All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Tips for moms of children who are difficult to feed
1 Mins read
အစားကျွေးရခက်တဲ့ကလေးကို ဘယ်လိုကျွေးမလဲ?
” ပုံ့ပုံ့ရေ ငါစိတ်တိုလာပြီနော် ။ နင့်ကိုကျွေးနေရတာ ထမင်းလေးတစ်ပန်းကန်ကို နေ့တစ်ဝက်ကျိုးတော့မယ် ခုထက်ထိမကုန်နိုင်သေးဘူး။ငါစိတ်တွေလည်း ညစ်ပါတယ်ဟယ်”ဒီအသံက ကျွန်မတူမလေး ပုံ့ပုံ့ကို ထမင်းကျွေးတိုင်း အိမ်မှာကြားနေကြအသံ။ပြောတဲ့သူတွေ၊ ကျွေးတဲ့သူတွေသာ ပြောင်းသွားမယ် တူမလေး ပုံ့ပုံ့ကတော့ထမင်းကျွေးရခက်နေဆဲ။ ခုဖတ်နေတဲ့မေမေတို့ထဲမှာရော ဒါမျိုးကြုံတွေ့နေရတဲ့ မေမေတွေရှိနေမှာပဲနော်။ဒီလိုမျိုးကြုံတွေ့နေရင် နည်းလမ်း ၆ ခုနဲ့ဖြေရှင်းနိုင်ပါတယ်။
၁) ကလေးငယ်ကို ဖိအားမပေးပါနဲ့။
တစ်ချို့ကလေးငယ်တွေက အစားစားချင်စိတ်နည်းပါတယ်။ ဒါကို အခြားကလေးစားသလို အများကြီးမစားလို့။ခဏခဏ မစးလို့ဆိုပြီး သင့်ကလေးကယ်ကို ဆူပူမယ် ။ အတင်းစားခိုင်းမယ်ဆိုရင် သင်ရော သင့်ကလေးပါ စိတ်ညစ်ရပါလိမ့်မယ်။ ကလေးငယ်ကို အချိန်နဲ့ ကျွေးတာကောင်းတယ်ဆိုပေမယ့်ကလေး မဆာတဲ့အချိန်မှာအတင်းစားခိုင်းတာမျိုးတော့ ရှောင်စေခြင်ပါတယ်။ အတင်းစားခိုင်းတာများလာတဲ့အခါ ကလေးငယ်မှာ ထမင်းစားချိန်ကို ကြောက်လာပြီး မစားခြင်တဲ့ကလေးကိုပိုဆိုးစေပါတယ်။
၂) အချိန်မှန်မှန်လေး ကျွေးပေးပါ။
ကလေးငယ်ကို မနက်စာ၊ နေ့လယ်စာ၊ ညစာ ရယ်လို့ သတ်မှတ်ထားတဲ့အချိန် ဝန်းကျင်မှာကျွေးတာအကောင်းဆုံးပါပဲ။ တကယ်လို့ကလေးက နေ့လယ်စာ စားချိန်မှာ ထမင်းစားဖို့ ငြင်းဆန်နေမယ်ဆိုရင် တစ်ခါတစ်လေ သူ့ဘက်က ရပ်တည်ပေးပြီး ထမင်းအစား အာဟာရပြည့်နိုင်တဲ့
နွားနို့ နဲ့ မုန့်ဖြစ်စေ၊ အသီးဖျော်ရည်ဖြစ်စေ ကျွေးပေးနိုင်ပါသေးတယ်။
၃) ကလေးငယ်တွေဟာ အစားအစာအသစ်ကိုလက်ခံဖို့ခက်ပါတယ်။
မေမေတွေကတော့ ကလေးကို အာဟာရစုံစေခြင်တယ်။ ကျန်းမာစေခြင်တယ်ဆိုပေမယ့် ကလေးငယ်တွေအတွက်ကျတော့ သူစားနေကျမဟုတ်တာကို လက်ခံဖို့ ၊ စားဖို့ အချိန်ယူရပါတယ်။ဒီနေရာမှာ ကလေးအတွက် အကျိုးရှိလွန်းလို့ကျွေးချင်တယ်ဆိုရင် ကလေးကို ” အရသာလေးကောင်းလိုက်တာ”လို့ပြောတာထက် ” သားသားစားမယ့်ဟာလေးက ပျော့ပျော့လေး ။ ဝါးလို့ကောင်းတယ်။ အဝါရောင်လေး။ သားကစားနေကျ ကစားစရာလေးအရောင်လေ” စသဖြင့် သူရင်းနှီးတဲ့ ပစ္စည်းလေးတွေနဲ့တွဲပြီးပြောပေးမယ်။နောက် သူြက်ုက်တဲ့အစားအစာနဲ့ တွဲကျွေးမယ်ဆို ကလေးနဲ့ကိုယ်နဲ့ အတိုက်အခံ လုပ်စရာမလိုဘဲ ကျွေးလို့ရလာပါလိမ့်မယ်။
၄)ကလေးငယ်တွေ အတွက်စိတ်ဝင်စားဖွယ်ဖန်တီးပေးပါ။
ပုံဖော်လို့ရတဲ့ အသီးအနှံလေးတွေ( ဥပမာ.. ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပေါင်မုန့်) စတဲ့အာဟာရပြည့်တဲ့အစားအစာတွေကို ပုံစံမျိုးစုံလေးတွေဖော်ပြီးကျွေးပေးခြင်းကကလေးကို အစားအသောက်စားရတာပျော်ရွှင်ဖွယ်ဖြစ်စေမှာ အသေချာပါပဲနော်။
၅) ကလေးငယ်ကို ပါဝင်ခိုင်းပါ။
ဈေးဝယ်တဲ့နေရာခေါ်သွားပြီး ကလေးငယ်ကို သူစားနေကျ မုန့်လေးတွေရွေးဝယ်ခိုင်တာ၊ အသီးအနှံတန်းမှာအသီးလေးတွေရွေးခိုင်းခြင်းက ကလေးငယ်ကို အစားအစာမှာ ပိုစိတ်ဝင်စားစေပါတယ်။ကျွေးတဲ့အခါမှာလည်း ” သားသားရွေးတဲ့ မုန့်လေးပေါ့” ဆိုတာမျိုးက ကလေးငယ်အတွက် ပိုစားကောင်းစေပါတယ်။
၆) ကလေးထမင်းကျွေးတဲ့အချိန်မှာ တီဗီမပြပါနဲ့
ကလေးငယ်ဟာ ထမင်းစားတဲ့အချိန်မှာ ထမင်းကိုပဲ အာရုံစိုက်စားပါစေ။ ထမင်းစား စားပွဲမှာထိုင်ပြီး မိသားစုနဲ့အတူဝိုငးဖွဲ့စားနိုင်တာပိုကောင်းပါတယ်။တော်တော်များများက ကလေးထမင်းကျွေးနေချိန် ငြိမ်အောင်စားအောင်တီဗီဖွင့်ပေးထားတတ်လို့နောက်ဆို မဖွင့်ပဲ ခုပြောတဲ့နည်းလမ်းလေးနဲ့ ပြောင်းလုပ်ကြည့်ပါလို့။
၇) ကလေးငယ်ကို စားပြီး သကြားလုံး ကျွေးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။
ကလေးကို ဆုပေးပြီး စားခိုင်းတာက ရေရှည်မှာ သိပ်အဆင်မပြေပါဘူး။ သကြားလုံးကပ်ုကောင်းတယ်လို့ ကလေးကို အထင်ရောက်စေပြီး ကလေးရဲ့ အချိုစားခြင်စ်တ်ကိုပိုဖြစ်ပေါ်စေပါတယ်။ဆောင်ရန်ရှောင်ရန်နည်းလမ်းလေးတွေကို ခြင့်ချိန်ပြီးဆိုရင်တော့ ကလေးကို အစားအစာကျွေးဖို့လွယ်ကူလာပါလိမ့်မယ်နော်။
မယ်တင်( ဆေး ၁)
၎)ကလေးငယ်တွေ အတွက်စိတ်ဝင်စားဖွယ်ဖန်တီးပေးပါ။
မယ်တင်( ဆေး ၁)
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Why do doctors ask for an ultrasound during pregnancy?
1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
Why Children Should Avoid Energy Drinks
1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
Leave a Reply
Your email address will not be published. Required fields are marked *