အမျိုးသမီးများရဲ့ ”ရှက်ရှက်” ကျန်းမာရေးစစ်ဆေးပေးသင့်သည့်များ
အမျိုးသမီးတွေမှာ အပျိုဖော်ဝင်စကတည်းက၊လစဉ်ဓမ္မတာသွေးဆင်းရတဲ့၊ ဒုက္ခနဲ့၊ ကလေး မွေးဖွားရတဲ့ ကာယိကဒုက္ခတွေကို၊ ” ရှက်ရှက်”ဆိုတဲ့၊ မ ပျိုပွားအင်္ဂါ (Vagian) ကနေတဆင့်၊ ခံစားကြရတယ်။ ရှက်ရှက်ရဲ့ရဲ့ ပြင်ပပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင်၊ ဂရုစိုက် ထားရှိဘို့လည်း၊ အရေးကြီးတယ်။ အမျိုးသမီးတိုင်းအတွက်၊ ‘ရှက်ရှက်”အတွင်းမှာ၊ အကျိုးပြု ဘက်တီးရီးယားအရေအတွက် လုံလောက်အောင် ရှိနေပါမှ၊ မိန်းမကိုယ်အတွင်း၊ အက်စစ် PH မျှခြေကို ထိန်းထားနိုင်ပြီး၊ ပြင်ပရောဂါပိုးတွေ မဝင်နိုင်အောင် ကာကွယ်နိုင်မှာဖြစ်တယ်။
ကျန်းမာတဲ့ မိန်းမကိုယ် ”ရှက်ရှက်”က၊ ထွက်တဲ့ အရည်ကြည်တွေက၊ အဲဒီအတွင်းဖက် သန့်ရှင်းနေအောင်၊ ခြောက်သွေ့မနေအောင်၊ သဘာဝတိုင်းပြုလုပ်ပေးပါတယ်၊ အဲဒီအရည် (Secretion)တွေက၊ ဘာနဲ့သဏ္ဍာန်တူလဲဆိုတော့၊ ပါးစပ်ထဲထွက်တဲ့၊ တံတွေးတွေနဲ့ အလား တူတယ်။ အဲဒီလို အကာအကွယ်ပေးနို်င်တဲ့(process)တွေ မရှိတော့ရင်၊”ရှက်ရှက်အတွင်း” အတွင်း ရောဂါပိုးမျိုးစုံ ဝင်ရောက်ပြီး၊ မိန်းမကိုယ် ရောင်ယမ်း ယားနာတာ၊ အနံ့ဆိုးတဲ့ အရည် တွေဆင်းတာ၊ သိပ်ဆိုးရင်၊ကိုယ်တွင်းသားအိမ်နဲ့ တခြားအင်္ဂ ါတွေအထိ၊ ရောဂါပိုးတွေ ဝင်ရောက်ပြီး၊ ဝေဒနာကြီးကြီးမားမား ခံစားရစေပါတယ်။ အဲလို အဖြူတွေဆင်းတာများရင် အားအင်ယုတ်လျော့သလို၊ စိတ်လတ်မကြည်မသာနဲ့ အတော် ကသိကအောင့်နိုင် လှပါ တယ်။
မကျန်းမာတဲ့၊ ရောဂါပိုးဝင်ရောက်ခံထားရတဲ့၊ (Vagina)ဖြစ်နေရင်၊ အောက်ပါ လက္ခဏာတွေ အသီးသီး ခံစားလာရတယ်။ တသက်တာမှာ၊ အမျိုးသမီးတိုင်း တကြိမ်မဟုတ် တစ်ကြိမ်တော့ခံစားဘူးပါလိမ့်မယ်။ ဒါတွေ ခံစားလာရရင်၊ နီးနီးနားနား ကုသဘို့၊ ပြည့်စုံလုံ လောက်တဲ့ ကုသမှုခံယူဘို့၊ အရေးကြီးတယ်။
၁/ မိန်းမကိုယ်အနီးတဝိုက်မှာ၊ ဆေးကြောသန့်စင်ပေးရင်ကို အသားနုုလေးတွေကပါ၊ နာကျင်ပူလောင်နေတယ်။ ရှက်ရှက်ရဲ့အတွင်းထဲက၊ လေထွက်တာလိုလို၊ စပ်ပူစပ်လောင် ခံစားရတာလိုလိုနဲ့ နေမထိ ထိုင်မသာ ခံစားရစေတယ်။
၂/ နီရဲရောင်ယမ်းနေတာ၊ အနာအဆာဖြစ်နေတာတွေကိုပါ၊ အဲဒီအနီးပတ်လည်မှာ၊ ပေါင်ခြံရှေ့ ဖက်ပိုင်းမှာ တွေ့တယ်။ တွေ့ရတတ်တယ်။
၃/ မိန်းမကိုယ်နဲ့ ပေါင်ခြံတဝိုက်မှာ၊ ရောင်ရမ်းနာကျင်မှုနဲ့အတူ၊ မကုတ်ရမနေနိုင် ယားယံ မှုပါ ခံစားလာရတယ်။ ကုတ်ဖဲ့တဲ့ လက်တွေကပါ မသန့်ရှင်းရင်၊ နောက်ထပ် ဘက်တီးရီးယား ပိုးတွေပါ၊ ထပ်မံကူးစက်ခံရတတ်ပါတယ်။
