All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Tips for elderly in thingyan သက္ႀကီးရြယ္အို

1 Mins read

သကြန်တွင်း ဥပုသ်စောင့်မယ့် လူကြီးသူမတွေအတွက် tips
မကြာမီ သကြန်တွင်း ကလည်း ရောက်လာတော့မယ်..တချို့လူငယ်တွေက မန်းဒပ်ထိုင်တာ… ရေပက်ခံထွက်တာ.. ခရီးသွားကြတာမျိူးတွေ ရှိကြသလို…တချို့ကျတော့လည်း အိမ်မှာ နားနားနေနေ နားကြတာမျိူးရှိပါတယ်….
လူကြီးအများစုကတော့ တရားစခန်းဝင်တာ…. ဥပုသ်စောင့်တာမျိူးလုပ်ကြပါတယ်….
ဒီတော့ ဒီ သကြန်တွင်းမှာ ဥပုသ်သီလ ဆောက်တည်ကြမယ့် လူကြီးတွေအတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ tip လေးတွေ ကို မျှဝေပေးလိုက်ပါတယ်….

(1) နေပူဒဏ်ကို သတိထားကာကွယ်ပါ
April ဆိုတာ…. မြန်မာပြည်ရဲ့ အပူဆုံးလဖြစ်ပါတယ်… နေပူဒဏ်ပြင်းလွန်းတဲ့အတွက် ဘုန်းကြီးကျောင်းသွားတာပဲ ဖြစ်ဖြစ်… အပြင်ထွက်တာပဲ ဖြစ်ဖြစ် နေရောင်ခြည်ကို ကာကွယ်ဖို့လိုပါတယ်…. ထီးကိုမဖြစ်မနေဆောင်သွားပါ…. နေမပြင်းတဲ့အချိန်မျိုးမှာပဲ အပြင်ထွက်ပါ… နေ့လည် ဆယ့်တစ် နာရီခွဲလောက်ကနေ ညနေသုံးနာရီလောက်အတွင်း အပြင်ထွက်တာကို တန်နိုင်သမျှရှောင်ပါ…..
အရိပ်ရတဲ့နေရာမျိူးမှာ နားနားနေနေ နေပါ…..

(2) သီးစုံ ဓာတ်ဆားရည်သောက်ပါ
နေပူလွန်းတဲ့အခါ ခန္ဓာကိုယ်က တုန့်ပြန်မှူအနေနဲ့ ချွေးပိုထွက်ပေးပါတယ်…. ထွက်သွားတဲ့ ချွေးတွေထဲမှာ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှူံးနိုင်တဲ့အတွက်….သီးစုံဓာတ်ဆားအချိုရည်တွေကို မကြာမကြာသောက်ပေးသင့်ပါတယ်…

(3) ညအချိန်မှာလဲ အချိုရည်သောက်ပါ
ဥပုသ်စောင့်နေတဲ့အတွက် ညစာကို အပြည့်အဝ စားလို့မရပေမယ့်…. သွေးအချိုဓာတ်ကျတာတို့… မူးမော်တာတို့ မဖြစ်ရလေအောင် ညစာကိုလုံးဝမစားတာထက်စာရင်….. အချိုရည်ဖြစ်ဖြစ်…. လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်…. ဥပုသ်လဲမကျိူးပျက်သလို အစာအိမ်နာတွေ… မူးမော်တာ….သွေးပေါင်ကျတာမျိူးတွေကို မဖြသ်အောင် ကာကွယ် ပေးနိုင်မှာပါ….

(4) ရေစို အဝတ်တွေကို ချက်ချင်းလဲပါ
ဥပုသ်သည်ဆိုပေမယ့်…. အချိန်အခါက..သကြန်တွင်းဖြစ်တဲ့အတွက်…. ဘုန်းကြီးကျောင်းကို အသွားအပြန်မှာ တချို့ကလေးတွေက ရေပက်တာ မတော်တဆခံရနိုင်ပါသေးတယ်… နေပူပူနဲ့ ရေအေးနဲ့ထိတွေ့တဲ့အခါ လူငယ်တွေအတွက်က သိပ်ပြသနာမရှိနိုင်ပေမယ့်… လူကြီးတွေအတွက်ကျတော့ ပူလိုက်အေးလိုက်အနေအထားဟာ ကျန်းမာရေးအတွက် မသင့်လျော်လှပါဘူး…. ဒါကြောင့် ကျောင်းသွားတဲ့အခါ ဝတ်စုံအပိုတစ်စုံထည့်သွားတာ ကောင်းပါတယ်…. မတော်တဆ ရေစိုတဲ့အခါ လဲလှယ်ဖို့ အဆင်ပြေနိုင်ပါတယ်…

(5) သွေးပေါင်ချိန်ကို ဂရုစိုက်ပါ
လူကြီးသူမတွေနဲ့ တွဲတတ်တဲ့ရောဂါတစ်မျိူးကတော့… သွေးတိုးရောဂါပါပဲ…. ကိုယ်ဟာ နဂိုကတည်းက သွေးမကြာမကြာတိုးတတ်သူဆိုရင် နေ့စဉ်သောက်နေကြ သွေးပေါင်ကျဆေးတွေကို ဂရုစိုက်ပြီးသောက်ပါ… အိမ်မှာဖြစ်ဖြစ်… နီးစပ်ရာဆေးခန်းမှာဖြစ်ဖြစ် သွေးပေါင်မကြာခဏချိန်ပေးသင့်ပါတယ်… ဘာလို့လဲဆိုတော့ နွေရာသီ အပူရှိန်ပြင်းတဲ့အချိန်မျိူးမှာ လေဖြတ်လေဖြန်းတာ… သွေးပေါင်ချိန်တက်တာမျိူး ပိုဖြစ်နိုင်လို့ပါပဲ….

(6) ပွပွချောင်ချောင် အဝတ်အစား တွေ ဝတ်ပါ
‌အဝတ်အစား ကြပ်ကြပ်တွေဟာ… ချွေးထွက်တဲ့အခါ မကောင်းသလို… နေရထိုင်ရလဲ ကြပ်စေမှာပါ… အဲဒီအစား ပွပွချောင်ချောင် ချည်ထည် အဝတ်အစားတွေက ပိုသင့်လျော်မှာပါ….

‌မေတ္တာဖြင့်
‌Dr. စိမ်းမိုးစက်

သၾကန္တြင္း ဥပုသ္ေစာင့္မယ့္ လူႀကီးသူမေတြအတြက္ tips
မၾကာမီ သၾကန္တြင္း ကလည္း ေရာက္လာေတာ့မယ္..တခ်ိဳ႕လူငယ္ေတြက မန္းဒပ္ထိုင္တာ… ေရပက္ခံထြက္တာ.. ခရီးသြားၾကတာမ်ိဴးေတြ ရွိၾကသလို…တခ်ိဳ႕က်ေတာ့လည္း အိမ္မွာ နားနားေနေန နားၾကတာမ်ိဴးရွိပါတယ္….
လူႀကီးအမ်ားစုကေတာ့ တရားစခန္းဝင္တာ…. ဥပုသ္ေစာင့္တာမ်ိဴးလုပ္ၾကပါတယ္….
ဒီေတာ့ ဒီ သၾကန္တြင္းမွာ ဥပုသ္သီလ ေဆာက္တည္ၾကမယ့္ လူႀကီးေတြအတြက္ က်န္းမာေရးနဲ႔ဆိုင္တဲ့ tip ေလးေတြ ကို မွ်ေဝေပးလိုက္ပါတယ္….

(1) ေနပူဒဏ္ကို သတိထားကာကြယ္ပါ
April ဆိုတာ…. ျမန္မာျပည္ရဲ႕ အပူဆုံးလျဖစ္ပါတယ္… ေနပူဒဏ္ျပင္းလြန္းတဲ့အတြက္ ဘုန္းႀကီးေက်ာင္းသြားတာပဲ ျဖစ္ျဖစ္… အျပင္ထြက္တာပဲ ျဖစ္ျဖစ္ ေနေရာင္ျခည္ကို ကာကြယ္ဖို႔လိုပါတယ္…. ထီးကိုမျဖစ္မေနေဆာင္သြားပါ…. ေနမျပင္းတဲ့အခ်ိန္မ်ိဳးမွာပဲ အျပင္ထြက္ပါ… ေန႔လည္ ဆယ့္တစ္ နာရီခြဲေလာက္ကေန ညေနသုံးနာရီေလာက္အတြင္း အျပင္ထြက္တာကို တန္ႏိုင္သမွ်ေရွာင္ပါ…..
အရိပ္ရတဲ့ေနရာမ်ိဴးမွာ နားနားေနေန ေနပါ…..

(2) သီးစုံ ဓာတ္ဆားရည္ေသာက္ပါ
ေနပူလြန္းတဲ့အခါ ခႏၶာကိုယ္က တုန႔္ျပန္မႉအေနနဲ႔ ေခြၽးပိုထြက္ေပးပါတယ္…. ထြက္သြားတဲ့ ေခြၽးေတြထဲမွာ ေရနဲ႔ဓာတ္ဆားေတြ ဆုံးရႉံးႏိုင္တဲ့အတြက္….သီးစုံဓာတ္ဆားအခ်ိဳရည္ေတြကို မၾကာမၾကာေသာက္ေပးသင့္ပါတယ္…

(3) ညအခ်ိန္မွာလဲ အခ်ိဳရည္ေသာက္ပါ
ဥပုသ္ေစာင့္ေနတဲ့အတြက္ ညစာကို အျပည့္အဝ စားလို႔မရေပမယ့္…. ေသြးအခ်ိဳဓာတ္က်တာတို႔… မူးေမာ္တာတို႔ မျဖစ္ရေလေအာင္ ညစာကိုလုံးဝမစားတာထက္စာရင္….. အခ်ိဳရည္ျဖစ္ျဖစ္…. လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္ျဖစ္ျဖစ္ ေသာက္ေပးသင့္ပါတယ္…. ဥပုသ္လဲမက်ိဴးပ်က္သလို အစာအိမ္နာေတြ… မူးေမာ္တာ….ေသြးေပါင္က်တာမ်ိဴးေတြကို မျဖသ္ေအာင္ ကာကြယ္ ေပးႏိုင္မွာပါ….

(4) ေရစို အဝတ္ေတြကို ခ်က္ခ်င္းလဲပါ
ဥပုသ္သည္ဆိုေပမယ့္…. အခ်ိန္အခါက..သၾကန္တြင္းျဖစ္တဲ့အတြက္…. ဘုန္းႀကီးေက်ာင္းကို အသြားအျပန္မွာ တခ်ိဳ႕ကေလးေတြက ေရပက္တာ မေတာ္တဆခံရႏိုင္ပါေသးတယ္… ေနပူပူနဲ႔ ေရေအးနဲ႔ထိေတြ႕တဲ့အခါ လူငယ္ေတြအတြက္က သိပ္ျပသနာမရွိႏိုင္ေပမယ့္… လူႀကီးေတြအတြက္က်ေတာ့ ပူလိုက္ေအးလိုက္အေနအထားဟာ က်န္းမာေရးအတြက္ မသင့္ေလ်ာ္လွပါဘူး…. ဒါေၾကာင့္ ေက်ာင္းသြားတဲ့အခါ ဝတ္စုံအပိုတစ္စုံထည့္သြားတာ ေကာင္းပါတယ္…. မေတာ္တဆ ေရစိုတဲ့အခါ လဲလွယ္ဖို႔ အဆင္ေျပႏိုင္ပါတယ္…

(5) ေသြးေပါင္ခ်ိန္ကို ဂ႐ုစိုက္ပါ
လူႀကီးသူမေတြနဲ႔ တြဲတတ္တဲ့ေရာဂါတစ္မ်ိဴးကေတာ့… ေသြးတိုးေရာဂါပါပဲ…. ကိုယ္ဟာ နဂိုကတည္းက ေသြးမၾကာမၾကာတိုးတတ္သူဆိုရင္ ေန႔စဥ္ေသာက္ေနၾက ေသြးေပါင္က်ေဆးေတြကို ဂ႐ုစိုက္ၿပီးေသာက္ပါ… အိမ္မွာျဖစ္ျဖစ္… နီးစပ္ရာေဆးခန္းမွာျဖစ္ျဖစ္ ေသြးေပါင္မၾကာခဏခ်ိန္ေပးသင့္ပါတယ္… ဘာလို႔လဲဆိုေတာ့ ေႏြရာသီ အပူရွိန္ျပင္းတဲ့အခ်ိန္မ်ိဴးမွာ ေလျဖတ္ေလျဖန္းတာ… ေသြးေပါင္ခ်ိန္တက္တာမ်ိဴး ပိုျဖစ္ႏိုင္လို႔ပါပဲ….

(6) ပြပြေခ်ာင္ေခ်ာင္ အဝတ္အစား ေတြ ဝတ္ပါ
‌အဝတ္အစား ၾကပ္ၾကပ္ေတြဟာ… ေခြၽးထြက္တဲ့အခါ မေကာင္းသလို… ေနရထိုင္ရလဲ ၾကပ္ေစမွာပါ… အဲဒီအစား ပြပြေခ်ာင္ေခ်ာင္ ခ်ည္ထည္ အဝတ္အစားေတြက ပိုသင့္ေလ်ာ္မွာပါ….

‌ေမတၱာျဖင့္
‌Dr. စိမ္းမိုးစက္ <

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *