” ကျွန်မကလေး လူကောင်သေးလို့ “
” ဆရာရေ…ကျွန်မကလေး လူကောင်သေးလို့…သူနဲ့ရွယ်တူ အခြားကလေးတွေနဲ့ယှဉ်ရင် ညှက်နေတယ်….အရပ်လည်း သိပ်မထွက်ဘူး…အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆရာ? “…..
မေးလာတဲ့ မိခင်အမျိုးသမီးကိုကြည့်တော့ 5 ပေမပြည့်တပြည့် အရပ်အမောင်း… ဒါနဲ့…..
” ကလေးက အရပ်မထွက်ဆို…အမကြီးကတော့ အရပ်ပုတဲ့ထဲ ပါတယ်နော်…အဖေဖြစ်သူကရော…ဘယ်အရပ်လောက်ရှိလဲဗျ?”
“သူ့အဖေကတော့ မပုဘူးဆရာ…ငါးပေ ကိုးလက်မလောက် ရှိတယ်”
“ဟာ…ဒါဆိုခင်ဗျားတို့က အိုင်တီ အစ်ထ် (it)အတွဲပေါ့?”
“ဟီးဟီး…ဟုတ်တယ်ဆရာ…သူငယ်ချင်းတွေဆို ကျွန်မတို့အတွဲကို ဆရာပြောသလိုပဲ….အိုင်တီ အစ်ထ်(it) အတွဲဆိုပြီး စကြတယ်… ကျွန်မက မိန်းကလေးဆိုတော့ ပုတာ သိပ်အကြောင်းမဟုတ် ပေမယ့်…သားကိုတော့ အရပ်ရှည်စေချင်တယ်ဆရာရယ်… ယောကျ်ားလေးဆိုတော့ အရပ်အမောင်းလေးရှိမှ ကြည့်ကောင်း မှာ…”
“ဒါပေါ့…ဒါပေါ့… ဆေးပညာအရပြောရရင် လူတစ်ယောက်ရဲ့ အရပ်အနိမ့်အမြင့်က မိဘမျိုးရိုးနဲ့အဓိကဆိုင်တယ်။ အဖေရော အမေရောပုနေရင်… ကလေးကို အရပ်အရမ်းရှည်ဖို့တော့ဘသိပ်မရှိဘူးပေါ… အမေရော အဖေရော အရပ်မြင့်ရင် ကလေးလည်း အရပ်မြင့်နိုင်တာပေါ့။အခုက အမကြီးက အရိပ်မမြင့်ပေမယ့် ကလေးအဖေက အရပ်ရှည်တဲ့ထဲပါတော့ သားဖြစ်သူလည်း အရပ်ရှည်ဖို့ အလားအလာရှိပါတယ်။”
“နောက်တစ်ချက်ကတော့ အစားအစာ…. ကလေးအရပ်ထွက်သင့်သလောက်ထွက်ဖို့ဆိုရင် ငယ်စဉ်ကတည်းက အာဟာရပြည့်ပြည့်ဝဝ မျှမျှတတ ကျွေးဖို့လိုတယ်ဗျ။ အဓိကအားဖြင့် ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်နဲ့ အရိုးတွေဖွံံဖြိုးသန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့အသားအစာတွေ ကျွေးသင့်တယ်။
ကြက်ဥ၊နွားနို့၊ပဲနို့၊အသား၊ဒိန်ချဉ် စတာတွေအသားပေး ကျွေးသင့်တယ်။ဟင်းသီးဟင်းရွက်လည်း ..မုန်လာဥ… ရွှေဖရုံသီး…စသဖြင့် ထည့်ကျွေးသင့်တယ်။”
“နောက်ထပ်တစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှုပေါ့… ကျွန်တော်တို့နိုင်ငံက မိဘအများစုကအစိုးရိမ်လည်းကြီးကြသဗျ။ ထိခိုက်ဒဏ်ရာရမှာ ချော်လဲမှာ စသဖြင့်စိတ်ပူကြတော့ အဆော့ အားကစားဘက်ကိုသိပ်အားမပေးကြဘူး။ ကလေးတွေ ထွားသင့်သလောက်မထွားတာ ဒီအချက်လည်းပါတယ်ဗျ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းတာ… ကလေးအားသန်ရာ အားကစားတစ်ခုခုကို လေ့ကျင့်ပျိုးထောင်ပေး တာမျိုးက ကလေးရဲ့ကြီးထွားဖွံံဖြိုးမှုကို အထောက်အကူပြုပြီး… လှုပ်ရှားမှုနည်းတဲ့သက်တူရွယ်တူအခြားကလေးတွေနဲ့ယှဉ်ရင် လူကောင်ပိုထွားပြီး ပိုမိုသန်မာကြတာတွေ့ရတယ်။”
“ဟုတ်တယ်ဆရာရေ့… သားသားကဘောလုံးကန်ချင်တာအရမ်း၊ ကျွန်မက ချော်လဲတာ၊ခြေခေါက်တာ၊ဒဏ်ရာရမှာ….အဲ့ဒါတွေ တွေးပူပြီးတော့ ဘာမှကို မဆော့ခိုင်းသလိုဖြစ်နေတာဆရာ… ကိုယ့်မှာရှိတာလည်း ဒီသားလေးတစ်ယောက်ထဲဆိုတော့….”
“မဆော့ခိုင်းဘဲထားလေ… ကြွက်သားတွေမသန်မာလေ… သက်လုံမကောင်းလေ…ကျန်းမာကြံ့ခိုင်မှု အားနည်းလေပဲဗျ… ချော်လဲဒူးပြဲတာလောက်ကတော့ ကျွန်တော်တို့ငယ်ငယ်ကလည်း ဖြစ်ပါတယ်ဗျာ…ဆေးထည့်လိုက်ရင်ကောင်းပါတယ်… တစ်ခုပဲ ကားအသွားအလာ ယာဉ်အသွားအလာများတဲ့ လမ်းတွေပေါ်တော့ တက်မကန်ခိုင်းနဲ့ပေါ့ဗျာ….ဘောလုံးကွင်းမှာပဲ စနစ်တကျကန်ခိုင်းပေါ့….”
“အဲ့ဒါလည်း ဟုတ်တယ်နော်ဆရာ….”
“အင်း…နောက်ဆုံးတစ်ချက်ကတော့ အိပ်ချိန်ပါ။ တစ်ရက်မှာပုံမှန်ရှိသင့်တဲ့အိပ်ချိန်တွေကတော့ *လမ်းလျှောက်တတ်စအရွယ်လေးတွေမှာ 10-13 နာရီ *ကျောင်းတက်အရွယ်တွေမှာ 10 နာရ ီ-12 နာရီ၊ *ဆယ်ကျော်သက်အရွယ်မှာ 8နာရီခွဲမှ 9နာရီခွဲ … ကလေးကို နေ့တိုင်းအချိန်မှန်အိပ်ခိုင်းတာ…အချိန်မှန်ထခိုင်းတာ.. စောစောအိပ် စောစောထ… အိပ်ရေးဝအောင် အိပ်ချိန်ပြည့်အောင် အိပ်ခိုင်းဖို့လည်း လိုတယ်အမကြီးရေ…ဒါမှသာ အမကြီးရဲ့သားက အမကြီးဖြစ်စေချင်သလို အင်တာနေရှင်နယ်အရပ်အမောင်းရနိုင် မှာဗျ”….
“ဟီးဟီး…ကျေးဇူးတင်ပါတယ်ဆရာရေ… သားလေးကို ဆရာပြောသလို အစား၊အအိပ်၊အားကစား သေချာလေး ဂရုစိုက်ပေးလိုက်ပါမယ်ဆရာ…. မဟုတ်ရင် အသက်ကြီးလာလို့ ပေမမှီဒေါက်မမှီဖြစ်နေမှ… ဒီအမေကိုအပြစ်ဖို့နေဦးမယ်…. ခွင့်ပြုပါဦးနော် ဆရာ ”
“ကောင်းပါပြီဗျာ…”
ဒေါက်တာမျိုး (UM 1)
“ဟီးဟီး…ဟုတ်တယ်ဆရာ…သူငယ်ချင်းတွေဆို ကျွန်မတို့အတွဲကို ဆရာပြောသလိုပဲ….အိုင်တီ အစ်ထ်(it) အတွဲဆိုပြီး စကြတယ်… ကျွန်မက မိန်းကလေးဆိုတော့ ပုတာ သိပ်အကြောင်းမဟုတ် ပေမယ့်…သားကိုတော့ အရပ်ရှည်စေချင်တယ်ဆရာရယ်… ယောက်ျားလေးဆိုတော့ အရပ်အမောင်းလေးရှိမှ ကြည့်ကောင်း မှာ…”
“ကောင်းပါပြီဗျာ…”
ဒေါက်တာမျိုး (UM 1)
MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ
Schizophrenia
1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...
1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ
1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
Leave a Reply
Your email address will not be published. Required fields are marked *