၄/ အရည်ကြည်(အဖြူ)ဆင်းတာ၊ ပုံမှန်ထက်ပို များလာပြီး၊ အနံအသက်ကလည်း၊ ဆိုးရွား လာတယ်။ အရောင်အဆင်းကလည်း ဝါညစ်ညစ်(သို့) စိမ်းဝါရောင် ဖြစ်လာတာ၊ တွေ့ရတယ်။
၅/ အိမ်ထောင်ရှင်တွေမှာ၊ ယောက်ျားနဲ့အတူနေရင်၊ အတော်လေးပြင်းထန်စွာ နာကျင်မှု ခံစားရတယ်။ Sex pleasure ခံစားရမဲ့အစား၊ အတူနေဘို့ရာတောင် စိတ်ကုန်ခမ်းလာ လိမ့်မယ်။ ကြာရင်၊ အိမ်ထောင်ပြဿနာ မပြောမလည်မှုတွေပါ၊ တွေ့လာရတယ်။
အဲဒီလို လက္ခဏာတွေ ခံစားလာရရင်၊ မပေါ့ဆဘဲ၊ ရောဂါဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသဘို့၊ သက်ဆိုင်ရာ ဆရာဝန်ဆီ သေချာပြသကုသသင့်တယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ မိန်းမကိုယ်ဖြစ်စေဘို့၊ အနံ့မဆိုးဘို့၊ အဖြူအဆင်းမ များဘို့ အောက်ပါတို့ကို၊ လိုက်နာသင့်ပါတယ်။
(က) ရှက်ရှက်အတွင်း ပိုက်ထည့်ကာ၊ ဆေးရည်သုံးပြီး၊ ဆေးကြောခြင်း မပြုလုပ်သင့်ပါဘူး။
အနောက်နိုင်ငံတွေမှာ၊ တချို့အမျိုးသမီးတွေက၊ မိန်းမကိုယ်အတွင်းထဲအထိ ဆေးရည်တွေ ထည့်ပြီး၊ ဆေးကြောလေ့ရှိကြတယ်။ အဲလိုပြုလုပ်ခြင်းက၊ မိန်းမကိုယ်ရဲ့ pH ကို ပျက်ပြားစေပြီး၊ ရောဂါပိုးတွေ ပိုမိုဝင်ရောက်လွယ်စေပါတယ်။ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေ, သန့်စင်ပစ္စည်းတွေသုံးပြီး၊ သန့်ရှင်းပေးတာကလည်း pH level ကို၊ ထိခိုက်စေတယ်။ မိန်းမ ကိုယ်ရဲ့ ခုခံအားကို ပျက်စီးစေတယ်။pH level ရဲ့ အကောင်းဆုံးပမာဏဟာ၊ ၃,၈-၄,၅ ဖြစ်ပါတယ်။ အနံ့ပြင်းလာလို့၊ ကိုယ်ဘာသာကိုယ်၊ ပိုးသတ်ဆေးရည်တွေနဲ့၊ ဆေးကြောပစ်မဲ့ အစား၊ ဆရာဝန်နဲ့ပြပြီး ကုသတာ အမှန်ဆုံးနည်းလမ်းပါပဲ။
(ခ) အမြန်စာတွေ မစားပါနဲ့။
အမြန်စာတွေ အချိုရည်တွေ၊ သကြားပါတဲ့ အစားအစာတွေနဲ့ ကစီဓါတ် ကာဘို ဟိုက်ဒြိတ်ပါတာတွေ အစားများရင်၊ မိန်းမကိုယ်တွင်းရှိ အက်စစ်မျှခြေကို၊ ထိခိုက်စေတယ်။ ဒါ့ကြောင့်၊ ထမင်းနဲ့ အသားအသင့်အတင့်။ အသီးအရွတ်နဲ့ အသီးအနှံများများကို၊ နေ့စဉ်စား သုံးပေးရင် ၊ ကျန်းမာရေးနဲ့ ညီညွတ်လာစေသလို၊ မိန်းမရဲ့၊ ရောဂါပိုးခုခံနိုင်စွမ်းအားကို ကောင်းလာစေတယ်။ ဒါ့အပြင် လတ်ဆက်တဲ့ သစ်သီးဖျော်ရည်နဲ့ ရေများများလည်း၊ သောက်ပေးသင့်တယ်။ ခရမ်ဘယ်ရီ (cranberry juice) က ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ် အတွင်း၊ ပိုးမွှားမဝင်နိုင်အောင်၊ ကာကွယ်ပေးနိုင်တယ်။ ဒိန်ချဉ်များများ သောက်ပေးတာ ကလည်း၊ မိန်းမကိုယ် pH ကို၊ အက်စစ်မျှခြေမှာ ထိန်းသိမ်းပေးနိုင်စေတယ်။
(ဂ) တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးပါ။
