သိကောင်းစေရာ မျိုးဆက်ပွားပညာ။ အပိုင်း ၂ (မျိုးပွားအင်္ဂါများ)
ပျိုဖော်ဝင်လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အကြောင်း သိပြီးပြီဆိုတော့ မျိုးပွားအင်္ဂါတွေ အလုပ်လုပ်ပုံနဲ့ ပြောင်းလဲပုံတို့ကို သိထားသင့်တယ်လေ။ ဒါမှလဲ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင်ပြီး မလုပ်သင့်တာတွေကို မလုပ်မိတော့မှာပေါ့။
အမျိုးသား
အမျိုးသားတွေမှာ ဝှေးစေ့ နှစ်ခု ရှိပြီး ကက်ပယ်အိတ်အတွင်းမှာ ရှိနေကြပါတယ်။ ထိုဝှေးစေ့နှစ်ခု၏ အဓိကတာဝန်တွေကတော့
၁။ ကျားဟော်မုန်းထုတ်ပေးခြင်းနဲ့ ၂။ သန္ဓေသားဖြစ်လာဖို့ လိုအပ်တဲ့ သုတ်ပိုးလေးများ ထုတ်ပေးတာပဲဖြစ်ပါတယ်။
ထိုသုတ်ပိုးလေးများကို သုတ်ပို့ပြွှန်မှတစ်ဆင့် သယ်ဆောင်လာကာ ဆီးကျိတ်တွင်းရှိ ဆီးလမ်းကြောင်းအတွင်းသို့ပို့ဆောင်ပေးပါတယ်။ ထို ဆီးကျိတ်အတွင်း၌ သုတ်ရည်နှင့် ပေါင်းစပ်ပြီး လိင်ဆက်ဆံတဲ့ အခါမှာ သုတ်ရည် အဖြစ် လိင်တံမှ ထွက်လာကြပါတယ်။
ထိုထွက်လာသော သုတ်ရည်တွင် အရည်အသွေးပြည့်ဝသော သုတ်ပိုးများပါရှိမှသာ အမျိုးသမီး၏ သားဥနှင့် ပေါင်းစပ်၍ သန္ဓေတည်နိုင်မှာဖြစ်ပါတယ်။
ထို့ကြောင့် အိမ်ထောင်သည်များတွင် သားသမီးမရခြင်း၏ အဓိကအကြောင်းရင်းမှာ အမျိုးသားတွင်
- -အရည်အသွေးပြည့်ဝသော သုတ်ပေးမထုတ်ပေးနိုင်ခြင်း၊
- -ရှိသင့်သော ပမာဏထက် သုတ်ပိုးအရေအတွက် နည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
သို့ဖြစ်၍ သားသမီးမရသောအိမ်ထောင်သည်များ အနေဖြင့် အမျိုးသမီးကိုသာမက မိမိကိုယ်တိုင်လည်း ဆေးခန်းသို့ စိတ်ပါလက်ပါ သွားရောက် အစစ်ဆေးခံ ပြသသင့်ပါတယ်။
အမျိုးသမီး
- -အမျိုးသမီးတွေအနေနဲ့ တင်ပဆုံအရိုးကွင်းအတွင်း၌ ဘယ်ဘက်တွင် တစ်ခု၊ ညာဘက်တွင် တစ်ခု၊ သားဥအိမ်နှစ်လုံးရှိပြီး ထိုသားဥအိမ်နှစ်လုံးမှ တစ်လလျှင် သားဥ တစ်လုံးသာ ကြွေကြလေ့ရှိကြပါတယ်။
