All Articlesအခြားရောဂါများအထွေထွေရောဂါများအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အမာရွတ်ပျောက်ဆေးများအကြောင်း သိကောင်းစရာ

1 Mins read

?အမာရွတ်ပျောက်ဆေးများအကြောင်း သိကောင်းစရာ?

ဒဏ်ရာဆိုတာတွေက နာကျင်စရာတွေပေးသလိုပဲ အမာရွတ်တွေကတော့ အဲ့ဒီ့ နာကျင်စရာတွေကို ပြန်ပြောင်းသတိရစေနိုင်စွမ်းပါတယ်။ ဒီ့ထက်ပိုဆိုးတဲ့ အချက်ကတော့ အမာရွတ်ဆိုတာ ရှိတဲ့နေရာပေါ်မူတည်ပြီး အသားအရေ အလှအပကို အမြဲတိုက်ခိုက် ထိုးနှက်နေတတ်ပါတယ်။

အမာရွတ်မှန်ရင် ရာနှုန်းပြည့် လုံးဝပျောက်ကွယ်သွားဖို့တော့ မဖြစ်နိုင်ပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ဒီအမာရွတ်တွေ လျော့ပါးသွားအောင် ၊ သိပ်ရုပ်မဆိုးအောင်၊ မမြင်သာ မသိသာအောင်ပြုလုပ်နိုင်တဲ့ ကုသနည်းတွေတော့ အများကြီး ရှိပါတယ်။ ကိုယ့်အတွက် ဘယ်ကုသနည်းက အဆင်အပြေဆုံးဖြစ်နိုင်မယ်ဆိုတာတော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။

? Skin camouflage (make-up)

အမာရွတ်ကို ဖုံးကွယ်ဖို့နဲ့ မသိသာအောင် ပြုလုပ်နိုင်တဲ့ အထူးပြုလုပ်ထားတဲ့ ရေစိုခံမိတ်ကပ်တွေလိမ်းလို့ရပါတယ်။

? Silicone gels or sheets

အမာရွတ်မထင်ခင် အနာကျက်စအချိန်မှာ ဆီလီကွန်ဂျယ်လ် သို့မဟုတ် ဆီလီကွန်ပြားကို အုပ်ထားခြင်းအားဖြင့် အမာရွတ်ကို ပျော့ပျောင်းစေပြီး သိပ်မထင်ရှားအောင် သိပ်မယားအောင် ကူညီပေးနိုင်ပါတယ်။

? Steroids

အမာရွတ်ကြီးကြီး အထူးသဖြင့် ကီးလွိုက်အမာရွတ်လို့ ခေါ်တဲ့ အမာရွတ်တွေနဲ့ ပိုပွားများထူထဲလာတဲ့ အမာရွတ်ကြီးတွေထဲကို စတီးရွိုက်ဆေးထိုးပြီး နည်းနည်းပိုသေးသွားအောင် လုပ်လို့ရပါတယ်။ အမာရွတ်အပေါ်မူတည်ပြီး အကြိမ်ကြိမ်ပြန်ထိုးရတာမျိုးဖြစ်နိုင်သလို လပေါင်းများစွာလည်း ကြာတတ်ပါတယ်။ ထိုးဆေးမဟုတ်ဘဲ စတီးရွိုက်ထည့်သွင်းထားတဲ့ ပလတ်စတာတိပ်ကပ်ပြီးတော့လည်း ကီးလွိုက်အမာရွတ်တွေကို ပြားသွားအောင်လုပ်နိုင်ပါတယ်။

? Laser therapy

လေဆာရောင်ခြည်နဲ့ နီမြန်းနေတဲ့ အမာရွတ်တွေကို အရောင်လျော့သွားအောင်လုပ်လို့ရသလို ချိုင့်ခွက်နေတဲ့ အမာရွတ်တွေကို ပိုချောမွေ့စေဖို့ အကူအညီပေးနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

? Cryotherapy

နိုက်ထရိုဂျင်အရည်နဲ့ ကီးလွိုက်အမာရွတ်တွေကို အေးခဲစေတဲ့နည်းနဲ့ ကုသတာဖြစ်ပါတယ်။ အမာရွတ်တွေပိုကြီးထွားမလာအောင်တားနိုင်ပေမဲ့ ဆေးထိတဲ့နေရာတွေမှာ အသားအရောင်ဖြူဖျော့ကွက်သွားတတ်ပါတယ်။

? Dermal fillers

ချိုင့်ခွက်နေတဲ့ အမာရွတ်တွေကို filler ထိုးဆေးတွေထိုးပြီး အသားအရေချောမွေ့ ပြည့်တင်းသွားအောင် ပြန်လုပ်လို့ရပါတယ်။ ကုန်ကျစရိတ်များပါတယ်။ ပြန်ဖြစ်တတ်လို့ ပြန်ပြန်ထိုးနေရတတ်ပါတယ်။