မိန်းမကိုယ်ရောင်ယမ်းတာ အဖြူဆင်းတာ၊ လိမ်မှတဆင့် ကူးစက်ရောဂါရကြတာ ကြောင့်၊ ဖြစ်ဖြစ်တာများတယ်။ ဒါ့ကြောင့်၊မိမိဇနီးခင်ပွန်းအပေါ် သစ္စာရှိရှိ စောင့်ထိန်း သင့်တယ်။ လိမ်, ဖောက်ပြန်သူတွေအနေနဲ့၊ မစောင့်ထိန်းနိုင်ရင်၊ ကွန်ဒိုသုံးဘို့၊ မမေ့မလျော့ သတိရသင့်တယ်။ ကိုယ်ချင်းစာစိတ်ထားပြီး ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ တစ်ယောက် ယောက်လော်မာမှုကြောင့်၊ ရောဂါရလာခဲ့ရင် တခြားတစ်ယောက်ဆီသို့၊ ရောဂါကူးစက်မခံ ရဘို့၊ အထူးသတိထားသင့်တယ်။
အဖြူဆင်းပြီး ယားယံ, ရောင်ရမ်းတာတွေ ဖြစ်လာရင်လည်း၊ လင်ရော မယားပါ တပြိုင်တည်း၊ ဆေးကုသမှု ခံယူသင့်တယ်။ မဟုတ်ရင် တစ်ယောက်က တစ်ယောက်ဆီသို့၊ ပြန်လည် ကူးစက်စေမှာ ဖြစ်ပါတယ်။
(ဃ) ဆေးလိပ် လုံးဝမသောက်ပါနဲ့။
ကျန်းမာတဲ့ မျိုးပွားအင်္ဂ ါတွေ ဖြစ်စေချင်တယ်ဆိုရင်၊ ဆေးလိပ်သောက်သူဆိုရင်၊ ဆေးလိပ် ဖြတ်ပစ်ပါ။ ဆေးလိပ်သောက်သူအနီးမှာပါ။ မနေသင့်ဘူး။ ဆေးလိပ်ငွေ့ထဲမှာပါတဲ့၊ နီကို တင်းနဲ့ ကတ္တရာဓါတ်တွေက၊ မိန်းမကိုယ်ရှိ အကျိုးပြု၊ ဘက်တီးရီးယားတွေကို ထိခိုက်ပျက်စီး စေတယ်။ ဒါ့အပြင်၊ မွေးလမ်းကြောင်းနံရံရှိ (proes) အပေါက်ငယ်လေးတွေကို၊ ပိတ်ဆို့စေပြီး၊ မူလ ကျန်းမာနေတဲ့အနေအထားကို၊ ပျက်ပြားသွားစေတယ်။ ရောဂါပိုးတွေ ဝင်ရောက် ဘို့လည်း၊ လွယ်ကူလာစေတယ်။
ဒ့ါကြောင့်၊ ကိုယ်တိုင်ဆေးလိပ်သောက်ဘို့၊ မဆိုထားနဲ့။ ဆေ းလိပ်သောက်သူ အနီးမှာတောင်၊ ဆေးလိပ်အနံ့ မရှုမိအောင် ရှောင်ရှားသင့်တယ်။
(င) ပဋိဇီဝဆေးတွေ မကြာခဏ မသောက်ပါနဲ့။
နှာစီး ချောင်းဆိုးရုံလေးနဲ့၊ သာမာန် ဖျားနာရုံလက္ခဏာလေးနဲ့၊ ပဋိဇီ၀ ဆေးအပြင်းတွေကို အလွယ်တကူ မသောက်သင့်ဘူး။ အဲဒါတွေ အသုံးပြုတာ များရင်၊ အကျိုးပြု ဘက်တီးရီးယား အရေအတွက်ကို ထိခိုက်စေတယ်။ မိန်းမကိုယ်ရဲ့ ရောဂါပိုးမဝင်အောင်ကာကွယ်ပေးနေမှုကို၊ ကျဆင်းစေတယ်။ တကယ်လို့ သာမာန် မပြင်းထန်တဲ့၊ မှိုစွဲရောဂါ ဖြစ်နေမယ်ဆိုရင်တောင်၊ မှိုပိုးသတ်ဆေးအပြင်းစားတွေ အသုံးပြုမဲ့အစား၊ ဒိန်ချဉ်များများသောက်မယ်။ Kefir အသုံး ပြုမယ်။ တကိုယ်ရေနဲ့ ပေါင်ခြံအနီးပတ်ဝန်းကျင် ခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင် သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
(စ) အဝတ်အစားကို ချည်ထည် ပွပွချောင်ချောင် ဝတ်ဆင်သင့်တယ်။
ဒေါက်တာ ဘုသ်(Dr Booth) ကပြောတယ်၊ မိန်းမကိုယ်ရဲ့ အရေပြားတွေဟာ နူးညံ့ လွန်းတဲ့အတွက်၊ ထိခိုက်ပျက်စီးလွယ်တယ်။ နိုင်လွန်နဲ့, ပူတဲ့အဝတ်စနဲ့ ချုပ်လုပ်ထားတဲ့၊ အတွင်းခံတွေ ဘောင်းဘီစကပ်တွေကို၊ အတင်းအကြပ်ထုတ်နေအောင်၊ ကြပ်ချပ်နေအောင် မဝတ်ဆင်သင်ဘူး။ လေဝင်လေထွက်မကောင်းတာ စွတ်စိုထိုင်းမှိုင်းနေတာက၊ ရောဂါပိုးမွှား တွေ အလွယ်ပေါက်ပွားစေတာ၊ လူကို ဒုက္ခပေးစေတယ်။ ဒါ့ကြောင့် ၁၀၀% ပြည့် ဝါဂွမ်းချည် ထွက်အထည်နဲ့ ပိုးထည်အဝတ်အစားတွေကို ချောင်ချောင်ချိချိ ဝတ်ဆင်သင့်တယ်။ ဓါတု ထွက်ကုန်အဝတ်အစားတွေကိုသာ၊ ကြပ်တည်းစွာ ဝတ်ဆင်နေရင်၊ အဲဒါတွေမှာပါတဲ့၊ အလာ ဂျင်တွေ ဓါတုဆေးတွေရဲ့ ပွတ်တိုက်မှု ဓါတ်မတည့်မှုတွေကြောင့်၊ ယားယံတာ အပူလောင်တာ အဖြူဆင်းတာတွေ ဖြစ်လာစေတယ်။
အမျိုးသမီးသန့်စင်ဆေးရည်ဆိုပြီး တံဆိပ်အမျိုးမျိုးတပ်ပြီး ရောင်းချတာတွေ၊ အသုံးပြု ဘို့ကို၊ ဆရာဝန်တွေက အားမပေးကြပါဘူး။ အဲဒါတွေမှာပါတဲ့ ဒါတုပစ္စည်းတွေ၊ ပိုးသတ်ဆေး တွေက၊ ရှိရင်းအကျိုးပြုဘက်တီးရီးယားတွေကိုပါ၊ ထိခိုက်ပျက်စီးစေလို့ မသုံးစွဲသင့်တာပါ။ အကောင်းဆုံးကတော့ အိမ်သာဝင်တိုင်း၊ ကြည်လန်သန့်ရှင်းတဲ့ရေကောင်းများများနဲ့ စင်ကြယ်အောင်ဆေးကြောပေးရမှာဖြစ်တယ်။ ပြီးရင် သန့်ရှင်းတဲ့ အဝတ်စ, တစ်သျှူးစတာ တွေနဲ့၊ မိန်းမကိုယ်ပတ်ဝန်းကျင်နေရာတွေကို၊ ခြောက်သွေ့အောင် သေချာသုတ်ပေးသင့် ပါတယ်။ ဒီနည်းကိုသာ နေ့စဉ်ရေအိမ်ဝင်တိုင်းသုံးပေးမယ်ဆိုရင်၊ မိန်းမကိုယ်ရဲ့ PH ကို၊ အက်စစ်မျှခြေမှာ ကောင်းစွာ ထိန်းထားနိုင်ပြီး၊ ရောဂါပိုးတွေမဝင်အောင် သေချာကာကွယ် ပေးနိုင်ပါတယ်။
(ဆ) ကိုယ်တိုက်ဆပ်ပြာတွေကို သတိထားသုံးသင့်တယ်။
ဆပ်ပြာတွေမှာလည်း အရောင်အနံ့ ပါဝင်ပစ္စည်းတွေက ဓါတုပစ္စည်းထွက်ကုန်တွေ သုံးတာများကြတယ်။ အဲဒါတွေအသုံးပြုလို့ ပေါင်ခြံ တဝိုက် ဆေးကြောမိရင်၊ မိန်းမကိုယ်ရဲ့ PH ပမာဏကို မထိခိုက်ဘို့၊ သတိထားသင့်တယ်။ ဓါတုပစ္စည်း အပါနည်းတာနဲ့၊ သဘာဝနည်းလမ်းသုံးထုတ်လုပ်ထားတဲ့၊ ဆပ်ပြာတွေကိုသာ၊ ရွေးချယ်သုံးစွဲသင့်တယ်။ ဖြစ်နိုင်ရင် ဈေးကြီးချင် ကြီးပါစေတော့၊ သံလွင်ဆီထည့်သုံးထုတ်လုပ်ထားတဲ့၊ ဆပ်ပြာကိုသုံး စွဲဘို့၊ အကြံပြုချင်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးကောင်းစွာ၊လှပညီညွတ်ချင်ရင်၊ မျက်နှာတစ်ခုထဲ ဂရုစိုက်အလှပြင်နေလို့၊မဖြစ်ဘူး။ ကိုယ်တွင်းကိုယ်ပြင်သန့်ရှင်းစင်ကြယ်အောင် ထားပါမှ၊ တကိုယ်ရေသုံးပစ္စည်းတွေကိုလည်း၊ ဂရုစိုက် ရွေးချယ်သုံးစွဲပါမှ၊ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသမီး အလှကို ရယူပိုင်ဆိုင်နိုင်ကြမှာပါ။ အဲဒီလို၊ ပိုင်ဆိုင် လှပနိုင်အောင် အထက်ပါအချက်အလက် လိုက်ကျင့်သုံးကြဘို့၊ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
