ကလေးငယ်ကို နို့ဘူးပြောင်းတိုက်တော့မယ်ဆိုရင်
လုပ်ငန်းခွင်ဝင်ရတဲ့ မိခင်တွေအနေနဲ့ အချိန်ကာလတစ်ခုကြာမှာ မိခင်ကိုယ်တိုင်နို့တိုက်ခြင်းမှ နို့ဘူးအဖြစ်သို့ ပြောင်းလဲရတတ်ပါတယ်။ မိခင်ရင်ခွင်ပိုက်နို့တိုက်ခြင်းမှ နို့ဘူးအဖြစ်သို့ ပြောင်းလဲခြင်းမတိုင်မီမှာ ပြင်ဆင်သင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
မိခင်နို့မှ နို့ဘူးသို့ပြောင်းလဲတဲ့အချိန်မှာ ကလေးငယ်အတွက် ပြောင်းလဲတဲ့ ပါးစပ်နဲ့လျှာအနေအထားတွေ လိုပါတယ်။ ဒါကြောင့် နို့ဘူးကို ချက်ချင်းပြောင်းလဲခြင်း မပြုသင့်ပါဘူး။ မိခင်နို့မှ နို့ဘူးသို့ အသားကျစေရန် ဖြည်းဖြည်းချင်း ပြောင်းလဲပါ။
၁။ ညနေခင်းနို့တိုက်ရာမှာ နို့ဘူးပြောင်းကြည့်ပါ။
ပုံမှန်မိခင်နို့တိုက်နေကျ ညနေခင်းတစ်ခုမှာ နို့ဘူးပြောင်းကြည့်ပါ။ နို့ဘူးထဲ မိခင်နို့အနည်းငယ် (၁အောင်စဝက်ခန့်) ညစ်ထည့်၍ စမ်းပြောင်းကြည့်နိုင်ပါတယ်။
၂။ ကလေးငယ် တကယ်ဆာတဲ့အချိန်မှသာ နို့ဘူးစတိုက်ပါ။
ပုံမှန်နို့တိုက်နေကျ အချိန်မျိုးထက် သူဗိုက်ဆာတဲ့ အမူအရာပြတဲ့အချိန်မှာ နို့ဘူးတိုက်ခြင်းက နို့ဘူးအပြောင်းအလဲလုပ်ခြင်းကို ပိုအကျိုးရှိစေနိုင်ပါတယ်။
၃။ သင်၏ အိမ်ထောင်ဘက် (သို့) မိသားစုကို အကူအညီတောင်းပါ။
ကလေးငယ်ဟာ သင့်အနံ့ကို ယဉ်ပါးနေတဲ့အတွက် ပထမဆုံးနို့ဘူးပြောင်းတိုက်ရာမှာ မိခင်ကိုယ်တိုင်ဆို မအောင်မြင်တတ်ပါဘူး။ နို့ဘူးထက် မိခင်နို့ကိုသာ ကလေးငယ်က စိတ်ဝင်စားနေမှာပါ။ ဒါကြောင့် ပထမဆုံးအကြိမ် နို့ဘူးပြောင်းတိုက်ရာမှာ အိမ်ထောင်ဘက် (သို့) မိသားစုဝင်တွေကို အကူအညီတောင်းပါ။
၄။ နို့အပူချိန်ကို ဂရုစိုက်ပါ။
ပူလွန်းသော၊ အေးလွန်းသော နို့ဘူးမှ နို့တိုက်ခြင်းကို ရှောင်ကြဉ်ပါ။ နို့ဘူးမှ နို့အပူချိန်သည် သင့်ခန္တာကိုယ်မှ နို့ရည်အပူချိန်နှင့် ကွာခြားချက် မရှိသင့်ပါ။
၅။ နို့ဘူးများသန့်ရှင်းမှုရှိပါစေ။
နို့ဘူးများ အသုံးမပြုမီမှာ ပွတ်ပွတ်ဆူသော ရေနွေးထဲ မိနစ်၂၀ခန့်ပြုတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ နို့ဘူးမဖျော်မီမှာလည်း လက်များကိုသန့်စင်အောင်ဆေးကြောပါ။ နို့ဘူးနှင့် ဖျော်စပ်ခြင်းမသန့်ရှင်းခြင်းသောကြောင့် ကလေးငယ်ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါတယ်။
Formula feeding နို့မှုန့်ဘူးတိုက်ခြင်းဖြစ်ပါက ကလေးငယ်သည် မိခင်နို့်တိုက်ခြင်းထက် အဆာပိုခံနိုင်ပါတယ်။ မိခင်နို့ချိုထက် formula feeding ကို အစာခြေနိုင်ခြင်း စွမ်းရည်ကြာတာကြောင့် ကလေးငယ်ဟာ အချိန်ကြာကြာ ဗိုက်ပြည့်နေနိုင်ပါတယ်။ မိခင်နို့မှနို့ဘူးပြောင်းတိုက်ခြင်းကြောင့် ကလေးရဲ့မစင်အရောင်ကို ပိုရင့်သွားစေနိုင်ပြီး ပိုလည်းပျစ်စေတတ်ပါတယ်။ နို့ဘူးပြောင်းခြင်းကြောင့် ဖြစ်တတ်တဲ့ သဘာဝဖြစ်လို့ စိတ်ပူစရာမလိုပါ။ အကယ်၍ formula feeding သောက်ပြီး အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ မစင်တွင် သွေးပါခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့်စောလျင်စွာ ပြသကုသသင့်ပါတယ်။
စာကြွင်း။ ။ မိခင်နို့ချိုတိုက်ကျွေးရန် အခက်အခဲရှိသော ကလေးငယ်များအတွက်သာ ရည်ရွယ်ပါတယ်။ အသက်၆လအရွယ်အထိ ကျန်းမာသောမိခင်၏ နို့ချိုတစ်မျိုးတည်းတိုက်ခြင်းကသာ မိမိ၏ရင်သွေးရတနာအတွက် အကောင်းဆုံးဖြစ်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကေလးငယ္ကို ႏို႔ဘူးေျပာင္းတိုက္ေတာ့မယ္ဆိုရင္
လုပ္ငန္းခြင္ဝင္ရတဲ့ မိခင္ေတြအေနနဲ႔ အခ်ိန္ကာလတစ္ခုၾကာမွာ မိခင္ကိုယ္တိုင္ႏို႔တိုက္ျခင္းမွ ႏို႔ဘူးအျဖစ္သို႔ ေျပာင္းလဲရတတ္ပါတယ္။ မိခင္ရင္ခြင္ပိုက္ႏို႔တိုက္ျခင္းမွ ႏို႔ဘူးအျဖစ္သို႔ ေျပာင္းလဲျခင္းမတိုင္မီမွာ ျပင္ဆင္သင့္တဲ့ အခ်က္ေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။
မိခင္ႏို႔မွ ႏို႔ဘူးသို႔ေျပာင္းလဲတဲ့အခ်ိန္မွာ ကေလးငယ္အတြက္ ေျပာင္းလဲတဲ့ ပါးစပ္နဲ႔လ်ွာအေနအထားေတြ လိုပါတယ္။ ဒါေၾကာင့္ ႏို႔ဘူးကို ခ်က္ခ်င္းေျပာင္းလဲျခင္း မျပဳသင့္ပါဘူး။ မိခင္ႏို႔မွ ႏို႔ဘူးသို႔ အသားက်ေစရန္ ျဖည္းျဖည္းခ်င္း ေျပာင္းလဲပါ။
၁။ ညေနခင္းႏို႔တိုက္ရာမွာ ႏို႔ဘူးေျပာင္းၾကည့္ပါ။
ပံုမွန္မိခင္ႏို႔တိုက္ေနက် ညေနခင္းတစ္ခုမွာ ႏို႔ဘူးေျပာင္းၾကည့္ပါ။ ႏို႔ဘူးထဲ မိခင္နို့အနည္းငယ္ (၁ေအာင္စဝက္ခန္႔) ညစ္ထည့္၍ စမ္းေျပာင္းၾကည့္ႏိုင္ပါတယ္။
၂။ ကေလးငယ္ တကယ္ဆာတဲ့အခ်ိန္မွသာ ႏို႔ဘူးစတိုက္ပါ။
