အပျိုဖော်ဝင်ခါနီး သမီးလေးကို ဘာတွေပြောပြမလဲ?

ဒါသမီးမွေးထားတဲ့ မိဘတိုင်း ကြုံတွေ့ဖြတ်သန်းရမယ့် ကိစ္စတစ်ခုပါ။

ပြောင်းလဲလာမယ့် ခန္တာကိုယ် သဘာဝဖြစ်စဉ်တွေကို မပြောဘဲထားတာမျိုးဆို ကလေးအနေနဲ့ တုန်လှုပ်စရာဖြစ်စေပါတယ်။

မျိုးပွားအဂါၤပြောင်းလဲမှု၊ စိတ်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ ပုံမှန်လူတိုင်းကြုံတွေ့ရမယ့်အရာလို့ ကြိုပြောပြထားခြင်းဟာ ဆယ်ကျော်သက်အရွယ် သမီးငယ်ကို သဘာဝကျကျလက်ခံဖို့ အသင့်ဖြစ်စေပါတယ်။

ဒါဆို ဘာတွေကိုပြောပြထားကြမလဲ ဖတ်ကြည့်ရအောင်လား….

->ရင်သား ဆူလာတတ်တယ်
ချိုင်းကြားပေါင်းကြားတွေမှာ အမွှေးအမျှင်တွေပေါက်လာတတ်တယ်။ အရပ်ရှည်ထွက်လာတတ်တယ် ဆိုတာမျိုးပြောပြထားနိုင်ပါတယ်။

-> ဘယ်အရွယ်မှာ ရာသီပန်းပွင့်တတ်သလဲ ကြိုပြောပြထားနိုင်ပါတယ်။
မျိုးရိုး ဖွံ့ဖြိုးမှုပေါ်မူတည်ပြီး အသက် ၇နှစ်မှ ၁၃နှစ်တွင်းဖြစ်နိုင်ပါတယ်။ အသက် ၁၅နှစ်ကျော်အထိ ရာသီပန်းမပွင့်ဘူးဆို မိဘတွေအနေနဲ့ ဆရာဝန်နဲ့ဆွေးနွေးပါ။

-> ရာသီလာတယ်ဆိုတာဘာလဲဆိုတာပြောပြထားနိုင်ပါတယ်။
မိန်းမကိုယ်မှ ပထမအကြိမ်အဖြစ် သွေးဆင်းခြင်းဖြစ်တယ်ဆိုတာ ပြောပြထားပါ။ သွေးဆင်းခြင်းမှာ သွေးစက်များ အတွင်းခံတွင် စွန်းထင်းခြင်းဖြစ်လျှင် အမေကိုပြောပြဖို့ကြိုပြောပြထားပါ။ ရာသီမှာ အများအားဖြင့် တစ်လတစ်ခါ ၊ တစ်လခွဲတစ်ခါ လာတတ်ကြောင်း၊ တစ်ခါလာလျှင် ၃ရက်မှ ၇ရက်ခန့်ကြာတတ်ကြောင်း ကြိုပြောပြပေးထားခြင်းက သမီးငယ်ကိုကိုယ်တွင်းပြောင်းလဲမှုဖြစ်စဉ်ကို ကြိုသိထားစေလို့ ထိတ်လန့်မှုသက်သာစေပါတယ်။ ရာသီပန်းသည် တစ်လ တစ်ခါ ပုံမှန်ပွင့်ရမည်။ လစဉ်ရာသီလာသောရက်ကို ပြက္ခဒိန်တွင်မှတ်ထားရန်ပြောပြထားပါ။ ရာသီမလာလျှင် အမေကို ပြောပြရန်လိုကြောင်းလည်း အသိပေးထားပါ။ ရာသီလာခြင်းနဲ့အတူ၊ မမျိုးဥကြွေခြင်းဖြစ်၍ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံနေထိုင်မိပါက တစ်ကြိမ်တစ်ခါပင်ဖြစ်စေ ကိုယ်ဝန်ရသွားနိုင်ကြောင်း ရှင်းလင်းပြောပြထားသင့်ပါတယ်။

( အသိမပေးထား၍ ၊ နားမလည်ဘဲ မှားသွားခြင်းမျိုး မဖြစ်ရအောင်ပါ။) ရာသီလာခြင်းမှာ တစ်လတစ်ခါ မဟုတ်ဘဲ တစ်ခါတစ်ခါ ( ကိုယ်ခန္ဓာပိန်သွားခြင်း၊ ဝလာခြင်း၊ အစားလျှော့စားခြင်း တို့ကြောင့် ) လကျော်သွားခြင်းမျိုးဖြစ်တတ်ကြောင်း မိဘများအနေနှင့်လည်း သိထားသင့်ပါတယ်။ ကဲဒီလောက်ဆို ဘာတွေပြောပြသင့်တယ်ဆိုတာလေး သိသွားလောက်ပြီထင်ပါတယ်။

မယ်တင်(ဆေး ၁)

အပ်ိဳေဖာ္ဝင္ခါနီး သမီးေလးကို ဘာေတြေျပာျပမလဲ?

ဒါသမီးေမြးထားတဲ့ မိဘတိုင္း ၾကံဳေတြ႕ျဖတ္သန္းရမယ့္ ကိစၥတစ္ခုပါ။

ေျပာင္းလဲလာမယ့္ ခနၱာကိုယ္ သဘာဝျဖစ္စဥ္ေတြကို မေျပာဘဲထားတာမ်ိဳးဆို ကေလးအေနနဲ႔ တုန္လႈပ္စရာျဖစ္ေစပါတယ္။

မ်ိဳးပြားအဂါၤေျပာင္းလဲမႈ၊ စိတ္ေျပာင္းလဲမႈေတြနဲ႔ပတ္သက္လို႔ ပံုမွန္လူတိုင္းၾကံဳေတြ႕ရမယ္႔အရာလို႔ ႀကိဳေျပာျပထားျခင္းဟာ ဆယ္ေက်ာ္သက္အရြယ္ သမီးငယ္ကို သဘာဝက်က်လက္ခံဖို႔ အသင့္ျဖစ္ေစပါတယ္။

ဒါဆို ဘာေတြကိုေျပာျပထားၾကမလဲ ဖတ္ၾကည့္ရေအာင္လား….

->ရင္သား ဆူလာတတ္တယ္
ခ်ိဳင္းၾကားေပါင္းၾကားေတြမွာ အေမႊးအမၽွင္ေတြေပါက္လာတတ္တယ္။ အရပ္ရွည္ထြက္လာတတ္တယ္ ဆိုတာမ်ိဳးေျပာျပထားႏိုင္ပါတယ္။

-> ဘယ္အရြယ္မွာ ရာသီပန္းပြင့္တတ္သလဲ ႀကိဳေျပာျပထားႏိုင္ပါတယ္။
မ်ိဳးရိုး ဖြံ႕ၿဖိဳးမႈေပၚမူတည္ၿပီး အသက္ ၇ႏွစ္မွ ၁၃ႏွစ္တြင္းျဖစ္ႏိုင္ပါတယ္။ အသက္ ၁၅ႏွစ္ေက်ာ္အထိ ရာသီပန္းမပြင့္ဘူးဆို မိဘေတြအေနနဲ႔ ဆရာဝန္နဲ႔ေဆြးေႏြးပါ။

-> ရာသီလာတယ္ဆိုတာဘာလဲဆိုတာေျပာျပထားႏိုင္ပါတယ္။
မိန္းမကိုယ္မွ ပထမအႀကိမ္အျဖစ္ ေသြးဆင္းျခင္းျဖစ္တယ္ဆိုတာ ေျပာျပထားပါ။ ေသြးဆင္းျခင္းမွာ ေသြးစက္မ်ား အတြင္းခံတြင္ စြန္းထင္းျခင္းျဖစ္လၽွင္ အေမကိုေျပာျပဖို႔ႀကိဳေျပာျပထားပါ။ ရာသီမွာ အမ်ားအားျဖင့္ တစ္လတစ္ခါ ၊ တစ္လခြဲတစ္ခါ လာတတ္ေၾကာင္း၊ တစ္ခါလာလၽွင္ ၃ရက္မွ ၇ရက္ခန္႔ၾကာတတ္ေၾကာင္း ႀကိဳေျပာျပေပးထားျခင္းက သမီးငယ္ကိုကိုယ္တြင္းေျပာင္းလဲမႈျဖစ္စဥ္ကို ႀကိဳသိထားေစလို႔ ထိတ္လန္႔မႈသက္သာေစပါတယ္။ ရာသီပန္းသည္ တစ္လ တစ္ခါ ပံုမွန္ပြင့္ရမည္။ လစဥ္ရာသီလာေသာရက္ကို ျပကၡဒိန္တြင္မွတ္ထားရန္ေျပာျပထားပါ။ ရာသီမလာလၽွင္ အေမကို ေျပာျပရန္လိုေၾကာင္းလည္း အသိေပးထားပါ။ ရာသီလာျခင္းနဲ႔အတူ၊ မမ်ိဳးဥေႂကြျခင္းျဖစ္၍ ဆန္႔က်င္ဘက္လိင္ႏွင့္ ဆက္ဆံေနထိုင္မိပါက တစ္ႀကိမ္တစ္ခါပင္ျဖစ္ေစ ကိုယ္ဝန္ရသြားႏိုင္ေၾကာင္း ရွင္းလင္းေျပာျပထားသင့္ပါတယ္။

( အသိမေပးထား၍ ၊ နားမလည္ဘဲ မွားသြားျခင္းမ်ိဳး မျဖစ္ရေအာင္ပါ။) ရာသီလာျခင္းမွာ တစ္လတစ္ခါ မဟုတ္ဘဲ တစ္ခါတစ္ခါ ( ကိုယ္ခႏၶာပိန္သြားျခင္း၊ ဝလာျခင္း၊ အစားေလၽွာ့စားျခင္း တို႔ေၾကာင့္ ) လေက်ာ္သြားျခင္းမ်ိဳးျဖစ္တတ္ေၾကာင္း မိဘမ်ားအေနႏွင့္လည္း သိထားသင့္ပါတယ္။ ကဲဒီေလာက္ဆို ဘာေတြေျပာျပသင့္တယ္ဆိုတာေလး သိသြားေလာက္ၿပီထင္ပါတယ္။

မယ္တင္(ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *