All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေအတူနေပြီးပြီးချင်း ဘာတွေလုပ်ကြမလဲ

1 Mins read

အမျိုးသမီးတွေအတူနေပြီးပြီးချင်း ဘာတွေလုပ်ကြမလဲ

အတူနေတယ်ဆိုတာ လူနေမှုဘဝမှုကြုံနေကြအရာတစ်ခုဖြစ်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီးအတူနေပြီးရင်တော့ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေကို သတိမူမိဖို့လိုပါတယ်။ အတူနေတာကစိုးရိမ်စရာမလိုပေမယ့် အတူနေပြီးရင် စစ်ဆေးသင့်တာတွေ၊ လုပ်သင့်တဲ့အချက်လေးတွေ၊ အလေ့အကျင့်လေးတွေကို သတိလွတ်သွားရင် မထင်မှတ်ထားတဲ့ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့်အမျိူးသမီးတွေကပိုမိုဂရုစိုက်ရပါတယ်။

အတူနေပြီးတာနဲ့အနည်းဆုံးတစ်ခေါက်တော့ မိမိရဲ့အင်္ဂါကိုရေဆေးသင့်ပါတယ်။ မိမိရဲ့အဖော်ရဲ့အင်္ဂါမှာလည်း ရောဂါပိုးတွေရှိနေနိုင်ပြီးအဆိုပါရောဂါပိုးတွေက အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ ရေဆေးလိုက်ခြင်းအားဖြင့် အဆိုပါရောဂါပိုးအများစုကိုသန့်စင်သလိုဖြစ်သွားတာကြောင့် အတူနေပြီးချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလျော့ကျစေနိုင်ပါတယ်။

ရေဆေးခြင်းနဲ့တွဲပြီးသန့်ရှင်းရေးပါတစ်ခါတည်းလုပ်သင့်ပါတယ်။ သန့်ရှင်းရေးလုပ်ရာမှာလည်း သန့်ရှင်းရေးအရည်အပြင်းစားတွေ၊ ဆပ်ပြာအပြင်းစားတွေမသုံးပဲ ရေနွေးနဲ့ဖြည်းဖြည်းချင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အပြင်းစားသန့်ရှင်းရေးအရည်တွေသုံးရင် အင်္ဂါတစ်လျှောက်မှာ ပွန်းပဲ့တာ၊ အနာတရရနေတာတွေကို ပိုဆိုးစေနိုင်သလို မရှိသေးရင်လည်းရှိလာအောင်ဆွပေးသလိုဖြစ်သွားပါတယ်။ အဲဒီအခါမှာ ပိုးဝင်တာ၊ အနာဖြစ်တာတွေကြုံတွေ့ရနိုင်ပါတယ်။

ဆေးကြောသန့်စင်ရင်းနဲ့ သွေးထွက်နေတာတွေ၊ ပေါက်ပြဲနေတဲ့ဒဏ်ရာဒဏ်ချက်တွေရှိနေလားလို့ပါ တစ်ခါတည်းစစ်ဆေးသင့်ပါတယ်။ ရှိနေရင်သေချာစွာသန့်စင်ပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ သန့်ရှင်းအောင်ထားသင့်ပါတယ်။ အဆိုပါဒဏ်ရာတွေမပျောက်မချင်း အတူနေတာကို ရှောင်ကြဉ်ထားသင့်ပါတယ်။ မရှောင်ထားရင် ဒဏ်ရာပေါ်ဒဏ်ရာဆင့်ပြီး ပိုးဝင်တာ၊ အနာရင်းတာ၊ ဖျား။ တာတွေဖြစ်နိုင်ပါတယ်။

အတူနေစဉ်မှာ အကာအကွယ်သုံးထားတယ်ဆိုရင်လည်း မိမိတို့ရဲ့အကာအကွယ်တွေကိုစစ်ဆေးသင့်ပါတယ်။ အမျိုးသားသုံးcondom၊အမျိုးသမီးသုံးcondomတွေသုံးထားကြရင် ပေါြက်ပဲနေလား၊ ယိုစိမ့်နေလား၊ အတူနေပြီးတဲ့အချိန်မှာ condom က လိင်အင်္ဂါမှာ ရှိနေသေးရဲ့လား၊ ကျွတ်နေလားဆိုတာတွေကိုစစ်ဆေးသင့်ပါတယ်။
သားအိမ်ထဲ ပစ္စည်းထည့်ထားတယ်ဆိုရင်လည်း အတူနေပြီးချိန်မှာ ပြန်ပြီးစမ်းကြည့်သင့်ပါတယ်။ ထည့်ထားတဲ့နေရာမှရှိနေသေးရဲ့လား၊ အစရှည်လာလား၊မရှိတော့ဘူးလား စတာတွေကိုစစ်ဆေးသင့်ပါတယ်။ ပုံမမှန်ဘူးဆိုရင်တော့ emergency contraceptive pill သောက်တာ၊ အခြားမျိုးဆက်ခြားနည်းသုံးတာတွေပြုလုပ်သင့်ပါတယ်။

အတူနေပြီးရင်တော့ အမျိုးသမီးတွေအတွက်စစ်ဆေးသင့်တာတွေ၊ ရှောင်ကြဉ်ရမှာတွေများပြားပါတယ်။ အဆိုပါကိစ္စတွေကို စနစ်တကျ၊ မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး ကျန်းမာအောင်နေထိုင်သင့်ပါတယ်။

Dr. ZZ

အမ်ိဳးသမီးေတြအတူေနၿပီးၿပီးခ်င္း ဘာေတြလုပ္ၾကမလဲ

အတူေနတယ္ဆိုတာ လူေနမႈဘဝမႈႀကဳံေနၾကအရာတစ္ခုျဖစ္ပါတယ္။ အမ်ိဳးသားနဲ႔အမ်ိဳးသမီးအတူေနၿပီးရင္ေတာ့ ျဖစ္လာႏိုင္တဲ့ေနာက္ဆက္တြဲအေျခအေနေတြကို သတိမူမိဖို႔လိုပါတယ္။ အတူေနတာကစိုးရိမ္စရာမလိုေပမယ့္ အတူေနၿပီးရင္ စစ္ေဆးသင့္တာေတြ၊ လုပ္သင့္တဲ့အခ်က္ေလးေတြ၊ အေလ့အက်င့္ေလးေတြကို သတိလြတ္သြားရင္ မထင္မွတ္ထားတဲ့ဆိုးက်ိဳးေတြ ရွိလာႏိုင္ပါတယ္။ အထူးသျဖင့္အမ်ိဴးသမီးေတြကပိုမိုဂ႐ုစိုက္ရပါတယ္။

အတူေနၿပီးတာနဲ႔အနည္းဆုံးတစ္ေခါက္ေတာ့ မိမိရဲ႕အဂၤါကိုေရေဆးသင့္ပါတယ္။ မိမိရဲ႕အေဖာ္ရဲ႕အဂၤါမွာလည္း ေရာဂါပိုးေတြရွိေနႏိုင္ၿပီးအဆိုပါေရာဂါပိုးေတြက အမ်ိဳးသမီးေတြမွာ ဆီးလမ္းေၾကာင္းပိုးဝင္တာျဖစ္ႏိုင္ပါတယ္။ ေရေဆးလိုက္ျခင္းအားျဖင့္ အဆိုပါေရာဂါပိုးအမ်ားစုကိုသန႔္စင္သလိုျဖစ္သြားတာေၾကာင့္ အတူေနၿပီးခ်ိန္မွာ ဆီးလမ္းေၾကာင္းပိုးဝင္တာကိုေလ်ာ့က်ေစႏိုင္ပါတယ္။

ေရေဆးျခင္းနဲ႔တြဲၿပီးသန႔္ရွင္းေရးပါတစ္ခါတည္းလုပ္သင့္ပါတယ္။ သန႔္ရွင္းေရးလုပ္ရာမွာလည္း သန႔္ရွင္းေရးအရည္အျပင္းစားေတြ၊ ဆပ္ျပာအျပင္းစားေတြမသုံးပဲ ေရေႏြးနဲ႔ျဖည္းျဖည္းခ်င္းသန႔္ရွင္းေရးလုပ္ေပးသင့္ပါတယ္။ အျပင္းစားသန႔္ရွင္းေရးအရည္ေတြသုံးရင္ အဂၤါတစ္ေလွ်ာက္မွာ ပြန္းပဲ့တာ၊ အနာတရရေနတာေတြကို ပိုဆိုးေစႏိုင္သလို မရွိေသးရင္လည္းရွိလာေအာင္ဆြေပးသလိုျဖစ္သြားပါတယ္။ အဲဒီအခါမွာ ပိုးဝင္တာ၊ အနာျဖစ္တာေတြႀကဳံေတြ႕ရႏိုင္ပါတယ္။

ေဆးေၾကာသန႔္စင္ရင္းနဲ႔ ေသြးထြက္ေနတာေတြ၊ ေပါက္ၿပဲေနတဲ့ဒဏ္ရာဒဏ္ခ်က္ေတြရွိေနလားလို႔ပါ တစ္ခါတည္းစစ္ေဆးသင့္ပါတယ္။ ရွိေနရင္ေသခ်ာစြာသန႔္စင္ၿပီး ေျခာက္ေျခာက္ေသြ႕ေသြ႕နဲ႔ သန႔္ရွင္းေအာင္ထားသင့္ပါတယ္။ အဆိုပါဒဏ္ရာေတြမေပ်ာက္မခ်င္း အတူေနတာကို ေရွာင္ၾကဥ္ထားသင့္ပါတယ္။ မေရွာင္ထားရင္ ဒဏ္ရာေပၚဒဏ္ရာဆင့္ၿပီး ပိုးဝင္တာ၊ အနာရင္းတာ၊ ဖ်ား။ တာေတြျဖစ္ႏိုင္ပါတယ္။

အတူေနစဥ္မွာ အကာအကြယ္သုံးထားတယ္ဆိုရင္လည္း မိမိတို႔ရဲ႕အကာအကြယ္ေတြကိုစစ္ေဆးသင့္ပါတယ္။ အမ်ိဳးသားသုံးcondom၊အမ်ိဳးသမီးသုံးcondomေတြသုံးထားၾကရင္ ေပါၾက္ပဲေနလား၊ ယိုစိမ့္ေနလား၊ အတူေနၿပီးတဲ့အခ်ိန္မွာ condom က လိင္အဂၤါမွာ ရွိေနေသးရဲ႕လား၊ ကြၽတ္ေနလားဆိုတာေတြကိုစစ္ေဆးသင့္ပါတယ္။
သားအိမ္ထဲ ပစၥည္းထည့္ထားတယ္ဆိုရင္လည္း အတူေနၿပီးခ်ိန္မွာ ျပန္ၿပီးစမ္းၾကည့္သင့္ပါတယ္။ ထည့္ထားတဲ့ေနရာမွရွိေနေသးရဲ႕လား၊ အစရွည္လာလား၊မရွိေတာ့ဘူးလား စတာေတြကိုစစ္ေဆးသင့္ပါတယ္။ ပုံမမွန္ဘူးဆိုရင္ေတာ့ emergency contraceptive pill ေသာက္တာ၊ အျခားမ်ိဳးဆက္ျခားနည္းသုံးတာေတြျပဳလုပ္သင့္ပါတယ္။

အတူေနၿပီးရင္ေတာ့ အမ်ိဳးသမီးေတြအတြက္စစ္ေဆးသင့္တာေတြ၊ ေရွာင္ၾကဥ္ရမွာေတြမ်ားျပားပါတယ္။ အဆိုပါကိစၥေတြကို စနစ္တက်၊ မွန္မွန္ကန္ကန္လုပ္ေဆာင္ၿပီး က်န္းမာေအာင္ေနထိုင္သင့္ပါတယ္။

Dr. ZZ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…