ဖိုမကိစ္စ ရှောင်ရှားသင့်တဲ့ အခြေအနေနှင့် အချိန်အခါများ
“အခြေအနေ” “အချိန်အခါ “.. လူပြောများတဲ့ စကားလုံးတွေရယ်ပါ… သို့သော် အခြေအနေနဲ့ မကိုက်ညီပဲ (သို့) အချိန်အခါ ကို မတွက်ဆပဲ ပြုလုပ်လိုက်တဲ့ အရာတစ်ခုရဲ့နောက်မှာ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်… ဆိုတော့ … သဘာဝ တရားကြီးကြောင့် လူသားတွေ သံဝါသ မှု ပြုကြပေမယ့်.. တခါတရံမှာ ရှောင်သင့်တဲ့အခြေအနေနဲ့ အချိန် ဆိုတာ ရှိပါတယ်…
ဘာတွေပါလိမ့်… ?
အမျိုးသမီးတစ်ယောက် မီးဖွားပြီးနောက်ပိုင်း လေးပတ်ကနေ ခြောက်ပတ်ထိ ယောကျ်ားနဲ့ အတူမနေသင့်သေးပါ…မွေးဖွားပြီးချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်ကိုအားပြန်ပြည့်ဖို့. အနာချုပ်ရိုး ပြန်ကောင်းဖို့ရာ အချိန်တစ်ခု လိုအပ်ပါတယ်.. ဒါပြင် အရည်ဆင်းနေခြင်း… ချုပ်ရိုးမှ အနည်းငယ် နာနေခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်းတွေနဲ့ လိင်မှုကိစ္စပေါ်စိတ်ဝင်စားမှု လျော့နေတဲ့ အချိန်တွေ ကြုံရနိုင်ပါတယ်… ဒီလိုချိန်မျိုးမှာ sex ကိစ္စကို ရှောင်သင့်ပါတယ်..
သင်ဟာ ခွဲစိတ်မှု ပြုလုပ်ထားသူ ဖြစ်ပါက…
ခွဲစိတ်မှုဟာ အသေးစားခွဲစိတ်မှုလား ၊ ဒါ့ပြင် ခွဲစိတ်မှု ပြုလုပ်ထားတဲ့နေရာဟာ ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းလဲ.. ဒါတွေ ပေါ်မူတည်ပါတယ်…
ဥပမာ သင်ဟာ အသေးစား ခွဲစိတ်မှု လုပ်ထားတယ်ဆိုပါက…အနာကျက်ဖို့ အနည်းငယ်မြန်နိုင်ပါတယ် သို့သော် အနာကျက်ဖို့ စောင့်နေချိန်တွင်းမှာ ရှောင်သင့်ပါတယ်
သင်ဟာ ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ခြစ်ထားရသူ ဖြစ်ပါက အနည်းဆုံး နှစ်ပတ် သုံးပတ် ရှောင့်သင့်ပါတယ်
သင်ဟာ အူကျခြင်းကို ခွဲစိတ်ထားသူ၊ ဆီးကျိတ်ခွဲစိတ်ထားသူ၊ သားအိမ်ကံျွကျခြင်းကို ခွဲစိတ်ထားသူ ဖြစ်ပါက ပြန်လည်ကောင်းမွန်ဖို့ စောင့်သင့်ပါတယ်.. ဒီချိန်မျိုးမှာ ရှောင်သင့်ပါတယ်…
သင့်ဆီမှာ လိင်မှ တဆင့် ကူးဆက်တတ်သော ရောဂါ ရှိနေပါက…
HIV ၊ HPV၊ အသည်းရောင် အသားဝါ ဘီ၊ လိင်အင်္ဂါကြွက်နို့ အပြင် တချို့ ရောဂါများဟာ လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်နိုင်ကြပါတယ်… မိမိမှာ ဒီလို လိင်မှ တဆင့် ကူးစက်နိုင်တဲ့ ရောဂါ ရှိနေခဲ့ပါက (သို့) ရှိနေကြောင်း သံသယ ရှိပါက ဆေးစစ်မှု ပြုလုပ်ပါ.. ကုသမှု ခံယူပါ.. ဒီလို ကူးစက်ရောဂါ ခံစားနေရပါက မိမိဆက်ဆံဖော်ကို ဖွင့်ပြောခြင်း မပြောခြင်းဟာ မိမိအပေါ်မှာ မူတည်ပါတယ်.. သို့သော် ဆက်ဆံချိန်တွင် အကာအကွယ် သုံးသင့်ပါတယ်
သင့်ဆီမှာ ကူးစက်ရောဂါ ရှိနေသော်လည်း သင်သာ သာမန်လူတစ်ယောက်ကဲ့သို့ relationship တစ်ခု တည်ဆောက်နိုင်ပါတယ်… လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို သေချာ လေ့လာပြီး တခြားသူကို မကူးစက်အောင် ကာကွယ်နိုင်ပါတယ်…ဆရာဝန်နှင့်သေချာပြသပြီး ရောဂါလက္ခဏာများ နည်းပါးအောင် ကုသနိုင်ပါတယ်… ဒါကြောင့် သင် (သို့) သင့်ဆက်ဆံဖော်မှာ ကူးစက်ရောဂါ ရှိနေပါက မည်သို့သောရောဂါ ဖြစ်ပါသလဲ ၊ သေချာအောင် ဆေးစစ်ခြင်း၊ ကုသခြင်းတွေ ပြုလုပ်ရပါမယ်
ဒီလို အချိန်မျိုးမှာ သင်ဟာ sex ကိစ္စကို မရှောင်နိုင်ပါက အကာအကွယ်ကို မှန်ကန်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်…မိမိရဲ့ ကျန်းမာရေးကောင်းမွန်မှသာ အခြားသောအရာတွေကို မှန်ကန်စွာနှင့် အောင်မြင်အောင် ပြုလုပ်နိုင်မှာမို့… စိတ်ဆန္ဒတစ်ခုကြောင့် အမှားတစ်ခု မပြုမိဖို့ရာ သတိချက်သင့်ကြောင့် တိုက်တွန်းရင်း…..
လူသားတိုင်း ပျော်ရွှင် လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပြုလျက်
ပိုင်နီမောင်
ဘာတွေပါလိမ့်… ?
အမျိုးသမီးတစ်ယောက် မီးဖွားပြီးနောက်ပိုင်း လေးပတ်ကနေ ခြောက်ပတ်ထိ ယောက်ျားနဲ့ အတူမနေသင့်သေးပါ…မွေးဖွားပြီးချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်ကိုအားပြန်ပြည့်ဖို့. အနာချုပ်ရိုး ပြန်ကောင်းဖို့ရာ အချိန်တစ်ခု လိုအပ်ပါတယ်.. ဒါပြင် အရည်ဆင်းနေခြင်း… ချုပ်ရိုးမှ အနည်းငယ် နာနေခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်းတွေနဲ့ လိင်မှုကိစ္စပေါ်စိတ်ဝင်စားမှု လျော့နေတဲ့ အချိန်တွေ ကြုံရနိုင်ပါတယ်… ဒီလိုချိန်မျိုးမှာ sex ကိစ္စကို ရှောင်သင့်ပါတယ်..
သင်ဟာ အူကျခြင်းကို ခွဲစိတ်ထားသူ၊ ဆီးကျိတ်ခွဲစိတ်ထားသူ၊ သားအိမ်ကျွံကျခြင်းကို ခွဲစိတ်ထားသူ ဖြစ်ပါက ပြန်လည်ကောင်းမွန်ဖို့ စောင့်သင့်ပါတယ်.. ဒီချိန်မျိုးမှာ ရှောင်သင့်ပါတယ်…
ပိုင်နီမောင်