All Articlesအခြားရောဂါများအထွေထွေရောဂါများ

သင်္ကြန်ရေ၊နေလောင်အသားအရေနှင့် ဗီတာမင်စီ

1 Mins read

သင်္ကြန်ရေ၊နေလောင်အသားအရေနှင့် ဗီတာမင်စီ

‘သင်္ကြန်’

မြန်မာတို့ရဲ့ နှစ်စဉ်ဆင်နွှဲတဲ့ အတာရေသဘင်

တန်ခူးနေပူပူ၊နွေပူပူမှာ ရေစိုလိုက်၊နေညိုလိုက်နဲ့ သင်္ကြန်အပြီး မိမိတို့ရဲ့အသားအရေလေးတွေ ပြောင်းလဲသွားတတ်တာလေးကို သိကြမှာပါ၊ဂရုလဲစိုက်ကြမယ်ထင်ပါတယ်။သင်္ကြန်မှာ နေလောင်သွားတဲ့အသားအရေလေးတွေကို ပြန်လည်ထိန်းသိမ်းကြရာမှာ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပေးနိုင်တဲ့ အရေပြားချစ်တဲ့ဗီတာမင်လေးအကြောင်း အနည်းငယ်ပြောကြရအောင်။

ဗီတာမင်စီက အရေပြားအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ…

အရင်ဦးဆုံး ဗီတာမင်စီရဲ့ အရေပြားပေါ်မှာသက်ရောက်တဲ့အရာလေးတွေကို အကြမ်းဖျဉ်းပြောပြချင်ပါတယ်။ဗီတာမင်စီမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိ (antioxidant action) နဲ့ collagen တည်ဆောက်မှုကိုများစွာအထောက်အကူပေးခြင်းဟာ အရေပြားရဲ့ကျန်းမာသန်စွမ်းမှုအတွက်တော့ အလွန်အထောက်အကူဖြစ်စေပါတယ်။ဗီတာမင်စီဟာ အရေပြားဆဲလ်တွေအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးများရှိနေပြီး အချို့သုတေသနတွေအရ နေရောင်ခြည်ကြောင့်အရေပြားပျက်စီးခြင်းကိုကာကွယ်ခြင်း၊ကုသခြင်းတို့မှာပါ အရေးပါကြောင်းတွေ့ရှိရပါတယ်။ဒါပေမယ့်လည်း သုတေသနလုပ်ငန်းတွေမှာ ကန့်သတ်ချက်အချို့ရှိနေတာကြောင့် သက်သေခိုင်လုံတိကျတဲ့တွေ့ရှိချက်မျိုးထွက်လာဖို့တော့ လိုအပ်နေဆဲပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ လတ်တလောတွေ့ရှိထားတဲ့သုတေသနအချို့ရဲ့ ဗီတာမင်စီနဲ့နေရောင်ခြည်ကြောင့်အသားအရေပျက်စီးခြင်းဆက်စပ်နေပုံလေးတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ဗီတာမင်စီက နေလောင်ဒဏ်ကိုကာကွယ်နိုင်သလား…

ဗီတာမင်စီဟာ နေရောင်ကာ(sunscreen)မဟုတ်ပေမယ့် Antioxidant အာနိသင်ရှိတာကြောင့် UV light မှာပါတဲ့ free radical တွေရဲ့ အသားအရေအပေါ်ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။UV light ပြင်းအား၊ထိတွေ့မှုကြာချိန်တို့ဟာလဲ အရေပြားရဲ့ဗီတာမင်စီပါဝင်မှုကို လျော့ကျစေပါတယ်။ဗီတာမင်စီဟာ နေရောင်ခြည်ကြောင့် အရေပြားဆဲလ်များသေဆုံးမှုကိုလဲ လျော့နည်းစေပါတယ်။လေ့လာတွေ့ရှိချက်တွေအရတော့ ဗီတာမင်စီတစ်ခုတည်းသက်သက်နဲ့ UV light ကိုကာကွယ်ဖို့မလုံလောက်နိုင်ဘူးလို့ ဆိုပါတယ်၊ဒါပေမယ့် ဗီတာမင်စီနဲ့ ဗီတာမင်အီးကို တွဲပြီးပေးမယ်ဆိုရင်တော့ နေလောင်ဒဏ်ကြောင့်အသားအရေပျက်စီးမှုကို အတော်ထိရောက်စွာကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ဤဗီတာမင်(၂)မျိုးပေါင်းကို သောက်သုံး၍ဖြစ်စေ၊လိမ်းဆေးအနေနှင့်ဖြစ်စေ အသုံးပြုပါက နေရောင်ခြည်ကြောင့် အရေပြားထိခိုက်ပျက်စီးခြင်းကို အထိုက်အလျောက်ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဗီတာမင်စီဟာ နေလောင်ဒဏ်ကြောင့်အရေပြားထိခိုက်ခြင်း၊အရေးအကြောင်းများဖြစ်ပေါ်ခြင်းကိုရော သက်သာစေနိုင်သလား…