ဒေါက်တာ မြချယ်ရီ
အမ်ဳိးသမီးမ်ားရဲ႕ ”ရွက္ရွက္” က်န္းမာေရးစစ္ေဆးေပးသင့္သည့္မ်ား
အမ်ဳိးသမီးေတြမွာ အပ်ဳိေဖာ္၀င္စကတည္းက၊လစဥ္ဓမၼတာေသြးဆင္းရတဲ့၊ ဒုကၡနဲ႕၊ ကေလး ေမြးဖြားရတဲ့ ကာယိကဒုကၡေတြကုိ၊ ” ရွက္ရွက္”ဆုိတဲ့၊ မ ပ်ဳိပြားအဂၤါ (Vagian) ကေနတဆင့္၊ ခံစားၾကရတယ္။ ရွက္ရွက္ရဲ႕ရဲ႕ ျပင္ပပတ္၀န္းက်င္ကုိ သန္႕ရွင္းေျခာက္ေသြ႕ေအာင္၊ ဂ႐ုစုိက္ ထားရွိဘုိ႕လည္း၊ အေရးႀကီးတယ္။ အမ်ဳိးသမီးတုိင္းအတြက္၊ ‘ရွက္ရွက္”အတြင္းမွာ၊ အက်ဳိးျပဳ ဘက္တီးရီးယားအေရအတြက္ လုံေလာက္ေအာင္ ရွိေနပါမွ၊ မိန္းမကုိယ္အတြင္း၊ အက္စစ္ PH မွ်ေျခကုိ ထိန္းထားႏုိင္ၿပီး၊ ျပင္ပေရာဂါပုိးေတြ မ၀င္ႏုိင္ေအာင္ ကာကြယ္ႏုိိင္မွာျဖစ္တယ္။
က်န္းမာတဲ့ မိ္န္းမကုိယ္ ”ရွက္ရွက္”က၊ ထြက္တဲ့ အရည္ၾကည္ေတြက၊ အဲဒီအတြင္းဖက္ သန္႕ရွင္းေနေအာင္၊ ေျခာက္ေသြ႕မေနေအာင္၊ သဘာ၀တိုင္းျပဳလုပ္ေပးပါတယ္၊ အဲဒီအရည္ (Secretion)ေတြက၊ ဘာနဲ႕သ႑ာန္တူလဲဆုိေတာ့၊ ပါးစပ္ထဲထြက္တဲ့၊ တံေတြးေတြနဲ႕ အလား တူတယ္။ အဲဒီလုိ အကာအကြယ္ေပးႏုိ္္င္တဲ့(process)ေတြ မရွိေတာ့ရင္၊”ရွက္ရွက္အတြင္း” အတြင္း ေရာဂါပုိးမ်ဳိးစုံ ၀င္ေရာက္ၿပီး၊ မိန္းမကုိယ္ ေရာင္ယမ္း ယားနာတာ၊ အနံ႕ဆုိးတဲ့ အရည္ ေတြဆင္းတာ၊ သိပ္ဆုိးရင္၊ကို္ယ္တြင္းသားအိမ္နဲ႕ တျခားအဂၤ ါေတြအထိ၊ ေရာဂါပုိးေတြ ၀င္ေရာက္ၿပီး၊ ေ၀ဒနာႀကီးႀကီးမားမား ခံစားရေစပါတယ္။ အဲလုိ အျဖဴေတြဆင္းတာမ်ားရင္ အားအင္ယုတ္ေလ်ာ့သလုိ၊ စိတ္လတ္မၾကည္မသာနဲ႕ အေတာ္ ကသိကေအာင့္ႏုိင္ လွပါ တယ္။
မက်န္းမာတဲ့၊ ေရာဂါပုိး၀င္ေရာက္ခံထားရတဲ့၊ (Vagina)ျဖစ္ေနရင္၊ ေအာက္ပါ လကၡဏာေတြ အသီးသီး ခံစားလာရတယ္။ တသက္တာမွာ၊ အမ်ဳိးသမီးတုိင္း တႀကိမ္မဟုတ္ တစ္ႀကိမ္ေတာ့ခံစားဘူးပါလိမ့္မယ္။ ဒါေတြ ခံစားလာရရင္၊ နီးနီးနားနား ကုသဘုိ႕၊ ျပည့္စုံလုံ ေလာက္တဲ့ ကုသမႈခံယူဘုိ႕၊ အေရးႀကီးတယ္။
၁/ မိန္းမကို္ယ္အနီးတ၀ုိက္မွာ၊ ေဆးေၾကာသန္႕စင္ေပးရင္ကုိ အသားႏုဳေလးေတြကပါ၊ နာက်င္ပူေလာင္ေနတယ္။ ရွက္ရွက္ရဲ႕အတြင္းထဲက၊ ေလထြက္တာလုိလုိ၊ စပ္ပူစပ္ေလာင္ ခံစားရတာလုိလုိနဲ႕ ေနမထိ ထုိင္မသာ ခံစားရေစတယ္။
၂/ နီရဲေရာင္ယမ္းေနတာ၊ အနာအဆာျဖစ္ေနတာေတြကုိပါ၊ အဲဒီအနီးပတ္လည္မွာ၊ ေပါင္ၿခံေရွ႕ ဖက္ပိုင္းမွာ ေတြ႕တယ္။ ေတြ႕ရတတ္တယ္။
