ကိုယ်ဝန်က ပျက်ချင်ချင်
လူ့အသက်တစ်ချောင်းဖြစ်တည်ဖို့ရာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ထိပ်တိုက်ထိဖို့ရာထက် ခက်တယ်လို့ ဆိုကြပါတယ် ။
ဒါကြောင့် ကိုယ်ဝန်တစ်ခုဖြစ်တည်ဖို့ရာ ခက်သလို အဆင်ပြေချောမွေ့စွာ မွေးတဲ့အထိ စောင့်ရှောက်ဖို့ကလည်း မလွယ်လှပါ ။ပိုးမွေးသလို မွေးရတဲ့ ကိုယ်ဝန်တစ်ခုအဖို့ ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းရင် “သားပျက်ပြီလား ၊ကိုယ်ဝန်ပျက်ပြီလားရယ်” လို့ မိခင်လောင်းရော ဖခင်လောင်းတို့မှာပါ ရတက်မအေး သောကများလှပါတယ် ။
ဒီဆောင်းပါးလေးမှာတော့ တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာပြသတိုင်ပင်ပြီး ဂရုတစိုက် သတိထားရမယ့် Threatened Miscarriage လို့ခေါ်တဲ့ “ပျက်ချင်သလို ဖြစ်သောကိုယ်ဝန်” အကြောင်း စာဖတ်သူတို့ ဗဟုသုတရအောင် ဖော်ပြလိုက်ပါတယ်။
ကိုယ်ဝန်က ပျက်ချင်ချင် Threatened Miscarriage ဆိုတာ ဘာလဲ
ကိုယ်ဝန် တကယ်ပျက်ကျခြင်း ၊သားလျောခြင်း ဖြစ်သေးတာ မဟုတ်ပါ။ ကိုယ်ဝန်ဆောင်လို့ ပထမ ၁၂ပတ်အတွင်းမှာ သွေးဆင်းခြင်းနဲ့ ဗိုက်အောင့်ခြင်းများဖြစ်
ခြင်းကို ခေါ်တာပါ ။ဒါပေမယ့် သားမပျက်ဘဲ ကိုယ်ဝန်ဆက်လက်တည်မြဲပါတယ် ။ဂရုစိုက်ဖို့ လိုပါတယ် ။ဘာလို့လဲဆိုရင် အချိန်မရွေး ကိုယ်ဝန်ပျက်ကျနိုင်လို့ပါ ။
ပျက်ချင်သလို ဖြစ်တဲ့ ကိုယ်ဝန်တွေဟာ ဘယ်လောက် အဖြစ်များသလဲ
ကိုယ်ဝန်ဆောင်အမျိုးသမီး ၆ယောက်မှ ၁ယောက်နှုန်း ဖြစ်တတ်ပါတယ် ။
ဘာလက္ခဏာတွေပြသလဲ
မိန်းမကိုယ်မှ သွေးဆင်းမယ် ၊အနီရောင်ကနေ ညိုပုတ်ပုတ် အရောင်ထိဖြစ်နိုင်တယ်။ ပမာဏ အနေနဲ့ pad စိုရုံထက် ပိုများတတ်တယ် ။သွေးဆင်းလိုက် ၊မဆင်းလိုက်နဲ့ ရက်ပိုင်းလောက်ထိ ဖြစ်တတ်တယ် ။
ဗိုက်အောက်ဘက် ဆီးစပ်တစ်ဝိုက် ကိုက်ပြီး နာတတ်တယ် ။
