All Articlesမျိုးဆက်ပွားကျန်းမာရေး

Things You Should Know About Reproductive Health:Part 3

1 Mins read

သိကောင်းစေရာ မျိုးဆက်ပွားပညာ အပိုင်း ၃ ( မလိုချင်က တားကြဗျ)

မျိုးပွားအင်္ဂါတွေ အကြောင်း ပြောပြီးပြီဆိုတော့ ကလေးလေး တစ်ယောက် ဖြစ်လာပုံ အပိုင်းကို ရောက်လာပြီပေါ့။

ကလေးတစ်ယောက်ဖြစ်လာဖို့ ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ တိုက်ဆိုင်လို့ တစ်ခါတည်းနဲ့လဲ ရတတ်သလို နှစ်ပေါင်းများစွာ ကြာတဲ့ အထိ ကလေးမရလို့ စိတ်ညစ်နေသူတွေလည်း ရှိတာပေါ့။

ဒါဆို ကလေးလေးတစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်မလဲ။

  • -အမျိုးသားရဲ့သုတ်ရည်မှာ အရည်အသွေးပြည့်ဝ၊ အရေအတွက်များများတဲ့ သုတ်ပိုးတွေ ပါရမယ်။
  • -အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းသို့ အဲ့သုတ်ရည်တွေ ဝင်ရမယ်။ (ယနေ့ခေတ်မှာတော့ အမျိုးသမီး သားအိမ်ထဲသို့ သုတ်ပိုး တိုက်ရိုက်ထည့်တဲ့နည်းတွေ ရှိတဲ့အတွက် လိင်ဆက်ဆံခြင်းက ချွန်းချက်ပေါ့။)
  • -သုတ်ရည်ဝင်တဲ့အချိန်မှာ သားဥ ကြွေချိန် သို့ ပေါင်းစပ်နိုင်တဲ့ သားဥ အဆင်သင့်ရှိနေချိန်ဖြစ်ရမယ်။
  • -မျိုးအောင်ပြီးတဲ့ သားဥသည်လည်း သားအိမ်အတွင်းမှာ ကပ်သွားပြီး သန္ဓေတည်ရမယ်။
  • -အမျိုးသားကော၊ အမျိုးသမီးပါ ကျန်းမာသူဖြစ်ပါက ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

ဒီလိုအချက်တွေပြည့်စုံမှသာ ကိုယ်ဝန်ရှိမှာ ဖြစ်ပါတယ်။ အချက်တစ်ခုခု မပြည့်စုံခဲ့ရင် ကိုယ်ဝန်ရဖို့မလွယ်ပါ။

*သို့သော် ရဖို့ မလွယ်ဘူးဟု အထင်မမှားစေလိုပါ။ တစ်ခါတည်းဖြင့်လည်း ကိုယ်ဝန်ရနိုင်သဖြင့် မလိုချင်ပါက ကြိုတင်တားဆီးဖို့ လိုအပ်ပါတယ်။

*အမျိုးသမီးမှ သားဥဟာ သားအိမ်အတွင်းမှာ ၅ရက်ထိ အသက်ရှင်နိုင်ပြီး သုတ်ပိုးကတော့ ၃ရက်ထိ အသက်ရှင်ကာ ပေါင်းစပ်နိုင်သောကြောင့် လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း အရေးပေါ် သန္ဓေတားဆေးများ သောက်သုံးပါက မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းမှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

**သို့သော် အရေးပေါ် သန္ဓေတားဆေးတွေဟာ တစ်လ တစ်ကြိမ်ထက် ပိုသုံးပါက ထိရောက်မှု အားနည်းတတ်ပါတယ်။ ထို့ပြင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေမှလည်း ကာကွယ်နိုင်စွမ်းမရှိပါ။

ထို့ကြောင့် သန္ဓေတားနည်းလမ်းများကို သေချာစွာ ရွေးချယ်သုံးစွဲသင့်ပါတယ်။

သန္ဓေတားနည်းလမ်းများကို ဘယ်လိုရွေးချယ်သုံးစွဲကြမလဲ။
၁။ တစ်လမှာ အတူဘယ်လောက်နေဖြစ်လဲ – အတူနေတဲ့ နေ့အရေအတွက်များမယ် ဆိုရင်တော့ အရေးပေါ်တားဆေးတွေ မသုံးသင့်တော့ပါဘူး။ အတူနေတိုင်း ကွန်ဒုံး သုံးတာဖြစ်ဖြစ်၊ စားဆေး၊ ထိုးဆေးများဖြင့် ရေရှည်ကာကွယ်တာမျိုး သုံးသင့်ပါတယ်။

၂။ ဆေးပုံမှန်သောက်နိုင်သူလား – ဆေးသောက်တာကြောက်သူ၊ မေ့တတ်သူတွေ ဆိုရင်တော့ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း၊ လက်မောင်းတွင်း ပစ္စည်းမြှပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