၃/ မိန္းမကုိယ္နဲ႕ ေပါင္ၿခံတ၀ုိက္မွာ၊ ေရာင္ရမ္းနာက်င္မႈနဲ႕အတူ၊ မကုတ္ရမေနႏုိင္ ယားယံ မႈပါ ခံစားလာရတယ္။ ကုတ္ဖဲ့တဲ့ လက္ေတြကပါ မသန္႕ရွင္းရင္၊ ေနာက္ထပ္ ဘက္တီးရီးယား ပုိးေတြပါ၊ ထပ္မံကူးစက္ခံရတတ္ပါတယ္။
၄/ အရည္ၾကည္(အျဖဴ)ဆင္းတာ၊ ပုံမွန္ထက္ပုိ မ်ားလာၿပီး၊ အနံအသက္ကလည္း၊ ဆုိးရြား လာတယ္။ အေရာင္အဆင္းကလည္း ၀ါညစ္ညစ္(သို႕) စိမ္း၀ါေရာင္ ျဖစ္လာတာ၊ ေတြ႕ရတယ္။
၅/ အိမ္ေထာင္ရွင္ေတြမွာ၊ ေယာက္်ားနဲ႕အတူေနရင္၊ အေတာ္ေလးျပင္းထန္စြာ နာက်င္မႈ ခံစားရတယ္။ Sex pleasure ခံစားရမဲ့အစား၊ အတူေနဘုိ႕ရာေတာင္ စိတ္ကုန္ခမ္းလာ လိမ့္မယ္။ ၾကာရင္၊ အိမ္ေထာင္ျပႆနာ မေျပာမလည္မႈေတြပါ၊ ေတြ႕လာရတယ္။
အဲဒီလုိ လကၡဏာေတြ ခံစားလာရရင္၊ မေပါ့ဆဘဲ၊ ေရာဂါျဖစ္ေစတဲ့အေၾကာင္းရင္းကုိ ရွာေဖြကုသဘုိ႕၊ သက္ဆုိင္ရာ ဆရာ၀န္ဆီ ေသခ်ာျပသကုသသင့္တယ္။
က်န္းမာေရးနဲ႕ ညီညြတ္တဲ့၊ မိန္းမကုိယ္ျဖစ္ေစဘုိ႕၊ အနံ႕မဆုိးဘုိ႕၊ အျဖဴအဆင္းမ မ်ားဘုိ႕ ေအာက္ပါတုိ႕ကုိ၊ လုိက္နာသင့္ပါတယ္။
(က) ရွက္ရွက္အတြင္း ပိုက္ထည့္ကာ၊ ေဆးရည္သုံးၿပီး၊ ေဆးေၾကာျခင္း မျပဳလုပ္သင့္ပါဘူး။
အေနာက္ႏုိ္င္ငံေတြမွာ၊ တခ်ဳိ႕အမ်ဳိးသမီးေတြက၊ မိန္းမကိုယ္အတြင္းထဲအထိ ေဆးရည္ေတြ ထည့္ၿပီး၊ ေဆးေၾကာေလ့ရွိၾကတယ္။ အဲလုိျပဳလုပ္ျခင္းက၊ မိန္းမကုိယ္ရဲ႕ pH ကုိ ပ်က္ျပားေစၿပီး၊ ေရာဂါပုိးေတြ ပုိမုိ၀င္ေရာက္လြယ္ေစပါတယ္။ ပုိးသတ္ေဆးပါတဲ့ ဆပ္ျပာေတြ, သန္႕စင္ပစၥည္းေတြသုံးၿပီး၊ သန္႕ရွင္းေပးတာကလည္း pH level ကုိ၊ ထိခိုက္ေစတယ္။ မိန္းမ ကုိယ္ရဲ႕ ခုခံအားကုိ ပ်က္စီးေစတယ္။pH level ရဲ႕ အေကာင္းဆုံးပမာဏဟာ၊ ၃,၈-၄,၅ ျဖစ္ပါတယ္။ အနံ႕ျပင္းလာလုိ႕၊ ကို္ယ္ဘာသာကုိယ္၊ ပုိးသတ္ေဆးရည္ေတြနဲ႕၊ ေဆးေၾကာပစ္မဲ့ အစား၊ ဆရာ၀န္နဲ႕ျပၿပီး ကုသတာ အမွန္ဆုံးနည္းလမ္းပါပဲ။
(ခ) အျမန္စာေတြ မစားပါနဲ႕။
အျမန္စာေတြ အခ်ဳိရည္ေတြ၊ သၾကားပါတဲ့ အစားအစာေတြနဲ႕ ကစီဓါတ္ ကာဘုိ ဟုိက္ၿဒိတ္ပါတာေတြ အစားမ်ားရင္၊ မိန္းမကုိယ္တြင္းရွိ အက္စစ္မွ်ေျခကုိ၊ ထိခိုက္ေစတယ္။ ဒါ့ေၾကာင့္၊ ထမင္းနဲ႕ အသားအသင့္အတင့္။ အသီးအရြတ္နဲ႕ အသီးအႏွံမ်ားမ်ားကုိ၊ ေန႕စဥ္စား သုံးေပးရင္ ၊ က်န္းမာေရးနဲ႕ ညီညြတ္လာေစသလုိ၊ မိ္န္းမရဲ႕၊ ေရာဂါပုိးခုခံႏုိင္စြမ္းအားကုိ ေကာင္းလာေစတယ္။ ဒါ့အျပင္ လတ္ဆက္တဲ့ သစ္သီးေဖ်ာ္ရည္နဲ႕ ေရမ်ားမ်ားလည္း၊ ေသာက္ေပးသင့္တယ္။ ခရမ္ဘယ္ရီ (cranberry juice) က ဆီးလမ္းေၾကာင္းနဲ႕ မိန္းမကုိယ္ အတြင္း၊ ပုိးမႊားမ၀င္ႏုိင္ေအာင္၊ ကာကြယ္ေပးႏိုင္တယ္။ ဒိန္ခ်ဥ္မ်ားမ်ား ေသာက္ေပးတာ ကလည္း၊ မိန္းမကိုယ္ pH ကုိ၊ အက္စစ္မွ်ေျခမွာ ထိန္းသိမ္းေပးႏုိင္ေစတယ္။
(ဂ) တစ္လင္တစ္မယားစနစ္ကုိသာ က်င့္သုံးပါ။