မိန်းမကိုယ်က အရည်များ ၊အကျိအချွဲများ ဆင်းတတ်တယ် ။
ဘာတွေကြောင့် ဖြစ်တတ်သလဲ
ကိုယ်ဝန်ဆောင် ပထမ ၃လပတ်မှာ ဖြစ်ရင် အများအားဖြင့်
- ခရိုမိုဆုန်းရောဂါများကြောင့် ၊တစ်နည်း မျိုးရိုးဗီဇရောဂါများ
- အချင်း ပြဿနာများ
- ကိုယ်ဝန်ဆောင်မိခင်ရဲ့အသက်(အသက် ၃၀ကျော်လေ ကိုယ်ဝန်ပျက်ကျနိုင်ခြေများ လေလေ ပါ။)
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- တချို့သော ဆေးဝါးများ
- အရက်သောက်ခြင်း
- ကော်ဖီ တစ်နေ့ ၂၀၀ မီလီဂရမ်ထက် ပိုသောက်သုံးခြင်း
စတာတွေကြောင့်ဖြစ်တတ်တယ် ။
ကိုယ်ဝန်ဆောင် ဒုတိယ ၃လပတ်မှာ ဖြစ်ရင်
- မိခင်ရဲ့ နာတာရှည် ရောဂါများ (ဥပမာ-သွေးတိုး ၊ဆီးချို ၊သိုင်းရွိုက်အကျိတ်ရောဂါများ)
- သားအိမ်ရောဂါများ
- သားအိမ်ခေါင်းအားနည်းခြင်း
- ကိုယ်ဝန်ဆောင်စဉ် ရောဂါပိုးများ ကူးစက်ခံရခြင်း(ဥပမာ-ဂျိုက်သိုး ၊ကာလသားပိုး)
စတာတွေကြောင့်ဖြစ်တတ်တယ် ။
ပျက်ချင်သလိုဖြစ်သော ကိုယ်ဝန်နဲ့ အယူအဆမှားများ
- အပူအစပ် အစားများလို့
- ကိုယ်ဝန်ဆောင်စဉ် အလုပ်လုပ်လို့
- ကိုယ်ဝန်ဆောင်စဉ် လေကြောင်းခရီးသွားလို့
- မိခင်လောင်း စိတ်လှုပ်ရှားလို့
- ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံလို့
စတဲ့ အချက်တွေဟာ အရပ်ပြော အယူူအဆမှားများသာဖြစ်ပါတယ် ။
ကိုယ်ဝန်ပျက်ချင်သလိုဖြစ်ရင် ဘာဆက်လုပ်ရမလဲ
- နီးစပ်ရာ ဆေးရုံ ဆေးခန်းများမှာ အရင်ဆုံး ပြသစစ်ဆေးပါ ။
- စိတ်အေးအေးထားပါ ။
- နားနားနေနေ နေပါ ။
- အလေးအပင်မခြင်းများ မလုပ်ပါနဲ့ ။
- ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး မလုပ်ပါနဲ့ ။
- ကြမ်းတမ်းစွာ လိင်ဆက်ဆက်ခြင်းမျိုး ရှောင်ပါ ။
- ဆေးလိပ် ၊အရက် ၊ဘီယာနဲ့ ကော်ဖီအလွန်အကျွံသောက်ခြင်း ရှောင်ပါ ။
- အာဟာရမျှတစွာစားပါ ။