၃။ ဟော်မုန်းဆေးဒဏ် ခံနိုင်ရဲ့လား -ဟော်မုန်းဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ထို ဒဏ်ကို မခံနိုင်ရင်လည်း ဟော်မုန်းဆေးမပါတဲ့ နည်းလမ်းတွေရှိပါသေးတယ်။

၄။ ဘယ်လောက်ကြာကြာတားမှာလဲ – မိမိတားချင်သော ကာလ အတိုအရှည်ပေါ်မူတည်ပါသေးတယ်။ လက်မောင်းတွင်း ပစ္စည်းထည့်ခြင်းဖြစ်ပါက ၃ နှစ်အထိ ကိုယ်ဝန်တားနိုင်ပါတယ်။ သောက်ဆေးဆိုရင်တော့ သောက်နေတဲ့ အချိန်အတွင်းမှာပဲ ကိုယ်ဝန်ကို တားနိုင်မှာဖြစ်ပါတယ်။

၅။ ဈေးကော သက်သာရဲ့လား၊ သုံးရ၊ ဝယ်ရလွယ်ကူရဲ့လား- ကိုယ်ဝန်တားနည်းလမ်းတွေကို အလွယ်တကူရနိုင်မှသာ မလိုလားတဲ့ ကိုယ်ဝန်ရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သို့မှသာ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းတွေကို ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေကို သေသေချာချာသိလိုသော်လည်း ဆရာဝန်နှင့် မျက်နှာချင်းဆိုင် တိုင်ပင်ရန် ခက်ခဲနေပါက Mydoctor ရှိ ဆရာဝန်များနှင့် အင်တာနက်မှ တစ်ဆင့် မေးမြန်းနိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

ရီချို(ဆေး ၁)

သိေကာင္းေစရာ မ်ိဳးဆက္ပြားပညာ အပိုင္း ၃ ( မလိုခ်င္က တားၾကဗ်)

မ်ိဳးပြားအဂၤါေတြ အေၾကာင္း ေျပာျပီးျပီဆိုေတာ့ ကေလးေလး တစ္ေယာက္ ျဖစ္လာပံု အပိုင္းကို ေရာက္လာျပီေပါ့။

ကေလးတစ္ေယာက္ျဖစ္လာဖို႔ ဆိုတာ အေတာ္မလြယ္တဲ့ကိစၥပါ။ တိုက္ဆိုင္လို႔ တစ္ခါတည္းနဲ႔လဲ ရတတ္သလို နွစ္ေပါင္းမ်ားစြာ ၾကာတဲ့ အထိ ကေလးမရလို႔ စိတ္ညစ္ေနသူေတြလည္း ရွိတာေပါ့။

ဒါဆို ကေလးေလးတစ္ေယာက္ျဖစ္လာဖို႔ ဘာေတြလိုအပ္မလဲ။

  • -အမ်ိဳးသားရဲ့သုတ္ရည္မွာ အရည္အေသြးျပည့္ဝ၊ အေရအတြက္မ်ားမ်ားတဲ့ သုတ္ပိုးေတြ ပါရမယ္။
  • -အမ်ိဳးသမီးရဲ့ မိန္းမကိုယ္အတြင္းသို႔ အဲ့သုတ္ရည္ေတြ ဝင္ရမယ္။ (ယေန႔ေခတ္မွာေတာ့ အမ်ိဳးသမီး သားအိမ္ထဲသို႔ သုတ္ပိုး တိုက္ရိုက္ထည့္တဲ့နည္းေတြ ရွိတဲ့အတြက္ လိင္ဆက္ဆံျခင္းက ခၽြန္းခ်က္ေပါ့။)
  • -သုတ္ရည္ဝင္တဲ့အခ်ိန္မွာ သားဥ ေၾကြခ်ိန္ သို႔ ေပါင္းစပ္နိုင္တဲ့ သားဥ အဆင္သင့္ရွိေနခ်ိန္ျဖစ္ရမယ္။
  • -မ်ိဳးေအာင္ျပီးတဲ့ သားဥသည္လည္း သားအိမ္အတြင္းမွာ ကပ္သြားျပီး သေႏၶတည္ရမယ္။
  • -အမ်ိဳးသားေကာ၊ အမ်ိဳးသမီးပါ က်န္းမာသူျဖစ္ပါက ပိုအဆင္ေျပမွာ ျဖစ္ပါတယ္။

ဒီလိုအခ်က္ေတြျပည့္စံုမွသာ ကိုယ္ဝန္ရွိမွာ ျဖစ္ပါတယ္။ အခ်က္တစ္ခုခု မျပည့္စံုခဲ့ရင္ ကိုယ္ဝန္ရဖို႔မလြယ္ပါ။

*သို႔ေသာ္ ရဖို႔ မလြယ္ဘူးဟု အထင္မမွားေစလိုပါ။ တစ္ခါတည္းျဖင့္လည္း ကိုယ္ဝန္ရနိုင္သျဖင့္ မလိုခ်င္ပါက ၾကိဳတင္တားဆီးဖို႔ လိုအပ္ပါတယ္။

*အမ်ိဳးသမီးမွ သားဥဟာ သားအိမ္အတြင္းမွာ ၅ရက္ထိ အသက္ရွင္နုိင္ျပီး သုတ္ပိုးကေတာ့ ၃ရက္ထိ အသက္ရွင္ကာ ေပါင္းစပ္နုိင္ေသာေၾကာင့္ လိင္ဆက္ဆံျပီး ၇၂ နာရီအတြင္း အေရးေပၚ သေႏၶတားေဆးမ်ား ေသာက္သံုးပါက မလိုလားအပ္ေသာ ကိုယ္ဝန္ရရွိျခင္းမွ ေရွာင္ရွားနုိင္မွာျဖစ္ပါတယ္။

**သို႔ေသာ္ အေရးေပၚ သေႏၶတားေဆးေတြဟာ တစ္လ တစ္ၾကိမ္ထက္ ပိုသံုးပါက ထိေရာက္မွဳ အားနည္းတတ္ပါတယ္။ ထို႔ျပင္ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါပိုးေတြမွလည္း ကာကြယ္နိုင္စြမ္းမရွိပါ။

ထို႔ေၾကာင့္ သေႏၶတားနည္းလမ္းမ်ားကို ေသခ်ာစြာ ေရြးခ်ယ္သံုးစြဲသင့္ပါတယ္။

သေႏၶတားနည္းလမ္းမ်ားကို ဘယ္လိုေရြးခ်ယ္သံုးစြဲၾကမလဲ။
၁။ တစ္လမွာ အတူဘယ္ေလာက္ေနျဖစ္လဲ – အတူေနတဲ့ ေန႔အေရအတြက္မ်ားမယ္ ဆိုရင္ေတာ့ အေရးေပၚတားေဆးေတြ မသံုးသင့္ေတာ့ပါဘူး။ အတူေနတိုင္း ကြန္ဒံုး သံုးတာျဖစ္ျဖစ္၊ စားေဆး၊ ထိုးေဆးမ်ားျဖင့္ ေရရွည္ကာကြယ္တာမ်ိဳး သံုးသင့္ပါတယ္။

၂။ ေဆးပံုမွန္ေသာက္နိုင္သူလား – ေဆးေသာက္တာေၾကာက္သူ၊ ေမ့တတ္သူေတြ ဆိုရင္ေတာ့ ထိုးေဆး၊ သားအိမ္တြင္း ပစၥည္းထည့္ျခင္း၊ လက္ေမာင္းတြင္း ပစၥည္းျမွပ္ျခင္းေတြ ျပဳလုပ္နိုင္ပါတယ္။

၃။ ေဟာ္မုန္းေဆးဒဏ္ ခံနိုင္ရဲ့လား -ေဟာ္မုန္းေဆးေတြမွာ ေဘးထြက္ဆိုးက်ိဳးေတြ ရွိပါတယ္။ ထို ဒဏ္ကို မခံနိုင္ရင္လည္း ေဟာ္မုန္းေဆးမပါတဲ့ နည္းလမ္းေတြရွိပါေသးတယ္။

၄။ ဘယ္ေလာက္ၾကာၾကာတားမွာလဲ – မိမိတားခ်င္ေသာ ကာလ အတိုအရွည္ေပၚမူတည္ပါေသးတယ္။ လက္ေမာင္းတြင္း ပစၥည္းထည့္ျခင္းျဖစ္ပါက ၃ ႏွစ္အထိ ကိုယ္ဝန္တားနုိင္ပါတယ္။ ေသာက္ေဆးဆိုရင္ေတာ့ ေသာက္ေနတဲ့ အခ်ိန္အတြင္းမွာပဲ ကိုယ္ဝန္ကို တားနိုင္မွာျဖစ္ပါတယ္။

၅။ ေစ်းေကာ သက္သာရဲ့လား၊ သံုးရ၊ ဝယ္ရလြယ္ကူရဲ့လား- ကိုယ္ဝန္တားနည္းလမ္းေတြကို အလြယ္တကူရနိုင္မွသာ မလိုလားတဲ့ ကိုယ္ဝန္ရျခင္းမွ ကာကြယ္နုိင္မွာျဖစ္ပါတယ္။ သို႔မွသာ တရားမဝင္ ကိုယ္ဝန္ဖ်က္ခ်ျခင္းေတြကို ေရွာင္လြဲနုိင္မွာ ျဖစ္ပါတယ္။

အကယ္၍ ကိုယ္ဝန္တားတဲ့ နည္းလမ္းေတြကို ေသေသခ်ာခ်ာသိလိုေသာ္လည္း ဆရာဝန္နွင့္ မ်က္နွာခ်င္းဆိုင္ တုိင္ပင္ရန္ ခက္ခဲေနပါက Mydoctor ရွိ ဆရာဝန္မ်ားနွင့္ အင္တာနက္မွ တစ္ဆင့္ ေမးျမန္းနုိင္ပါသည္။

ဆက္လက္ေဖာ္ျပပါမည္။

ရီခ်ိဳ(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *