သင့်ကလေးရဲ့ မှတ်ဉာဏ်တိုးတက်စေဖို့ နည်းလမ်းတွေ
ကလေးတစ်ယောက် ဉာဏ်ရည်ကောင်းခြင်းမကောင်းခြင်းဟာ… ကျောင်းစာသင်ခန်းထဲမှာသာမက စာသင်ခန်းပြင်ပဘဝမှာပါ အရေးကြီးပါတယ်…
မှတ်ဉာဏ်ကောင်းတယ်ဆိုတာ.. ဘုရားကပေးတဲ့ ဆုချည်းပဲ မဟုတ်ပါဘူး…. လေ့ကျင့်ယူရင်လဲ ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုကြပါတယ်….
အောက်မှာ ဖော်ပြပေးမယ့်နည်းလမ်းတွေက… သင့်ကလေးကို လက်တွေ့ကျကျ ဉာဏ်ကောင်းစေမယ့် နည်းလမ်းတွေပါ…..
(1) ပြန်လှန်မေးခွန်းထုတ်တတ်စေဖို့ အားပေးပါ
သင်ခန်းစာ တစ်ပုဒ်ကို သင်ပြီးတိုင်း မကြေညက်တာ…. နားမလည်တာ များရှိရင် ရဲရဲဝံ့ဝံ့ မေးရဲဖို့… သင့်ကလေးကို သင်ထားပေးပါ….
သင်ခန်းစာကို ကြေကြေညက်ညက် နားလည်စေနိုင်တဲ့အပြင်… ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းနဲ့ ပြသနာဖြေရှင်းတဲ့စွမ်းရည်တွေကိုပါ ရလာစေမှာပါ
(2) ရွတ်ဆိုရလွယ်တဲ့ ကာရံတွေ သီချင်းတွေ ကလေးဖာသာ ဖန်တီးတတ်ပါစေ
ကျွန်မတို့ ဦးနှောက်ဟာ… ကာရံ နဘေတွေ… သံစဉ်တွေ… သီချင်းတွေ ဆိုရင် ပိုမှတ်မိလွယ်ပါတယ်
သိပ်မှတ်ရခက်နေတဲ့ စာတစ်ပုဒ်ဟာ သီချင်းဆန်ဆန်ပြောင်းလဲပေးလိုက်နိုင်ရင် သင့်ကလေးအဖို့…. အဲဒီစာကို မှတ်ရာမှာရော…စာမေးပွဲခန်းထဲမှာ ပြန်လည် recall လုပ်ရာမှာရော လွယ်သွားစေမှာပါ..
(3) စိတ်လှူပ်ရှားစရာ သင်ကြားမှူ ဖြစ်ပါစေ
သင့်ကလေးကို စာကြည့်တိုက် ကိုခေါ်သွားပြီး.. လေ့လာရမယ့် topic နဲ့ပတ်သက်တဲ့…. စာအုပ်တွေ journal တွေ… you tube video တွေကို ရှာခိုင်းပါ… ပြတိုက် ဒါမှမဟုတ် ပန်းချီပြခန်းဆိုရင်လဲရပါတယ်… သင့်ကလေးဟာ သူလေ့လာနေတဲ့ အပေါ်မှာ စိတ်ဝင်စားမှူပိုလာတာနဲ့အမျှ… မှတ်ဉာဏ်ပါ သိသိသာသာ တိုးတက်လာမှာပါ
(4) ကလေးဗဟိုပြုသင်ကြားမှူဖြစ်ပါစေ
သင့်ကလေးကို သင်နေတဲ့ …အကြောင်းအရာ နဲ့ ပတ်သက်ပြီး ဆွေးနွေးမှူတွေ ထင်မြင်ချက်တွေ …ပေးပါစေ
(5) ကလေးကို ကိုယ်ပိုင်ဥပမာတွေ ပေးခိုင်းပါ
သင့်ကလေးရဲ့ အတွေ့အကြုံ ပေါ်အခြေပြုပြီး…သင်ကြားနေတဲ့ အကြောင်းအရာ အပေါ်မှာ… ဥပမာတွေ ပေးခိုင်းပါ
(6) keyword ဒါမှမဟုတ် အဓိက idea ကို စာရင်းပြုစုပါ
သင်ခန်းစာ နဲ့ပတ်သက်တဲ့ စာပိုဒ်တစ်ခုလုံးရဲ့… ဆိုလိုရင်း ဒါမှမဟုတ် keyword တွေ ကို စာရင်းလုပ်ပေးထားပါ…. ဒါဆိုရင် ကလေးအဖို့ မှတ်ရလွယ်ကူနိုင်ပါတယ်
(7) သင့်ကလေးက သင့်ကို ပြန်သင်ပါစေ
သင့်ကလေးက သင့်ကို… ဒါမှမဟုတ် သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သင်ခန်းစာ ကို…. အစအဆုံး သူသဘောပေါက်သလို ပြန်သင်ပါစေ
သင့်ကလေး ဘယ်လောက်မှတ်မိသွားသလဲဆိုတာ.
ဆန်းစစ်နိုင်မယ့်အပြင် သူ့ရဲ့ ဉာဏ်ရည်ကိုပါ သိသိသာသာ တိုးတက်လာစေမှာပါ….
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်
သင့်ကလေးရဲ့ မှတ်ဥာဏ်တိုးတက်စေဖို့ နည်းလမ်းတွေ
ကလေးတစ်ယောက် ဥာဏ်ရည်ကောင်းခြင်းမကောင်းခြင်းဟာ… ကျောင်းစာသင်ခန်းထဲမှာသာမက စာသင်ခန်းပြင်ပဘဝမှာပါ အရေးကြီးပါတယ်…
မှတ်ဥာဏ်ကောင်းတယ်ဆိုတာ.. ဘုရားကပေးတဲ့ ဆုချည်းပဲ မဟုတ်ပါဘူး…. လေ့ကျင့်ယူရင်လဲ ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုကြပါတယ်….
အောက်မှာ ဖော်ပြပေးမယ့်နည်းလမ်းတွေက… သင့်ကလေးကို လက်တွေ့ကျကျ ဥာဏ်ကောင်းစေမယ့် နည်းလမ်းတွေပါ…..
သင့်ကလေးကို စာကြည့်တိုက် ကိုခေါ်သွားပြီး.. လေ့လာရမယ့် topic နဲ့ပတ်သက်တဲ့…. စာအုပ်တွေ journal တွေ… you tube video တွေကို ရှာခိုင်းပါ… ပြတိုက် ဒါမှမဟုတ် ပန်းချီပြခန်းဆိုရင်လဲရပါတယ်… သင့်ကလေးဟာ သူလေ့လာနေတဲ့ အပေါ်မှာ စိတ်ဝင်စားမှူပိုလာတာနဲ့အမျှ… မှတ်ဥာဏ်ပါ သိသိသာသာ တိုးတက်လာမှာပါ
ဆန်းစစ်နိုင်မယ့်အပြင် သူ့ရဲ့ ဥာဏ်ရည်ကိုပါ သိသိသာသာ တိုးတက်လာစေမှာပါ….
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်