မိခင်လောင်းများသိစေဖို့
ဉာဏ်ရေမမှီတဲ့ ကလေးမမွေးဖို့၊ ဦးခေါင်းခွံမပါတဲ့ကလေးတွေမမွေးဖို့ဆိုတာ ကြိုတင်ကာကွယ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲဆိုရင် ကိုယ်ဝန်မဆောင်ခင်ထဲက ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့က အဓိကပါပဲ။
ဘာတွေပြင်ဆင်ရမလဲ ဆိုရင်တော့
ကိုယ်ခန္တာကျန်းမာအောင်ပြင်ဆင်ပါ။
အမျှင်ဓာတ်ပါတဲ့ အသီးအနှံများများစားပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းဟာ သွေးလည်ပတ်မှုကောင်းစေပါတယ်။ မြေဩဇာကောင်းတဲ့မြေမှာ ကောင်းတဲ့သီးနှံသီးသလိုဘဲ ကျန်းမာရေးကောင်းတဲ့မိခင်ထံမှာ ကျန်းမာရေးကောင်းတဲ့ ကလေးလေးတွေ သန္တေတည်နိုင်မှာဖြစ်ပါတယ်။
ကာကွယ်လို့ရတဲ့ရောဂါများကိုကြိုကာကွယ်ထားပါ။
ကိုယ်ဝန်မဆောင်ခင် မိခင်များအနေနဲ့ အသည်းရောင် B ကာကွယ်ဆေး ကြိုထိုးထားခြင်းဟာ ကလေး B ပိုးမဖြစ်အောင် ကာကွယ်ပေးလိုက်သလိုပါဘဲ။
သွေးအမျိုးအစားကြိုစစ်ထားပါ။
မိမိရော ၊ အမျိုးသားပါ သွေးအမျိုးအစားကြိုစစ်ထားပါ။ မိမိမှာ အနှုတ်သွေး( Rh Negative ) ဖြစ်နေပါက ဆရာဝန်ကို ကြိုတင်အသိပေးထားပြီး ကလေးမယူခင်ကြိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
ကူးစက်ရောဂါများကို ကြိုကုသထားပါ။
ကာလသားရောဂါ။ အသည်းရောင်အသားဝါ B ပိုး၊ HIV ပိုးတို့ဟာ အမေကနေကလေးကို ကူးစက်တတ်တာမို့ကြိုတင်သွေးစစ်ပြီးကုသထားတာအကောင်းဆုံးပါ။
မိမိမှာ ရောဂါအခံရှိမရှိ သိအောင်လုပ်ထားပါ။
ကိုယ်ဝန်ဆောင်စဉ်နဂိုရောဂါအခံအချို့( ဥပမာ_ သွေးတိုးခြင်း၊ ဆီးချိုသွေးချိုရှိခြင်း။ နှလုံးကြီးခြင်း၊ သွေးအားနည်းခြင်း) တို့ပိုဆိုးလာတတ်လာတတ်ပါတယ်။ ဒါကြောင့် ECG ဆွဲတာ၊ သွေးပေါင်ချိန်တာ၊ ဆီးချိူရှိမရှိစစ်တာ သွေးနီဥ ပုံမှန်ရှိမရှိစစ်တာတွေလုပ်ထားသင့်ပါတယ်။
အားဆေးကြိုသောက်ထားပါ။
မွေးကင်းစကလေး ဦးနှောက်ဖွံ့ဖြိုးမှုပုံမှန်ဖြစ်စေဖို့ဆိုရင် Folic acid အားဆေးကို 5 mg နေ့တိုင်း ကလေးမယူခင် ၁လ ကြိုသောက်ထားသင့်ပါတယ်။
ဆေးလိပ်ကြိုဖြတ်ထားပါ။
မြန်မာနိုင်ငံအနေနဲ့တော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးအလွန်နည်းပါတယ်။ တကယ်လို့သောက်နေမယ်ဆိုရင်တော့ မွေးကင်းစကလေး ချို့ယွင်းမှုမရှိအောင် ကလေးဝမ်းတွင်းသေဆုံးခြင်းမဖြစ်အောင် ကိုယ်ဝန်မယူခင် “၃”လ ထဲကဆေးလိပ် ဖြတ်ထားသင့်ပါတယ်။
ဒါလေးတွေသိထားမယ်။ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မိခင်လောင်းတွေအတွက် စိတ်အေးရမှာအမှန်ပါပဲလို့။
မယ်တင်( ဆေး ၁)
မိခင္ေလာင္းမ်ားသိေစဖို႔
ဥာဏ္ေရမမွီတဲ့ ကေလးမေမြးဖို႔၊ ဦးေခါင္းခြံမပါတဲ့ကေလးေတြမေမြးဖို႔ဆိုတာ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။
ဘယ္လိုကာကြယ္မလဲဆိုရင္ ကိုယ္ဝန္မေဆာင္ခင္ထဲက ျပင္ဆင္သင့္တာေတြ ျပင္ဆင္ဖို႔က အဓိကပါပဲ။
ဘာေတြျပင္ဆင္ရမလဲ ဆိုရင္ေတာ့
ကိုယ္ခနၱာက်န္းမာေအာင္ျပင္ဆင္ပါ။
အမၽွင္ဓာတ္ပါတဲ့ အသီးအႏွံမ်ားမ်ားစားေပးျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ ပံုမွန္လုပ္ေပးျခင္းဟာ ေသြးလည္ပတ္မႈေကာင္းေစပါတယ္။ ေျမဩဇာေကာင္းတဲ့ေျမမွာ ေကာင္းတဲ့သီးႏွံသီးသလိုဘဲ က်န္းမာေရးေကာင္းတဲ့မိခင္ထံမွာ က်န္းမာေရးေကာင္းတဲ့ ကေလးေလးေတြ သေနၱတည္ႏိုင္မွာျဖစ္ပါတယ္။
ကာကြယ္လို႔ရတဲ့ေရာဂါမ်ားကိုႀကိဳကာကြယ္ထားပါ။
ကိုယ္ဝန္မေဆာင္ခင္ မိခင္မ်ားအေနနဲ႔ အသည္းေရာင္ B ကာကြယ္ေဆး ႀကိဳထိုးထားျခင္းဟာ ကေလး B ပိုးမျဖစ္ေအာင္ ကာကြယ္ေပးလိုက္သလိုပါဘဲ။
ေသြးအမ်ိဳးအစားႀကိဳစစ္ထားပါ။
မိမိေရာ ၊ အမ်ိဳးသားပါ ေသြးအမ်ိဳးအစားႀကိဳစစ္ထားပါ။ မိမိမွာ အႏႈတ္ေသြး( Rh Negative ) ျဖစ္ေနပါက ဆရာဝန္ကို ႀကိဳတင္အသိေပးထားၿပီး ကေလးမယူခင္ႀကိဳျပင္ဆင္ႏိုင္မွာျဖစ္ပါတယ္။
ကူးစက္ေရာဂါမ်ားကို ႀကိဳကုသထားပါ။
ကာလသားေရာဂါ။ အသည္းေရာင္အသားဝါ B ပိုး၊ HIV ပိုးတို႔ဟာ အေမကေနကေလးကို ကူးစက္တတ္တာမို႔ႀကိဳတင္ေသြးစစ္ၿပီးကုသထားတာအေကာင္းဆံုးပါ။
မိမိမွာ ေရာဂါအခံရွိမရွိ သိေအာင္လုပ္ထားပါ။
ကိုယ္ဝန္ေဆာင္စဥ္နဂိုေရာဂါအခံအခ်ိဳ႕( ဥပမာ_ ေသြးတိုးျခင္း၊ ဆီးခ်ိဳေသြးခ်ိဳရွိျခင္း။ ႏွလံုးႀကီးျခင္း၊ ေသြးအားနည္းျခင္း) တို႔ပိုဆိုးလာတတ္လာတတ္ပါတယ္။ ဒါေၾကာင့္ ECG ဆြဲတာ၊ ေသြးေပါင္ခ်ိန္တာ၊ ဆီးခ်ိဴရွိမရွိစစ္တာ ေသြးနီဥ ပံုမွန္ရွိမရွိစစ္တာေတြလုပ္ထားသင့္ပါတယ္။
အားေဆးႀကိဳေသာက္ထားပါ။
ေမြးကင္းစကေလး ဦးေႏွာက္ဖြံ႕ၿဖိဳးမႈပံုမွန္ျဖစ္ေစဖို႔ဆိုရင္ Folic acid အားေဆးကို 5 mg ေန႔တိုင္း ကေလးမယူခင္ ၁လ ႀကိဳေသာက္ထားသင့္ပါတယ္။
ေဆးလိပ္ႀကိဳျဖတ္ထားပါ။
ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ ေဆးလိပ္ေသာက္တဲ့အမ်ိဳးသမီးအလြန္နည္းပါတယ္။ တကယ္လို႔ေသာက္ေနမယ္ဆိုရင္ေတာ့ ေမြးကင္းစကေလး ခ်ိဳ႕ယြင္းမႈမရွိေအာင္ ကေလးဝမ္းတြင္းေသဆံုးျခင္းမျဖစ္ေအာင္ ကိုယ္ဝန္မယူခင္ “၃”လ ထဲကေဆးလိပ္ ျဖတ္ထားသင့္ပါတယ္။
ဒါေလးေတြသိထားမယ္။ ႀကိဳတင္ျပင္ဆင္ထားမယ္ဆိုရင္ မိခင္ေလာင္းေတြအတြက္ စိတ္ေအးရမွာအမွန္ပါပဲလို႔။
မယ္တင္( ေဆး ၁)