သိကောင်းစေရာ မျိုးဆက်ပွားပညာ။(အပိုင်း ၄ တားကြစေလို ပိုးတွေကို)
မျိုးဆက်ပွားကျန်းမာရေးမှာ အရေးကြီးတဲ့ ကိုယ်ဝန်တားခြင်း ကိစ္စလည်း ပြောပြီးပြီဆိုတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ဘယ်လိုကာကွယ်ကြမလဲ ပြောကြရအောင်။
*လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက ဘာတွေလဲ။
လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဟာ အခြားနည်းလမ်းတွေနဲ့လဲ ရောဂါကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် ဒီရောဂါတွေဖြစ်တိုင်း လိင်ဆက်ဆံခြင်းဖြစ်တယ်လို့ အထင်မမှားစေလိုပါ။
- အိတ်အိုင်ဗွီ/ အေအိုင်ဒီအက် ခုခံအားကျဆင်းသောရောဂါ
- ကာလသားရောဂါ
- ဆီးပူညောင်းကျရောဂါ
- လိင်အင်္ဂါရေယုန်
- ကြွက်နို့
- အိတ်ပီဗွီခေါ် သားအိမ်ခေါင်းနှင့် အခြားသော ကင်ဆာဖြစ်စေသောပိုး
- အသည်းရောင်အသားဝါ ဘီ/ စီ တို့အပြင်
- အခြားသော ဗိုင်းရပ်ပိုးများနှင့် သန်းများပါ ကူးစက်ပေါက်ပွားနိုင်ပါသေးသည်။
*ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ။
ကူးစက်သော ရောဂါပေါ်မူတည်၍ ရောဂါလက္ခဏာမတူကြသော်လည်း အောက်ပါလက္ခဏာများရှိက တတ်ကျွမ်းသူနှင့် ပြသစစ်ဆေးသင့်ပါသည်။
- ဆီးသွားရခက်ခဲခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်သော လက္ခဏာများ
- လိင်အင်္ဂါများမှ အရည်ထွက်ခြင်း
- လိင်အင်္ဂါတွင် အနာများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း
- အတူနေသည့် အခါ မခံမရပ်နိုင်အောင် နာကျင်ခြင်း
- ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း
- ပေါင်ခြံတစ်ဝိုက် အကျိတ်များထွက်လာခြင်း စသည်။
*ကိုယ့်ကို ဘယ်လိုကာကွယ်ကြမလဲ။
အတူနေခြင်းမှ ကူးစက်တတ်သော( အမျိုးသားနှင့် အမျိုးသမီးအင်္ဂါများ ထိတွေ့ခြင်းကြောင့်ကူးစက်သော) ရောဂါများ ဖြစ်၍ ကွန်ဒုံးအသုံးပြုခြင်းသည် အကောင်းဆုံးကာကွယ်နည်းပင်ဖြစ်ပေသည်။
အိမ်ထောင်သည်များ အနေဖြင့်
- အိမ်ထောင်မပြုမီ သွေးစစ်ခြင်း၊ ရောဂါရှိပါက စနစ်တကျကုသခြင်း၊
- အိမ်ထောင်ဖက် အပေါ် သစ္စာရှိခြင်းဖြင့် တနည်းကာကွယ်ရာ ရောက်ပါသည်။
