All Articlesကျန်းမာရေး( က-အ )ကျန်းမာရေး( ဖ )အထွေထွေအထွေထွေရောဂါများ

ဖျားနာစဉ် သတိပြုသင့်သော အချက်များ

1 Mins read

ဖျားနာစဉ် သတိပြုသင့်သော အချက်များ

သာမန်အားဖြင့် လူနာများသည် ဖျားသည်ဟုသာ သာမန် သတိထားမိတတ်သော်လည်း ဆရာဝန်တစ်ယောက်အတွက်မူ ဖျားသည့်ပုံစံကို ကြည့်၍ ရောဂါကို ခန့်မှန်းရပေသည်။ ထို့နောက်မှ မိမိ အတွေ့အကြုံ၊ ပညာကို အခြေခံ၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုပြုရပေသည်။ ထို့ကြောင့် လူတစ်ယောက်ဖျားနာပါက ဆရာဝန်များ မေးလေ့ရှိသော အောက်ဖော်ပြပါ မေးခွန်းများအတိုင်း မိမိကိုယ်ကို သတိထား စောင့်ကြည့်ပေးသင့်သည်။

  • ဖျားတာ ဘယ်လောက်ကြာပြီလဲ။
  • အဖျားကြီးလား၊ ကိုယ်အပူချိန်ဘယ်လောက်ထိ တက်လဲ။
  • ဆက်တိုက်ကြီးဖျားပြီး ဆေးသောက်လိုက်မှကျသွားတာလား၊ အဖျားက တက်လိုက်ကျလိုက်လား။
  • ဘယ်အချိန်တွေမှာ အဖျားပိုတက်တတ်လဲ၊ ညနေဘက်မှ အဖျားပိုတက်တာမျိုးရှိလား။
  • ချမ်းတုန်ပြီး ဖျားတာလား။
  • ကိုယ်ပေါ်မှာ အနီစက်၊ အနီကွက်တွေ ပေါ်သေးလား။
  • အခြားကော ဘာဖြစ်သေးလဲ။

အဖျားတက်တတ်သော ပုံစံများ

ဆက်တိုက်အဖျားတက်ခြင်း

၂၄ နာရီအတွင်း ၁ ဒီဂရီ ဆဲစီးယပ်ထက် ပိုကျခြင်း၊ ပိုတက်ခြင်းမရှိပါက ဆက်တိုက်တက်နေသည်ဟု ဆိုနိုင်သည်။ အဆုတ်ရောင်ခြင်း၊ အူရောင်ငန်းဖျား၊ ဆီးပိုးဝင်ခြင်း စသောရောဂါများတွင် ဆက်တိုက် အဖျားတက်တတ်ပါသည်။

အဖျားတက်လိုက် ကျလိုက်ဖြစ်ခြင်း

ပုံမှန်ကိုယ်အပူချိန်အထိ ပြန်ကျတတ်သော ဖျားပုံ နှင့် ပုံမှန်အပူချိန်ထိကျလေ့ မရှိဘဲ အဖျားကျတတ်သော ဖျားနာခြင်း ဟူ၍ နှစ်မျိုးရှိပါသည်။

ပိုးဆိပ်တတ်သည့် ဖျားနာခြင်း

အဖျားကြီးရုံမက ၅ ဒီဂရီ ဆဲစီးယပ် ထက်ပို၍ အတက်အကျ ရှိနေတတ်သောအဖျားပုံစံဖြစ်သည်။

တစ်ငွေ့ငွေ့ဖျားခြင်း

တီဘီရောဂါ တွင် အဖြစ်များပြီး ညနေဘက်တွင် ပိုအဖျားတက်နေလေ့ရှိပါသည်။

လှေကားထစ်ကဲ့သို့ တစ်ခေါက်ထက် တစ်ခေါက် အဖျားပိုတက်ခြင်း

ရက်ခြား၍ အဖျားတက်သောပုံစံ

အဖျားတက်ပြီးနောက် ပုံမှန်ပြန်ဖြစ်ကာ ၂-၃ရက်ကြာမှ ပြန်ဖျားတတ်သော အဖျားပုံစံဖြစ်ပါသည်။ ငှက်ဖျားရောဂါတွင် တွေ့ရသောအဖျားမျိုးဖြစ်သည်။

ထို့ကြောင့် ဆေးရုံများ ဆေးခန်းများတွင် လူနာပေါ်မူတည်၍ အဖျားတိုင်းခြင်းကို ၂ ကြိမ် မှ ၆ ကြိမ်အထိ တိုင်းတာမှတ်သားထားလေ့ရှိကြသည်။

ရီချို(ဆေး ၁)

ဖ်ားနာစဥ္ သတိျပဳသင့္ေသာ အခ်က္မ်ား

သာမန္အားျဖင့္ လူနာမ်ားသည္ ဖ်ားသည္ဟုသာ သာမန္ သတိထားမိတတ္ေသာ္လည္း ဆရာဝန္တစ္ေယာက္အတြက္မူ ဖ်ားသည့္ပံုစံကို ၾကည့္၍ ေရာဂါကို ခန္႔မွန္းရေပသည္။ ထို႔ေနာက္မွ မိမိ အေတြ႔အၾကံဳ၊ ပညာကို အေျခခံ၍ လိုအပ္ေသာ စမ္းသပ္စစ္ေဆးမႈျပဳရေပသည္။ ထို႔ေၾကာင့္ လူတစ္ေယာက္ဖ်ားနာပါက ဆရာဝန္မ်ား ေမးေလ့ရွိေသာ ေအာက္ေဖာ္ျပပါ ေမးခြန္းမ်ားအတိုင္း မိမိကိုယ္ကို သတိထား ေစာင့္ၾကည့္ေပးသင့္သည္။

  • ဖ်ားတာ ဘယ္ေလာက္ၾကာျပီလဲ။
  • အဖ်ားၾကီးလား၊ ကိုယ္အပူခ်ိန္ဘယ္ေလာက္ထိ တက္လဲ။
  • ဆက္တိုက္ၾကီးဖ်ားျပီး ေဆးေသာက္လိုက္မွက်သြားတာလား၊ အဖ်ားက တက္လိုက္က်လိုက္လား။
  • ဘယ္အခ်ိန္ေတြမွာ အဖ်ားပိုတက္တတ္လဲ၊ ညေနဘက္မွ အဖ်ားပိုတက္တာမ်ိဳးရွိလား။
  • ခ်မ္းတုန္ျပီး ဖ်ားတာလား။
  • ကိုယ္ေပၚမွာ အနီစက္၊ အနီကြက္ေတြ ေပၚေသးလား။
  • အျခားေကာ ဘာျဖစ္ေသးလဲ။

အဖ်ားတက္တတ္ေသာ ပံုစံမ်ား

ဆက္တိုက္အဖ်ားတက္ျခင္း

၂၄ နာရီအတြင္း ၁ ဒီဂရီ ဆဲစီးယပ္ထက္ ပိုက်ျခင္း၊ ပိုတက္ျခင္းမရွိပါက ဆက္တိုက္တက္ေနသည္ဟု ဆိုနိုင္သည္။ အဆုတ္ေရာင္ျခင္း၊ အူေရာင္ငန္းဖ်ား၊ ဆီးပိုးဝင္ျခင္း စေသာေရာဂါမ်ားတြင္ ဆက္တိုက္ အဖ်ားတက္တတ္ပါသည္။

အဖ်ားတက္လိုက္ က်လိုက္ျဖစ္ျခင္း

ပံုမွန္ကိုယ္အပူခ်ိန္အထိ ျပန္က်တတ္ေသာ ဖ်ားပံု နွင့္ ပံုမွန္အပူခ်ိန္ထိက်ေလ့ မရွိဘဲ အဖ်ားက်တတ္ေသာ ဖ်ားနာျခင္း ဟူ၍ နွစ္မ်ိဳးရွိပါသည္။

ပိုးဆိပ္တတ္သည့္ ဖ်ားနာျခင္း

အဖ်ားၾကီးရံုမက ၅ ဒီဂရီ ဆဲစီးယပ္ ထက္ပို၍ အတက္အက် ရွိေနတတ္ေသာအဖ်ားပံုစံျဖစ္သည္။

တစ္ေငြ႔ေငြ႔ဖ်ားျခင္း

တီဘီေရာဂါ တြင္ အျဖစ္မ်ားျပီး ညေနဘက္တြင္ ပိုအဖ်ားတက္ေနေလ့ရွိပါသည္။

ေလွကားထစ္ကဲ့သို႔ တစ္ေခါက္ထက္ တစ္ေခါက္ အဖ်ားပိုတက္ျခင္း

ရက္ျခား၍ အဖ်ားတက္ေသာပံုစံ

အဖ်ားတက္ျပီးေနာက္ ပံုမွန္ျပန္ျဖစ္ကာ ၂-၃ရက္ၾကာမွ ျပန္ဖ်ားတတ္ေသာ အဖ်ားပံုစံျဖစ္ပါသည္။ ငွက္ဖ်ားေရာဂါတြင္ ေတြ႔ရေသာအဖ်ားမ်ိဳးျဖစ္သည္။

ထို႔ေၾကာင့္ ေဆးရံုမ်ား ေဆးခန္းမ်ားတြင္ လူနာေပၚမူတည္၍ အဖ်ားတုိင္းျခင္းကို ၂ ၾကိမ္ မွ ၆ ၾကိမ္အထိ တိုင္းတာမွတ္သားထားေလ့ရွိၾကသည္။

ရီခ်ိဳ(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *