ကဲအခုလိုမြန်မာသင်္ကြန်မှာ ဘာလုပ်ဖို့အစီစဉ်ရှိကြလဲ?
ခရီးသွားလို့ပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တာပဲဖြစ်ဖြစ် လျှောက်လည်ရင်ပဲဖြစ်ဖြစ် တစ်ခုတော့မှာချင်တာကတော့ ဒီလိုပူပြင်းလှတဲ့ရာသီဥတုမှာသွေးတိုးနဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့ပါပဲ သက်လတ်ပိုင်းတွေရဲ့ထုံးစံအတိုင်း ကျန်းမာရေးလိုက်စားဖို့မေ့လျော့နေတတ်ကြသလို မိသားစုတာဝန်ကို အဓိက ထမ်းပိုးရတဲ့အရွယ်တွေဆိုတော့ စိတ်ဖြည့်စီးမှုတွေကလဲအပြည့်ကိုး။
စိတ်ပင်ပန်းလူပင်ပန်းမှုကို ဆေးလိပ်၊အရက်၊ဘီယာ တွေနဲ့ဖြေလျော့ရင်း သွေးတိုးရောဂါကို သတိမပူမိဖြစ်နေမှာတတ်သာပေါ့
ဘယ်အခြအနေဆိုသွေးတိုးနေပြီလဲ?
အပေါ်သွေး 135 mmHg / အောက်သွေး85mmHg အထက်မှာအမြဲရှိနေရင် ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဘယ်အရွယ်တွေမှာသွေးတိုးတတ်လဲ?
သက်ကြီးပိုင်းအရွယ်တွေမှာအဖြစ်များပေမဲ့ သွေးတိုးရောဂါဟာ လူလတ်ပိုင်းအရွယ်မှာလည်းရှိတတ်ပါတယ်။ဘာလက္ခဏမှလမပြပဲသွေးတိုးနေနိုင်ပြီး များသောအားဖြင့် နှလုံး ၊ကျောက်ကပ်၊မျက်လုံး၊လေငန်း စတဲ့နောက်ဆက်တွဲရောဂါလက္ခဏာပေါ်မှသိတတ်ကြပါတယ်။
အချိန်မနှောင်းခင် မိမိကျန်းမာရေးကိုဂရုစိုက်ဖို့ လိုက်နာမယ့်အချက်တွေကတော့
-သွေးပေါင်မှန်မှန်ချိန်ပါ
-ကျန်းမာစေမဲ့ healthy life style ကိုပြောင်းပါ
-Ready Make food နှင့် processed food တွေမှာ ဆိုဒီယမ်ပါဝင်မှုများလို့ မဖြစ်မနေရှောင်ပါ
-အဆီ၊အငန်၊အချို လျှော့စားပါ
-အသီးအရွက် အသီးအနှံ ပိုစားပါ
-တနေ့ကိုမိနစ်၃၀ အနည်းဆုံးလမ်းသွက်သွက်လျောက်ပါ။
-စိတ်ဖိစီးမှု လျော့နိုင်သမျှလျော့ပါ
-ဆေးလိပ်၊အရက်၊ဘီယာ၊ကွမ်း တွေရှောင်ပါ
-အိပ်ရေးဝအောင်အိပ်ပါ
-မိမိ၏သွေးပေါင်ချိန် ပမာဏကိုထိန်းပါ
လူလတ်ပိုင်းအရွယ်မှာ ဘယ်သွားသွား အလွယ်တကူ သွေးပေါင်ချိန်နိုင်ဖို့
Omron ကမ္ဘာ့နံပါတ် (၁)ဒီဂျစ်တယ် သွေးပေါင်ချိန်တိုင်းကိရိယာမှ features အသစ်တွေနဲ့လက်ကောက်ဝတ်သွေးပေါင်ချိန်တိုင်းကိရိယာ HEM-6232T မြန်မာနိုင်ငံကိုရောက်ရှိနေပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။
ပျော်ရွှင်သောနှစ်သစ်သင်္ကြန်ဖြစ်ပါစေ။
-အိပ်ရေးဝအောင်အိပ်ပါ