မွေးလာမယ့် ကလေးငယ်အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ

ကလေးမွေးတယ်ဆိုတာ စိတ်လှုပ်ရှားရင်ခုန်ဖို့ကောင်းပါတယ်..။ လောကကြီးထဲကို ကိုယ့်ရဲ့ကိုယ်ပွားလေးရောက်လာတော့မယ်ဆိုတဲ့အသိနဲ့ ပီတိဖြစ်ဖို့လည်းကောင်းတဲ့ကာလပါ..။ ဒါပေမယ့် တစ်ဖက်မှာလည်း သင့်ရင်သွေးလေး အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ မွေးဖွားရှင်သန်နိုင်ဖို့ ကြိုပြင်ဆင်ထားသင့်တာတွေလည်းရှိပါတယ်..။

(၁) ကလေးအတွက် အထုပ်ပြင်ထားပါ

ကလေးအနှီး(အဖြူရောင်ပဲ ဖြစ်ရပါမယ်).. သေးခံ… ခေါင်းစွပ်.. ခြေအိတ်.. လက်အိတ်… နောက်ကွဲအကျီ… အိပ်ရာ… ခြင်ထောင်… သန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့ ဂွမ်းခြောက်… wet tissue…စောင်… ခွခေါင်းအုံးအသေး…baby oil… ကလေးခေါင်းလျှော်ရည်.. ကိုယ်တိုက်ဆပ်ပြာ…ကလေးအဝတ်လျှော်ဆပ်ပြာ..ကလေးလက်သည်းညှပ်…စသဖြင့် ဒီအိတ်ထဲမှာ စုံစုံလင်လင်ပါနေသင့်ပါတယ်..။

(၂)ကလေးဝတ်မယ့်အဝတ်တွေအနှီးတွေကို ကြိုတင်လျှော်ဖွပ်ထားပါ

ကလေးတွေရဲ့ အသားအရေဟာ နူးညံ့ပြီး အထိခိုက်မခံပါဘူး..။ မမြင်နိုင်တဲ့ရောဂါပိုးတွေကို ခံနိုင်ရည်စွမ်းလည်းနည်းပါတယ်..။ ဓာတ်မတည့်တာမျိူးလည်းဖြစ်နိုင်တာမို့ မွေးကင်းစကလေးငယ် ဝတ်မယ့်အဝတ်အစားတွေကို ကြိုတင်လျှော်ဖွပ်ထားတာအကောင်းဆုံးပါပဲ..။ ပျော့ပျောင်းတဲ့ ချည်သားလိုအထည်မျိူးကိုပဲ ပေးဝတ်သင့်ပါတယ်..။

(၃) မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးသင်တန်းတွေ ဖြစ်နိုင်ရင်ကြိုတက်ထားပါ

ပုံစံတကျနို့တိုက်နည်း.. အဟာဟာရပြည့်အောင် စားသုံးနည်း… ကလေးပြုစုစောင့်ရှောက်နည်း..ရောဂသင်တန်း …စသဖြင့် သင်တန်းတွေတက်ခြင်းဟာ မိခင်ရော ကလေးအတွက်ပါ အကျိူးရှိနိုင်ပါလိမ့်မယ်..။

(၄) ရေမလိုတဲ့ လက်ဆေးဆပ်ပြာရည် hand gel ဆောင်ထားပါ

ကလေးကို မကြာခဏ ထိတွေ့ကိုင်တွယ်မယ့် မိသားစုဝင်တွေအတွက် ကလေးကိုကိုင်တွယ်ခါနီးတိုင်း ဆပ်ပြာနဲ့လက်ဆေးတာလုပ်သင့်ပါတယ်..။ သုံးရလွယ်ကူမြန်ဆန်တဲ့ hand gel တစ်ဘူးဝယ်ထားတာကလည်း အကျိူးထူးစေပါလိမ့်မယ်..။

(၅) မွေးမယ့်နေရာကို ကြိုတင်စဉ်းစားထားပါ

ကိုယ်နေတဲ့အိမ်နဲ့ သိပ်မလှမ်းတဲ့ဆေးရုံ ဆေးခနိးမျိူးကို ကြိုတင်ရွေးချယ်ထားပါ..။ လိုအပ်ရင် ကြိုတင်ဘွတ်ကင်လုပ်ထားပါ..။

