ကိုရီးယား၏ သိုင်းရွိုင်းကင်ဆာ

တောင်ကိုရီးယားနိုင်ငံသည် သန်း ၅၀ မျှသော နိုင်ငံသားများတွက် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုရံပုံငွေ စနစ်ကို ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့ပါသည်။ အခမဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟုလည်း ပြောလို့ရသည်။ ယနေ့တောင်ကိုရီးယား နိုင်ငံမှာ လူရီးရေ ၁ သန်းအတွက် ကွန်ပြူတာဓာတ်မှန် ၅ လုံးရှိသည်။ MRI ခေါ် သံလိုက် စက်ကွင်းဓာတ်မှန် လေးလုံးရှိနေသည်။ ကျန်းမာရေးစာရင်းဇယားများအတွက် တိကျသည့် စာရင်းမှတ်တမ်း၊ သုတေသနတွေရှိနေသလို ကင်ဆာဖြစ်ပွားမှုနှုန်း စာရင်းမှတ်တမ်းများ မှာလည်း စနစ်တကျ ရှိနေပါသည်။

၁၉၉၉ ခုနှစ် စတင်လျက် တောင်ကိုးရီးယားအစိုးရသည် ကင်ဆာနှင့် အခြားအဖြစ် များသောရောဂါ အခမဲ့ ကြိုတင်ရှာဖွေရေးစီမံချက်ကို စတင်ခဲ့သည်။ ကင်ဆာရောဂါများ ကြိုတင် ရှာဖွေသည့်နေရာမှာ အဖြစ်များသည့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ် ေ ခေါင်းကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အသည်းကင်ဆဆာများကို နိုင်ငံသားအားလုံးအတွက် အခမဲ့ စစ်ဆေးပေးခြင်းဖြစ်ပါသည်။ ပျှမ်းမျှအထက်ဝင်ငွေရှိသူများအဖို့စတိသဘောမျှ စရိတ် မျှပေးရတာမျိုးတော့ရှိသည်။ လည်ပင်သိုင်းရွိုင်းအကျိတ်ကင်ဆာများကို ကြိုတင်စစ်ဆေးဖို့ အခမဲ့အစီအစဉ်မှာ မပါဝင်ခဲ့ပေမယ့် သက်ဆိုင်ရာအာဏာပိုင်များက အလျဉ်းသင့်ရင်သင့် သလို ထည့်သွင်းစစ်ဆေးပေးခဲ့ကြတာရှိပါသည်။ စစ်ဆေးသည့် နည်းလမ်းကလည်း လွယ်ကူ ပါသည်။ အမေရိကန်ဒေါ်လာ ၃၀ မှ ၅၀ ခန့်အထိသာ ကျသင့်သည်ကို လည်ပင်းကို တီဗီ ဓာတ်မှန်ရိုတ်သည့် စစ်ဆေးမှုဖြစ်ပါသည်။

တောင်ကိုရီးယားဆေးရုံအတော်များများမှာလည်း ကျန်းမာရေးစစ်ဆေးသည့် အစီ အစဉ်များထဲမှာ သိုင်းရွိုင်းကင်ဆာအား တီဗီဓာတ်မှန်ဖြင့် ကြိုတင်ရှာဖွေသည့်နည်းလမ်းကို ဈေးကွက်ချဲ့ထွင်ပြီး အရောင်းမြှင့်တင်လာကြသည်။ တချို့ရပ်ကွက်ဆေးခန်းငယ်များရှိ အထွေထွေကုဆရာဝန်များဆိုလျှင် တပိုင်တနိုင်တီဗီဓာတ်မှန်ရိုက်စက်လေးတွေ ဝယ်ထားကြ ပြီး သိုင်းရွိုင်းကင်ဆာ ကြိုတင်ရှာဖွေနိုင်ဖို့ သူတို့ဆေးခန်းလေးထဲမှာပဲ တီဗီဓာတ်မှန်ရိုက်ပေး နိုင်ကြသည်။ အစိုးရနှင့် မီဒီယာများကလည်း သွိုင်းရွိုင်းကင်ဆာကြိုတင်စစ်ဆေးရေးအတွက် တိုးချဲ့ပညာပေးလာကြသည်။

၂၀၀၄ နှစ်ဦးပိုင်မှာတော့ သိုင်းရွိုင်းကင်ဆာကြိုတင်စစ်ဆေးမှုများနှင့် ပတ်သက်ပြီး တချို့သော ဆရာဝန်များ၏ ဝေဖန်ထောက်ပြသံတွေ ဆူညံလာခဲ့သည်။ ကင်ဆာမရှိပဲ ရှိသည် ဟု သတ်မှတ်မှု(Overdiagnosis) တွေများလာကြောင်း၊ ရောဂါလက္ခဏာ တစ်စုံတရာမရှိပဲ သိုင်းရွိုင်းကင်ဆာအားကြိုတင်စစ်ဆေးနေမှုများကို ရပ်တန့်သင့်ကြောင်း ပြောဆိုလာကြ တာ ပါ။ နာမည်ကြီးသတင်းစာတွေကလည်း စာလုံးမည်းကြီးများဖြင့် ထိုကစ္စကို ဖော်ပြလာကြ သည်။ တောင်ကိုရီးယားနိုင်ငံ၏ အဓိကရုပ်မြင်သံကြားအစီအစဉ် သုံးခုစလုံးမှာ အထူးကဏ္ဍ အဖြစ် ဖော်ပြနေကြသည်။ သို့သော် ဖြစ်ပွားမှုနှုန်း အတိုင်းအတာတစ်ခုအထိ များပြားပြီး၊ လူတွေကလည်း ကြောက်တတ်နေကြပြီဖြစ်သည့် ရောဂါတစ်ခုကို စောစီးစွာ မစစ်ဆေးသင့် ကြောင်း ရှင်းလင်းပြတ်သားစွာ ထောက်ပြစည်းရုံးဖို့ဆိုသည်မှာ မလွယ်ကူလှပါ။

