‘ညှင်း’ ဆိုတာ ဘာလဲ.. ဘာကြောင့်ဖြစ်တာလဲ.. အန္တရာယ်ရှိလား
ဟိုးရှေးရှေးတုန်းက ‘ပွေး ၊ ဝဲ ၊ ညှင်း’ ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိတယ်။ ဟိုးရှေးရှေးတုန်းဆိုပေမဲ့ ခုထိလည်း ရှိနေတုန်းပါပဲ။ သူတို့သုံးယောက်က လူတွေရဲ့ အရေပြားပေါ်မှာ မကြာခဏ သွားနေပြီး ဆော့ကစားကြတော့ လူတွေ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရတယ်တဲ့။ သူတို့ရောက်လာပြီဆို လူတွေမှာ ကြော်ငြာသီချင်းတစ်ခုထဲကလို ‘ကုတ်ရ ဖဲ့ရ ရှုပ်သဗျ’ တွေ ‘ကတာ မဟုတ်ဘူး ငါ့သားရဲ့ ယားလို့ကုတ်တာဟဲ့’ တွေ ဖြစ်ကုန်ကြရတာကိုး။
ပွေးနဲ့ ဝဲက အရမ်းယားစေပေမဲ့ ညှင်းကတော့ သိပ်ယားအောင်မလုပ်ဘူးတဲ့။
သူ့ပြဿနာက အရေပြားမှာ ညှင်းကွက်လို့ခေါ်တဲ့ အကွက် အကွက်တွေ ဖြစ်စေပြီး လူတွေ စိတ်ညစ်အောင်လုပ်တာပေါ့။ အခုတော့ ပွေး နဲ့ ဝဲ ကို အသာထားလို့ အသားအရေ အလှအပကို ပျက်စီးစေတဲ့ ‘ညှင်း’ ဆိုတဲ့ လူဆိုးကောင်လေး အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ မြန်မာလို ‘ညှင်း’ ကွက် လို့ခေါ်တယ်။ ဘိုနာမည်က ‘Tinea Versicolor’ ပေါ့။ တချို့ကလည်း ‘Pityriasis Versicolor’ လို့ခေါ်ကြတယ်။ သူ့ ကိုဖြစ်စေတဲ့ အကောင်နာမည်ကတော့ Malassezia furfur တဲ့။ Yeast လို့ခေါ်တဲ့ မုန့်လုပ်ရင်သုံးတတ်ကြတဲ့ ‘တဆေး’ အမျိုးအစားထဲက တစ်ခုပေါ့။
ပုံမှန်အားဖြင့် လူ တစ်ရာ မှာ ကိုးဆယ်ကျော်လောက် ရဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ ညှင်းဖြစ်စေတဲ့ yeast တွေရှိကြတယ်။ သဘာဝအားဖြင့် ခန္ဓာကိုယ်ပေါ်ရှိနေပေမဲ့ ဘာဒုက္ခမှ မပေးကြဘူး။ ဒါပေမဲ့ ပမာဏ တစ်ခုအထိ ပွားများလာပြီဆိုရင်တော့ ညှင်းကွက်လေးတွေ စဖြစ်စေပါတယ်။ အရေပြားကို အရောင်ချွတ်လိုက်သလိုဖြစ်စေတဲ့ သူ့ရဲ့ဓာတ်ပြုမှုကြောင့် ဖြူတူတူ ညိုတိုတို အကွက်သေးသေးလေးတွေ စဖြစ်လာတတ်တယ်။ အသားအရေ အရောင်ပေါ်မူတည်ပြီး ညှင်းကွက်ရဲ့ အရောင် တစ်ယောက်နဲ့တစ်ယောက် နည်းနည်းကွာတတ်တာပေါ့။အကွက်သေးသေးလေးတွေကနေ တဖြည်းဖြည်းစုလာရင်းနဲ့ အကွက်ကြီးတွေ ဖြစ်လာတတ်တယ်။
လူတွေလည်း လန့်ပြီပေါ့။ လူငယ်လူရွယ်တွေမှာ ပိုအဖြစ်များပါတယ်။ ပူပြင်းပြီး စိုထိုင်းဆများတဲ့ ရာသီဥတုအခြေအနေမျိုးမှာပိုဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ပုခုံး၊ ကျော၊ ရင်ဘတ်၊ လက်မောင်း၊ လည်ပင်း စတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ မှိုသတ်ဆေးပါဝင်တဲ့ လိမ်းဆေးတွေ သောက်ဆေးတွေနဲ့ ကုသလို့ရပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်တာကတော့ ဘေးအကင်းဆုံးပါပဲ။ကူးစက်တတ်တဲ့ ရောဂါ မဟုတ်သလို ဘာအန္တရာယ်မှတော့ မပေးပါဘူး။ဒါပေမဲ့ အလှပျက်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတော့ လျော့စေတာမို့ ‘ညှင်း’ဆိုတဲ့ ဒီ လူဆိုးကောင်ကိုတော့ ကိုယ်ပေါ်ကနှင်ချထားတာ အကောင်းဆုံးပါပဲနော်။
Dr Phyowai Lynn
‘ညႇင္း’ ဆိုတာ ဘာလဲ.. ဘာေၾကာင့္ျဖစ္တာလဲ.. အႏၲရာယ္႐ွိလား
ဟိုးေ႐ွးေ႐ွးတုန္းက ‘ေပြး ၊ ဝဲ ၊ ညႇင္း’ ဆိုတဲ့ သူငယ္ခ်င္း သံုးေယာက္႐ွိတယ္။ ဟိုးေ႐ွးေ႐ွးတုန္းဆိုေပမဲ့ ခုထိလည္း ႐ွိေနတုန္းပါပဲ။ သူတို႔သံုးေယာက္က လူေတြရဲ႕ အေရျပားေပၚမွာ မၾကာခဏ သြားေနၿပီး ေဆာ့ကစားၾကေတာ့ လူေတြ ေတာ္ေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္တဲ့။ သူတို႔ေရာက္လာၿပီဆို လူေတြမွာ ေၾကာ္ျငာသီခ်င္းတစ္ခုထဲကလို ‘ကုတ္ရ ဖဲ့ရ ႐ႈပ္သဗ်’ ေတြ ‘ကတာ မဟုတ္ဘူး ငါ့သားရဲ႕ ယားလို႔ကုတ္တာဟဲ့’ ေတြ ျဖစ္ကုန္ၾကရတာကိုး။
ေပြးနဲ႔ ဝဲက အရမ္းယားေစေပမဲ့ ညႇင္းကေတာ့ သိပ္ယားေအာင္မလုပ္ဘူးတဲ့။
သူ႔ျပႆနာက အေရျပားမွာ ညွင္းကြက္လို႔ေခၚတဲ့ အကြက္ အကြက္ေတြ ျဖစ္ေစၿပီး လူေတြ စိတ္ညစ္ေအာင္လုပ္တာေပါ့။ အခုေတာ့ ေပြး နဲ႔ ဝဲ ကို အသာထားလို႔ အသားအေရ အလွအပကို ပ်က္စီးေစတဲ့ ‘ညႇင္း’ ဆိုတဲ့ လူဆိုးေကာင္ေလး အေၾကာင္းကို နည္းနည္းေျပာျပခ်င္ပါတယ္။ ျမန္မာလို ‘ညႇင္း’ ကြက္ လို႔ေခၚတယ္။ ဘိုနာမည္က ‘Tinea Versicolor’ ေပါ့။ တခ်ိဳ႕ကလည္း ‘Pityriasis Versicolor’ လို႔ေခၚၾကတယ္။ သူ႔ ကိုျဖစ္ေစတဲ့ အေကာင္နာမည္ကေတာ့ Malassezia furfur တဲ့။ Yeast လို႔ေခၚတဲ့ မုန္႔လုပ္ရင္သံုးတတ္ၾကတဲ့ ‘တေဆး’ အမ်ိဳးအစားထဲက တစ္ခုေပါ့။
ပံုမွန္အားျဖင့္ လူ တစ္ရာ မွာ ကိုးဆယ္ေက်ာ္ေလာက္ ရဲ႕ ခႏၶာကိုယ္အေရျပားေပၚမွာ ညႇင္းျဖစ္ေစတဲ့ yeast ေတြ႐ွိၾကတယ္။ သဘာဝအားျဖင့္ ခႏၶာကိုယ္ေပၚ႐ွိေနေပမဲ့ ဘာဒုကၡမွ မေပးၾကဘူး။ ဒါေပမဲ့ ပမာဏ တစ္ခုအထိ ပြားမ်ားလာၿပီဆိုရင္ေတာ့ ညႇင္းကြက္ေလးေတြ စျဖစ္ေစပါတယ္။ အေရျပားကို အေရာင္ခြၽတ္လိုက္သလိုျဖစ္ေစတဲ့ သူ႔ရဲ႕ဓာတ္ျပဳမႈေၾကာင့္ ျဖဴတူတူ ညိဳတိုတို အကြက္ေသးေသးေလးေတြ စျဖစ္လာတတ္တယ္။ အသားအေရ အေရာင္ေပၚမူတည္ၿပီး ညွင္းကြက္ရဲ့ အေရာင္ တစ္ေယာက္နဲ႔တစ္ေယာက္ နည္းနည္းကြာတတ္တာေပါ့။
အကြက္ေသးေသးေလးေတြကေန တျဖည္းျဖည္းစုလာရင္းနဲ႔ အကြက္ႀကီးေတြ ျဖစ္လာတတ္တယ္။
လူေတြလည္း လန္႔ၿပီေပါ့။ လူငယ္လူရြယ္ေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ပူျပင္းၿပီး စိုထိုင္းဆမ်ားတဲ့ ရာသီဥတုအေျခအေနမ်ိဳးမွာပိုျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ပုခံုး၊ ေက်ာ၊ ရင္ဘတ္၊ လက္ေမာင္း၊ လည္ပင္း စတဲ့ေနရာေတြမွာ အျဖစ္မ်ားပါတယ္။ မႈိသတ္ေဆးပါဝင္တဲ့ လိမ္းေဆးေတြ ေသာက္ေဆးေတြနဲ႔ ကုသလို႔ရၿပီး ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္တာကေတာ့ ေဘးအကင္းဆံုးပါပဲ။
ကူးစက္တတ္တဲ့ ေရာဂါ မဟုတ္သလို ဘာအႏၲရာယ္မွေတာ့ မေပးပါဘူး။
ဒါေပမဲ့ အလွပ်က္ေစၿပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈေတာ့ ေလ်ာ့ေစတာမို႔ ‘ညႇင္း’ဆိုတဲ့ ဒီ လူဆိုးေကာင္ကိုေတာ့ ကိုယ္ေပၚကႏွွင္ခ်ထားတာ အေကာင္းဆံုးပါပဲေနာ္။
Dr Phyowai Lynn