မိန္းမကုိယ္ေရာင္ယမ္းတာ အျဖဴဆင္းတာ၊ လိမ္မွတဆင့္ ကူးစက္ေရာဂါရၾကတာ ေၾကာင့္၊ ျဖစ္ျဖစ္တာမ်ားတယ္။ ဒါ့ေၾကာင့္၊မိမိဇနီးခင္ပြန္းအေပၚ သစၥာရွိရွိ ေစာင့္ထိန္း သင့္တယ္။ လိမ္, ေဖာက္ျပန္သူေတြအေနနဲ႕၊ မေစာင့္ထိန္းႏုိင္ရင္၊ ကြန္ဒုိသုံးဘုိ႕၊ မေမ့မေလ်ာ့ သတိရသင့္တယ္။ ကုိယ္ခ်င္းစာစိတ္ထားၿပီး ေယာက္်ားျဖစ္ေစ မိန္းမျဖစ္ေစ၊ တစ္ေယာက္ ေယာက္ေလာ္မာမႈေၾကာင့္၊ ေရာဂါရလာခဲ့ရင္ တျခားတစ္ေယာက္ဆီသုိ႕၊ ေရာဂါကူးစက္မခံ ရဘုိ႕၊ အထူးသတိထားသင့္တယ္။
အျဖဴဆင္းၿပီး ယားယံ, ေရာင္ရမ္းတာေတြ ျဖစ္လာရင္လည္း၊ လင္ေရာ မယားပါ တၿပိဳင္တည္း၊ ေဆးကုသမႈ ခံယူသင့္တယ္။ မဟုတ္ရင္ တစ္ေယာက္က တစ္ေယာက္ဆီသုိ႕၊ ျပန္လည္ ကူးစက္ေစမွာ ျဖစ္ပါတယ္။
(ဃ) ေဆးလိပ္ လုံး၀မေသာက္ပါနဲ႕။
က်န္းမာတ့ဲ မ်ဳိးပြားအဂၤ ါေတြ ျဖစ္ေစခ်င္တယ္ဆုိရင္၊ ေဆးလိပ္ေသာက္သူဆုိရင္၊ ေဆးလိပ္ ျဖတ္ပစ္ပါ။ ေဆးလိပ္ေသာက္သူအနီးမွာပါ။ မေနသင့္ဘူး။ ေဆးလိပ္ေငြ႕ထဲမွာပါတဲ့၊ နီကုိ တင္းနဲ႕ ကတၱရာဓါတ္ေတြက၊ မိန္းမကုိယ္ရွိ အက်ဳိးျပဳ၊ ဘက္တီးရီးယားေတြကုိ ထိခုိက္ပ်က္စီး ေစတယ္။ ဒါ့အျပင္၊ ေမြးလမ္းေၾကာင္းနံရံရွိ (proes) အေပါက္ငယ္ေလးေတြကုိ၊ ပိတ္ဆုိ႕ေစၿပီး၊ မူလ က်န္းမာေနတဲ့အေနအထားကုိ၊ ပ်က္ျပားသြားေစတယ္။ ေရာဂါပုိးေတြ ၀င္ေရာက္ ဘုိ႕လည္း၊ လြယ္ကူလာေစတယ္။
ဒ့ါေၾကာင့္၊ ကိုယ္တုိင္ေဆးလိပ္ေသာက္ဘုိ႕၊ မဆိုထားနဲ႕။ ေဆ းလိပ္ေသာက္သူ အနီးမွာေတာင္၊ ေဆးလိပ္အနံ႕ မ႐ႈမိေအာင္ ေရွာင္ရွားသင့္တယ္။
(င) ပဋိဇီ၀ေဆးေတြ မၾကာခဏ မေသာက္ပါနဲ႕။
ႏွာစီး ေခ်ာင္းဆုိး႐ုံေလးနဲ႕၊ သာမာန္ ဖ်ားနာ႐ုံလကၡဏာေလးနဲ႕၊ ပဋိဇီ၀ ေဆးအျပင္းေတြကုိ အလြယ္တကူ မေသာက္သင့္ဘူး။ အဲဒါေတြ အသုံးျပဳတာ မ်ားရင္၊ အက်ဳိးျပဳ ဘက္တီးရီးယား အေရအတြက္ကုိ ထိခိုက္ေစတယ္။ မိန္းမကုိယ္ရဲ႕ ေရာဂါပုိးမ၀င္ေအာင္ကာကြယ္ေပးေနမႈကို၊ က်ဆင္းေစတယ္။ တကယ္လုိ႕ သာမာန္ မျပင္းထန္တဲ့၊ မိႈစြဲေရာဂါ ျဖစ္ေနမယ္ဆိုရင္ေတာင္၊ မိႈပုိးသတ္ေဆးအျပင္းစားေတြ အသုံးျပဳမဲ့အစား၊ ဒိန္ခ်ဥ္မ်ားမ်ားေသာက္မယ္။ Kefir အသုံး ျပဳမယ္။ တကုိယ္ေရနဲ႕ ေပါင္ၿခံအနီးပတ္၀န္းက်င္ ေျခာက္ေသြ႕သန္႕ရွင္းေအာင္ထားမယ္ဆုိရင္ သက္သာေပ်ာက္ကင္းသြားမွာ ျဖစ္ပါတယ္။
(စ) အ၀တ္အစားကုိ ခ်ည္ထည္ ပြပြေခ်ာင္ေခ်ာင္ ၀တ္ဆင္သင့္တယ္။