ထို့အပြင် ကာကွယ်ဆေးရှိသော ရောဂါပိုးများအတွက် ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်း ( အသည်းရောင် အသားဝါ ဘီ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ခေါ် အိတ်ပီဗွီ ကာကွယ်ဆေး စသည်)၊ အတွင်းခံများ ဝေမျှသုံးစွဲမှုကို ရှောင်ကြဉ်ခြင်း တို့ဖြင့်လည်း ကာကွယ်နိုင်ပါသေးသည်။
*သူတစ်ပါးကို ရောဂါမကူးစက်အောင် ဘာလုပ်မလဲ။
- ရောဂါပျောက်ကင်းသည်အထိ ကုသပြီးမှ အတူနေဖို့စဉ်းစားပါ။
- မိမိအဖော်ကိုလည်း သွေးစစ်၊ ကုသဖို့ တိုက်တွန်းပါ။
- မရှောင်နိုင်ပါက ကွန်ဒုံးအသုံးပြုပါ။
*မိမိဗိုက်ထဲက ကလေးလေးကို မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ။
- ကိုယ်ဝန်မဆောင်မှီ ရောဂါပိုးကင်းစင်မှုရှိမရှိ ကြိုတင်စစ်ဆေးထားပါ။
- ရှိပါက ရောဂါကုသပြီးမှ သို့ ရောဂါမကူးစက်နိုင်သည့်အဆင့်ထိ ကုသပြီးမှ ကိုယ်ဝန်ဆောင်ပါ။
- ကိုယ်ဝန်ဆောင်စဉ် တွေ့ရှိပါကလည်း မစိုးရိမ်ဘဲ စနစ်တကျ ကုသမှုခံယူပါ။
မွေးဖွားလာသော ကလေးအား ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း စနစ်တကျ ကုသပေးပါက မိမိရင်သွေး ကာကွယ်နိုင်မည်ဖြစ်ကြောင်း သတိချပ်မိစေရန် ဖော်ပြလိုက်ရပါသည်။
ရီချို(ဆေး ၁)
သိေကာင္းေစရာ မ်ိဳးဆက္ပြားပညာ။(အပိုင္း ၄ တားၾကေစလို ပိုးေတြကို)
မ်ိဳးဆက္ပြားက်န္းမာေရးမွာ အေရးၾကီးတဲ့ ကိုယ္ဝန္တားျခင္း ကိစၥလည္း ေျပာျပီးျပီဆိုေတာ့ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါပိုးေတြကို ဘယ္လိုကာကြယ္ၾကမလဲ ေျပာၾကရေအာင္။
*လိင္မွတဆင့္ ကူးစက္နုိင္တဲ့ ေရာဂါေတြက ဘာေတြလဲ။
လိင္မွတဆင့္ ကူးစက္နိုင္တဲ့ ေရာဂါေတြဟာ အျခားနည္းလမ္းေတြနဲ႔လဲ ေရာဂါကူးစက္နုိင္ပါေသးတယ္။ ဒါေၾကာင့္ ဒီေရာဂါေတြျဖစ္တိုင္း လိင္ဆက္ဆံျခင္းျဖစ္တယ္လို႔ အထင္မမွားေစလိုပါ။
- အိတ္အိုင္ဗြီ/ ေအအိုင္ဒီအက္ ခုခံအားက်ဆင္းေသာေရာဂါ
- ကာလသားေရာဂါ
- ဆီးပူေညာင္းက်ေရာဂါ
- လိင္အဂၤါေရယုန္
- ၾကြက္နို႔
- အိတ္ပီဗြီေခၚ သားအိမ္ေခါင္းနွင့္ အျခားေသာ ကင္ဆာျဖစ္ေစေသာပိုး
- အသည္းေရာင္အသားဝါ ဘီ/ စီ တို႔အျပင္
- အျခားေသာ ဗိုင္းရပ္ပိုးမ်ားႏွင့္ သန္းမ်ားပါ ကူးစက္ေပါက္ပြားနိုင္ပါေသးသည္။
*ဘယ္လိုလကၡဏာေတြ ျပသတတ္ပါသလဲ။
ကူးစက္ေသာ ေရာဂါေပၚမူတည္၍ ေရာဂါလကၡဏာမတူၾကေသာ္လည္း ေအာက္ပါလကၡဏာမ်ားရွိက တတ္ကၽြမ္းသူနွင့္ ျပသစစ္ေဆးသင့္ပါသည္။
- ဆီးသြားရခက္ခဲျခင္း၊ ဆီးလမ္းေၾကာင္း ပိုးဝင္ေသာ လကၡဏာမ်ား
- လိင္အဂၤါမ်ားမွ အရည္ထြက္ျခင္း
- လိင္အဂၤါတြင္ အနာမ်ား ေပါက္ျခင္း၊ ေရာင္ရမ္းျခင္း၊ ယားယံျခင္း
- အတူေနသည့္ အခါ မခံမရပ္နိုင္ေအာင္ နာက်င္ျခင္း
- ဝမ္းဗိုက္ေအာက္ပိုင္းနာက်င္ျခင္း
- ေပါင္ျခံတစ္ဝိုက္ အက်ိတ္မ်ားထြက္လာျခင္း စသည္။
*ကိုယ့္ကို ဘယ္လိုကာကြယ္ၾကမလဲ။
အတူေနျခင္းမွ ကူးစက္တတ္ေသာ( အမ်ိဳးသားနွင့္ အမ်ိဳးသမီးအဂၤါမ်ား ထိေတြ႔ျခင္းေၾကာင့္ကူးစက္ေသာ) ေရာဂါမ်ား ျဖစ္၍ ကြန္ဒံုးအသံုးျပဳျခင္းသည္ အေကာင္းဆံုးကာကြယ္နည္းပင္ျဖစ္ေပသည္။
အိမ္ေထာင္သည္မ်ား အေနျဖင့္
- အိမ္ေထာင္မျပဳမီ ေသြးစစ္ျခင္း၊ ေရာဂါရွိပါက စနစ္တက်ကုသျခင္း၊
- အိမ္ေထာင္ဖက္ အေပၚ သစၥာရွိျခင္းျဖင့္ တနည္းကာကြယ္ရာ ေရာက္ပါသည္။
ထို႔အျပင္ ကာကြယ္ေဆးရွိေသာ ေရာဂါပိုးမ်ားအတြက္ ၾကိဳတင္ကာကြယ္ေဆး ထိုးထားျခင္း ( အသည္းေရာင္ အသားဝါ ဘီ၊ သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆး ေခၚ အိတ္ပီဗြီ ကာကြယ္ေဆး စသည္)၊ အတြင္းခံမ်ား ေဝမွ်သံုးစြဲမွဳကို ေရွာင္ၾကဥ္ျခင္း တို႔ျဖင့္လည္း ကာကြယ္နိုင္ပါေသးသည္။
*သူတစ္ပါးကို ေရာဂါမကူးစက္ေအာင္ ဘာလုပ္မလဲ။
- ေရာဂါေပ်ာက္ကင္းသည္အထိ ကုသျပီးမွ အတူေနဖို႔စဥ္းစားပါ။
- မိမိအေဖာ္ကိုလည္း ေသြးစစ္၊ ကုသဖို႔ တိုက္တြန္းပါ။
- မေရွာင္နုိင္ပါက ကြန္ဒံုးအသံုးျပဳပါ။
*မိမိဗိုက္ထဲက ကေလးေလးကို မကူးစက္ေအာင္ ဘယ္လိုကာကြယ္မလဲ။
- ကိုယ္ဝန္မေဆာင္မွီ ေရာဂါပိုးကင္းစင္မွဳရွိမရွိ ၾကိဳတင္စစ္ေဆးထားပါ။
- ရွိပါက ေရာဂါကုသျပီးမွ သို႔ ေရာဂါမကူးစက္နိုင္သည့္အဆင့္ထိ ကုသျပီးမွ ကိုယ္ဝန္ေဆာင္ပါ။
- ကိုယ္ဝန္ေဆာင္စဥ္ ေတြ႔ရွိပါကလည္း မစိုးရိမ္ဘဲ စနစ္တက် ကုသမွဳခံယူပါ။
ေမြးဖြားလာေသာ ကေလးအား ဆရာဝန္မွ ညႊန္ၾကားသည့္အတိုင္း စနစ္တက် ကုသေပးပါက မိမိရင္ေသြး ကာကြယ္နုိင္မည္ျဖစ္ေၾကာင္း သတိခ်ပ္မိေစရန္ ေဖာ္ျပလိုက္ရပါသည္။
ရီခ်ိဳ(ေဆး ၁)