- မွေးလမ်းကြောင်းကို tampon များ ၊မိန်းမကိုယ်သန့်စင်ဆေးများနဲ့ ဆေးကြောခြင်း ရှောင်ပါ ။
ခေတ်သစ် ဇီဝက
ကိုယ္၀န္က ပ်က္ခ်င္ခ်င္
လူ႕အသက္တစ္ေခ်ာင္းျဖစ္တည္ဖို႕ရာ လူ႕ျပည္က အပ္တစ္စင္းနဲ႕ ျဗဟၼာ႕ျပည္က အပ္တစ္စင္း ထိပ္တုိက္ထိဖို႕ရာထက္ ခက္တယ္လို႕ ဆိုႀကပါတယ္ ။
ဒါေႀကာင့္ ကိုယ္၀န္တစ္ခုျဖစ္တည္ဖို႕ရာ ခက္သလို အဆင္ေျပေခ်ာေမြ႕စြာ ေမြးတဲ့အထိ ေစာင့္ေရွာက္ဖို႕ကလည္း မလြယ္လွပါ ။ပိုးေမြးသလို ေမြးရတဲ့ ကိုယ္၀န္တစ္ခုအဖို႕ ကိုယ္၀န္ေဆာင္စဥ္ ေသြးဆင္းရင္ “သားပ်က္ျပီလား ၊ကိုယ္၀န္ပ်က္ျပီလားရယ္” လို႕ မိခင္ေလာင္းေရာ ဖခင္ေလာင္းတို႕မွာပါ ရတက္မေအး ေသာကမ်ားလွပါတယ္ ။
ဒီေဆာင္းပါးေလးမွာေတာ့ တတ္ကြ်မ္းတဲ့ ဆရာ၀န္မ်ားနဲ႕ ေသခ်ာျပသတိုင္ပင္ျပီး ဂရုတစိုက္ သတိထားရမယ့္ Threatened Miscarriage လို႕ေခၚတဲ့ “ပ်က္ခ်င္သလို ျဖစ္ေသာကိုယ္၀န္” အေႀကာင္း စာဖတ္သူတို႕ ဗဟုသုတရေအာင္ ေဖာ္ျပလိုက္ပါတယ္။
ကိုယ္၀န္က ပ်က္ခ်င္ခ်င္ Threatened Miscarriage ဆိုတာ ဘာလဲ
ကိုယ္၀န္ တကယ္ပ်က္က်ျခင္း ၊သားေလ်ာျခင္း ျဖစ္ေသးတာ မဟုတ္ပါ။ ကို္ယ္၀န္ေဆာင္လို႕ ပထမ ၁၂ပတ္အတြင္းမွာ ေသြးဆင္းျခင္းနဲ႕ ဗိုက္ေအာင့္ျခင္းမ်ားျဖစ္
ျခင္းကို ေခၚတာပါ ။ဒါေပမယ့္ သားမပ်က္ဘဲ ကိုယ္၀န္ဆက္လက္တည္ျမဲပါတယ္ ။ဂရုစိုက္ဖို႕ လိုပါတယ္ ။ဘာလို႕လဲဆိုရင္ အခ်ိန္မေရြး ကိုယ္၀န္ပ်က္က်ႏိုင္လို႕ပါ ။
ပ်က္ခ်င္သလို ျဖစ္တဲ့ ကိုယ္၀န္ေတြဟာ ဘယ္ေလာက္ အျဖစ္မ်ားသလဲ
ကိုယ္၀န္ေဆာင္အမ်ိဳးသမီး ၆ေယာက္မွ ၁ေယာက္ႏႈန္း ျဖစ္တတ္ပါတယ္ ။
ဘာလကၡဏာေတြျပသလဲ
မိန္းမကိုယ္မွ ေသြးဆင္းမယ္ ၊အနီေရာင္ကေန ညိဳပုတ္ပုတ္ အေရာင္ထိျဖစ္ႏိုင္တယ္။ ပမာဏ အေနနဲ႕ pad စုိရုံထက္ ပိုမ်ားတတ္တယ္ ။ေသြးဆင္းလိုက္ ၊မဆင္းလိုက္နဲ႕ ရက္ပိုင္းေလာက္ထိ ျဖစ္တတ္တယ္ ။
ဗိုက္ေအာက္ဘက္ ဆီးစပ္တစ္၀ိုက္ ကိုက္ျပီး နာတတ္တယ္ ။
မိန္းမကိုယ္က အရည္မ်ား ၊အက်ိအခြ်ဲမ်ား ဆင္းတတ္တယ္ ။
ဘာေတြေႀကာင့္ ျဖစ္တတ္သလဲ
ကိုယ္၀န္ေဆာင္ ပထမ ၃လပတ္မွာ ျဖစ္ရင္ အမ်ားအားျဖင့္
- ခရုိမိုဆုန္းေရာဂါမ်ားေႀကာင့္ ၊တစ္နည္း မ်ိိဳးရိုးဗီဇေရာဂါမ်ား
- အခ်င္း ျပႆနာမ်ား
- ကိုယ္၀န္ေဆာင္မိခင္ရဲ႕အသက္(အသက္ ၃၀ေက်ာ္ေလ ကို္ယ္၀န္ပ်က္က်ႏိုင္ေျခမ်ား ေလေလ ပါ။)
- ေဆးလိပ္ေသာက္ျခင္း
- အ၀လြန္ျခင္း
- တခ်ိဳ႕ေသာ ေဆး၀ါးမ်ား
- အရက္ေသာက္ျခင္း
- ေကာ္ဖီ တစ္ေန႕ ၂၀၀ မီလီဂရမ္ထက္ ပိုေသာက္သုံးျခင္း
စတာေတြေႀကာင့္ျဖစ္တတ္တယ္ ။
ကိုယ္၀န္ေဆာင္ ဒုတိယ ၃လပတ္မွာ ျဖစ္ရင္
- မိခင္ရဲ႕ နာတာရွည္ ေရာဂါမ်ား (ဥပမာ-ေသြးတိုး ၊ဆီးခ်ိဳ ၊သိုင္းရြိဳက္အက်ိတ္ေရာဂါမ်ား)
- သားအိမ္ေရာဂါမ်ား
- သားအိမ္ေခါင္းအားနည္းျခင္း
- ကိုယ္၀န္ေဆာင္စဥ္ ေရာဂါပိုးမ်ား ကူးစက္ခံရျခင္း(ဥပမာ-ဂ်ိိဳက္သိုး ၊ကာလသားပိုး)
စတာေတြေႀကာင့္ျဖစ္တတ္တယ္ ။
ပ်က္ခ်င္သလိုျဖစ္ေသာ ကိုယ္၀န္နဲ႕ အယူအဆမွားမ်ား
- အပူအစပ္ အစားမ်ားလို႕
- ကိုယ္၀န္ေဆာင္စဥ္ အလုပ္လုပ္လို႕
- ကိုယ္၀န္ေဆာင္စဥ္ ေလေႀကာင္းခရီးသြားလို႕
- မိခင္ေလာင္း စိတ္လႈပ္ရွားလို႕
- ကိုယ္၀န္ေဆာင္စဥ္ လိင္ဆက္ဆံလုိ႕
စတဲ့ အခ်က္ေတြဟာ အရပ္ေျပာ အယူူအဆမွားမ်ားသာျဖစ္ပါတယ္ ။
ကိုယ္၀န္ပ်က္ခ်င္သလိုျဖစ္ရင္ ဘာဆက္လုပ္ရမလဲ
- နီးစပ္ရာ ေဆးရုံ ေဆးခန္းမ်ားမွာ အရင္ဆုံး ျပသစစ္ေဆးပါ ။
- စိတ္ေအးေအးထားပါ ။
- နားနားေနေန ေနပါ ။
- အေလးအပင္မျခင္းမ်ား မလုပ္ပါနဲ႕ ။
- ျပင္းထန္တဲ့ ေလ့က်င့္ခန္းမ်ိဳး မလုပ္ပါနဲ႕ ။
- ႀကမ္းတမ္းစြာ လိင္ဆက္ဆက္ျခင္းမ်ိဳး ေရွာင္ပါ ။
- ေဆးလိိပ္ ၊အရက္ ၊ဘီယာနဲ႕ ေကာ္ဖီအလြန္အကြ်ံေသာက္ျခင္း ေရွာင္ပါ ။
- အာဟာရမွ်တစြာစားပါ ။
- ေမြးလမ္းေႀကာင္းကို tampon မ်ား ၊မိန္းမကိုယ္သန္႕စင္ေဆးမ်ားနဲ႕ ေဆးေႀကာျခင္း ေရွာင္ပါ ။
ေခတ္သစ္ ဇီ၀က