ေဒါက္တာ ဘုသ္(Dr Booth) ကေျပာတယ္၊ မိန္းမကိုယ္ရဲ႕ အေရျပားေတြဟာ ႏူးညံ့ လြန္းတဲ့အတြက္၊ ထိခုိက္ပ်က္စီးလြယ္တယ္။ ႏုိင္လြန္နဲ႕, ပူတဲ့အ၀တ္စနဲ႕ ခ်ဳပ္လုပ္ထားတဲ့၊ အတြင္းခံေတြ ေဘာင္းဘီစကပ္ေတြကုိ၊ အတင္းအၾကပ္ထုတ္ေနေအာင္၊ ၾကပ္ခ်ပ္ေနေအာင္ မ၀တ္ဆင္သင္ဘူး။ ေလ၀င္ေလထြက္မေကာင္းတာ စြတ္စုိထုိင္းမႈိင္းေနတာက၊ ေရာဂါပုိးမႊား ေတြ အလြယ္ေပါက္ပြားေစတာ၊ လူကုိ ဒုကၡေပးေစတယ္။ ဒါ့ေၾကာင့္ ၁၀၀% ျပည့္ ၀ါဂြမ္းခ်ည္ ထြက္အထည္နဲ႕ ပုိးထည္အ၀တ္အစားေတြကုိ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ၀တ္ဆင္သင့္တယ္။ ဓါတု ထြက္ကုန္အ၀တ္အစားေတြကုိသာ၊ ၾကပ္တည္းစြာ ၀တ္ဆင္ေနရင္၊ အဲဒါေတြမွာပါတဲ့၊ အလာ ဂ်င္ေတြ ဓါတုေဆးေတြရဲ႕ ပြတ္တုိက္မႈ ဓါတ္မတည့္မႈေတြေၾကာင့္၊ ယားယံတာ အပူေလာင္တာ အျဖဴဆင္းတာေတြ ျဖစ္လာေစတယ္။
အမ်ဳိးသမီးသန္႕စင္ေဆးရည္ဆုိၿပီး တံဆိပ္အမ်ဳိးမ်ဳိးတပ္ၿပီး ေရာင္းခ်တာေတြ၊ အသုံးျပဳ ဘုိ႕ကုိ၊ ဆရာ၀န္ေတြက အားမေပးၾကပါဘူး။ အဲဒါေတြမွာပါတဲ့ ဒါတုပစၥည္းေတြ၊ ပုိးသတ္ေဆး ေတြက၊ ရွိရင္းအက်ဳိးျပဳဘက္တီးရီးယားေတြကုိပါ၊ ထိခိုက္ပ်က္စီးေစလုိ႕ မသုံးစြဲသင့္တာပါ။ အေကာင္းဆုံးကေတာ့ အိမ္သာ၀င္တုိင္း၊ ၾကည္လန္သန္႕ရွင္းတဲ့ေရေကာင္းမ်ားမ်ားနဲ႕ စင္ၾကယ္ေအာင္ေဆးေၾကာေပးရမွာျဖစ္တယ္။ ၿပီးရင္ သန္႕ရွင္းတ့ဲ အ၀တ္စ, တစ္သွ်ဴးစတာ ေတြနဲ႕၊ မိ္န္းမကုိယ္ပတ္၀န္းက်င္ေနရာေတြကုိ၊ ေျခာက္ေသြ႕ေအာင္ ေသခ်ာသုတ္ေပးသင့္ ပါတယ္။ ဒီနည္းကုိသာ ေန႕စဥ္ေရအိမ္၀င္တုိင္းသုံးေပးမယ္ဆုိရင္၊ မိန္းမကုိယ္ရဲ႕ PH ကုိ၊ အက္စစ္မွ်ေျခမွာ ေကာင္းစြာ ထိန္းထားႏုိင္ၿပီး၊ ေရာဂါပုိးေတြမ၀င္ေအာင္ ေသခ်ာကာကြယ္ ေပးႏုိင္ပါတယ္။
(ဆ) ကိုယ္တုိက္ဆပ္ျပာေတြကုိ သတိထားသုံးသင့္တယ္။
ဆပ္ျပာေတြမွာလည္း အေရာင္အနံ႕ ပါ၀င္ပစၥည္းေတြက ဓါတုပစၥည္းထြက္ကုန္ေတြ သုံးတာမ်ားၾကတယ္။ အဲဒါေတြအသုံးျပဳလုိ႕ ေပါင္ၿခံ တ၀ုိက္ ေဆးေၾကာမိရင္၊ မိန္းမကိုယ္ရဲ႕ PH ပမာဏကုိ မထိခိုက္ဘုိ႕၊ သတိထားသင့္တယ္။ ဓါတုပစၥည္း အပါနည္းတာနဲ႕၊ သဘာ၀နည္းလမ္းသုံးထုတ္လုပ္ထားတဲ့၊ ဆပ္ျပာေတြကုိသာ၊ ေရြးခ်ယ္သုံးစြဲသင့္တယ္။ ျဖစ္ႏုိင္ရင္ ေစ်းႀကီးခ်င္ ႀကီးပါေစေတာ့၊ သံလြင္ဆီထည့္သုံးထုတ္လုပ္ထားတဲ့၊ ဆပ္ျပာကုိသုံး စြဲဘုိ႕၊ အႀကံျပဳခ်င္ပါတယ္။
အမ်ဳိးသမီးေတြအေနနဲ႕ က်န္းမာေရးေကာင္းစြာ၊လွပညီညြတ္ခ်င္ရင္၊ မ်က္ႏွာတစ္ခုထဲ ဂ႐ုစုိက္အလွျပင္ေနလုိ႕၊မျဖစ္ဘူး။ ကုိယ္တြင္းကုိယ္ျပင္သန္႕ရွင္းစင္ၾကယ္ေအာင္ ထားပါမွ၊ တကုိယ္ေရသုံးပစၥည္းေတြကုိလည္း၊ ဂ႐ုစုိက္ ေရြးခ်ယ္သုံးစြဲပါမွ၊က်န္းမာႀကံ့ခုိင္တဲ့ အမ်ဳိးသမီး အလွကုိ ရယူပုိင္ဆုိင္ႏုိင္ၾကမွာပါ။ အဲဒီလုိ၊ ပို္င္ဆုိင္ လွပႏုိင္ေအာင္ အထက္ပါအခ်က္အလက္ လုိက္က်င့္သုံးၾကဘို႕၊ ႏႈိးေဆာ္တုိက္တြန္းလိုက္ပါတယ္။
ေဒါက္တာ ျမခ်ယ္ရီ