- -ကြွေကြလာသော သားဥ ကလေးကို လက်တံသဖွယ်ဖြစ်နေသော သားဥပြွန်ကလေးများက စုပ်ယူကာ သားအိမ်အတွင်းသို့ ပို့ပေးပါတယ်။ ထိုအချိန်တွင် လိင်ဆက်ဆံပါက အမျိုးသားမှ သုတ်ပိုးလေးများနှင့် ပေါင်းစပ်ကာ မျိုးအောင်ခြင်း အဆင့်သို့ ရောက်နိုင်ပါတယ်။
- -ထိုမျိုးအောင်သော သန္ဓေသားမှ သားအိမ်တွင် တွယ်ကပ်လိုက်သောအခါမှသာ ကိုယ်ဝန်ဆောင်ခြင်း စတင်ပါတော့တယ်။ မျိုးအောင်ခြင်း အဆင့်သို့ မရောက်သောအခါ၊ မျိုးအောင်သော်လည်း သားအိမ်တွင် မတွယ်ကပ်ပါက သားဥများ အချိန်တန်လျှင်သေဆုံးကာ ရာသီသွေးနဲ့အတူ အပြင်သို့ထွက်ပါတယ်။
- -ကိုးလတာ ကိုယ်ဝန်ဆောင်ပြီးသောအခါ သားအိမ်ခေါင်းမှတစ်ဆင့် သားမွေးလမ်းကြောင်းသို့ ဝင်ကာ မိန်းမကိုယ်ပြင်ပသို့ မွေးဖွားတာပဲဖြစ်ပါတယ်။
*ပျိုဖော်ဝင်စမှ သွေးဆုံးသည်အထိ သာ သားဥကြွေနိုင်သည့် အတွက် ထိုအရွယ်၌တွင်သာ ကိုယ်ဝန်ရနိုင်ပါတယ်။ တစ်ခါတစ်ရံ သားဥတစ်လုံးထက်ပို၍ ကြွေကြကာ အမွှာလေးများအဖြစ် မွေးဖွားလာတတ်ကြပါသေးတယ်။
ထို့ကြောင့် အမျိုးသမီးများတွင်
- -သားဥမကြွေနိုင်ခြင်း၊
- -သားဥကြွေသော်လည်း သားအိမ်တွင်းသို့ သွားရာလမ်းတွင် ပိတ်ဆို့နေခြင်း
- -သားဥကြွေချိန်နှင့် ရှင်သန်ချိန်တွင် သုတ်ပိုးနှင့် မထိတွေ့ခြင်း
- -မျိုးအောင်သော သားဥတွယ်ရန် သားအိမ်မကောင်းခြင်း
- -ကိုယ်ဝန်တည်သော်လည်း သားအိမ်ခေါင်းဝမလုံခြင်း တို့ကြောင့် ကလေးမရဖြစ်တတ်ပါတယ်။
သို့ဖြစ်၍ ကလေးမရသော အိမ်ထောင်သည်များ အနေဖြင့် အကြောင်းရင်းမှန်ကို သိရှိအောင် အမျိုးသားရော၊ အမျိုးသမီးပါ တတ်ကျွမ်းသူနှင့် သေချာစွာ စစ်ဆေးအဖြေရှာသင့်ပါတယ်။
ထို့အပြင် အမျိုးသားများတွင် လိင်အင်္ဂါကြီးထွားစေရန် ဆေးသုံးခြင်း၊ ကျားဟော်မုန်းဆေးများ အသောက်လွန်ခြင်းများကြောင့်လည်း သားသမီးမရနိုင်ဖြစ်သွားတတ်ပါသည်။
ထို့ကြောင့် တစ်ပါးသူ၏ အပြောမျှဖြင့် မိမိအင်္ဂါအစိတ်အပိုင်းများကို ပြုပြင်ရန်မကြိုးစားသင့်ပါ။ အမှန်တကယ် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ကာ ဆောင်ရွက်သင့်ကြောင်း သတိချပ်စေလိုပါတယ်။
ဆက်လက် ဖတ်ရူပါရန်
ရီချို(ဆေး ၁)