UV light ဟာ အရေပြားမှာ ဓါတ်တိုးမှုဖြစ်စဉ်(Oxidative damage)ကိုဖြစ်စေပြီး ၎င်းဖြစ်စဉ်ဟာအရေပြားရဲ့ဖွဲ့စည်းပုံကိုထိခိုက်စေပါတယ်။Antioxidant ဖြစ်တဲ့ ဗီတာမင်စီဟာ အရေပြားတင်းရင်းမှုကိုထိန်းသိမ်းပေးတဲ့ Collagen တွေရဲ့ထုတ်လုပ်မှုကိုအားပေးပါတယ်။ဒါ့အပြင် ဗီတာမင်စီဟာအသက်ကြီးလို့ဖြစ်တဲ့ အရေပြားအရေးအကြောင်းပေါ်ခြင်း၊အရေပြားတွဲခြင်းတို့ကိုလဲ သက်သာစေပါတယ်။လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင်စီကိုလုံလောက်စွာစားသုံးခြင်းက အရေပြားကိုလှပစိုပြေစေရုံမက အရေးအကြောင်းတွေကိုပါလျော့ကျစေတယ်လို့ဆိုပါတယ်။ဗီတာမင်စီ(3-10%) ပါတဲ့ အရေပြားလိမ်းဆေးတွေကိုပုံမှန်လိမ်းပေးမယ်ဆိုရင် ရက်သတ္တပတ်(၁၂ပါတ်)ကြာတဲ့အခါမှာ အရေပြားရဲ့ဆဲလ်တွေထိခိုက်ပျက်စီးမှုကိုသက်သာစေခြင်း၊အရေပြားကြမ်းတမ်းမှုကိုလျော့နည်းစေခြင်း၊Collagen တည်ဆောက်မှုကိုအားပေးခြင်းနဲ့ အရေးအကြောင်းဖြစ်ပေါ်မှုကိုနည်းပါးစေခြင်းစတဲ့အကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင် ၎င်းလိမ်းဆေးဟာ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလဲ သက်သာစေနိုင်ပါသတဲ့။ဒါပေမယ့် ဒီကောင်းကျိုးတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မှာ သက်ရောက်မှုလဲမတူညီနိုင်ဘူးလို့ ဆိုကြပြန်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ဗီတာမင်စီဟာအရေပြားအပေါ်မှာ ကောင်းမွန်တဲ့အာနိသင်တွေရှိနေတယ်ဆိုတာငြင်းမရနိုင်တဲ့အချက်ဖြစ်ပါတယ်။သုတေသနလေ့လာမှုတွေ ဆက်လုပ်ဖို့လိုအပ်နေသေးပေမယ့်လည်း ဗီတာမင်စီဟာ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းကိုကာကွယ်ရုံတင်မက ပျက်စီးသွားတဲ့ အသားအရေကိုပြန်လည်ကုသရာမှာလဲ အရေးပါတဲ့အခန်းကဏ္ဏကနေပါဝင်နေတယ်ဆိုတာတော့ သေချာပါတယ်။ဗီတာမင်စီကို ဗီတာမင်အီးနဲ့ဇင့်တို့ဖြင့်တွဲဘက်အသုံးပြုပါက ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်း ပြောကြားရင်းနဲ့ပဲ ဤဆောင်းပါးလေးကိုအဆုံးသတ်ပါတယ်။

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာ၊လှပ တင့်တယ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်။

dr.ye’lwin mm

သၾကၤန္ေရ၊ေနေလာင္အသားအေရႏွင့္ ဗီတာမင္စီ

‘သၾကၤန္’

ျမန္မာတို႕ရဲ႕ ႏွစ္စဥ္ဆင္ႏႊဲတဲ့ အတာေရသဘင္

တန္ခူးေနပူပူ၊ေႏြပူပူမွာ ေရစိုလိုက္၊ေနညိဳလိုက္နဲ႕ သၾကၤန္အၿပီး မိမိတို႕ရဲ႕အသားအေရေလးေတြ ေျပာင္းလဲသြားတတ္တာေလးကို သိၾကမွာပါ၊ဂ႐ုလဲစိုက္ၾကမယ္ထင္ပါတယ္။သၾကၤန္မွာ ေနေလာင္သြားတဲ့အသားအေရေလးေတြကို ျပန္လည္ထိန္းသိမ္းၾကရာမွာ တစ္ေထာင့္တစ္ေနရာကေန အက်ဳိးျပဳေပးႏိုင္တဲ့ အေရျပားခ်စ္တဲ့ဗီတာမင္ေလးအေၾကာင္း အနည္းငယ္ေျပာၾကရေအာင္။

ဗီတာမင္စီက အေရျပားအေပၚဘယ္လိုသက္ေရာက္မွဳရွိသလဲ…

အရင္ဦးဆံုး ဗီတာမင္စီရဲ႕ အေရျပားေပၚမွာသက္ေရာက္တဲ့အရာေလးေတြကို အၾကမ္းဖ်ဥ္းေျပာျပခ်င္ပါတယ္။ဗီတာမင္စီမွာပါတဲ့ ဓါတ္တိုးဆန္႕က်င္သတၱိ (antioxidant action) နဲ႕ collagen တည္ေဆာက္မွဳကိုမ်ားစြာအေထာက္အကူေပးျခင္းဟာ အေရျပားရဲ႕က်န္းမာသန္စြမ္းမွဳအတြက္ေတာ့ အလြန္အေထာက္အကူျဖစ္ေစပါတယ္။ဗီတာမင္စီဟာ အေရျပားဆဲလ္ေတြအတြက္ ေကာင္းမြန္တဲ့အက်ဳိးေက်းဇူးမ်ားရွိေနၿပီး အခ်ဳိ႕သုေတသနေတြအရ ေနေရာင္ျခည္ေၾကာင့္အေရျပားပ်က္စီးျခင္းကိုကာကြယ္ျခင္း၊ကုသျခင္းတို႕မွာပါ အေရးပါေၾကာင္းေတြ႕ရွိရပါတယ္။ဒါေပမယ့္လည္း သုေတသနလုပ္ငန္းေတြမွာ ကန္႕သတ္ခ်က္အခ်ဳိ႕ရွိေနတာေၾကာင့္ သက္ေသခိုင္လံုတိက်တဲ့ေတြ႕ရွိခ်က္မ်ဳိးထြက္လာဖို႕ေတာ့ လိုအပ္ေနဆဲပဲျဖစ္ပါတယ္။ဒီေန႕မွာေတာ့ လတ္တေလာေတြ႕ရွိထားတဲ့သုေတသနအခ်ဳိ႕ရဲ႕ ဗီတာမင္စီနဲ႕ေနေရာင္ျခည္ေၾကာင့္အသားအေရပ်က္စီးျခင္းဆက္စပ္ေနပံုေလးေတြကို ေဆြးေႏြးေပးသြားမွာျဖစ္ပါတယ္။

ဗီတာမင္စီက ေနေလာင္ဒဏ္ကိုကာကြယ္ႏိုင္သလား…

ဗီတာမင္စီဟာ ေနေရာင္ကာ(sunscreen)မဟုတ္ေပမယ့္ Antioxidant အာနိသင္ရွိတာေၾကာင့္ UV light မွာပါတဲ့ free radical ေတြရဲ႕ အသားအေရအေပၚထိခိုက္မွဳကို ကာကြယ္ေပးႏိုင္ပါတယ္။UV light ျပင္းအား၊ထိေတြ႕မွဳၾကာခ်ိန္တို႕ဟာလဲ အေရျပားရဲ႕ဗီတာမင္စီပါဝင္မွဳကို ေလ်ာ့က်ေစပါတယ္။ဗီတာမင္စီဟာ ေနေရာင္ျခည္ေၾကာင့္ အေရျပားဆဲလ္မ်ားေသဆံုးမွဳကိုလဲ ေလ်ာ့နည္းေစပါတယ္။ေလ့လာေတြ႕ရွိခ်က္ေတြအရေတာ့ ဗီတာမင္စီတစ္ခုတည္းသက္သက္နဲ႕ UV light ကိုကာကြယ္ဖို႕မလံုေလာက္ႏိုင္ဘူးလို႕ ဆိုပါတယ္၊ဒါေပမယ့္ ဗီတာမင္စီနဲ႕ ဗီတာမင္အီးကို တြဲၿပီးေပးမယ္ဆိုရင္ေတာ့ ေနေလာင္ဒဏ္ေၾကာင့္အသားအေရပ်က္စီးမွဳကို အေတာ္ထိေရာက္စြာကာကြယ္ေပးႏိုင္တာကို ေတြ႕ရပါတယ္။ဤဗီတာမင္(၂)မ်ဳိးေပါင္းကို ေသာက္သံုး၍ျဖစ္ေစ၊လိမ္းေဆးအေနႏွင့္ျဖစ္ေစ အသံုးျပဳပါက ေနေရာင္ျခည္ေၾကာင့္ အေရျပားထိခိုက္ပ်က္စီးျခင္းကို အထိုက္အေလ်ာက္ကာကြယ္ေပးႏိုင္မွာပဲျဖစ္ပါတယ္။

ဗီတာမင္စီဟာ ေနေလာင္ဒဏ္ေၾကာင့္အေရျပားထိခိုက္ျခင္း၊အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္းကိုေရာ သက္သာေစႏိုင္သလား…

UV light ဟာ အေရျပားမွာ ဓါတ္တိုးမွဳျဖစ္စဥ္(Oxidative damage)ကိုျဖစ္ေစၿပီး ၎ျဖစ္စဥ္ဟာအေရျပားရဲ႕ဖြဲ႕စည္းပံုကိုထိခိုက္ေစပါတယ္။Antioxidant ျဖစ္တဲ့ ဗီတာမင္စီဟာ အေရျပားတင္းရင္းမွဳကိုထိန္းသိမ္းေပးတဲ့ Collagen ေတြရဲ႕ထုတ္လုပ္မွဳကိုအားေပးပါတယ္။ဒါ့အျပင္ ဗီတာမင္စီဟာအသက္ႀကီးလို႕ျဖစ္တဲ့ အေရျပားအေရးအေၾကာင္းေပၚျခင္း၊အေရျပားတြဲျခင္းတို႕ကိုလဲ သက္သာေစပါတယ္။ေလ့လာေတြ႕ရွိခ်က္ေတြအရ ဗီတာမင္စီကိုလံုေလာက္စြာစားသုံးျခင္းက အေရျပားကိုလွပစိုေျပေစရံုမက အေရးအေၾကာင္းေတြကိုပါေလ်ာ့က်ေစတယ္လို႕ဆိုပါတယ္။ဗီတာမင္စီ(3-10%) ပါတဲ့ အေရျပားလိမ္းေဆးေတြကိုပံုမွန္လိမ္းေပးမယ္ဆိုရင္ ရက္သတၱပတ္(၁၂ပါတ္)ၾကာတဲ့အခါမွာ အေရျပားရဲ႕ဆဲလ္ေတြထိခိုက္ပ်က္စီးမွဳကိုသက္သာေစျခင္း၊အေရျပားၾကမ္းတမ္းမွဳကိုေလ်ာ့နည္းေစျခင္း၊Collagen တည္ေဆာက္မွဳကိုအားေပးျခင္းနဲ႕ အေရးအေၾကာင္းျဖစ္ေပၚမွဳကိုနည္းပါးေစျခင္းစတဲ့အက်ဳိးေက်းဇူးေတြ ရႏိုင္တယ္လို႕ဆိုပါတယ္။ဒါ့အျပင္ ၎လိမ္းေဆးဟာ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အေရျပားျပႆနာေတြကိုလဲ သက္သာေစႏိုင္ပါသတဲ့။ဒါေပမယ့္ ဒီေကာင္းက်ဳိးေတြဟာ လူတစ္ေယာက္နဲ႕တစ္ေယာက္မွာ သက္ေရာက္မွဳလဲမတူညီႏိုင္ဘူးလို႕ ဆိုၾကျပန္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႕ေျပာရရင္ ဗီတာမင္စီဟာအေရျပားအေပၚမွာ ေကာင္းမြန္တဲ့အာနိသင္ေတြရွိေနတယ္ဆိုတာျငင္းမရႏိုင္တဲ့အခ်က္ျဖစ္ပါတယ္။သုေတသနေလ့လာမွဳေတြ ဆက္လုပ္ဖို႕လိုအပ္ေနေသးေပမယ့္လည္း ဗီတာမင္စီဟာ ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးျခင္းကိုကာကြယ္ရံုတင္မက ပ်က္စီးသြားတဲ့ အသားအေရကိုျပန္လည္ကုသရာမွာလဲ အေရးပါတဲ့အခန္းကဏၰကေနပါဝင္ေနတယ္ဆိုတာေတာ့ ေသခ်ာပါတယ္။ဗီတာမင္စီကို ဗီတာမင္အီးနဲ႕ဇင့္တို႕ျဖင့္တြဲဘက္အသံုးျပဳပါက ပိုမိုေကာင္းမြန္တဲ့ အက်ဳိးေက်းဇူးမ်ား ရရွိႏိုင္မွာျဖစ္ပါေၾကာင္း ေျပာၾကားရင္းနဲ႕ပဲ ဤေဆာင္းပါးေလးကိုအဆံုးသတ္ပါတယ္။

အားလံုးပဲ ႏွစ္သစ္မွာ ေပ်ာ္ရႊင္က်န္းမာ၊လွပ တင့္တယ္ႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေတာင္းလ်က္။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…