(၆) သင့်တော်မှန်ကန်တဲ့ ကိုယ်ဝန်စောင့်ရှောက်မှူခံယူပါ

ကိုယ်ဝန်လရင့်မှ ကလေးလှူပ်မှ ကိုယ်ဝန်အပ်ရတယ်ဆိုတာ အင်မတန်မှားယွင်းတဲ့ အယူအဆပါ..။ ကိုယ်ဝန်ရှိတယ်လို့ သိတာနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် ဆရာမဆီမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှူခံယူပါ..။ ကာကွယ်ဆေးတွေ အကြိမ်ပြည့်ထိုးပါ..။

(၇) အာဟာရပြည့်ဝအောင်စားပါ

ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ… မလတ်ဆတ်တဲ့ သားငါးတွေ… သေချာမချက်ပြုတ်ထားတဲ့အရာတွေကလွဲရင် အစားစုံစားသင့်ပါတယ်..။ မွေးလာမယ့်ရင်သွေးဟာ မိခင်စားသုံးတဲ့ အစားအသောက်တွေက တဆင့်အာဟာရကို ရတာမို့ မိခင်အစားရှောင်တဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိူးတွေရှိလာနိုင်ပါတယ်..။

(၈) မိခင်ကနေ ကလေးကို ကူးနိုင်တဲ့ရောဂါပိုးတွေရှိမရှိစစ်ဆေးထားပါ

ဘီပိုး စီပိုး HIV ပိုးနဲ့ ကာလသားရောဂါတွေရှိမရှိ ကြိုတင်စစ်ဆေးထားသင့်ပါတယ်..။ မိခင်မှာ ရောဂါပိုးတစ်ခုခုရှိရင် ကလေးငယ်ကို ကူးစက်နှုန်းလျော့နည်းသွားအောင်ပေးရတဲ့ ဆေးတွေရှိပါတယ်..။

မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်

ေမြးလာမယ့္ ကေလးငယ္အတြက္ ဘာေတြၾကိဳတင္ျပင္ဆင္ထားသင့္သလဲ

ကေလးေမြးတယ္ဆိုတာ စိတ္လွုပ္ရွားရင္ခုန္ဖို႕ေကာင္းပါတယ္..။ ေလာကၾကီးထဲကို ကိုယ့္ရဲ႕ကိုယ္ပြားေလးေရာက္လာေတာ့မယ္ဆိုတဲ႕အသိနဲ႕ ပီတိျဖစ္ဖို႕လည္းေကာင္းတဲ႕ကာလပါ..။ ဒါေပမယ့္ တစ္ဖက္မွာလည္း သင့္ရင္ေသြးေလး အဆင္ေျပေျပေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ ေမြးဖြားရွင္သန္နိုင္ဖို႕ ၾကိဳျပင္ဆင္ထားသင့္တာေတြလည္းရွိပါတယ္..။

(၁) ကေလးအတြက္ အထုပ္ျပင္ထားပါ

ကေလးအနွီး(အျဖဴေရာင္ပဲ ျဖစ္ရပါမယ္).. ေသးခံ… ေခါင္းစြပ္.. ေျခအိတ္.. လက္အိတ္… ေနာက္ကြဲအက်ီ… အိပ္ရာ… ျခင္ေထာင္… သန္႕ရွင္းေရးသံုးပစၥည္းေတြျဖစ္တဲ႕ ဂြမ္းေျခာက္… wet tissue…ေစာင္… ခြေခါင္းအံုးအေသး…baby oil… ကေလးေခါင္းေလွ်ာ္ရည္.. ကိုယ္တိုက္ဆပ္ျပာ…ကေလးအ၀တ္ေလွ်ာ္ဆပ္ျပာ..ကေလးလက္သည္းညွပ္…စသျဖင့္ ဒီအိတ္ထဲမွာ စံုစံုုလင္လင္ပါေနသင့္ပါတယ္..။

(၂)ကေလး၀တ္မယ့္အ၀တ္ေတြအနွီးေတြကို ၾကိဳတင္ေလွ်ာ္ဖြပ္ထားပါ

ကေလးေတြရဲ႕ အသားအေရဟာ နူးညံ႕ျပီး အထိခိုက္မခံပါဘူး..။ မျမင္နိုင္တဲ႕ေရာဂါပိုးေတြကို ခံနိုင္ရည္စြမ္းလည္းနည္းပါတယ္..။ ဓာတ္မတည့္တာမ်ိဴးလည္းျဖစ္နိုင္တာမို႕ ေမြးကင္းစကေလးငယ္ ၀တ္မယ့္အ၀တ္အစားေတြကို ၾကိဳတင္ေလွ်ာ္ဖြပ္ထားတာအေကာင္းဆံုးပါပဲ..။ ေပ်ာ့ေပ်ာင္းတဲ႕ ခ်ည္သားလိုအထည္မ်ိဴးကိုပဲ ေပး၀တ္သင့္ပါတယ္..။

(၃) ေမြးကင္းစကေလးျပဳစုေစာင့္ေရွာက္ေရးသင္တန္းေတြ ျဖစ္နိုင္ရင္ၾကိဳတက္ထားပါ

ပံုစံတက်နို႕တိုက္နည္း.. အဟာဟာရျပည့္ေအာင္ စားသံုးနည္း… ကေလးျပဳစုေစာင့္ေရွာက္နည္း..ေရာဂသင္တန္း …စသျဖင့္ သင္တန္းေတြတက္ျခင္းဟာ မိခင္ေရာ ကေလးအတြက္ပါ အက်ိဴးရွိနိုင္ပါလိမ့္မယ္..။

(၄) ေရမလိုတဲ႕ လက္ေဆးဆပ္ျပာရည္ hand gel ေဆာင္ထားပါ

ကေလးကို မၾကာခဏ ထိေတြ႕ကိုင္တြယ္မယ့္ မိသားစု၀င္ေတြအတြက္ ကေလးကိုကိုင္တြယ္ခါနီးတိုင္း ဆပ္ျပာနဲ႕လက္ေဆးတာလုပ္သင့္ပါတယ္..။ သံုးရလြယ္ကူျမန္ဆန္တဲ႕ hand gel တစ္ဘူး၀ယ္ထားတာကလည္း အက်ိဴးထူးေစပါလိမ့္မယ္..။

(၅) ေမြးမယ့္ေနရာကို ၾကိဳတင္စဥ္းစားထားပါ

ကိုယ္ေနတဲ႕အိမ္နဲ႕ သိပ္မလွမ္းတဲ႕ေဆးရံု ေဆးခနိးမ်ိဴးကို ၾကိဳတင္ေရြးခ်ယ္ထားပါ..။ လိုအပ္ရင္ ၾကိဳတင္ဘြတ္ကင္လုပ္ထားပါ..။

(၆) သင့္ေတာ္မွန္ကန္တဲ႕ ကိုယ္၀န္ေစာင့္ေရွာက္မွူခံယူပါ

ကိုယ္၀န္လရင့္မွ ကေလးလွူပ္မွ ကိုယ္၀န္အပ္ရတယ္ဆိုတာ အင္မတန္မွားယြင္းတဲ႕ အယူအဆပါ..။ ကိုယ္၀န္ရွိတယ္လို႕ သိတာနဲ႕ တတ္က်ြမ္းနားလည္တဲ႕ ဆရာ၀န္ ဆရာမဆီမွာ ကိုယ္၀န္ေဆာင္ေစာင့္ေရွာက္မွူခံယူပါ..။ ကာကြယ္ေဆးေတြ အၾကိမ္ျပည့္ထိုးပါ..။

(၇) အာဟာရျပည့္၀ေအာင္စားပါ

ကဖင္းဓာတ္ပါတဲ႕ အစားအစာေတြ… မလတ္ဆတ္တဲ႕ သားငါးေတြ… ေသခ်ာမခ်က္ျပဳတ္ထားတဲ႕အရာေတြကလြဲရင္ အစားစံုစားသင့္ပါတယ္..။ ေမြးလာမယ့္ရင္ေသြးဟာ မိခင္စားသံုးတဲ႕ အစားအေသာက္ေတြက တဆင့္အာဟာရကို ရတာမို႕ မိခင္အစားေရွာင္တဲ႕အခါ မလိုလားအပ္တဲ႕ ေနာက္ဆက္တြဲဆိုးက်ိဴးေတြရွိလာနိုင္ပါတယ္..။

(၈) မိခင္ကေန ကေလးကို ကူးနိုင္တဲ႕ေရာဂါပိုးေတြရွိမရွိစစ္ေဆးထားပါ

ဘီပိုး စီပိုး HIV ပိုးနဲ႕ ကာလသားေရာဂါေတြရွိမရွိ ၾကိဳတင္စစ္ေဆးထားသင့္ပါတယ္..။ မိခင္မွာ ေရာဂါပိုးတစ္ခုခုရွိရင္ ကေလးငယ္ကို ကူးစက္ႏွုန္းေလ်ာ့နည္းသြားေအာင္ေပးရတဲ႕ ေဆးေတြရွိပါတယ္..။

ေမတၱာျဖင့္
ေဒါက္တာ စိမ္းမိုးစက္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…