ဗောက်ထတက်သူများအတွက် နည်းလမ်းကောင်း
ခုလိုစိုစွတ်တဲ့ မိုးရာသီ နှင့် အေးမြခြောက်သွေ့တဲ့ဆောင်းရာသီတွေမှာ ဆံကေသာတွေကြား ဗောက်ထတက်ပါတယ်။ မိမိခေါင်းမှာ ဗောက်ဖြစ်နေပြီဆိုရင်လည်း တော်တော်ကို နေရထိုင်ရ အဆင်မပြေဖြစ်တဲ့အရာပါ။ ခေါင်းဖြီးလိုက်ရင်ပဲ ဖြစ်ဖြစ်၊ ကုတ်လိုက်ရင်ပဲဖြစ်ဖြစ် တစ်ဖြုတ်ဖြုတ်ကြွေကျနေတဲ့ ဖောက်ရောဂါ။ ဒါကြောင့် မိန်းကလေးတော်တော်များများဟာ လူကြားထဲ သွားမယ်ဆိုရင်တောင် ခေါင်းမယားဖို့ ၊ ခေါင်းမကုတ်မိဖို့ကို ဆုတောင်းနေရတဲ့ ဘဝမျိုးကို ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။
ဒါကြောင့် မိမိခေါင်းမှာ ဗောက်ရောဂါဖြစ်နေပြီဆိုရင် ဒီလိုနည်းလမ်းလေးတွေနဲ့ ကုသနိုင်ပါတယ်…
(၁) ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်
မိမိဦးရေပြားနဲ့ အဆင်ပြေမယ့် ဗောက်ပျောက်နိုင်တဲ့ ခေါင်းလျှော်ရည်မျိုးကို အသုံးပြုပေးနိုင်ပါတယ်
(၂) Green Tea
ဗောက်အတွက်ဆိုရင် Green Tea ကိုလည်းအသုံးပြုနိုင်ပါတယ်နော်။ Green Tea အဖက်လေးတွေကို ဦးရေပြားပေါ် ၁၅ မိနစ်လောက် အုံပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဖွဖွလေး ပွတ်တိုက်ပေးတာပဲဖြစ်ဖြစ်ကုသပေးနိုင်ပါတယ်။
(၃) သံပုရာသီး
ဟုတ်ပါတယ် သံပုရာသီးကိုပါးပါးလေး လှီးပြီးဦးရေပြားကို ဖွဖွလေးပွတ်တိုက်ပေးတာပဲ ဖြစ်ဖြစ် သို့မဟုတ် သံပုရာသီးအရည်ကိုလိမ်းပေးတာပဲဖြစ်ဖြစ် အသုံးပြုပေးလို့ရပါတယ်။ လိမ်းပြီး ၁၅ မိနစ်လောက်ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီ။
(၄) Baking Soda
Baking Soda ကိုလည်း အရည်ဖျော်ပြီး လိမ်းပေးလို့ရပါတယ် ဒါမှမဟုတ် သံပုရာသီးအရည်လေးနဲ့ ရောပြီးလည် အသုံးပြုပေးလို့ ရပါတယ်။
(၅) ပန်းသီးလျှာလကာရည်
ပန်းသီးလျှာလကာရည် နည်းနည်းကိုလည်း ရေလေးနဲ့ရောပြီး ဦးရေပြားကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဦးရေဖျားမှာ ၁၀ မိနစ်ထက်ပိုမထားမိဖို့တော့ ဂရုစိုက်ပါ။
အားလုံးပဲ သန့်ရှင်းကျန်းမာရောဂါကင်းဝေးတဲ့ ဘဝလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရင်း…
ေဗာက္ထတက္သူမ်ားအတြက္ နည္းလမ္းေကာင္း
ခုလိုစိုစြတ္တဲ့ မိုးရာသီ ႏွင့္ ေအးျမေျခာက္ေသြ႕တဲ့ေဆာင္းရာသီေတြမွာ ဆံေကသာေတြၾကား ေဗာက္ထတက္ပါတယ္။ မိမိေခါင္းမွာ ေဗာက္ျဖစ္ေနၿပီဆိုရင္လည္း ေတာ္ေတာ္ကို ေနရထိုင္ရ အဆင္မေျပျဖစ္တဲ့အရာပါ။ ေခါင္းၿဖီးလိုက္ရင္ပဲ ျဖစ္ျဖစ္၊ ကုတ္လိုက္ရင္ပဲျဖစ္ျဖစ္ တစ္ျဖဳတ္ျဖဳတ္ေႂကြက်ေနတဲ့ ေဖာက္ေရာဂါ။ ဒါေၾကာင့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ လူၾကားထဲ သြားမယ္ဆိုရင္ေတာင္ ေခါင္းမယားဖို႔ ၊ ေခါင္းမကုတ္မိဖို႔ကို ဆုေတာင္းေနရတဲ့ ဘဝမ်ိဳးကို ႀကဳံဖူးၾကလိမ့္မယ္ထင္ပါတယ္။
ဒါေၾကာင့္ မိမိေခါင္းမွာ ေဗာက္ေရာဂါျဖစ္ေနၿပီဆိုရင္ ဒီလိုနည္းလမ္းေလးေတြနဲ႔ ကုသႏိုင္ပါတယ္…
(၁) ေဗာက္ေပ်ာက္တဲ့ ေခါင္းေလွ်ာ္ရည္
မိမိဦးေရျပားနဲ႔ အဆင္ေျပမယ့္ ေဗာက္ေပ်ာက္ႏိုင္တဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးကို အသုံးျပဳေပးႏိုင္ပါတယ္
(၂) Green Tea
ေဗာက္အတြက္ဆိုရင္ Green Tea ကိုလည္းအသုံးျပဳႏိုင္ပါတယ္ေနာ္။ Green Tea အဖက္ေလးေတြကို ဦးေရျပားေပၚ ၁၅ မိနစ္ေလာက္ အုံေပးတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ဖြဖြေလး ပြတ္တိုက္ေပးတာပဲျဖစ္ျဖစ္ကုသေပးႏိုင္ပါတယ္။
(၃) သံပုရာသီး
ဟုတ္ပါတယ္ သံပုရာသီးကိုပါးပါးေလး လွီးၿပီးဦးေရျပားကို ဖြဖြေလးပြတ္တိုက္ေပးတာပဲ ျဖစ္ျဖစ္ သို႔မဟုတ္ သံပုရာသီးအရည္ကိုလိမ္းေပးတာပဲျဖစ္ျဖစ္ အသုံးျပဳေပးလို႔ရပါတယ္။ လိမ္းၿပီး ၁၅ မိနစ္ေလာက္ထားၿပီးရင္ ေခါင္းေလွ်ာ္လို႔ရပါၿပီ။
(၄) Baking Soda
Baking Soda ကိုလည္း အရည္ေဖ်ာ္ၿပီး လိမ္းေပးလို႔ရပါတယ္ ဒါမွမဟုတ္ သံပုရာသီးအရည္ေလးနဲ႔ ေရာၿပီးလည္ အသုံးျပဳေပးလို႔ ရပါတယ္။
(၅) ပန္းသီးလွ်ာလကာရည္
ပန္းသီးလွ်ာလကာရည္ နည္းနည္းကိုလည္း ေရေလးနဲ႔ေရာၿပီး ဦးေရျပားကို သုတ္လိမ္းေပးႏိုင္ပါတယ္။ ဦးေရဖ်ားမွာ ၁၀ မိနစ္ထက္ပိုမထားမိဖို႔ေတာ့ ဂ႐ုစိုက္ပါ။
အားလုံးပဲ သန႔္ရွင္းက်န္းမာေရာဂါကင္းေဝးတဲ့ ဘဝေလးကို ပိုင္ဆိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း…