တောင်ကိုရီးယားနိုင်ငံ၏ ကင်ဆာလူနာမှတ်တမ်းကို လေ့လာမည်ဆိုရင် အဖြေကို ထင်တွေ့နိုင်ပါသည်။ ၁၉၉၀ ပြည့်နှစ်များမှစတင်လျက် တောင်ကိုရီးယားမှာ ကင်ဆာလူနာ မှတ်တမ်းကို လေ့လာမည်ဆိုရင် အဖြေကို ထင်ရှားရှာတွေ့နိုင်ပါသည်။ ၂၀၁၁ ခုနှစ်အတွင်း သိုင်းရွိုင်းကင်ဆာလူနာသစ်တွေ့ရှိမှုက ၁၉၉၃ ခုနှစ်က နှုန်းထားတက် ၁၅ ဆအထိများပြား လာခဲ့သည်။ အဖြစ်အများဆုံးက Papillary carcimoma အမျိုးအစားသိုင်းရွိုင်းကင်ဆာပါ။ ထူး ခြားသည့် အချက်က သိုင်းရွိုင်ကင်ဆာတွေ ပိုအဖြစ်များလာပေမယ့် ထိုကင်ဆာများကြောင့် သေဆုံးမှုနှုန်းကတော့ ကျလည်းမသွားပါ၊ တိုးလဲမလာ။တန့်နေတာကိုတွေ့ကြရသည်။ ရောဂါ တစ်ခုက အဖြစ်များလာရိုးမှန်းလျှင် သေဆုံးမှုနှုန်းလည်း တက်လာသင့်သည်။ အဖြစ်များ လာပြီး သေဆုံးမှုနှုန်းမတတ်ဆိုရင်တော့ Overdiagnosis (မရှိပဲ အရှိထင်ခြင်း) များဖြစ် မနေလားဆိုတာ ထည့်စဉ်းစားဖို့ လိုလာပြီ။

တောင်ကိုရီးယားနိုင်ငံမှာ ဒေသကြီး ၁၆ ခုရှိသည်။ ထိုဒေသကြီး ၁၆ နေရာမှာ သိုင်းရွိုင်းကင်ဆာဖြစ်ပွားမှုနှုန်း မတူညီတာကိုလည်း တွေ့ကြရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သိုင်းရွိုင်းကင်ဆာမှာ ယနေ့တောင်ကိုရီးယားနို်င်ငံ၏ အဖြစ်အများဆုံး ကင်ဆာအဖြစ်ရပ် တည်နေပါပြီ။ ၂၀၁၁ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံအတွင်း သိုင်းရွိုင်းကင်ဆာ ဖြစ်နေပြီဟု ရောဂါအမည်တပ်ခံရသူ လေးသောင်းရှိခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သိုင်းရွိုင်းကင်ဆာဖြင့် တစ်နည်းပျှမ်းမှသေဆုံးမှုှုနှုန်းမှာ လူနာ ၃၀ နှင့် ၄၀ ကြားတွင် ရှိသည်။ ဘယ်နှစ်မှာ လူနာ ၄၀၀ထက်ပိုပြီး သေဆုံးခဲ့ရသည်ဟူ၍ မရှိခဲ့ပါ။ သည်တော့ သိုင်းရွိုင်း ကင်ဆာ လူနာသစ်တွေ့ရှိနှုန်းက ထိုကင်ဆာဖြင့် သေဆုံးမှုနှုန်းထက် အဆ ၁၀၀ခန့် ပိုများနေ သည်။

သိုင်းရွိုင်ကင်ဆာဟု အမည်တပ်ခံရသည့် လူနာအားလုံးလိုလို ဆေးကုသမှုခံယူခဲ့ကြရ ပါသည်။ ထိုလူနာများ၏ ပျှမ်းမျှသုံးပုံနှစ်ပုံခန်က သိုင်းရွိုင်းအကျိတ်ကြီးတစ်ခုလုံး ခွဲထုတ်ခံ လိုက်ကြရသည်။ ထိုလူနာများ၏ ပျှမ်းမျှသုံးပုံနှစ်ပုံခန့်က သိုင်းရွိုင်းအကျိတ်ကြီးတစ်ခုလုံး ခွဲထုတ်ခံလိုက်ကြရသည်။ ကျန်သုံးပုံတစ်ပုံက သိုင်းရွိုင်းအကျိတ်တစ်ခုလုံးနီးပါး ခွဲထုတ်ခံခဲ့ ကြရသည်။ ကင်ဆာ၏ ဘယ်လိုအခြေအနေမျိုးမှာ သိုင်းရွိင်အကျိတ်ကြီးကို ခွဲထုတ်ရမလဲဟူ သည့် မူဝါဒသတ်မှတ်ချက်ကလည်း အမြဲလိုလို ပြောင်းနေသည်။ ခွဲချင်၊ စိတ်ချင်သည့် ဘက်ကို ပိုပြီးဦးစားပေး၊ဇောင်းပေးလာကြသည့် အခြေအနေပါ။ သိုင်းရွိုင်းဂလင်းထဲမှာ ဖြစ်နေသည့် ကင်ဆာအကျိတ်က တစ်စင်တီမီတာထက်သေးငယ်သည်ဆိုရင် သိုင်းရွိုင်း တစ်ခုလုံး ခွဲထုတ်ပစ်လေ့မရှိပါ။ ကင်ဆာကျိတ် ဝ.၅ စင်တီမီတာဆိုရင်တော့ လုံးလုံးမခွဲစိတ် တော့ပဲ တခြားကုသနည်းကို သုံးလို့ရသည်။

ထိုသို့သတ်မှတ်ချက်တွေရှိနေပါလျက်နှင့် ၁၉၉၅ ခုှနှစ်အတွင်း ကင်ဆာအကျိတ် တစ်စင်တီမီတာထက်သေးငယ်သည့် သိုင်းရွိုင်းကင်ဆာများ၏ ၁၄% ကိုသာ ခွဲစိတ်ခဲ့ကြရာမှ နောင်ဆယ့်နှစ်ကြလာသည့်အခါ ၅၆% အထိ ခွဲစိတ်လာကြတာကို တွေ့ရသည်။ တကယ် တော့ သိုင်းရွိုင်းအကျိတ်ကို ခွဲစိတ်ထုတ်ပစ်ခံရဖို့က ရေရှည်မှာ စိန်ခေါ်မှုတွေ အများကြီးရှိ သည့် စွန့်စားမှုတစ်ခုပါ။ သေချာသည့်အချက်တစ်ချက်ကတော့ သိုင်းရွိုင်းဟော်မုန်းဆေးဝါး တွေကို တစ်သက်လုံး မှီဝဲသွားရတော့မည် စိန်ခေါ်မှုဖြစ်ပါသည်။ မှတ်တမ်းမှတ်ရာများအရ သိုင်းရွိုင်းအကျိတ်ခွဲစိတ်ထုတ်ပစ်ခံထားရသည့် ကိုရီးယားလူမျိုး တစ်သောင်းခွဲအနက် ၁၁% က ပါရာသိုင်းရွိုင်းဟုခေါ်သည့် သိုင်းရွိုင်းဂလင်းနှင့်ကပ်နေသည့် ဂလင်းလေးတစ်ခုပါ ခွဲထုတ် ပစ်ခံရသည့်အထဲပါသွားပြီ တစ်သက်လုံးပြဿနာတတ်ကြရသည်။ ၂%က အသံအိုးသို့သွား သည့် အာရုံကြောတစ်ချော်ငးအဖြတ်ခံထားရသည့်အထဲ ပါသွားပြီး စကားပြောရင် အသံမထွက်တော့သည့် ပြဿနာနှင့် ကြုံခဲ့ကြရသည်။

၁၉၄၇ ခုနှစ်က ထုတ်ပြန်ထားခဲ့သည် သုတေသနတစ်ခုရှိသည်။ အကြောင်း တစ်ခုခုကြောင့် သေဆုံးသွားရသည့် လူနာများကို ရင်ခွဲစစ်ဆေးကြည့်သည့်အခါ သူတို့၏ သိုင်းရွိုင်းဂလင်းတွေမှာ ကင်ဆာဖြစ်နေကြကြောင်း အတော်များများဆီမှာ တွေ့လိုက်ရသည်။ လူနာက အခြားအကြောင်းနှင့်သေဆုံးခြင်းဖြစ်သော်လည်း သိုင်းရွိုင်းမှာ ကင်ဆာဖြစ်နေပြီ။ တဖက်ကပြန်တွေးကြည့်တော့ သိုင်းရွိုင်းကင်ဆာများသည် လူသားတို့ကို ဒုက္ခပေးဖို့ အချိန် အတော်ယူရကြောင်း၊ သိုင်းရွိုင်းကင်ဆာတိုင်းကို ကုသမှုအရေးတကြီးပေးရန်မလိုကြောင်း သုံး သပ်လို့ရသည်။ အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံ၏ သိုင်းရွိုင်းဂလင်းအတွင်း သိုင်းရွိုင်း ကင်ဆာဆဲလ်တွေ မှီခိုပြီးဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းကြသည်။ ထိုအထဲမှ အများ စုမှာ သိုင်းရွိုင်းကင်ဆာကို ခံစားကြရမှာ မဟုတ်ကြောင်း၊ သိုင်းရွိုင်းကင်ဆာ၏မည်သည် ရောဂါ လက္ခကိုမှ ဘဝတသက်တာကာလပတ်လုံး ခံစားကြရမှာ မဟုတ်ကြောင်း ခန့်မှန်း ကြပါသည်။

သိုင်းရွိုင်းဂလင်းရှိသည့် လည်ပင်းအရှေ့ပိုင်းနေရာကို တီဗီဓာတ်မှန်ရိုက်မည်။ မသင်္က ကာစရာ အရည်အိတ်၊ ဒါမှမဟုတ် အကျိတ်ကလေး တစ်လုံးတွေ့ချင်တွေ့မည်။ ဒါဆိုရင် အပ်နဲ့စုပ်ပြီးဖြစ်ဖြစ်(FNAC)၊ ဓားပါးလေးနှင့် လှီး၍ဖြစ်ဖြစ် အသားစအယူခံရတော့မည်။ လူ တစ်ယောက်သည် သိုင်းးရွိုင်းကင်ဆာဆဲလ်တွေ့ သူ့ဟာသူ ရှိနေတတ်သည့် အရွယ်ရောက် ပြီးသူများ သုံးပုံတစ်ပုံလူအုပ်ထဲ ပါဝင်နေသူဖြစ်လျှင် ထို အသားစအဖြေမှာ ကင်ဆာဆဲလ် များကို တွေ့ပါလိမ့်မည်။ ဘဝတလျှောက်လုံးပေါ်လာမှာ မဟုတ်သည့်၊ ပေါ်လာဖို့လည်ပင်းကို ဓားနှင့် အခွဲခံရမည်။ ဓာတ်သတ္တိကြွဆေးတွေကိုလည်း မျိုချင်မျိုရမည်။ ခွဲစိတ်မှု၏ နောက်ဆက် တွဲ ပြဿနာ၊တွေ့နေမှတော့ ဘယ်သူက ဆေးမကုပဲနေရဲပါတော့မည်နည်း။ သည်တော့ သိုင်း ရွိုင်းကင်ဆာပြဿနာမှာ မလိုအပ်ပဲ ဆေးကုသမခံချင်ရင် ဆေးကြိုပြီးမစစ်သင့်ဟူသော အဖြေ ကို ရပါသည်။

ယနေ့ပြင်သစ်အီတလီ၊ ခရိုအေးရှား၊ အစ္စရေး၊တရုတ်၊ သြစတြေလျ၊ကနေဒါ နှင့် အမေရိကန်ပြည်ထောင်စုများမှာ သိုင်းရွိုင်းကင်ဆာကြိုတင်ရှာဖွေစစ်ဆေးမှုနှုန်းက နှစ်ဆ ကျော်မြင့်တတ်လာပါပြီ။ မကြာလှသည့် အချိန်မှာ တောင်ကိုရီးယား၏ ခြေရာကိုလိုက်ပြီး သိုင်းရွိုင်းကင်ဆာဖြစ်ပွားနှုန်းတွေ ဆနှင့်ချီပြီးတတ်လာပါတော့မည်။ ကိုယ်မွှေးသည့်မီးကို ကိုယ်ပြန်သတ်နိုင်ဖို့အတွက် အဆိုပါနိုင်ငံများသည် တောင်ကိုရီးယားနိုင်ငံ၏ သင်ခန်းစာကို ယူလျက် သိုင်းရွိုင်းကင်ဆာကို ကြိုတင်ပြီး မရှာဖွေကြဖို့ သတိချပ်စရာဖြစ်ပါတော့သည်။

Ref း Korea’s Thyroid- Cancer ” Epidemic ”- Screening and Overdiagnisis by Hyeong Sik Ahn, M.D., Ph.D.,Hyun Jung Kim, M.P.H., Ph.D.,and H. Gilbert Weich, M.D ., M.P.H.

ကိုရီးယား၏ သုိင္း႐ိြဳင္းကင္ဆာ

ေတာင္ကုိရီးယားႏုိ္င္ငံသည္ သန္း ၅၀ မွ်ေသာ ႏုိ္င္ငံသားမ်ားတြက္ အမ်ဳိးသားက်န္းမာေရး ေစာင့္ေရွာက္မႈရံပုံေငြ စနစ္ကုိ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားကတည္းက စတင္ခဲ့ပါသည္။ အခမဲ့ ျပည္သူ႕က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ဟုလည္း ေျပာလုိ႕ရသည္။ ယေန႕ေတာင္ကုိရီးယား ႏိုင္ငံမွာ လူရီးေရ ၁ သန္းအတြက္ ကြန္ျပဴတာဓာတ္မွန္ ၅ လုံးရွိသည္။ MRI ေခၚ သံလုိက္ စက္ကြင္းဓာတ္မွန္ ေလးလုံးရွိေနသည္။ က်န္းမာေရးစာရင္းဇယားမ်ားအတြက္ တိက်သည့္ စာရင္းမွတ္တမ္း၊ သုေတသနေတြရွိေနသလုိ ကင္ဆာျဖစ္ပြားမႈႏႈန္း စာရင္းမွတ္တမ္းမ်ား မွာလည္း စနစ္တက် ရွိေနပါသည္။