ပံုမွန္ႏို႔တိုက္ေနက် အခ်ိန္မ်ိဳးထက္ သူဗိုက္ဆာတဲ့ အမူအရာျပတဲ့အခ်ိန္မွာ ႏို႔ဘူးတိုက္ျခင္းက ႏို႔ဘူးအေျပာင္းအလဲလုပ္ျခင္းကို ပိုအက်ိဳးရိွေစႏိုင္ပါတယ္။
၃။ သင္၏ အိမ္ေထာင္ဘက္ (သို႔) မိသားစုကို အကူအညီေတာင္းပါ။
ကေလးငယ္ဟာ သင့္အနံ႔ကို ယဥ္ပါးေနတဲ့အတြက္ ပထမဆံုးႏို႔ဘူးေျပာင္းတိုက္ရာမွာ မိခင္ကိုယ္တိုင္ဆို မေအာင္ျမင္တတ္ပါဘူး။ ႏို႔ဘူးထက္ မိခင္ႏို႔ကိုသာ ကေလးငယ္က စိတ္ဝင္စားေနမွာပါ။ ဒါေၾကာင့္ ပထမဆံုးအႀကိမ္ ႏို႔ဘူးေျပာင္းတိုက္ရာမွာ အိမ္ေထာင္ဘက္ (သို႔) မိသားစုဝင္ေတြကို အကူအညီေတာင္းပါ။
၄။ ႏို႔အပူခ်ိန္ကို ဂ႐ုစိုက္ပါ။
ပူလြန္းေသာ၊ ေအးလြန္းေသာ ႏို႔ဘူးမွ ႏို႔တိုက္ျခင္းကို ေ႐ွာင္ၾကဥ္ပါ။ ႏို႔ဘူးမွ ႏို႔အပူခ်ိန္သည္ သင့္ခႏၱာကိုယ္မွ ႏို႔ရည္အပူခ်ိန္ႏွင့္ ကြာျခားခ်က္ မရိွသင့္ပါ။
၅။ ႏို႔ဘူးမ်ားသန္႔႐ွင္းမႈရိွပါေစ။
ႏို႔ဘူးမ်ား အသံုးမျပဳမီမွာ ပြတ္ပြတ္ဆူေသာ ေရေႏြးထဲ မိနစ္၂၀ခန္႔ျပဳတ္ၿပီးမွ အသံုးျပဳသင့္ပါတယ္။ ႏို႔ဘူးမေဖ်ာ္မီမွာလည္း လက္မ်ားကိုသန္႔စင္ေအာင္ေဆးေၾကာပါ။ ႏို႔ဘူးႏွင့္ ေဖ်ာ္စပ္ျခင္းမသန္႔႐ွင္းျခင္းေသာေၾကာင့္ ကေလးငယ္ဝမ္းပ်က္ဝမ္းေလ်ာျဖစ္ျခင္းမွ ကာကြယ္ရန္ျဖစ္ပါတယ္။
Formula feeding ႏို႔မႈန္႔ဘူးတိုက္ျခင္းျဖစ္ပါက ကေလးငယ္သည္ မိခင္ႏို္႔တိုက္ျခင္းထက္ အဆာပိုခံႏိုင္ပါတယ္။ မိခင္ႏို႔ခ်ိဳထက္ formula feeding ကို အစာေျခႏိုင္ျခင္း စြမ္းရည္ျကာတာေၾကာင့္ ကေလးငယ္ဟာ အခ်ိန္ၾကာၾကာ ဗိုက္ျပည့္ေနႏိုင္ပါတယ္။ မိခင္ႏို႔မွႏို႔ဘူးေျပာင္းတိုက္ျခင္းေၾကာင့္ ကေလးရဲ႕မစင္အေရာင္ကို ပိုရင့္သြားေစႏိုင္ၿပီး ပိုလည္းပ်စ္ေစတတ္ပါတယ္။ ႏို႔ဘူးေျပာင္းျခင္းေၾကာင့္ ျဖစ္တတ္တဲ့ သဘာဝျဖစ္လို႔ စိတ္ပူစရာမလိုပါ။ အကယ္၍ formula feeding ေသာက္ၿပီး ေအာ့အန္ျခင္း၊ ဝမ္းေလ်ာျခင္း၊ မစင္တြင္ ေသြးပါျခင္းတို႔ျဖစ္ပါက ဆရာဝန္ႏွင့္ေစာလ်င္စြာ ျပသကုသသင့္ပါတယ္။
စာႂကြင္း။ ။ မိခင္ႏို႔ခ်ိဳတိုက္ေကြၽးရန္ အခက္အခဲရိွေသာ ကေလးငယ္မ်ားအတြက္သာ ရည္ရြယ္ပါတယ္။ အသက္၆လအရြယ္အထိ က်န္းမာေသာမိခင္၏ ႏို႔ခ်ိဳတစ္မ်ိဳးတည္းတိုက္ျခင္းကသာ မိမိ၏ရင္ေသြးရတနာအတြက္ အေကာင္းဆံုးျဖစ္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)