သိေကာင္းေစရာ မ်ိဳးဆက္ပြားပညာ။ အပိုင္း ၂ (မ်ိဳးပြားအဂၤါမ်ား)
ပ်ိဳေဖာ္ဝင္လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြရဲ့ ကိုယ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမွဳေတြ အေၾကာင္း သိျပီးျပီဆိုေတာ့ မ်ိဳးပြားအဂၤါေတြ အလုပ္လုပ္ပံုနဲ႔ ေျပာင္းလဲပံုတို႔ကို သိထားသင့္တယ္ေလ။ ဒါမွလဲ မိမိကိုယ္ကို ေကာင္းစြာထိန္းသိမ္းေစာင့္ေရွာက္နိုင္ျပီး မလုပ္သင့္တာေတြကို မလုပ္မိေတာ့မွာေပါ့။
အမ်ိဳးသား
အမ်ိဳးသားေတြမွာ ေဝွးေစ့ ႏွစ္ခု ရွိျပီး ကက္ပယ္အိတ္အတြင္းမွာ ရွိေနၾကပါတယ္။ ထိုေဝွးေစ့နွစ္ခု၏ အဓိကတာဝန္ေတြကေတာ့
၁။ က်ားေဟာ္မုန္းထုတ္ေပးျခင္းနဲ႔ ၂။ သေႏၶသားျဖစ္လာဖို႔ လိုအပ္တဲ့ သုတ္ပိုးေလးမ်ား ထုတ္ေပးတာပဲျဖစ္ပါတယ္။
ထိုသုတ္ပိုးေလးမ်ားကို သုတ္ပို႔ျပႊန္မွတစ္ဆင့္ သယ္ေဆာင္လာကာ ဆီးက်ိတ္တြင္းရွိ ဆီးလမ္းေၾကာင္းအတြင္းသို႔ပို႔ေဆာင္ေပးပါတယ္။ ထို ဆီးက်ိတ္အတြင္း၌ သုတ္ရည္နွင့္ ေပါင္းစပ္ျပီး လိင္ဆက္ဆံတဲ့ အခါမွာ သုတ္ရည္ အျဖစ္ လိင္တံမွ ထြက္လာၾကပါတယ္။
ထုိထြက္လာေသာ သုတ္ရည္တြင္ အရည္အေသြးျပည့္ဝေသာ သုတ္ပိုးမ်ားပါရွိမွသာ အမ်ိဳးသမီး၏ သားဥနွင့္ ေပါင္းစပ္၍ သေႏၶတည္နိုင္မွာျဖစ္ပါတယ္။
ထို႔ေၾကာင့္ အိမ္ေထာင္သည္မ်ားတြင္ သားသမီးမရျခင္း၏ အဓိကအေၾကာင္းရင္းမွာ အမ်ိဳးသားတြင္
- -အရည္အေသြးျပည့္ဝေသာ သုတ္ေပးမထုတ္ေပးနိုင္ျခင္း၊
- -ရွိသင့္ေသာ ပမာဏထက္ သုတ္ပိုးအေရအတြက္ နည္းပါးျခင္းတို႔ေၾကာင့္ ျဖစ္နုိင္ပါတယ္။
သို႔ျဖစ္၍ သားသမီးမရေသာအိမ္ေထာင္သည္မ်ား အေနျဖင့္ အမ်ိဳးသမီးကိုသာမက မိမိကိုယ္တိုင္လည္း ေဆးခန္းသို႔ စိတ္ပါလက္ပါ သြားေရာက္ အစစ္ေဆးခံ ျပသသင့္ပါတယ္။
အမ်ိဳးသမီး
- -အမ်ိဳးသမီးေတြအေနနဲ႔ တင္ပဆံုအရိုးကြင္းအတြင္း၌ ဘယ္ဘက္တြင္ တစ္ခု၊ ညာဘက္တြင္ တစ္ခု၊ သားဥအိမ္ႏွစ္လံုးရွိျပီး ထိုသားဥအိမ္နွစ္လံုးမွ တစ္လလွ်င္ သားဥ တစ္လံုးသာ ေၾကြၾကေလ့ရွိၾကပါတယ္။
- -ေၾကြၾကလာေသာ သားဥ ကေလးကို လက္တံသဖြယ္ျဖစ္ေနေသာ သားဥျပြန္ကေလးမ်ားက စုပ္ယူကာ သားအိမ္အတြင္းသို႔ ပို႔ေပးပါတယ္။ ထိုအခ်ိန္တြင္ လိင္ဆက္ဆံပါက အမ်ိဳးသားမွ သုတ္ပိုးေလးမ်ားႏွင့္ ေပါင္းစပ္ကာ မ်ိဳးေအာင္ျခင္း အဆင့္သို႔ ေရာက္နိုင္ပါတယ္။
- -ထုိမ်ိဳးေအာင္ေသာ သေႏၶသားမွ သားအိမ္တြင္ တြယ္ကပ္လိုက္ေသာအခါမွသာ ကိုယ္ဝန္ေဆာင္ျခင္း စတင္ပါေတာ့တယ္။ မ်ိဳးေအာင္ျခင္း အဆင့္သို႔ မေရာက္ေသာအခါ၊ မ်ိဳးေအာင္ေသာ္လည္း သားအိမ္တြင္ မတြယ္ကပ္ပါက သားဥမ်ား အခ်ိန္တန္လွ်င္ေသဆံုးကာ ရာသီေသြးနဲ႔အတူ အျပင္သို႔ထြက္ပါတယ္။
- -ကိုးလတာ ကိုယ္ဝန္ေဆာင္ျပီးေသာအခါ သားအိမ္ေခါင္းမွတစ္ဆင့္ သားေမြးလမ္းေၾကာင္းသို႔ ဝင္ကာ မိန္းမကိုယ္ျပင္ပသို႔ ေမြးဖြားတာပဲျဖစ္ပါတယ္။
*ပ်ိဳေဖာ္ဝင္စမွ ေသြးဆံုးသည္အထိ သာ သားဥေၾကြနိုင္သည့္ အတြက္ ထိုအရြယ္၌တြင္သာ ကိုယ္ဝန္ရနိုင္ပါတယ္။ တစ္ခါတစ္ရံ သားဥတစ္လံုးထက္ပို၍ ေၾကြၾကကာ အမႊာေလးမ်ားအျဖစ္ ေမြးဖြားလာတတ္ၾကပါေသးတယ္။
ထို႔ေၾကာင့္ အမ်ိဳးသမီးမ်ားတြင္
- -သားဥမေၾကြနိုင္ျခင္း၊
- -သားဥေၾကြေသာ္လည္း သားအိမ္တြင္းသို႔ သြားရာလမ္းတြင္ ပိတ္ဆို႔ေနျခင္း
- -သားဥေၾကြခ်ိန္နွင့္ ရွင္သန္ခ်ိန္တြင္ သုတ္ပိုးနွင့္ မထိေတြ႔ျခင္း
- -မ်ိဳးေအာင္ေသာ သားဥတြယ္ရန္ သားအိမ္မေကာင္းျခင္း
- -ကိုယ္ဝန္တည္ေသာ္လည္း သားအိမ္ေခါင္းဝမလံုျခင္း တို႔ေၾကာင့္ ကေလးမရျဖစ္တတ္ပါတယ္။
သို႔ျဖစ္၍ ကေလးမရေသာ အိမ္ေထာင္သည္မ်ား အေနျဖင့္ အေၾကာင္းရင္းမွန္ကို သိရွိေအာင္ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ တတ္ကၽြမ္းသူႏွင့္ ေသခ်ာစြာ စစ္ေဆးအေျဖရွာသင့္ပါတယ္။
ထို႔အျပင္ အမ်ိဳးသားမ်ားတြင္ လိင္အဂၤါၾကီးထြားေစရန္ ေဆးသံုးျခင္း၊ က်ားေဟာ္မုန္းေဆးမ်ား အေသာက္လြန္ျခင္းမ်ားေၾကာင့္လည္း သားသမီးမရနုိင္ျဖစ္သြားတတ္ပါသည္။
ထို႔ေၾကာင့္ တစ္ပါးသူ၏ အေျပာမွ်ျဖင့္ မိမိအဂၤါအစိတ္အပိုင္းမ်ားကို ျပဳျပင္ရန္မၾကိဳးစားသင့္ပါ။ အမွန္တကယ္ နားလည္တတ္ကၽြမ္းသူမ်ားႏွင့္ တိုင္ပင္ကာ ေဆာင္ရြက္သင့္ေၾကာင္း သတိခ်ပ္ေစလိုပါတယ္။
ဆက္လက္ ဖတ္ရူပါရန္
ရီခ်ိဳ(ေဆး ၁)