၁၉၉၉ ခုႏွစ္ စတင္လ်က္ ေတာင္ကုိးရီးယားအစုိးရသည္ ကင္ဆာႏွင့္ အျခားအျဖစ္ မ်ားေသာေရာဂါ အခမဲ့ ႀကိဳတင္ရွာေဖြေရးစီမံခ်က္ကုိ စတင္ခဲ့သည္။ ကင္ဆာေရာဂါမ်ား ႀကိဳတင္ ရွာေဖြသည့္ေနရာမွာ အျဖစ္မ်ားသည့္ ရင္သားကင္ဆာ၊ အူမႀကီးကင္ဆာ၊ သားအိမ္ ေ ေခါင္းကင္ဆာ၊ အစာအိမ္ကင္ဆာႏွင့္ အသည္းကင္ဆဆာမ်ားကုိ ႏုိင္ငံသားအားလုံးအတြက္ အခမဲ့ စစ္ေဆးေပးျခင္းျဖစ္ပါသည္။ ပွ်မ္းမွ်အထက္၀င္ေငြရွိသူမ်ားအဖုိ႕စတိသေဘာမွ် စရိတ္ မွ်ေပးရတာမ်ဳိးေတာ့ရွိသည္။ လည္ပင္သိုင္းရြိဳင္းအက်ိတ္ကင္ဆာမ်ားကုိ ႀကိဳတင္စစ္ေဆးဖုိ႕ အခမဲ့အစီအစဥ္မွာ မပါ၀င္ခဲ့ေပမယ့္ သက္ဆုိင္ရာအာဏာပုိင္မ်ားက အလ်ဥ္းသင့္ရင္သင့္ သလုိ ထည့္သြင္းစစ္ေဆးေပးခဲ့ၾကတာရွိပါသည္။ စစ္ေဆးသည့္ နည္းလမ္းကလည္း လြယ္ကူ ပါသည္။ အေမရိကန္ေဒၚလာ ၃၀ မွ ၅၀ ခန္႕အထိသာ က်သင့္သည္ကုိ လည္ပင္းကုိ တီဗီ ဓာတ္မွန္႐ုိတ္သည့္ စစ္ေဆးမႈျဖစ္ပါသည္။

ေတာင္ကုိရီးယားေဆး႐ုံအေတာ္မ်ားမ်ားမွာလည္း က်န္းမာေရးစစ္ေဆးသည့္ အစီ အစဥ္မ်ားထဲမွာ သို္င္း႐ိြဳင္းကင္ဆာအား တီဗီဓာတ္မွန္ျဖင့္ ႀကိဳတင္ရွာေဖြသည့္နည္းလမ္းကုိ ေစ်းကြက္ခ်ဲ႕ထြင္ၿပီး အေရာင္းျမႇင့္တင္လာၾကသည္။ တခ်ဳိ႕ရပ္ကြက္ေဆးခန္းငယ္မ်ားရွိ အေထြေထြကုဆရာ၀န္မ်ားဆုိလွ်င္ တပုိင္တႏုိင္တီဗီဓာတ္မွန္႐ုိက္စက္ေလးေတြ ၀ယ္ထားၾက ၿပီး သိုင္းရြိဳင္းကင္ဆာ ႀကဳိတင္ရွာေဖြႏုိင္ဖုိ႕ သူတုိ႕ေဆးခန္းေလးထဲမွာပဲ တီဗီဓာတ္မွန္႐ိုက္ေပး ႏုိင္ၾကသည္။ အစုိးရႏွင့္ မီဒီယာမ်ားကလည္း သိြဳင္းရြဳိင္းကင္ဆာႀကိဳတင္စစ္ေဆးေရးအတြက္ တုိးခ်ဲ႕ပညာေပးလာၾကသည္။

၂၀၀၄ ႏွစ္ဦးပုိင္မွာေတာ့ သိုင္းရြိဳင္းကင္ဆာႀကိဳတင္စစ္ေဆးမႈမ်ားႏွင့္ ပတ္သက္ၿပီး တခ်ဳိ႕ေသာ ဆရာ၀န္မ်ား၏ ေ၀ဖန္ေထာက္ျပသံေတြ ဆူညံလာခဲ့သည္။ ကင္ဆာမရွိပဲ ရွိသည္ ဟု သတ္မွတ္မႈ(Overdiagnosis) ေတြမ်ားလာေၾကာင္း၊ ေရာဂါလကၡဏာ တစ္စုံတရာမရွိပဲ သိုင္းရြိဳင္းကင္ဆာအားႀကိဳတင္စစ္ေဆးေနမႈမ်ားကုိ ရပ္တန္႕သင့္ေၾကာင္း ေျပာဆုိလာၾက တာ ပါ။ နာမည္ႀကီးသတင္းစာေတြကလည္း စာလုံးမည္းႀကီးမ်ားျဖင့္ ထုိကစၥကုိ ေဖာ္ျပလာၾက သည္။ ေတာင္ကုိရီးယားႏိုင္ငံ၏ အဓိက႐ုပ္ျမင္သံၾကားအစီအစဥ္ သုံးခုစလုံးမွာ အထူးက႑ အျဖစ္ ေဖာ္ျပေနၾကသည္။ သုိ႕ေသာ္ ျဖစ္ပြားမႈႏႈန္း အတုိင္းအတာတစ္ခုအထိ မ်ားျပားၿပီး၊ လူေတြကလည္း ေၾကာက္တတ္ေနၾကၿပီျဖစ္သည့္ ေရာဂါတစ္ခုကို ေစာစီးစြာ မစစ္ေဆးသင့္ ေၾကာင္း ရွင္းလင္းျပတ္သားစြာ ေထာက္ျပစည္း႐ုံးဖုိ႕ဆုိသည္မွာ မလြယ္ကူလွပါ။

