မိမော်လန့်တဲ့ တာသင်္ကြန်
သင်္ကြန်ဆိုတဲ့အသံကြားရင် မိမော်ကျောချမ်းသည်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က သင်္ကြန်မှာ မိမော်သားအကြီးကောင် ရပ်ကွက်ထဲကလူတွေနဲ့သင်္ကြန်လိုက်လည်ချင်တယ်ဆိုလို့ ထည့်လိုက်သည်။အိမ်နားက သူနဲ့ဆော့နေကျကလေးအဖော်တွေရော၊ လူကြီးတွေလည်းပါတော့ စိတ်ချလက်ချထည့်လိုက်တယ်။
အငယ်နှစ်ကောင်ကိုတော့ ငယ်သေးလို့မထည့်လိုက်။ ညနေစောင်းလို့ပြန်လာတော့ နားတစ်ဖက်ကိုအုပ်လို့. မျက်ရည်လည်ရွှဲနဲ့….အမလေးလေး…ကိုယ့်မှာ ခေါင်းနပန်းကိုကြီးသွားတာပဲ…ဘာများဖြစ်လဲပေါ့….အကျိုးအကြောင်းမေးကြည့်တော့ ရေပန့်နဲ့အထိုးခံရတာ… ရေပန့်ကရေအားကနည်းတာမှမဟုတ်တာ…ကလေးနားက နုနုလေးရယ်လေ…
အဲ့လိုနဲ့ သင်္ကြန်တွင်းကြီးဆေးရုံပြေးရ….သင်္ကြန်တွင်းဆိုတော့ သွားရေးလာရေးကမလွယ်….တချို့အပြင်ဆေးခန်းတွေကလည်း ပိတ်နဲ့….ဒုက္ခတွေရောက်လိုက်တာမှ….
အဲ့လိုနဲ့နောက်တစ်နှစ်ရောက်တော့ အပြင်ထွက်မလည်ခိုင်းရဲတော့ဘူး။လည်တဲ့သူတွေကလည်း မခေါ်ရြဲကတော့ဘူး။
ညီအကိုသုံးယောက်လုံး ကိုယ့်ရပ်ကွက်ထဲမှပဲဆော့စေသတည်း ပေါ့။အကြိုနေ့ အဆင်ပြေတယ်၊အကျနေ့ ဘာမှမဖြစ်သေး၊အကြတ်နေ့ ဆော့ကောင်းတုန်း…အဲ..အတက်နေ့…ဘယ်လောက် မီးကုန်ယမ်းကုန်သောင်းကျန်းလိုက်ကြတယ်မသိ၊ အငယ်ကောင်ကချော်လဲပီး လက်ကျိုး၊အလတ်ကောင်က စပရေးနဲ့မျက်နှာဖြန်းခံရပြီး မျက်လုံးတွေ နီရဲတက်လာ၊ယားတယ်ဆိုပြီး လက်တွေနဲ့ပွတ်တော့ပိုဆိုး ပိုရဲ…အငယ်ကောင်ကိုလည်းစိတ်ပူရ ၊အလတ်ကောင်ကိုလည်း ကန်းများကန်းသွားရင်ဆိုပြီးပူရ….ဆေးရုံပြေးရပြန်ရော… ဆေးရုံရောက်တော့ တွေ့ပါ့…ကိုယ့်သားတွေလိုပဲ သင်္ကြန်မှာကစားရင်း လက်ကျိုးလာတဲ့ကလေးတွေရော….အကြီးကောင်ဖြစ်သလို ရေပန့်နဲ့အထိုးခံရလို့ လာပြတဲ့ကလေးတွေရော…မြင်ရတွေ့ရတာ မသက်သာစရာတွေချည်း….
ဒါနဲ့ပဲ မနှစ်ကတော့ သင်္ကြန်အပြင်ထွက်မဆော့ခိုင်းတော့ဘဲ အိမ်ထဲပဲနေခိုင်းလိုက်တော့တယ်။မုန့်လေးဘာလေးလုပ်စားကြတယ်ပေါ့ သားအမိသားအဖတွေ။ကလေးတွေလည်း ထွက်ဆော့ဖို့မပူဆာရြဲကတော့ဘူး။မှတ်သွားပြီလေ…
ဘေးအိမ်က ကလေးတစ်သိုက်ကတော့ ခွက်စောင်းခုတ်လိုက်တာ ခွက်ပါလွင့်ပါသွားပြီး ထိခိုက်မိလို့ အချင်းချင်းရန်ဖြစ်တာ ကြားလိုက်သေးတယ်။
သင်္ကြန်မပျော်ရဘူးတော့မဆိုလိုပါဘူး။ ကိုယ်တွေငယ်ငယ်ကလို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ကစား စေချင်တယ်။
မိဘတွေအနေနဲ့လည်း ကလေးတွေကို အန္တရယ်ရှိတဲ့ ကစားစရာတွေကို တားမြစ်ထားမယ်၊ ကလေးတွေရေကစားနေတဲ့အချိန် အနီးအနားက စောင့်ကြည့်ပေးနိုင်မယ်ဆိုရင်ပိုကောင်းပါတယ်။
မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအခါသမယမှာ တစ်ဦးနဲ့တစ်ဦး နာကျင်စေမယ့်၊အန္တရာယ်ဖြစ်စေမယ့် ကစားနည်းတွေကို ရှောင်နိုင်သမျှရှောင်ရှားပြီး နှစ်သစ်ကိုမင်္ဂလာရှိစွာကျန်းမာစွာကြိုဆိုနိုင်ဖို့ ဆန္ဒပြုရင်း……
မေ(ဆေး ၂)
မိေမာ္လန္႔တဲ့ တာသၾကၤန္
သၾကၤန္ဆိုတဲ့အသံၾကားရင္ မိေမာ္ေက်ာခ်မ္းသည္။ လြန္ခဲ့တဲ့သံုးႏွစ္ေလာက္က သၾကၤန္မွာ မိေမာ္သားအႀကီးေကာင္ ရပ္ကြက္ထဲကလူေတြနဲ႔သၾကၤန္လိုက္လည္ခ်င္တယ္ဆိုလို႔ ထည့္လိုက္သည္။အိမ္နားက သူနဲ႔ေဆာ့ေနက်ကေလးအေဖာ္ေတြေရာ၊ လူႀကီးေတြလည္းပါေတာ့ စိတ္ခ်လက္ခ်ထည့္လိုက္တယ္။
အငယ္ႏွစ္ေကာင္ကိုေတာ့ ငယ္ေသးလို႔မထည့္လိုက္။ ညေနေစာင္းလို႔ျပန္လာေတာ့ နားတစ္ဖက္ကိုအုပ္လို႔. မ်က္ရည္လည္ရႊဲနဲ႔….အမေလးေလး…ကိုယ့္မွာ ေခါင္းနပန္းကိုႀကီးသြားတာပဲ…ဘာမ်ားျဖစ္လဲေပါ့….အက်ိဳးအေၾကာင္းေမးၾကည့္ေတာ့ ေရပန္႔နဲ႔အထိုးခံရတာ… ေရပန္႔ကေရအားကနည္းတာမွမဟုတ္တာ…ကေလးနားက ႏုႏုေလးရယ္ေလ…
အဲ့လိုနဲ႔ သၾကၤန္တြင္းႀကီးေဆးရံုေျပးရ….သၾကၤန္တြင္းဆိုေတာ့ သြားေရးလာေရးကမလြယ္….တခ်ိဳ့အျပင္ေဆးခန္းေတြကလည္း ပိတ္နဲ႔….ဒုကၡေတြေရာက္လိုက္တာမွ….
အဲ့လိုနဲ႔ေနာက္တစ္ႏွစ္ေရာက္ေတာ့ အျပင္ထြက္မလည္ခိုင္းရဲေတာ့ဘူး။လည္တဲ့သူေတြကလည္း မေခၚရျဲကေတာ့ဘူး။
ညီအကိုသံုးေယာက္လံုး ကိုယ့္ရပ္ကြက္ထဲမွပဲေဆာ့ေစသတည္း ေပါ့။အႀကိဳေန႔ အဆင္ေျပတယ္၊အက်ေန႔ ဘာမွမျဖစ္ေသး၊အၾကတ္ေန႔ ေဆာ့ေကာင္းတုန္း…အဲ..အတက္ေန႔…ဘယ္ေလာက္ မီးကုန္ယမ္းကုန္ေသာင္းက်န္းလိုက္ၾကတယ္မသိ၊ အငယ္ေကာင္ကေခ်ာ္လဲပီး လက္က်ိဳး၊အလတ္ေကာင္က စပေရးနဲ႔မ်က္ႏွာျဖန္းခံရၿပီး မ်က္လံုးေတြ နီရဲတက္လာ၊ယားတယ္ဆိုၿပီး လက္ေတြနဲ႔ပြတ္ေတာ့ပိုဆိုး ပိုရဲ…အငယ္ေကာင္ကိုလည္းစိတ္ပူရ ၊အလတ္ေကာင္ကိုလည္း ကန္းမ်ားကန္းသြားရင္ဆိုၿပီးပူရ….ေဆးရံုေျပးရျပန္ေရာ… ေဆးရံုေရာက္ေတာ့ ေတြ႔ပါ့…ကိုယ့္သားေတြလိုပဲ သၾကၤန္မွာကစားရင္း လက္က်ိဳးလာတဲ့ကေလးေတြေရာ….အႀကီးေကာင္ျဖစ္သလို ေရပန္႔နဲ႔အထိုးခံရလို႔ လာျပတဲ့ကေလးေတြေရာ…ျမင္ရေတြ႔ရတာ မသက္သာစရာေတြခ်ည္း….
ဒါနဲ႔ပဲ မႏွစ္ကေတာ့ သၾကၤန္အျပင္ထြက္မေဆာ့ခိုင္းေတာ့ဘဲ အိမ္ထဲပဲေနခိုင္းလိုက္ေတာ့တယ္။မုန႔္ေလးဘာေလးလုပ္စားၾကတယ္ေပါ့ သားအမိသားအဖေတြ။ကေလးေတြလည္း ထြက္ေဆာ့ဖို႔မပူဆာရျဲကေတာ့ဘူး။မွတ္သြားၿပီေလ…
ေဘးအိမ္က ကေလးတစ္သိုက္ကေတာ့ ခြက္ေစာင္းခုတ္လိုက္တာ ခြက္ပါလြင့္ပါသြားၿပီး ထိခိုက္မိလို႔ အခ်င္းခ်င္းရန္ျဖစ္တာ ၾကားလိုက္ေသးတယ္။
သၾကၤန္မေပ်ာ္ရဘူးေတာ့မဆိုလိုပါဘူး။ ကိုယ္ေတြငယ္ငယ္ကလို ေအးေအးခ်မ္းခ်မ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ကစား ေစခ်င္တယ္။
မိဘေတြအေနနဲ႔လည္း ကေလးေတြကို အႏၱရယ္႐ွိတဲ့ ကစားစရာေတြကို တားျမစ္ထားမယ္၊ ကေလးေတြေရကစားေနတဲ့အခ်ိန္ အနီးအနားက ေစာင့္ၾကည့္ေပးႏိုင္မယ္ဆိုရင္ပိုေကာင္းပါတယ္။
မဂၤလာရွိတဲ့ ႏွစ္သစ္ကူးအခါသမယမွာ တစ္ဦးနဲ႔တစ္ဦး နာက်င္ေစမယ့္၊အႏၱရာယ္ျဖစ္ေစမယ့္ ကစားနည္းေတြကို ေ႐ွာင္ႏိုင္သမ်ွေ႐ွာင္႐ွားၿပီး ႏွစ္သစ္ကိုမဂၤလာရွိစြာက်န္းမာစြာႀကိဳဆိုႏိုင္ဖို႔ ဆႏၵျပဳရင္း……
ေမ(ေဆး ၂)