ပုရိသတို့ရဲ့ရှက်ရှက် သန့်သန့်ရှင်းရှင်းထားနိုင်ဖို့ရာ
စာရေးသူတို့ဝန်းကျင်မှာ မိန်းကလေးတို့ရှက်ရှက်သန့်ရှင်းရေးကို ဦးစားပေးကြသလောက် ယောကျ်ားလေးတို့ရှက်ရှက်နေရာကို သန့်ရှင်းမှုလုပ်ဖို့တိုက်တွန်းကြသူနည်းပါတယ်။ ဒါပေမယ့် ပုရိသတို့ရှက်ရှက် ညစ်ပတ်တဲ့အခါ ကိုယ့်ရဲ့လိင်အင်္ဂါကျန်းမာရေးကိုလည်းထိခိုက်နိုင်သလို မိမိရဲ့လက်တွဲဖော် ဣတ္ထိယမိန်းကလေးကိုလည်း ဆီးပိုးဝင်ခြင်းအစရှိတဲ့ရောဂါများဖြစ်စေနိုင်တာကြောင့် အမျိုးသားလိင်အင်္ဂါသန့်ရှင်းရေးအတွက် ဆောင်ရန်အချက်အလက်များကိုတင်ပြလိုက်ရပါတယ်။
၁။ သင့်ရဲ့လိင်အင်္ဂါနှင့်အရေပြားကို နေ့စဉ်ရေချိုးတိုင်း ဆပ်ပြာနှင့်ပွတ်တိုက်ဆေးကြောပါ။ တင်ပါးနှင့်အောက်ပိုင်း ‘ကြား’ နေရာများကိုသေချာပွတ်တိုက်သန့်ရှင်းပေးပါ။
၂။ ဆီးသွားပြီးသောအခါ လိင်အင်္ဂါကျင်ချောင်းအတွင်း ဆီးမကျန်စေရန်ဂရုပြုပါ။ ဆီးကုန်အောင်သွားပေးပါ။
၃။ ဝမ်းသွားပြီးချိန်တွင် သန့်ရှင်းအောင်ဆေးကြောပါ။ လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းစင်ကြယ်အောင်ဆေးပါ။
၄။ အပေါ့သွားပြီးတိုင်း၊ အလေးသွားပြီးတိုင်း လက်ကိုစင်ကြယ်အောင်ဆေးပါ။ တစ်ကိုယ်ရေကျန်းမာရေးဆိုသည်မှာ လိင်အင်္ဂါအပါအဝင်တစ်ကိုယ်လုံးကိုဆိုလိုပါသည်။ တစ်ကိုယ်ရေသန့်ရှင်းရေးတွင် အဓိကအကျဆုံးမှာ လက်သန့်ရှင်းရန်ဖြစ်ပါသည်။
၅။ လိင်တံအောက်အရေပြားနှင့် ဝှေးစေ့အရေပြားအောက်ကို ရေချိုးတိုင်းဆပ်ပြာနှင့်သန့်ရှင်းပေးပါ။ ဆီးခုံမွှေးကိုဆပ်ပြာနှင့်သန့်ရှင်းပါ။
ဒါဆိုရင်တော့ ကျန်းမာတဲ့ လိင်ပိုင်းဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းမှုရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ပုရိသတို႔ရဲ႕႐ွက္႐ွက္ သန္႔သန္႔႐ွင္း႐ွင္းထားႏိုင္ဖို႔ရာ
စာေရးသူတို႔ဝန္းက်င္မွာ မိန္းကေလးတို႔႐ွက္႐ွက္သန္႔႐ွင္းေရးကို ဦးစားေပးၾကသေလာက္ ေယာက်္ားေလးတို႔႐ွက္႐ွက္ေနရာကို သန္႔႐ွင္းမႈလုပ္ဖို႔တိုက္တြန္းၾကသူနည္းပါတယ္။ ဒါေပမယ့္ ပုရိသတို႔႐ွက္႐ွက္ ညစ္ပတ္တဲ့အခါ ကိုယ့္ရဲ႕လိင္အဂၤါက်န္းမာေရးကိုလည္းထိခိုက္ႏိုင္သလို မိမိရဲ႕လက္တြဲေဖာ္ ဣတၳိယမိန္းကေလးကိုလည္း ဆီးပိုးဝင္ျခင္းအစ႐ွိတဲ့ေရာဂါမ်ားျဖစ္ေစႏိုင္တာေၾကာင့္ အမ်ိဳးသားလိင္အဂၤါသန္႔႐ွင္းေရးအတြက္ ေဆာင္ရန္အခ်က္အလက္မ်ားကိုတင္ျပလိုက္ရပါတယ္။
၁။ သင့္ရဲ႕လိင္အဂၤါႏွင့္အေရျပားကို ေန႔စဥ္ေရခ်ိဳးတိုင္း ဆပ္ျပာႏွင့္ပြတ္တိုက္ေဆးေၾကာပါ။ တင္ပါးႏွင့္ေအာက္ပိုင္း ‘ၾကား’ ေနရာမ်ားကိုေသခ်ာပြတ္တိုက္သန္႔႐ွင္းေပးပါ။
၂။ ဆီးသြားၿပီးေသာအခါ လိင္အဂၤါက်င္ေခ်ာင္းအတြင္း ဆီးမက်န္ေစရန္ဂ႐ုျပဳပါ။ ဆီးကုန္ေအာင္သြားေပးပါ။
၃။ ဝမ္းသြားၿပီးခ်ိန္တြင္ သန္႔႐ွင္းေအာင္ေဆးေၾကာပါ။ လက္ကိုဆပ္ျပာျဖင့္ သန္႔႐ွင္းစင္ၾကယ္ေအာင္ေဆးပါ။
၄။ အေပါ့သြားၿပီးတိုင္း၊ အေလးသြားၿပီးတိုင္း လက္ကိုစင္ၾကယ္ေအာင္ေဆးပါ။ တစ္ကိုယ္ေရက်န္းမာေရးဆိုသည္မွာ လိင္အဂၤါအပါအဝင္တစ္ကိုယ္လံုးကိုဆိုလိုပါသည္။ တစ္ကိုယ္ေရသန္႔႐ွင္းေရးတြင္ အဓိကအက်ဆံုးမွာ လက္သန္႔႐ွင္းရန္ျဖစ္ပါသည္။
၅။ လိင္တံေအာက္အေရျပားႏွင့္ ေဝွးေစ့အေရျပားေအာက္ကို ေရခ်ိဳးတိုင္းဆပ္ျပာႏွင့္သန္႔႐ွင္းေပးပါ။ ဆီးခံုေမႊးကိုဆပ္ျပာႏွင့္သန္႔႐ွင္းပါ။
ဒါဆိုရင္ေတာ့ က်န္းမာတဲ့ လိင္ပိုင္းဆိုင္ရာ တစ္ကိုယ္ေရသန္႔႐ွင္းမႈ႐ွိတဲ့ဘဝကို ပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