ေတာင္ကုိရီးယားႏုိင္ငံ၏ ကင္ဆာလူနာမွတ္တမ္းကို ေလ့လာမည္ဆိုရင္ အေျဖကုိ ထင္ေတြ႕ႏုိင္ပါသည္။ ၁၉၉၀ ျပည့္ႏွစ္မ်ားမွစတင္လ်က္ ေတာင္ကုိရီးယားမွာ ကင္ဆာလူနာ မွတ္တမ္းကုိ ေလ့လာမည္ဆုိရင္ အေျဖကုိ ထင္ရွားရွာေတြ႕ႏိုင္ပါသည္။ ၂၀၁၁ ခုႏွစ္အတြင္း သုိင္းရြိဳင္းကင္ဆာလူနာသစ္ေတြ႕ရွိမႈက ၁၉၉၃ ခုႏွစ္က ႏႈန္းထားတက္ ၁၅ ဆအထိမ်ားျပား လာခဲ့သည္။ အျဖစ္အမ်ားဆုံးက Papillary carcimoma အမ်ဳိးအစားသိုင္းရြဳိင္းကင္ဆာပါ။ ထူး ျခားသည့္ အခ်က္က သိုင္းရြိဳင္ကင္ဆာေတြ ပုိအျဖစ္မ်ားလာေပမယ့္ ထုိကင္ဆာမ်ားေၾကာင့္ ေသဆုံးမႈႏႈန္းကေတာ့ က်လည္းမသြားပါ၊ တုိးလဲမလာ။တန္႕ေနတာကုိေတြ႕ၾကရသည္။ ေရာဂါ တစ္ခုက အျဖစ္မ်ားလာ႐ုိးမွန္းလွ်င္ ေသဆံုးမႈႏႈန္းလည္း တက္လာသင့္သည္။ အျဖစ္မ်ား လာၿပီး ေသဆုံးမႈႏႈန္းမတတ္ဆုိရင္ေတာ့ Overdiagnosis (မရွိပဲ အရွိထင္ျခင္း) မ်ားျဖစ္ မေနလားဆိုတာ ထည့္စဥ္းစားဖုိ႕ လုိလာၿပီ။

ေတာင္ကုိရီးယားႏုိင္ငံမွာ ေဒသႀကီး ၁၆ ခုုရွိသည္။ ထုိေဒသႀကီး ၁၆ ေနရာမွာ သုိင္းရြိဳင္းကင္ဆာျဖစ္ပြားမႈႏႈန္း မတူညီတာကိုလည္း ေတြ႕ၾကရသည္။ ဘယ္လုိပဲျဖစ္ျဖစ္ သိုင္းရိြဳင္းကင္ဆာမွာ ယေန႕ေတာင္ကုိရီးယားႏုိ္္င္ငံ၏ အျဖစ္အမ်ားဆုံး ကင္ဆာအျဖစ္ရပ္ တည္ေနပါၿပီ။ ၂၀၁၁ ခုႏွစ္အတြင္းက ေတာင္ကုိရီးယားႏုိင္ငံအတြင္း သုိင္းရြိဳင္းကင္ဆာ ျဖစ္ေနၿပီဟု ေရာဂါအမည္တပ္ခံရသူ ေလးေသာင္းရွိခဲ့သည္။ လြန္ခဲ့သည့္ ဆယ္ႏွစ္အတြင္း သုိိင္းရြိဳင္းကင္ဆာျဖင့္ တစ္နည္းပွ်မ္းမွေသဆုံးမႈႈႏႈန္းမွာ လူနာ ၃၀ ႏွင့္ ၄၀ ၾကားတြင္ ရွိသည္။ ဘယ္ႏွစ္မွာ လူနာ ၄၀၀ထက္ပုိၿပီး ေသဆုံးခ့ဲရသည္ဟူ၍ မရွိခဲ့ပါ။ သည္ေတာ့ သိ္ုင္းရြိဳင္း ကင္ဆာ လူနာသစ္ေတြ႕ရွိႏႈန္းက ထုိကင္ဆာျဖင့္ ေသဆုံးမႈႏႈန္းထက္ အဆ ၁၀၀ခန္႕ ပုိမ်ားေန သည္။