? Skin needling

အပ်သေးသေးမျှင်မျှင်လေးတွေပါတဲ့ လှိမ့်စက်တစ်မျိုးနဲ့ အမာရွတ်တွေ လျော့ပါးသွားအောင် လုပ်ပေးတာဖြစ်ပါတယ်။

? Surgery

အမာရွတ်ကို ခွဲစိတ်ထုတ်တာဖြစ်ပါတယ်။ အဆစ်တွေ အကွေးအဆန့်လုပ်ရခက်စေတဲ့ အမာရွတ်မျိုးတွေမှာ အသုံးဝင်ပါတယ်။ အရေပြားအစားထိုးကုသခြင်းတွေလည်း ပါဝင်တတ်ပါတယ်။ အခန့်မသင့်ရင် ပိုဆိုးသွားတတ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်ဖြစ်ဖို့လိုပါတယ်။

? Pressure dressings

ဒီကုသနည်းကိုတော့ အရေပြားအစားထိုးကုခြင်းနဲ့ မီးလောင်နာလို အမာရွတ်တွေမှာ သုံးတတ်ပါတယ်။ ဖိအားကြောင့် အမာရွတ်ကို ပိုပိပြား ပျော့ပျောင်းသွားစေပါတယ်။

? Scars and skin creams

အမာရွတ်ပျောက်လိမ်းဆေးတွေဖြစ်ပါတယ်။ အမာရွတ်လုံးဝပျောက်သွားအောင် မလုပ်ပေးနိုင်ပေမဲ့ ညွှန်ကြားချက်အတိုင်း သေချာ စွဲစွဲမြဲမြဲလိမ်းရင်တော့ တဖြည်းဖြည်း လျော့ပါးသက်သာလာစေမှာပါ။

နာကျင်စရာတွေ အမာရွတ်တွေဝေးကြပါစေ..

Dr ဖြိုးဝေလင်း
(21.9.19)

?အမာ႐ြတ္ေပ်ာက္ေဆးမ်ားအေၾကာင္း သိေကာင္းစရာ?

ဒဏ္ရာဆိုတာေတြက နာက်င္စရာေတြေပးသလိုပဲ အမာ႐ြတ္ေတြကေတာ့ အဲ့ဒီ့ နာက်င္စရာေတြကို ျပန္ေျပာင္းသတိရေစႏိုင္စြမ္းပါတယ္။ ဒီ့ထက္ပိုဆိုးတဲ့ အခ်က္ကေတာ့ အမာ႐ြတ္ဆိုတာ ရွိတဲ့ေနရာေပၚမူတည္ၿပီး အသားအေရ အလွအပကို အၿမဲတိုက္ခိုက္ ထိုးႏွက္ေနတတ္ပါတယ္။

အမာ႐ြတ္မွန္ရင္ ရာႏႈန္းျပည့္ လုံးဝေပ်ာက္ကြယ္သြားဖို႔ေတာ့ မျဖစ္ႏိုင္ေပမဲ့ စိတ္ဓာတ္မက်ပါနဲ႔။ ဒီအမာ႐ြတ္ေတြ ေလ်ာ့ပါးသြားေအာင္ ၊ သိပ္႐ုပ္မဆိုးေအာင္၊ မျမင္သာ မသိသာေအာင္ျပဳလုပ္ႏိုင္တဲ့ ကုသနည္းေတြေတာ့ အမ်ားႀကီး ရွိပါတယ္။ ကိုယ့္အတြက္ ဘယ္ကုသနည္းက အဆင္အေျပဆုံးျဖစ္ႏိုင္မယ္ဆိုတာေတာ့ အေရျပားအထူးကုဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးရပါမယ္။

? Skin camouflage (make-up)

အမာ႐ြတ္ကို ဖုံးကြယ္ဖို႔နဲ႔ မသိသာေအာင္ ျပဳလုပ္ႏိုင္တဲ့ အထူးျပဳလုပ္ထားတဲ့ ေရစိုခံမိတ္ကပ္ေတြလိမ္းလို႔ရပါတယ္။

? Silicone gels or sheets

အမာ႐ြတ္မထင္ခင္ အနာက်က္စအခ်ိန္မွာ ဆီလီကြန္ဂ်ယ္လ္ သို႔မဟုတ္ ဆီလီကြန္ျပားကို အုပ္ထားျခင္းအားျဖင့္ အမာ႐ြတ္ကို ေပ်ာ့ေပ်ာင္းေစၿပီး သိပ္မထင္ရွားေအာင္ သိပ္မယားေအာင္ ကူညီေပးႏိုင္ပါတယ္။

