ကလေးချီရာတွင် သတိပြုစရာ
မိဘအသစ်ကျပ်ချွတ်အများစုမှာ အိပ်ရေးပျက်ရသည့် ညများ ၊ တညလုံးငိုနေမည့် ကလေးငယ်များ ၊ ခဏခဏလဲရမည့်သေးခံများ အစရှိသည်တို့ကို မျှော်လင့်ထားကြသော်လည်း အချိန်ပြည့် ကလေးပေါက်စနတစ်ယောက်ကို အချီအချလုပ်ရ ထိန်းရခြင်းအစရှိသည့် ကိစ္စတို့ကို အများစု လျှော့တွက်တတ်ကြပါတယ် ။
ကလေးငယ်များကို ထိန်းကျောင်းပြုစုရခြင်းဟာ ထင်ထားသည်ထက်ပိုပင်ပန်း ပိုပြီး ဂရုစိုက်ရပါတယ် ။ သူတို့လေးတွေရဲ့ ကျန်းမာရေး အစားအသောက်ပုံမှန်စားနိုင်ရေး အာဟာမျှတစေရေးတို့ကို အာရုံအမြဲစိုက်နေရတဲ့မိဘတွေဟာ ကိုယ့်ကိုယ်ကို ဂရုမစိုက်လောက်အောင်ဖြစ်လာရပါတယ် ။ ဒါကြောင့် ကလေးငယ်တွေကို ချီရာ ချရာမှာ သတိမထားမိဘဲ အနေအထားမူမမှန်တာတွေကြောင့် ခါးတွေ ကျောတွေ လည်ပင်းတွေမှာ ထိခိုက်ပြီး ကိုက်ခဲခြင်းဝေဒနာတွေကို ရေရှည်မှာ ခံစားလာရပါတယ် ။
ဒီဟာကို ကာကွယ်နိုင်ဖို့အတွက် ဖေဖေ မေမေတို့ ခါးနာ ကျောနာဒဏ်တွေကနေ ကာကွယ်ဖို့ သက်သာစေဖို့အတွက် အဆင့်လေးတွေဖော်ပြပေးလိုက်ပါတယ် ။
(၁) ကလေးချီရာတွင် ဂရုစိုက်ပါ
ခါးကို ကွေးပြီး ဆတ်ခနဲ လှမ်းချီလိုက်ခြင်းမျိုးကို ရှောင်ပါ ။ ခြေထောက်တွေကိုအသုံးပြုပြီး ကလေးနားသွားပြီးချီပါ ။ အဝေးကနေ လှမ်းပြီး လက်ကိုဆန့်ပြီး ချီခြင်းတွေဟာ ဒဏ်ဖြစ်စေနိုင်ပါတယ် ။
(၂)ဒူးကွေးပါ ထိုင်ပါ
ကလေးကို ကားထဲထည့်ပြီး ခါးပတ်ပတ်တဲ့အခါ ခါးကိုလိမ်ပြီးကုန်းကုန်းကြီးလုပ်နေတာစာရင် ဒူးထောက်ချပြီး သေချာတပ်ဆင်ပေးခြင်းဟာ သင့်ခါးကိုသက်သာရာရစေမှာပါ ။
(၃) လက်ကို မကြာခဏပြောင်းပါ
ကလေးကိုချီတဲ့အခါ အချိန်ကြာမြင့်စွာ လက်တစ်ဖက်တည်းနဲ့ချီခြင်းမျိုးကို ရှောင်ပါ
(၄)နို့တိုက်စဉ် အနေအထား မှန်ပါစေ
ကလေးကို နို့တိုက်တဲ့အခါမှာ မတ်မတ်ထိုင်ပြီး ကလေးကို သားမြတ်နဲ့ တတန်းတည်းထားပြီးတိုက်ပါ ။ ခါးကုန်းပြီး နို့တိုက်တတ်သည့်အကျင့်ကိုရှောင်ပါ ။ ခေါင်းအုံး မှီအုံးတို့ကို အသုံးပြု၍ သက်တောင့်သက်သာရှိစေရန် ဂရုပြုပေးပါ ။
(၅) ကလေးချီစဉ် ခါးကို မလိမ်မိပါစေနှင့်
ကလေးကိုချီပြီးမှ လှည့်ပါ
(၆) ကိုယ့်ကြံခိုင်မှုကို အမြဲစစ်ဆေးပါ
ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ကြွက်သားတွေနဲ့ တင်ပဆုံကြွက်သားတွေဟာ အားနည်းသွားလေ့ရှိပါတယ် ။ ဒါကြောင့် လေ့ကျင့်ခန်းတွေပြန်လုပ်ပြီး သန်မာလာစေရန် လုပ်ဆောင်သင့်ပါတယ် ။ ဒါဟာ သင့်အနေအထားမူမှန်စေဖို့ ဒဏ်မဖြစ်စေဖို့အရေးပါ ပါတယ် ။