သုိင္းရိြဳင္ကင္ဆာဟု အမည္တပ္ခံရသည့္ လူနာအားလုံးလုိလုိ ေဆးကုသမႈခံယူခဲ့ၾကရ ပါသည္။ ထုိလူနာမ်ား၏ ပွ်မ္းမွ်သုံးပုံႏွစ္ပုံခန္က သုိင္းရြိဳင္းအက်ိတ္ႀကီးတစ္ခုလုံး ခြဲထုတ္ခံ လုိက္ၾကရသည္။ ထုိလူနာမ်ား၏ ပွ်မ္းမွ်သုံးပုံႏွစ္ပုံခန္႕က သုိင္းရြိဳင္းအက်ိတ္ႀကီးတစ္ခုလုံး ခြဲထုတ္ခံလုိက္ၾကရသည္။ က်န္သုံးပုံတစ္ပုံက သိုင္းရြိဳင္းအက်ိတ္တစ္ခုလုံးနီးပါး ခြဲထုတ္ခံခ့ဲ ၾကရသည္။ ကင္ဆာ၏ ဘယ္လုိအေျခအေနမ်ဳိးမွာ သိုင္းရြိင္အက်ိတ္ႀကီးကုိ ခြဲထုတ္ရမလဲဟူ သည့္ မူ၀ါဒသတ္မွတ္ခ်က္ကလည္း အၿမဲလုိလုိ ေျပာင္းေနသည္။ ခြဲခ်င္၊ စိတ္ခ်င္သည့္ ဘက္ကုိ ပုိၿပီးဦးစားေပး၊ေဇာင္းေပးလာၾကသည့္ အေျခအေနပါ။ သို္င္းရိြဳင္းဂလင္းထဲမွာ ျဖစ္ေနသည့္ ကင္ဆာအက်ိတ္က တစ္စင္တီမီတာထက္ေသးငယ္သည္ဆုိရင္ သုိင္းရိြဳင္း တစ္ခုလုံး ခြဲထုတ္ပစ္ေလ့မရွိပါ။ ကင္ဆာက်ိတ္ ၀.၅ စင္တီမီတာဆုိရင္ေတာ့ လုံးလုံးမခြဲစိတ္ ေတာ့ပဲ တျခားကုသနည္းကုိ သုံးလုိ႕ရသည္။

ထုိသို႕သတ္မွတ္ခ်က္ေတြရွိေနပါလ်က္ႏွင့္ ၁၉၉၅ ခုွႏွစ္အတြင္း ကင္ဆာအက်ိတ္ တစ္စင္တီမီတာထက္ေသးငယ္သည့္ သိုင္းရိြဳင္းကင္ဆာမ်ား၏ ၁၄% ကုိသာ ခြဲစိတ္ခဲ့ၾကရာမွ ေနာင္ဆယ့္ႏွစ္ၾကလာသည့္အခါ ၅၆% အထိ ခြဲစိတ္လာၾကတာကုိ ေတြ႕ရသည္။ တကယ္ ေတာ့ သိုင္းရိြဳင္းအက်ိတ္ကုိ ခြဲစိတ္ထုတ္ပစ္ခံရဖုိ႕က ေရရွည္မွာ စိန္ေခၚမႈေတြ အမ်ားႀကီးရွိ သည့္ စြန္႕စားမႈတစ္ခုပါ။ ေသခ်ာသည့္အခ်က္တစ္ခ်က္ကေတာ့ သုိ္င္းရိြဳင္းေဟာ္မုန္းေဆး၀ါး ေတြကုိ တစ္သက္လုံး မွီ၀ဲသြားရေတာ့မည္ စိိန္ေခၚမႈျဖစ္ပါသည္။ မွတ္တမ္းမွတ္ရာမ်ားအရ သိုင္းရိြဳင္းအက်ိတ္ခြဲစိတ္ထုတ္ပစ္ခံထားရသည့္ ကုိရီးယားလူမ်ုုိး တစ္ေသာင္းခြဲအနက္ ၁၁% က ပါရာသုိင္းရိြဳင္းဟုေခၚသည့္ သုိင္းရိြဳင္းဂလင္းႏွင့္ကပ္ေနသည့္ ဂလင္းေလးတစ္ခုပါ ခြဲထုတ္ ပစ္ခံရသည့္အထဲပါသြားၿပီ တစ္သက္လုံးျပႆနာတတ္ၾကရသည္။ ၂%က အသံအုိးသုိ႕သြား သည့္ အာ႐ုံေၾကာတစ္ေခ်ာ္ငးအျဖတ္ခံထားရသည့္အထဲ ပါသြားၿပီး စကားေျပာရင္ အသံမထြက္ေတာ့သည့္ ျပႆနာႏွင့္ ႀကံဳခဲ့ၾကရသည္။