? Steroids

အမာ႐ြတ္ႀကီးႀကီး အထူးသျဖင့္ ကီးလြိဳက္အမာ႐ြတ္လို႔ ေခၚတဲ့ အမာ႐ြတ္ေတြနဲ႔ ပိုပြားမ်ားထူထဲလာတဲ့ အမာ႐ြတ္ႀကီးေတြထဲကို စတီး႐ြိဳက္ေဆးထိုးၿပီး နည္းနည္းပိုေသးသြားေအာင္ လုပ္လို႔ရပါတယ္။ အမာ႐ြတ္အေပၚမူတည္ၿပီး အႀကိမ္ႀကိမ္ျပန္ထိုးရတာမ်ိဳးျဖစ္ႏိုင္သလို လေပါင္းမ်ားစြာလည္း ၾကာတတ္ပါတယ္။ ထိုးေဆးမဟုတ္ဘဲ စတီး႐ြိဳက္ထည့္သြင္းထားတဲ့ ပလတ္စတာတိပ္ကပ္ၿပီးေတာ့လည္း ကီးလြိဳက္အမာ႐ြတ္ေတြကို ျပားသြားေအာင္လုပ္ႏိုင္ပါတယ္။

? Laser therapy

ေလဆာေရာင္ျခည္နဲ႔ နီျမန္းေနတဲ့ အမာ႐ြတ္ေတြကို အေရာင္ေလ်ာ့သြားေအာင္လုပ္လို႔ရသလို ခ်ိဳင့္ခြက္ေနတဲ့ အမာ႐ြတ္ေတြကို ပိုေခ်ာေမြ႕ေစဖို႔ အကူအညီေပးႏိုင္ပါတယ္။ ကြၽမ္းက်င္တဲ့ပညာရွင္ျဖစ္ဖို႔ေတာ့ အေရးႀကီးပါတယ္။

? Cryotherapy

ႏိုက္ထ႐ိုဂ်င္အရည္နဲ႔ ကီးလြိဳက္အမာ႐ြတ္ေတြကို ေအးခဲေစတဲ့နည္းနဲ႔ ကုသတာျဖစ္ပါတယ္။ အမာ႐ြတ္ေတြပိုႀကီးထြားမလာေအာင္တားႏိုင္ေပမဲ့ ေဆးထိတဲ့ေနရာေတြမွာ အသားအေရာင္ျဖဴေဖ်ာ့ကြက္သြားတတ္ပါတယ္။

? Dermal fillers

ခ်ိဳင့္ခြက္ေနတဲ့ အမာ႐ြတ္ေတြကို filler ထိုးေဆးေတြထိုးၿပီး အသားအေရေခ်ာေမြ႕ ျပည့္တင္းသြားေအာင္ ျပန္လုပ္လို႔ရပါတယ္။ ကုန္က်စရိတ္မ်ားပါတယ္။ ျပန္ျဖစ္တတ္လို႔ ျပန္ျပန္ထိုးေနရတတ္ပါတယ္။

? Skin needling

အပ္ေသးေသးမွ်င္မွ်င္ေလးေတြပါတဲ့ လွိမ့္စက္တစ္မ်ိဳးနဲ႔ အမာ႐ြတ္ေတြ ေလ်ာ့ပါးသြားေအာင္ လုပ္ေပးတာျဖစ္ပါတယ္။

? Surgery

အမာ႐ြတ္ကို ခြဲစိတ္ထုတ္တာျဖစ္ပါတယ္။ အဆစ္ေတြ အေကြးအဆန႔္လုပ္ရခက္ေစတဲ့ အမာ႐ြတ္မ်ိဳးေတြမွာ အသုံးဝင္ပါတယ္။ အေရျပားအစားထိုးကုသျခင္းေတြလည္း ပါဝင္တတ္ပါတယ္။ အခန႔္မသင့္ရင္ ပိုဆိုးသြားတတ္ပါတယ္။ ကြၽမ္းက်င္တဲ့ ဆရာဝန္ျဖစ္ဖို႔လိုပါတယ္။

? Pressure dressings

ဒီကုသနည္းကိုေတာ့ အေရျပားအစားထိုးကုျခင္းနဲ႔ မီးေလာင္နာလို အမာ႐ြတ္ေတြမွာ သုံးတတ္ပါတယ္။ ဖိအားေၾကာင့္ အမာ႐ြတ္ကို ပိုပိျပား ေပ်ာ့ေပ်ာင္းသြားေစပါတယ္။

? Scars and skin creams

အမာ႐ြတ္ေပ်ာက္လိမ္းေဆးေတြျဖစ္ပါတယ္။ အမာ႐ြတ္လုံးဝေပ်ာက္သြားေအာင္ မလုပ္ေပးႏိုင္ေပမဲ့ ၫႊန္ၾကားခ်က္အတိုင္း ေသခ်ာ စြဲစြဲၿမဲၿမဲလိမ္းရင္ေတာ့ တျဖည္းျဖည္း ေလ်ာ့ပါးသက္သာလာေစမွာပါ။

နာက်င္စရာေတြ အမာ႐ြတ္ေတြေဝးၾကပါေစ..

Dr ၿဖိဳးေဝလင္း
(21.9.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…