(၇) အချိန်အကြာကြီး မတ်တပ်ရပ်ခြင်းမျိုးကိုရှောင်ကြဉ်ပါ
ဒီလိုကြာကြာရပ်ခြင်းဟာ သင့်ကျောကို ဖိအားတွေများစေပါတယ် ။ ဒါကြောင့် လှုပ်လှုပ်ရှားရှားနေပြီး ရေကူးတာ လမ်းလျှောက်တာ ယောဂကျင့်တာ အစရှိတာတွေကို သင့်ကြွက်သားတွေ အရိုးအဆစ်တွေ အတွက် မကြာခဏလုပ်ဆာင်ပေးပါ ။
(၈)အလျင်မလိုပါနဲ့
အလောတကြီး လှမ်းချီလိုက်တာမျိုး ဆတ်ခနဲချီလိုက်တာမျိုးတွေဟာ ဒဏ်ဖြစ်စေကြီး အခန့်မသင့်ရင် အိပ်ယာထဲလဲနိုင်စေပါတယ် ။ ဖြည်းဖြည်းနဲ့ပုံမှန်အတိုင်း လုပ်ဆောင်ဖို့သတိပြုပါ ။
(၉)အလွန်အကျွံမလုပ်ဆောင်ပါနှင့်
ကလေးချီပိုးရင်း အထုပ်အပိုးအမြောက်အများကိုတပြိုင်နက်တည်း သယ်ခြင်းဟာ ဒဏ်ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ် ။
ခါးနာခြင်း ခါးကိုက်ခြင်းများဖြစ်ပေါ်လာက
* ရေနွေးအိတ်ကပ်ပါ
* အနားယူပါ
* အကြောဆန့်လေ့ကျင့်ခန်း အကြောလျှော့လေ့ကျင့်ခန်းများလုပ်ဆောင်ပါ
* အနှိပ်ခံခြင်း message therapy များယူပါ
* အကိုက်အခဲပျောက်ဆေးတွေဟာ ခဏတာသက်သာစေပေမယ့်ရေရှည်မှာ သင့်ကိုပိုထိခိုက်စေမှာပါ
* မသက်သာလျှင် ဆရာဝန်နှင့်ပြသပါ
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
ကေလးခ်ီရာတြင္ သတိျပဳစရာ
မိဘအသစ္က်ပ္ခၽြတ္အမ်ားစုမွာ အိပ္ေရးပ်က္ရသည့္ ညမ်ား ၊ တညလုံးငိုေနမည့္ ကေလးငယ္မ်ား ၊ ခဏခဏလဲရမည့္ေသးခံမ်ား အစရွိသည္တို႔ကို ေမွ်ာ္လင့္ထားၾကေသာ္လည္း အခ်ိန္ျပည့္ ကေလးေပါက္စနတစ္ေယာက္ကို အခ်ီအခ်လုပ္ရ ထိန္းရျခင္းအစရွိသည့္ ကိစၥတို႔ကို အမ်ားစု ေလွ်ာ့တြက္တတ္ၾကပါတယ္ ။
ကေလးငယ္မ်ားကို ထိန္းေက်ာင္းျပဳစုရျခင္းဟာ ထင္ထားသည္ထက္ပိုပင္ပန္း ပိုၿပီး ဂ႐ုစိုက္ရပါတယ္ ။ သူတို႔ေလးေတြရဲ႕ က်န္းမာေရး အစားအေသာက္ပုံမွန္စားႏိုင္ေရး အာဟာမွ်တေစေရးတို႔ကို အာ႐ုံအၿမဲစိုက္ေနရတ့ဲမိဘေတြဟာ ကိုယ့္ကိုယ္ကို ဂ႐ုမစိုက္ေလာက္ေအာင္ျဖစ္လာရပါတယ္ ။ ဒါေၾကာင့္ ကေလးငယ္ေတြကို ခ်ီရာ ခ်ရာမွာ သတိမထားမိဘဲ အေနအထားမူမမွန္တာေတြေၾကာင့္ ခါးေတြ ေက်ာေတြ လည္ပင္းေတြမွာ ထိခိုက္ၿပီး ကိုက္ခဲျခင္းေဝဒနာေတြကို ေရရွည္မွာ ခံစားလာရပါတယ္ ။
ဒီဟာကို ကာကြယ္ႏိုင္ဖို႔အတြက္ ေဖေဖ ေမေမတို႔ ခါးနာ ေက်ာနာဒဏ္ေတြကေန ကာကြယ္ဖို႔ သက္သာေစဖို႔အတြက္ အဆင့္ေလးေတြေဖာ္ျပေပးလိုက္ပါတယ္ ။
(၁) ကေလးခ်ီရာတြင္ ဂ႐ုစိုက္ပါ
ခါးကို ေကြးၿပီး ဆတ္ခနဲ လွမ္းခ်ီလိုက္ျခင္းမ်ဳိးကို ေရွာင္ပါ ။ ေျခေထာက္ေတြကိုအသုံးျပဳၿပီး ကေလးနားသြားၿပီးခ်ီပါ ။ အေဝးကေန လွမ္းၿပီး လက္ကိုဆန္႔ၿပီး ခ်ီျခင္းေတြဟာ ဒဏ္ျဖစ္ေစႏိုင္ပါတယ္ ။
(၂)ဒူးေကြးပါ ထိုင္ပါ
ကေလးကို ကားထဲထည့္ၿပီး ခါးပတ္ပတ္တ့ဲအခါ ခါးကိုလိမ္ၿပီးကုန္းကုန္းႀကီးလုပ္ေနတာစာရင္ ဒူးေထာက္ခ်ၿပီး ေသခ်ာတပ္ဆင္ေပးျခင္းဟာ သင့္ခါးကိုသက္သာရာရေစမွာပါ ။
(၃) လက္ကို မၾကာခဏေျပာင္းပါ
ကေလးကိုခ်ီတ့ဲအခါ အခ်ိန္ၾကာျမင့္စြာ လက္တစ္ဖက္တည္းနဲ႔ခ်ီျခင္းမ်ဳိးကို ေရွာင္ပါ
(၄)ႏို႔တိုက္စဥ္ အေနအထား မွန္ပါေစ
ကေလးကို ႏို႔တိုက္တ့ဲအခါမွာ မတ္မတ္ထိုင္ၿပီး ကေလးကို သားျမတ္နဲ႔ တတန္းတည္းထားၿပီးတိုက္ပါ ။ ခါးကုန္းၿပီး ႏို႔တိုက္တတ္သည့္အက်င့္ကိုေရွာင္ပါ ။ ေခါင္းအုံး မွီအုံးတို႔ကို အသုံးျပဳ၍ သက္ေတာင့္သက္သာရွိေစရန္ ဂ႐ုျပဳေပးပါ ။
(၅) ကေလးခ်ီစဥ္ ခါးကို မလိမ္မိပါေစႏွင့္
ကေလးကိုခ်ီၿပီးမွ လွည့္ပါ
(၆) ကိုယ့္ၾကံခိုင္မႈကို အၿမဲစစ္ေဆးပါ
ကိုယ္ဝန္ေဆာင္စဥ္မွာ ဗိုက္ႂကြက္သားေတြနဲ႔ တင္ပဆုံႂကြက္သားေတြဟာ အားနည္းသြားေလ့ရွိပါတယ္ ။ ဒါေၾကာင့္ ေလ့က်င့္ခန္းေတြျပန္လုပ္ၿပီး သန္မာလာေစရန္ လုပ္ေဆာင္သင့္ပါတယ္ ။ ဒါဟာ သင့္အေနအထားမူမွန္ေစဖို႔ ဒဏ္မျဖစ္ေစဖို႔အေရးပါ ပါတယ္ ။
(၇) အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ျခင္းမ်ဳိးကိုေရွာင္ၾကဥ္ပါ
ဒီလိုၾကာၾကာရပ္ျခင္းဟာ သင့္ေက်ာကို ဖိအားေတြမ်ားေစပါတယ္ ။ ဒါေၾကာင့္ လႈပ္လႈပ္ရွားရွားေနၿပီး ေရကူးတာ လမ္းေလွ်ာက္တာ ေယာဂက်င့္တာ အစရွိတာေတြကို သင့္ႂကြက္သားေတြ အ႐ိုးအဆစ္ေတြ အတြက္ မၾကာခဏလုပ္ဆာင္ေပးပါ ။
(၈)အလ်င္မလိုပါနဲ႔
အေလာတႀကီး လွမ္းခ်ီလိုက္တာမ်ဳိး ဆတ္ခနဲခ်ီလိုက္တာမ်ဳိးေတြဟာ ဒဏ္ျဖစ္ေစႀကီး အခန္႔မသင့္ရင္ အိပ္ယာထဲလဲႏိုင္ေစပါတယ္ ။ ျဖည္းျဖည္းနဲ႔ပုံမွန္အတိုင္း လုပ္ေဆာင္ဖို႔သတိျပဳပါ ။
(၉)အလြန္အကၽြံမလုပ္ေဆာင္ပါႏွင့္
ကေလးခ်ီပိုးရင္း အထုပ္အပိုးအေျမာက္အမ်ားကိုတၿပိဳင္နက္တည္း သယ္ျခင္းဟာ ဒဏ္ျဖစ္ေစတ့ဲအေၾကာင္းအရင္းေတြထဲက တစ္ခုအပါအဝင္ပဲျဖစ္ပါတယ္ ။
ခါးနာျခင္း ခါးကိုက္ျခင္းမ်ားျဖစ္ေပၚလာက
* ေရေႏြးအိတ္ကပ္ပါ
* အနားယူပါ
* အေၾကာဆန္႔ေလ့က်င့္ခန္း အေၾကာေလွ်ာ့ေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ပါ
* အႏွိပ္ခံျခင္း message therapy မ်ားယူပါ
* အကိုက္အခဲေပ်ာက္ေဆးေတြဟာ ခဏတာသက္သာေစေပမယ့္ေရရွည္မွာ သင့္ကိုပိုထိခိုက္ေစမွာပါ
* မသက္သာလွ်င္ ဆရာဝန္ႏွင့္ျပသပါ
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