၁၉၄၇ ခုႏွစ္က ထုတ္ျပန္ထားခဲ့သည္ သုေတသနတစ္ခုရွိသည္။ အေၾကာင္း တစ္ခုခုေၾကာင့္ ေသဆုံးသြားရသည့္ လူနာမ်ားကုိ ရင္ခြဲစစ္ေဆးၾကည့္သည့္အခါ သူတုိ႕၏ သုိင္းရိြဳင္းဂလင္းေတြမွာ ကင္ဆာျဖစ္ေနၾကေၾကာင္း အေတာ္မ်ားမ်ားဆီမွာ ေတြ႕လုိက္ရသည္။ လူနာက အျခားအေၾကာင္းႏွင့္ေသဆုံးျခင္းျဖစ္ေသာ္လည္း သုိင္းရိြဳင္းမွာ ကင္ဆာျဖစ္ေနၿပီ။ တဖက္ကျပန္ေတြးၾကည့္ေတာ့ သို္င္းရိြဳင္းကင္ဆာမ်ားသည္ လူသားတုိ႕ကို ဒုကၡေပးဖုိ႕ အခ်ိန္ အေတာ္ယူရေၾကာင္း၊ သိုင္းရိြဳင္းကင္ဆာတုိ္င္းကုိ ကုသမႈအေရးတႀကီးေပးရန္မလုိေၾကာင္း သုံး သပ္လုိ႕ရသည္။ အရြယ္ေရာက္ၿပီးသူ သုံးပုံတစ္ပုံ၏ သို္င္းရိြဳင္းဂလင္းအတြင္း သိုင္းရိြဳင္း ကင္ဆာဆဲလ္ေတြ မွီခုိၿပီးျဖစ္ေၾကာင္း ပညာရွင္မ်ားက ခန္႕မွန္းၾကသည္။ ထုိအထဲမွ အမ်ား စုမွာ သုိင္းရိြဳင္းကင္ဆာကုိ ခံစားၾကရမွာ မဟုတ္ေၾကာင္း၊ သိုင္းရိြဳင္းကင္ဆာ၏မည္သည္ ေရာဂါ လကၡကိုမွ ဘ၀တသက္တာကာလပတ္လုံး ခံစားၾကရမွာ မဟုတ္ေၾကာင္း ခန္႕မွန္း ၾကပါသည္။

သုိင္းရိြဳင္းဂလင္းရွိသည့္ လည္ပင္းအေရွ႕ပုိင္းေနရာကုိ တီဗီဓာတ္မွန္႐ိုက္မည္။ မသကၤ ကာစရာ အရည္အိတ္၊ ဒါမွမဟုတ္ အက်ိတ္ကေလး တစ္လုံးေတြ႕ခ်င္ေတြ႕မည္။ ဒါဆိုရင္ အပ္နဲ႕စုပ္ၿပီးျဖစ္ျဖစ္(FNAC)၊ ဓားပါးေလးႏွင့္ လွီး၍ျဖစ္ျဖစ္ အသားစအယူခံရေတာ့မည္။ လူ တစ္ေယာက္သည္ သိ္ု္င္းးရြိဳင္းကင္ဆာဆဲလ္ေတြ႕ သူ႕ဟာသူ ရွိေနတတ္သည့္ အရြယ္ေရာက္ ၿပီးသူမ်ား သုံးပုံတစ္ပုံလူအုပ္ထဲ ပါ၀င္ေနသူျဖစ္လွ်င္ ထုိ အသားစအေျဖမွာ ကင္ဆာဆဲလ္ မ်ားကုိ ေတြ႕ပါလိမ့္မည္။ ဘ၀တေလွ်ာက္လုံးေပၚလာမွာ မဟုတ္သည့္၊ ေပၚလာဖုိ႕လည္ပင္းကုိ ဓားႏွင့္ အခြဲခံရမည္။ ဓာတ္သတၱိၾကြေဆးေတြကိုလည္း မ်ဳိခ်င္မ်ဳိရမည္။ ခြဲစိတ္မႈ၏ ေနာက္ဆက္ တြဲ ျပႆနာ၊ေတြ႕ေနမွေတာ့ ဘယ္သူက ေဆးမကုပဲေနရဲပါေတာ့မည္နည္း။ သည္ေတာ့ သုိင္း ရိြဳင္းကင္ဆာျပႆနာမွာ မလုိအပ္ပဲ ေဆးကုသမခံခ်င္ရင္ ေဆးႀကိဳၿပီးမစစ္သင့္ဟူေသာ အေျဖ ကုိ ရပါသည္။

ယေန႕ျပင္သစ္အီတလီ၊ ခ႐ုိေအးရွား၊ အစၥေရး၊တ႐ုတ္၊ ၾသစေၾတလ်၊ကေနဒါ ႏွင့္ အေမရိကန္ျပည္ေထာင္စုမ်ားမွာ သုိ္င္းရိြဳင္းကင္ဆာႀကိဳတင္ရွာေဖြစစ္ေဆးမႈႏႈန္းက ႏွစ္ဆ ေက်ာ္ျမင့္တတ္လာပါၿပီ။ မၾကာလွသည့္ အခ်ိန္မွာ ေတာင္ကုိရီးယား၏ ေျခရာကိုလုိက္ၿပီး သုိင္းရိြဳင္းကင္ဆာျဖစ္ပြားႏႈန္းေတြ ဆႏွင့္ခ်ီၿပီးတတ္လာပါေတာ့မည္။ ကုိယ္ေမႊးသည့္မီးကုိ ကိုယ္ျပန္သတ္ႏိုင္ဖုိ႕အတြက္ အဆုိပါႏုိင္ငံမ်ားသည္ ေတာင္ကုိရီးယားႏုိင္ငံ၏ သင္ခန္းစာကုိ ယူလ်က္ သိုင္းရိြဳင္းကင္ဆာကုိ ႀကိဳတင္ၿပီး မရွာေဖြၾကဖုိ႕ သတိခ်ပ္စရာျဖစ္ပါေတာ့သည္။

Ref း Korea’s Thyroid- Cancer ” Epidemic ”- Screening and Overdiagnisis by Hyeong Sik Ahn, M.D., Ph.D.,Hyun Jung Kim, M.P.H., Ph.D.,and H. Gilbert Weich, M.D ., M.P.H.