွန်းထုတ်လိုက်နိုင်ပါတယ်။
၆) Wet Tissue ကဲ့သို့သော သန့်စင်ပစ္စည်းကို လိင်ဆက်ဆံပြီးချိန်မသုံးပါနဲ့။ တစ်ချို့ကလည်း ဆက်ဆံပြီးချိန်ရေနဲ့ဆေးကြောတာထက် အမွှေးရနံ့ပါတဲ့ သန့်စင် တစ်ရူး( Wet Tissue) လေးတွေသုံးကြပါတယ်။သူ့မှာပါတဲ့ အနံ့ဓာတုပစ္စည်းဟာ မိန်းမကိုယ်ရဲ့နုနယ်တဲ့အသားကို လောင်စေနိုင်ပါတယ်။ အထူးသဖြင့်လိင်ဆက်ဆံပြီးချိန်မှာ ပိုပြီးအသားနုပါတယ်။ဒါဆို မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အရေး ဒီအချက်လေး ၆ချက်ကိုသတိပြုဆင်ခြင်နိုင်ကြဖို့အတွက်ဖော်ပြလိုက်ရင်း။
မယ်တင်( ဆေး ၁)
မယ်တင်( ဆေး ၁)
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Fertilization (သန္ဓေအောင်ခြင်း)
1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး
သားမွေးပြွန်ထည့်ကွင်း
1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…
Leave a Reply
Your email address will not be published. Required fields are marked *